Monday 23 October 2023

မုံရွာမြို့နယ်တွင် စစ်ကြောင်းမှ နောက်ချန်စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ သေနတ်တစ်လက်နှင့် ခဲယမ်းပစ္စည်းများသိမ်းဆည်းရရှိပြီး သေဆုံးစစ်သား အလောင်းကို မြေမြှုပ်သဂြိုလ်


 မုံရွာမြို့နယ်တွင် စစ်ကြောင်းမှ နောက်ချန်စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ သေနတ်တစ်လက်နှင့် ခဲယမ်းပစ္စည်းများသိမ်းဆည်းရရှိပြီး သေဆုံးစစ်သား အလောင်းကို  မြေမြှုပ်သဂြိုလ်


ရန်ကုန်၊ အောက်တိုဘာ ၂၃ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းမှ နောက်ချန်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ သလ္လာဝတီ ကာကွယ်ရေး တပ်ဖွဲ့ - TLWDF သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် အမတ ၅၀၈ တပ်မှ သာစည်ရွာ အကျဉ်းထောင် သို့ အင်အားဖြည့်ရန် ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ နောက်ဆုံးချန်ရှိနေခဲ့သော အကြမ်းဖက်စစ်သား ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ကျန်စစ်သား ၂ ဦးမှ အဝေးမှ လှမ်းပစ်ပြီး ထွက်ပြေးသွား ကြောင်း သိရသည်။


“အမတ ၅၀၈ တပ်ကနေ သာစည်ထောင်ကို လာတဲ့ စစ်ကြောင်းဗျ၊ စစ်ကြောင်းကို တိုက်တာတော့ မဟုတ်ဘူး၊ နောက်ချန်အင်အားထဲက ကွဲပြီးကျန်ခဲ့တဲ့ စစ်သား ၃ ဦးကို ကင်းပုန်းဝပ်ပြီးတိုက်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်မှုတော့ အနည်းငယ်ဖြစ်သေးတယ်၊ လက်ဦးမှုရယူတော့ အဆင်ပြေခဲ့တာဗျ၊  ကျန်တဲ့ နှစ်ယောက်က အဝေးကနေပဲ လှမ်းပစ်ပြီး ပြေးသွားတာ၊ တစ်ယောက်တည်းချန်တဲ့ကို အ ရှင်ဖမ်းမလို့ပဲ၊ ပြန်လည်ခုခံတဲ့အတွက် အသေပစ် ဖမ်းလိုက်ရတာ” ဟု သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDF သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားထံမှ MA 1 သေနတ် တစ်လက်၊ ကျည်အတောင့် ၂၀၀ ကျော်၊ ရိုင်ဖယ်တပ် ဗုံးသီး တစ်လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ ကျည်ဘောက်အပို ၂ ခု၊ ကျည်ကာပြား တစ်ခု၊ Equipment တစ်ထည်၊ ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးအလောင်းကိုလည်း ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။


“စကစ တပ်သားရဲ့အလောင်းကိုလည်း စစ်စည်းကမ်းနဲ့အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးနိုင်ခဲ့ပါတယ်၊ ကောင်းမွန်စွာ သယ်ပြီး မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တာပါ၊ အချိန်နည်းနည်းရသွားတာလဲ ပါတာပေါ့၊ ဘာပဲ ပြောပြော ကျနော်တို့က လူတွေလေ၊ သူပီသရမယ် မဟုတ်လား၊ စစ်ပွဲကို ဂုဏ်သိက္ခာရှိရှိတိုက်မှ အောင် နိုင် မယ်လို့ ယုံကြည်ချက်ထားတဲ့ တပ်တွေမို့ပါ” ဟု သလ္လာဝတီကာကွယ်ရေး တပ်ဖွဲ့ - TLWDF သတင်း ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၇  တပ်ခွဲ ၂ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့- TLWDF၊ စေတန် ကာကွယ်ရေးတပ်ဖွဲ့နှင့် မိုးဟိန်းကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...