Tuesday 5 September 2023

ကျောက်ကြီးစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် ဒုတပ်ကြပ်အား ၎င်းသွားလိုသည့်နေရာသို့ ပို့ဆောင် ပေးခဲ့


 ကျောက်ကြီးစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် ဒုတပ်ကြပ်အား ၎င်းသွားလိုသည့်နေရာသို့ ပို့ဆောင် ပေးခဲ့ 


5 Sep 2023 By MPA CJ 013


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ရှိ ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့သည့် ဒုတပ်ကြပ်အား လွတ်လပ်စွာနေထိုင်ခွင့် နှင့် ၎င်းသွားလိုသည့်နေရာသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း မြို့လှ KPDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၁ရက်နေ့က ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခု နှင့် ရဲစခန်း ၁ ခုတို့အား KIA နှင့် KPDF တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


"ဒုတပ်ကြပ်ပါ။ ။ ကျောက်ကြီးရွာမှာ အထိုင်ချထားတဲ့ တပ်မ (၈၈) လက်အောက်ခံ ၊ ခလရ ၇၇ ကို ကျွန်တော်တို့ စခန်းသိမ်းတိုက်ပွဲ ဝင်တိုက်တဲ့အချိန် သူကလက်နက်ချပြီးအညံ့ခံခဲ့တာပါ" ဟု ၎င်းက ပြောသည်။


လက်နက်ချအညံ့ခံခဲ့သည် စစ်ကောင်စီတပ်သားသည် ခလရ(၇၇)တပ်ရင်းမှ ဒုတပ်ကြပ်အဆင့်ရှိ ကိုပေါညိမ်းဆိုသူဖြစ်ကြောင်း မြို့လှ K-PDFမှ ယနေ့ထုတ်ပြန်ထားသည်။


အဆိုပါ စစ်ကောင်စီတပ်သားသည် မကွေးတိုင်း ချောက်မြို့နယ် အတွင်းတာဝန်ကျခဲ့စဉ်က ခလရ(၇၇)တပ်ရင်းမှ (၁)ကြိမ်ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံခဲ့ရပြီး ချုပ်ရက်(၃)လကျခံခဲ့ရသူလည်းဖြစ်ကြောင်း မြို့လှ K-PDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။


"သူက တပ်ကထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့သူပေါ့။ ပြန်မိတော့ ထောင်ကျတာပေါ့။ တပ်ပြေးပေမယ့် ရာထူးက မထုတ်ဘဲ ကချင်ပြည်နယ်ဘက် စစ်ကြောင်းနဲ့ပါလာတာပေါ့။ ကျွန်တော်တို့ တိုက်ပွဲဖြစ်တဲ့အချိန် အသာတကြည် လက်နက်ချပြီး အဖမ်းခံခဲ့တာပါ။ ကျန်တဲ့သူတွေက ကျောက်ကြီး ရဲစခန်းထဲ ဝင်ပြေးသွားတာပေါ့။ အခုလက်နက်ချအညံ့ခံခဲ့သူကိုတော့ သူသွားချင်တဲ့နေရာကို ပို့ပေးလိုက်ပါပြီ" ဟု မြို့လှ K-PDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။


စက်တင်ဘာ ၁ရက် စခန်းသိမ်းတိုက်ခိုက်မှုအတွင်း ခလရ (၇၇) အထိုင်တပ်မှ စစ်သားများနှင့် ၃နာရီကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ဦးထက်မနည်းသေဆုံးကာ ၆ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်အများအပြားသိမ်းဆည်း ရရှိခဲ့သည်။


Photo - မြို့လှ KPDF (ပုံစာ - ဒုတပ်ကြပ် ကိုပေါညိမ်းအား တွေ့ရစဉ်။)


စာတည်း - ကိုဆန်း

#ကချင် #ဗန်းမော် #ရွှေကူမြို့ #ကျောက်ကြီး #စစ်ကောင်စီ #စခန်းသိမ်းတိုက်ပွဲ #KPDF #MPA #CJ013

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...