Monday 23 October 2023

တီးတိန်မြို့နယ်၊ သိုင်ငင်းရွာ စစ်စခန်းမှ စစ်သား ၁ ဦး CDF CDM Siyin တပ်ဖွဲ့ထံ အလင်းဝင်


 တီးတိန်မြို့နယ်၊ သိုင်ငင်းရွာ စစ်စခန်းမှ စစ်သား ၁ ဦး CDF CDM Siyin တပ်ဖွဲ့ထံ အလင်းဝင်


ရန်ကုန်၊ အောက်တိုဘာ ၂၂


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်ငင်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းမှ စစ်သား ၁ ဦးသည် CDF CDM Siyin တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း CDF Civic Defense Militia - CDM -Siyin တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


အောက်တိုဘာလ ၂၀ ရက်နေ့တွင် တီးတိန်မြို့နယ်၊ သိုင်ငင်းရွာရှိ စစ်စခန်း မှ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ဦးသည် CDF Civic Defense Militia - CDM -Siyin တပ်ဖွဲ့ထံ အလင်းဝင်လာကြောင်း သိရသည်။


အလင်းဝင်လာသော တပ်သားကို ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက အားရကျေနပ်မှုအပြည့်ဖြင့် ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိသည်အထိ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် ကိစ္စအဝဝကို စီစဥ်ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


ပြည်သူ့ရင်ခွင်ကို အချိန်မှီ အလင်းဝင်‌ရောက်လိုသည့် မည်သူမဆို CDF CDM Siyin အနေဖြင့် အားပေး ထောက်ခံ ကြိုဆိုကြောင်း၊ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာပါက အနည်းဆုံး သိန်း ၅၀ နှင့်အထက်မှ ပစ္စည်းအမျိုးအစားနှင့် အရေအတွက်အပေါ်မူတည်၍ နောက်ထပ် ဆုငွေများလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း CDF Civic Defense Militia - CDM -Siyin တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...