Saturday 16 December 2023

မူဆယ် ၁၀၅ မိုင် စစ်တပ်ဗျူဟာကုန်းတွင် AA အလံ လွှင့်ထူပြီး ရခိုင်တပ်တော်မှ စစ်သည်များက သိမ်းပိုက်ရရှိထားသော တင့်ကား ၂ စီးဖြင့် အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ် ထုတ်ပြန်


 မူဆယ် ၁၀၅ မိုင် စစ်တပ်ဗျူဟာကုန်းတွင် AA အလံ လွှင့်ထူပြီး ရခိုင်တပ်တော်မှ စစ်သည်များက သိမ်းပိုက်ရရှိထားသော တင့်ကား ၂ စီးဖြင့် အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ် ထုတ်ပြန်


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီ၏ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းတွင် AA အလံ လွှင့်ထူပြီး ရခိုင်တပ်တော်မှ စစ်သည်များက သိမ်းပိုက်ရရှိထားသော တင့်ကား ၂ စီးကို နောက်ခံထား၍ အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည်။ 


"သာလီစွပါ ၁၀၅ မိုင်" ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားသည်။ 


 ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်က စတင်ကာ ညပိုင်းအထိ မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင်တပ်စခန်းကို ညီနောင် မဟာ မိတ် ၃ ဖွဲ့ ဖြစ်သော MNDAA၊ AA နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်၏ ၁၀၅ မိုင် ဗျူဟာကုန်း ရရှိခဲ့သော်လည်း နယ်မြေရှင်းလင်းလုပ်ဆောင်ရန် ကျန်ရှိနေခြင်း၊ စစ်ကောင်စီတပ်က လေယာဉ်များ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေသဖြင့် နယ် မြေ ရှင်းလင်းရေး မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ၊ လက် နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီ၏ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ 


"ဗျူဟာကုန်းကတော့ ရသွားတာ အတည်ပြုနိုင်ပါတယ်။ တင့်ကား ၂ စီးလည်းရတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။ စခန်းသိမ်းပြီးကတည်းက တောက် လျှောက် လေယာဉ်တွေ ရဟတ်ယာဉ်တွေ၊ ဒုံးတွေနဲ့ပစ်ခတ်မှုတွေရှိခဲ့တယ်" ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ 


မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် အောက်တိုဘာလမှစတင်၍ ယခုအချိန်အထိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၃၀၀ နီးပါးနှင့် မြို့ ၇ မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...