Tuesday, 16 January 2024

သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်


 သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက် 

================== 

၁၆၊ ဇန်နဝါရီ၊ ၂၀၂၄ 

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၁၆ရက်နေ့ မနက်အစော ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 


“ ဟုတ်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ သိမ်းလိုက်နိုင်တာပါ။ ” လို့ CDF CDM Siyin ရဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောဆိုပါတယ်။


ဇန်န်ဝါရီ ၁၂ရက်နေ့ ညနေပိုင်းကစပြီး ဇန်နဝါရီ ၁၆ရက်နေ့အထိ ၅ရက်နီးပါး ဆက်တိုက် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


“ မနက်အစောပိုင်း ၄နာရီ၊ ၅နာရီဝန်းကျင်လောက်က ကလေးမြို့ကနေ သိုင်းငင်းကို လက်နက်ကြီးနဲ့ အဆက်မပြတ်ထုနေသေးတယ်။ အခုလောလောဆယ် အသံမကြားရတော့ဘူး။ ဒေသကာကွယ်ရေး အဖွဲ့တွေ ရသွားတော့လည်း ကောင်းတာပေါ့။ မဟုတ်ရင် အဲဒီစစ်ကောင်စီဂိတ်ကနေ ခရီးသွားနဲ့ ဒေသခံ တွေကို ငွေတွေ ညှစ်နေတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 


သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ သလို လက်နက်ကြီးနဲ့ အများအပြား ပစ်ခတ်ခဲ့ပါတယ်။


လက်ရှိမှာ တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးအဖွဲ့ဘက် ရှစ်ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိထား တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ 


စစ်ကောင်စီတပ်ရဲ့ သိုင်းငင်းတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ရေး အကြိမ်ကြိမ် ကြိုးစားတိုက်ခဲ့ပြီး အခု ခြောက်ကြိမ်မြောက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


HeiSok Khai

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...