Tuesday, 6 February 2024
ဆိပ်ဖြူမြို့နယ်တွင် ဆီပေပါများ တင်လာသည့် စစ်ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ
ဆိပ်ဖြူမြို့နယ်တွင် ဆီပေပါများ တင်လာသည့် စစ်ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူ လမ်းပိုင်းတွင် ဆီပေပါများ တင်လာသည့် စစ်ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Caf-Spupdf ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဆိပ်ဖြူမြို့မှ ဆင်းလာသော ဆီပေပါများ တင်ဆောင်လာသည့် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ ကား ၁ စီးကို ဆိပ်ဖြူ -ဆောလမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားမှာ လမ်းဘေးထိုးကျသွားပြီး စစ်ကားပေါ် လိုက်ပါလာသည့် ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၂ ဦး သေဆုံးပြီး MA 3 သေနတ် ၁ လက်နှင့် G3 သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ကားလာတဲ့အချိန်အရင်မိုင်းဆွဲပြီး ကားရှေ့ကနေ ဆီးပစ်တာပါ၊ အဲဒီကနေ ချောက်ထဲထိုးကျသွား တာပါ၊ လက်နက် ရပြီး နောက်ပြန်ဆုတ်လာခဲ့တာ၊ မကြာခင်ပဲ စစ်ကြောင်းထိုးလာလို့ သတင်းတင် တာနောက်ကျသွားတယ်၊ ဆိပ်ဖြူကနေ ပကစ ၂၂ ပဲလား၊ ကုက္ကိုလ်လိမ်ပဲနေမလား၊ ဝင်ယူချောင်း ထဲမေမလား မသိဘူး၊ အဲလို တပ်တွေကြားထဲမှာ ကျနော်တို့အဖွဲ့က တိုက်ခိုက်ခဲ့တာပါ၊ ကားပေါ်ပါ တဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေပါတယ်” ဟု Caf-Spupdf ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Caf -Spupdf ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ ၊ ပခုက္ကူရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၂ ၊ Yenathar Youth Force (YYF) နှင့် ဆိပ်ဖြူမြေလတ် ပကဖ အနောက်ပိုင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...


✝️🏕💪
ReplyDelete