Monday 2 October 2023

မိုးမောက်မြို့နယ်၊ ရှန်ထုန်းတောင်တွင် တပ်စွဲထားသော စစ်တပ်က ရိက္ခာ ယူ ရန် ဆင်းလာစဉ် ကြားဖြတ်တိုက်ခိုက်မှု စစ်သားတချို့ သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၅ ဦးကို အရှင်ဖမ်းမိ၊ လက်နက်များ သိမ်းဆည်းရရှိ


 မိုးမောက်မြို့နယ်၊ ရှန်ထုန်းတောင်တွင် တပ်စွဲထားသော စစ်တပ်က ရိက္ခာ ယူ ရန် ဆင်းလာစဉ် ကြားဖြတ်တိုက်ခိုက်မှု စစ်သားတချို့ သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၅ ဦးကို အရှင်ဖမ်းမိ၊ လက်နက်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၂ 


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ရှန်ထုန်းတောင်တွင် တပ်စွဲထားသော ခမရ ၄၃၈ ၊ ခမရ ၄၃၇ မှ စစ်သားများသည် ရိက္ခာယူရန် ဆင်းလာစဉ် KIA နှင့် AA တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၅ ဦးကို အရှင်ဖမ်းဆီးရမိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန် မိုးမောက်မြို့နယ်၊ ရှန်ထုန်း တောင် တွင် တပ်စွဲထားသော ပူးပေါင်း စစ်ကြောင်းမှ စစ်သား ၁၀ ဦးခန့်သည် နွမ့်လန်ကျေးရွာသို့ ရိက္ခာယူရန် ဆင်းလာစဉ် KIA တပ်ရင်း ၂၅ နှင့် AA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းသို့ တိုက်ခိုက်မှု ကြောင့် စစ်သားတချို့ သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၅ ဦးကို အရှင် ဖမ်းမိကြောင်း၊ လက်နက်များ သိမ်းဆည်းရရှိရာတွင် MA စီရီး သေနတ် ၅ လက်၊ ပစ္စတို ၁ လက်နှင့် ကျည်ဆန်များပါဝင်ကြောင်း သိရှိရသည်။ 


"ရှန်ထုန်းတောင်နဲ့ အလော့ဘွမ်တောင်ကုန်းအနီးမှာ KIA တွေက တပ်ဖြန့်ထား ပြီးသား။ စကစတွေက ရှန်ထုန်းတောင်ပေါ်မှာ ရိက္ခာပြတ်နေပြီ။ ပိတ်ဆို့ခံ ထားရတာ။ အဲဒါ စစ်ကြောင်းဆင်းလာတာနဲ့ ကြား ဖြတ်တိုက်ခိုက် တယ်လို့ သိရတယ်။ ၅ ဦးမှာ ဗိုလ်ကြီး ၁ ဦး ပါတယ်။ စစ်ကြောင်းက ခမရ ၄၃၇ ၊ ခမရ ၄၃၈ ပူးပေါင်းစစ်ကြောင်းလို့ သိရတယ်။ သေသွားတဲ့ စစ်သားတချို့ ရှိတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...