Monday 15 January 2024

KNUတပ်မဟာ(၃)နယ်မြေ တိုက်ပွဲတစ်ခုအတွင်းစစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့သည့် မှတ်တမ်းဓာတ်ပုံထွက်ပေါ်



 KNUတပ်မဟာ(၃)နယ်မြေ တိုက်ပွဲတစ်ခုအတွင်းစစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့သည့် မှတ်တမ်းဓာတ်ပုံထွက်ပေါ်


▪︎စစ်တပ်သံချပ်ကာကားပါ လမ်းဘေးရေမြောင်းအတွင်းကျ 


မိုးမိုး/People's Spring 


ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ (၃)နယ်မြေ တိုက်ပွဲတစ်ခုအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။


လမ်းမတစ်ခုပေါ်၌ စစ်ကောင်စီတပ်သား အလောင်းများ ပြန့်ကြဲနေသည့်ဓာတ်ပုံ ယနေ့(ဇန်နဝါရီ ၁၅ရက်) ညနေပိုင်းတွင် လူမှုကွန်ရက်၌ ပြန့်နှံ့လာပြီးတိုက်ပွဲဝင် စစ်ရေး သတင်းရင်းမြစ်အား မေးမြန်းရာ KNU တပ်မဟာ(၃)၌ ဖြစ်ခဲ့သည့် တိုက်ပွဲဖြစ်စဉ် တစ်ခုဟု အတည်ပြုသည်။


ထိုအပြင် တိုက်ပွဲ၌ စစ်တပ်မှ သံချပ်ကာ ကားတစ်စီးလမ်းဘေး ရေမြောင်းအတွင်းကျနေသည်ကိုလည်းတွေ့ရသည်။


တိုက်ပွဲဖြစ်ရာမြို့နယ် အပါအဝင် အသေးစိတ် အခြေအနေများကို People's Spring က ဆက်လက် မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။


တပ်မဟာ(၃)အနေဖြင့် တိုက်ပွဲသတင်းများကို KNU ဗဟို သတင်းပြန်ကြားရးမှတဆင့် ထုတ်ပြန် အသိပေးလေ့ရှိပြီး ယခု ဓာတ်ပုံပါ တိုက်ပွဲအခြေ အနေကို KNU ဗဟိုက ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီ ၄၀ မိနစ် အထိထုတ်ပြန်သည်ကို မတွေ့ရသေးပေ။


KNU တပ်မဟာ(၃)နယ်မြေတွင် KNUနှင့် PDF တပ်များ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာက မုန်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာခဲ့သည်။ နတ်သံကွင်း မြို့ကိုလည်း ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့သည်။


(စစ်သားအလောင်းများနှင့် သံချပ်ကာကားမြောင်းအတွင်းကျနေသည်ကိုတွေ့ရစဥ်။ဓါတ်ပုံ-Online Viral )


(တပ်မဟာ (၃)နယ်မြေ တိုက်ပွဲတစ်ခုအတွင်းရှိ လမ်းမတနေရာ၌ သေဆုံးနေသော စစ်ကောင်စီတပ်သားရုပ်အလောင်းများအား နှင့် လမ်းဘေးရေမြောင်းအတွင်း သံချပ်ကာကားကျနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - Saw Kaw/FB)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...