Tuesday 27 February 2024

ကံထူးမရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တန့်ဆည်မြို့နယ်ရှိ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ စကစ ၃၀ ကျော်ဇီဝိန်ချုပ်


 ◼️ကံထူးမရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တန့်ဆည်မြို့နယ်ရှိ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ စကစ ၃၀ ကျော်ဇီဝိန်ချုပ်


၂၇ ဖေဖော်ဝါရီ ||| နွေဦးအသံ ||| 


တန့်ဆည်မြို့နယ်ရှိ ကံထူးမရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ရွှေဘိုခရိုင်တပ်ရင်း နဲ့  ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို  ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်အတွင်း တိုက်ခိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင် ၃၀ ကျော် ဇီဝိန်ချုပ်ခဲ့ပြီး အများပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


အင်အား ၃၀ ခန့်ရှိပြီး ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နဲ့ ပျူစောထီးတို့ တပ်စွဲထားတဲ့ ကံထူးမရွာ ရဲစခန်းကို အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးက ဖေဖော်ဝါရီ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ ၁၁ ဦး ဇီဝိန်ချုပ်တဲ့အပြင် စကစ ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့နဲ့ လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ် ပြုလုပ်ပြီး ခုခံခဲ့ပေမဲ့လည်း PDF တပ်ဖွဲ့တွေက စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ကံထူးမရွာ ရဲစခန်းမှ G-3 (၅) လက်၊ နာနတ်သီးဗုံး (၄) လုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂) ခု၊ ငွေကျပ် (၃၈) သိန်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တန့်ဆည်မြို့မှ ထွက်လာတဲ့ အင်အား ၁၀၅ ဦးရှိတဲ့ ခမရ-၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ဝါးရငယ်ရွာ အနောက်ဘက်နဲ့ ခရမ်းခြံရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စကစ ၁၀ ဦး ဇီဝိန်ချုပ်ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကံထူးမရွာမှ ထွက်လာတဲ့ အင်အား ၅၀ ခန့်ရှိတဲ့ ခမရ (၁၁၊ ၇၀၈) စစ်ကြောင်းကိုလည်း  ပဲခင်းကြီးရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စကစ ၆ ဦး ဇီဝိန်ချုပ်ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ကံထူးမရွာကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး ကံထူးမရွာရဲစခန်းမြောက်ဘက်ရှိ အင်အား ၈၀ ရှိတဲ့ ခမရ (၁၁၊ ၇၀၈) နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို ရွှေဘိုခရိုင် တပ်ရင်းက ဖေဖော်ဝါရီ ၂၃ ရက်မှာ ထပ်မံတိုက်ခိုက်ရာ စကစ ၇ ဦး ဇီဝိန်ချုပ်ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ 


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...