Monday 23 October 2023

မြင်းခြံမြို့ပေါ်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ပခုက္ကူတွင် ဈေးထွက်ဝယ်သည့် ရဲ ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


 မြင်းခြံမြို့ပေါ်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ပခုက္ကူတွင် ဈေးထွက်ဝယ်သည့် ရဲ ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


ရန်ကုန်၊ အောက်တိုဘာ ၂၀ 


မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ ထံမှ သိရသည်။


ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က မြင်းခြံမြို့၊ ဇင်ယော် ဟိုတယ်အနီး၌ စစ်ဆေးရေးလုပ်ဆောင်ရန် လာရောက်သည့် စစ်ကား၊ ရဲကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ခရိုင်မှူးကားအပါအဝင် ကား ၂ စီးပျက် စီးခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြေလတ် PDF (မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ -တပ်ခွဲ ၁ -) ၊ Seven People Defense Force (မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃ -တပ်ခွဲ ၃) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျတိုးရဲစခန်းမှ ဈေးဝယ်ထွက်လာသော ရဲတပ်သား ၁ ဦးကို လက်နက် ခဲ ယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။


စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကျထိုးရဲစခန်းမှ ကမ္မမြို့ကို စျေးဝယ် လာသော ရဲတပ်သား တစ်ဦးကို လမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက G3 ၁ လက်၊ ကျည်ဘောက် ၂ ခု G3 ကျည် အတောင့် ၇၀ ခန့်နှင့် အတူ အရှင်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖမ်းဆီး ရရှိသော ရဲတပ်သားကို စစ်စည်းကမ်းများနှင့် အညီထားရှိပြီး လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သားများ၊ ရဲများ အနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တဆင့် ပြည်သူ့ရင်ခွင်သို့ အ မြန်ဆုံး ခိုလှုံ အလင်းဝင်ရောက်ကြရန်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖက သတိပေး ထုတ် ပြန် ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...