Wednesday 7 February 2024

Breaking News : စကစ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ၁၅ မိုင်အကွာက ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်အပါအဝင် စခန်းများကို KNLA, PDF, BPLA တို့ တိုက်ခိုက်သိမ်းပိုက်နေပြီး တိုက်ပွဲပြင်းထန်


 Breaking News : စကစ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ၁၅ မိုင်အကွာက ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်အပါအဝင် စခန်းများကို KNLA, PDF, BPLA တို့ တိုက်ခိုက်သိမ်းပိုက်နေပြီး တိုက်ပွဲပြင်းထန် 


ယနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၂ နာရီ ၄၀ ခန့်ကနေစတင်ပြီး  ပဲခူးတိုင်း ၊ ထန်းတပင် မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုးစခန်းတွေကို  KNLA တပ်မဟာ ၂ ၊ ၃ ၊ ၅ နဲ့ PDF , BPLA တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


လက်ရှိမှာတော့ သိမ်းပိုက်လိုက်တဲ့ နေရာတွေလည်း ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းများ လုပ်ဆောင်နေတယ်လို့ သိရပြီး နှစ်ဘက်အကျအဆုံးရှိတယ်လို့ ကနဦး သိရပါတယ်။ 


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...