Wednesday 28 February 2024

ဟုမ္မလင်းနှင့်တမူးကြားရှိ စစ်တပ်လက်အောက်ခံရှမ်းနီ( SNA ) တပ်စခန်းတစ်ခုကို PDF များသိမ်းပိုက်


 ဟုမ္မလင်းနှင့်တမူးကြားရှိ စစ်တပ်လက်အောက်ခံရှမ်းနီ( SNA ) တပ်စခန်းတစ်ခုကို PDF များသိမ်းပိုက်


ယောနသံ/People's Spring


ဟုမ္မလင်းနှင့်တမူးမြို့နယ်ကြားမှ ရှမ်းနီတပ်ဖွဲ့(SNA )တပ်

မဟာ-၈၉၁ (တပ်ရင်း-၂) အင်အား ၆၀ ခန့် တပ်စွဲထားသည့်စခန်းကိုတမူးခရိုင်တပ်ရင်းများနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။


ဒေသအခေါ် ကမ္ဘာလုံး‌စေတီရှိ SNA စစ်ကြောင်းမှူးဝင်းကိုဆိုသူဦးစီးသည့် အဆိုပါစခန်းကို တမူးခရိုင် ကွပ်ကဲရေး၊ တမူးခရိုင် တပ်ရင်းများနှင့် KNA(B) ပူးပေါင်းအဖွဲ့တို့က ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တွင်အောင်မြင်စွာ သိမ်းပိုက်လိုက်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက ယနေ့(ဖေဖော်ဝါရီလ ၂၈ရက်) သတင်းထုတ်ပြန်သည်။


ရှမ်းနီတပ်(SNA) သည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကိုင်နှင့် ကချင်ပြည်နယ် အစပ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ အကြမ်းဖက်မှုများပြုလုပ်ခြင်း၊တော်လှန်ရေးအဖွဲ့များကိုတိုက်ခိုက်ခြင်းအားမကြာခဏပြုလုပ်နေသည်။


စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဘာသာရေးကိုအကြောင်းပြု၍ ဒေသအတွင်းစစ်ရေးအရ အရေးပါသည့်တောင်ကုန်းများတွင် စေတီဘုရားများတည်ပြီး တပ်စွဲ အခြေချလေ့ရှိကြောင်းတော်လှန်ရေးအဖွဲ့များကပြောသည်။တော်လှန်ရေးအဖွဲ့များက စစ်တပ်စခန်းများတိုက်ခိုက်၍ ဘုရား၊စေတီများထိခိုက်ပျက်စီးလျင်လည်း ဘာသာ သာသနာကိုစော်ကား

သည်ဆိုကာဝါဒဖြန့်ချီလေ့ရှိကြောင်း တော်လှန်ရေးတပ်များကပြောသည်၊



စစ်ဆင်ရေးတွင် PDF အထူးလှုပ်ရှား တပ်ရင်းမှလည်း ပိတ်

ဆို့ရေးတာဝန် ယူပေးခဲ့သည်ဟု ထုတ်ပြန်ချက်နိုင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်နေရာသို့ ဟုမ္မလင်းမှ Mi-2 တစ်စီးဖြင့်နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ကြားမှ စခန်းအာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟုသတင်းရရှိသည်။


SNAတပ်ထံမှ ၄ ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရကာ ရန်သူ့ထံမှ M-22 (၁) လက်၊ G-3 (၄) လက်၊ G-3 ကျည် (၆၇၅) တောင့်၊ 7.62*39 ကျည် (၂၃၅) တောင့်၊ 5.56 ကျည် (၁‌၇‌၂‌) တောင့်၊ နင်းမိုင်း (၁) ခု၊ ကတ်သီး (၃) ခု၊ M-22 ကျည်အိမ် (၂) ခု၊ G-3 ကျည်အိမ် (၁၀) ခု သိမ်းဆည်းရရှိဟု အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။


တမူးမြို့နယ်တွင် စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကွပ်ကဲသည့်အောင်ဇေယျစခန်းကိုလည်း ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတမူးခရိုင်တပ်ရင်းများနှင့် မဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီစစ်ကြောင်းထံသို့ လက်နက်နှင့် ခဲယမ်းများလာပို့သည့်ကားကိုပါ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနှင့် အောင်ဇေယျရွာကြားတနေရာ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်PDF ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီးပစ္စတို ၂ လက်၊ စက်သေနတ် ၃ လက်၊ လက်နက်ငယ်၇ လက်၊ RPG ဗုံးသီး (၁၂) လုံးနှင့် ကျည်မျိုးစုံ ၁၈၀၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။


ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေပြီး အမှတ် (၁) စစ်ဒေသအောက်မှ တပ်ရင်းများပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေသည်။


တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက

" ဒေသတစ်ခုနဲ့တစ်ခု COC အောက်ကနေ စနစ်တကျ တိုက်ပွဲဖော်ဆောင်နေတယ်။ တိုက်ပွဲတွေက ဆက်စပ်နေပါတယ်။ ဒီလောက်ပဲပြောလို့ရပါမယ်" ဟုပြောသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...