Sunday 6 August 2023

ဖြူးမြို့နယ်ရှိ စစ်တောင်း မြစ်ကူးတံတားဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး


 ဖြူးမြို့နယ်ရှိ စစ်တောင်း မြစ်ကူးတံတားဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး


ရန်ကုန်၊ သြဂုတ် ၆


ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ စစ်တောင်း မြစ်ကူးတံတားဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။


ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီးရှိ စစ်တောင်းမြစ်ကူးတံတားစောင့်နေသော စစ်သားများကို KNLA နှင့် ရိုးမစစ်ကြောင်း ၂ ပူးပေါင်းအဖွဲ့က Sniper ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 


ထို့ပြင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်းအင်းကုန်းကျေးရွာအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။


ဩဂုတ်လ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာထဲသို့ ဝင်ရောက် လာသည့် အကြမ်းဖက် စစ်တပ် နှင့် KNLA၊ PDF၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကျောက်တံခါးမြို့၊ သူဌေးကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄(ပိန်းဇလုပ်/တပခ)မှ သမင်အင်းကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကာ သမင်အင်းကုန်း ကျေးရွာရှိ နေအိမ် ၁ လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကန်ကြီးဒေါင့်ကွက်သစ်နေ အသက် ၁၆ နှစ်အရွယ် စောပိုင်သူ သေဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...