Monday 7 August 2023

လက်ခတ်တောင်စခန်းအနီးသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်


လက်ခတ်တောင်စခန်းအနီးသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့်ပစ်ခတ် 


နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၇ရက်


ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအနီးတဝိုက်ကို ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။


စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ သောကြောင့် KNU/KNLA ၊ PDF ပူးပေါင်း တော်လှန်ရေးတပ်ဖွဲများနှင့် တိုက်ပွဲများ ပြင်းထန်နေပြီး မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်နေကြောင်း သိရသည်။ 


“ဒီကနေ့မနက် မိုးလင်းထဲက ကြားနေရတာဗျ။ မြဝတီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်တွေထဲကနေ လက်နက်ကြီး တွေနဲ့ထုနေတာ ဆက်တိုက်ပဲ။ ဒီရက်ပိုင်းမှာ စစ်ကောင်စီပူပေါင်းတပ်တွေဖြစ်တဲ့ BGF နယ်ခြားစောင့် တွေနဲ့ DKBA တပ်တွေ လှုပ်ရှားပြီး အင်အားပြနေ တာတွေ့ရတယ်။ မိုးအဆက်မပြတ် ရွာတာကြောင့် မြ၀တီမြို့ပေါ်ရှိတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေတွေကြီးတာ။ အခုထိတော့ လက်နက်ကြီး ထုသံတွေ ကြားနေရတာပဲ” ဟု အသက် ၃၀ အရွယ်ရှိ မြဝတီမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။


စစ်ကောင်စီတပ်များသည် ဩဂုတ်လဆန်းမှ စတင်၍ သိမ်းပိုက်ခံထားရသည့် လက်ခတ်တောင်စခန်းကုန်းအနီးသို့ စစ်ကားအစီးရေအများအပြားဖြင့် အင်းအားပြ ချသ်းကပ်လာကြောင်း သိရသည်။ 


“စစ်ကောင်စီတပ်ကတော့ အင်အားများတယ်။ အခုက မြဝတီမှာကော ၊ ကော့ကရိတ် ကော ၊ လက်ခတ်တောင်မှာပါ တိုက်ပွဲက တပြိုင်တည်း ဖြစ်နေတာ။ BGF ၊ DKBA နဲ့ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးနဲ့ ရမ်းသမ်းထု နေတာတော့ကြာပါပြီ။ ပြီးခဲ့တဲ့ လေးရက်လောက်ကတည်းက ကားအစီးရေ ၅၀ လောက်နဲ့ အင်အားပြပြီး စခန်းအနီးရောက်လာလို့ ဒီဘက်က ၄၀-မမနဲ့ ပြန်ပစ်လိုက်တယ်။ အခုလည်း အင်အားများပုံရတယ်။ လက်ရှိတော့ လေယာဥ်မပါသေးဘူး။ သူတို့ဘက်က ကုန်ခါနည်းဆိုရင်တော့ လေယာဥ်လာမှာပေါ့” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်မ်ကိုပြောသည်။


 KNU/KNLA ၊ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေများသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်၏ အရေးပါသော လက်ခတ်တောင် တာဝါတိုင် ခံစစ် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့အတွက် အဓိက အားထားရသည့် စခန်းကုန်းကို ပြန်လည်ရရှိရန် အကြိမ်ကြိမ် ထိုးစစ်ဆင်နေတာဖြစ်ကြောင်းသိရသည်။ 


ဓာတ်ပုံ- မြ၀တီမြို့အနီး လက်ရှိ တိုက်ပွဲ ဖြစ်ပွားရာနေရာ 


No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...