Thursday 26 October 2023

ပေါက်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်မှု လက်နက် ၁ လက် နှင့် ကျည်များ သိမ်းဆည်းရရှိ


 ပေါက်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်မှု လက်နက် ၁ လက် နှင့် ကျည်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၅ 


မကွေးတိုင်း၊ ပေါက်မြို့နယ် ၊မြို့ပေါ် အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်များတွင် နေထိုင်နေသော စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်ရာ လက်နက် ၁ လက်နှင့် ကျည်များ သိမ်းဆည်းရရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မကွေးတိုင်းဒေသကြီး ပေါက်မြိုနယ် ပေါက်မြိုပေါ် အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ပျူစောထီးလက်နက်ကိုင်များရှိသည်ဟု အတွင်းသတင်းပေးပိုချက်များ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် မြိုင် ပကဖက အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အောင်ချမ်းသာရပ်ကွက်ရှိနေအိမ်များကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခက်မူများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင် ကင်းခေါင်းဆောင် (ကင်းမှူး ) နေအိမ်မှသေနတ် ကာဘိုင် ၁ လက် ၊ ကျည်ဘောက် ၁ ခု၊ ကျည် ၂၀ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များအနေဖြင့် ကျည်လိုအပ်ချက်များကြောင့် ဆက်လက်တိုက်ခိုက်မူ မပြုလုပ်ဘဲ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မူတွင် ပေါက်အခြေပြုတော်လှန်ရေးအင်အားစု ဗိုလ်တစ္ဆေတပ်ဖွဲ့ ၊ မြိုင်ပကဖ တပ်ရင်း ၁ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် ပကဖက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...