ကရင်နီပြည်နယ်ရှိ နယ်မြေ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ် စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်နိုင်
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ် ၂၃ ရက်
ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေ ၉၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီသည် ကရင်နီရှိ ကျန် ၁၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ကာ ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက်နှင့် သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီစခန်းများကို လက်လွှတ်ခဲ့ရပြီ ဖြစ်ကြောင်း ယနေ့ မတ် ၂၃ ရက်နေ့တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်သည်။
ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ်၊ မိုးဗြဲ မြို့ ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီး မြို့နယ် ကိုး ခုမှ စစ်တပ်စစ်ခန်းပေါင်း ၆၅ ခုကို စခန်း သိမ်းပိုက်ထားနိုင်ကြောင်းလည်း သိရသည်။
"မြို့နယ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်ပေါ့နော်။ စစ်ကောင်စီ တပ်က သူတို့အခြေစိုက်တဲ့ ဧရိယာတွေလောက်ပဲ ထိန်းချုပ်နိုင်တယ်။ ဥပမာ ဘောလခဲ ဆို ဘောလခဲတပ်ရှိတဲ့နေရာလောက်ပဲ ထိန်းနိုင်တယ်။ ဖရူဆိုဆိုလည်း သူ့တပ်စခန်းရှိတဲ့ နေရာတွေလောက်ပဲ ထိန်းထားနိုင်တယ်။ ဒီးမော့ဆို၊ လွိုင်ကော်စသဖြင့် အဲ့ဒီမှာလည်း အဲ့လိုမျိုးထိန်းထားနိုင်တဲ့ အခြေအနေမျိုးကိုဆိုလိုတယ်။ ရှားတော့မြို့ကိုတော့ အပြီး သတ်သိမ်းထားလိုက်နိုင်ပါပြီ" ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ၏ နယ်မြေစိုးမိုးနိုင်မှု ပိုမိုကျယ်ပြန့် လာသည် နှင့်အမျှ ကရင်နီပြည်နယ်တဝန်းလုံးကို တပ်ဖြန့်လာနိုင်သဖြင့် စစ်ကောင်စီတပ်များ အနေဖြင့် ၄င်းတို့ တပ်ရင်းများတည်ရှိရာနေရာ အနည်းငယ်တွင်သာ နယ်မြေ စိုးမိုးနိုင်တော့ကြောင်း သိရသည်။
"လောလောဆယ်မှာတော့ လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်နေကြပါတယ်။ စစ်ကောင်စီဘက်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြန်လည်တိုက်ခိုက်တာတွေ ရှိနေတယ်။ လွိုင်ကော်မြို့ရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပါတယ်" ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူ က ဆက်လက်ပြောသည်။
စစ်ကောင်စီသည် "၁၁၁၁ စစ်ဆင်ရေး" အရှိန်ဖြင့် ကရင်နီပြည်နယ်ရှိ မြို့နယ်များ နှင့် ရှေ့တန်းစခန်းအချို့ကို လက်လွတ်ခဲ့ရသည်။
ထို့ပြင် သံလွင်အရှေ့ဘက်ကမ်းရှိ ရှေ့တန်း စခန်းကုန်းများ၊ နယ်စပ်စခန်းများကို တော် လှန်ရေးတပ်ဖွဲ့များမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထပ်မံ ဆုတ်ခွာခဲ့ကြရပြီး ကရင်နီဒေသအတွင်း သံလွင်အရှေ့ဘက်ခြမ်းနှင့် မယ်စဲ့မြို့နယ်၊ ရှား တောမြို့နယ်များသည် စစ်ကောင်စီကင်းစင်သည့် ဒေသများဖြစ်လာကြောင်း သိရသည်။
ဓာတ်ပုံ - KNDF
#ကရင်နီ #မြို့သိမ်း #ထိန်းချုပ် #၉၀ရာခိုင်နှုန်း #စစ်ကောင်စီစခန်းဆုတ်ခွာ #တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ #Ayeyarwaddy_Times
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

🍀
ReplyDeleteDone
ReplyDeleteClick done 💮
ReplyDeleteClicked 💮
ReplyDeleteDone✊
ReplyDelete