Monday, 8 April 2024

Breaking - မြဝတီမြို့စောင့်တပ်ခလရ ၂၇၅ အလံဖြူထောင်ဟုဆို။


 Breaking - မြဝတီမြို့စောင့်တပ်ခလရ ၂၇၅ အလံဖြူထောင်ဟုဆို။

မြဝတီဘက်စစ်ကြောင်းထိုးရန် မော်လမြိုင်တွင် တပ်မ ၅၅ အင်အားစုနေ။ 


Salween Press 

ဧပြီလ ၈ ရက်၂၀၂၄ 


ကရင်ပြည်နယ် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို KNLA|PDFတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်တာကြောင့် ခလရ ၂၇၅ တပ်ရင်းအလံဖြူထောင်လိုက်တယ်လို့ KNUနဲ့နီးစပ်သည့်သတင်းရင်းမြစ်ထံမှသိရှိရပါတယ်။ 


မြို့ခံတစ်ဉီးက “ခလရ ၂၇၅ တပ်ရင်းကိုရလိုက်ပြီးဆိုတော့မြဝတီမြို့မှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းရုံး နဲ့ရဲတွေလည်းဘာမှလုပ်မရတော့ဘူး” လို့ဆိုပါတယ်။ 


ဒါ့အပြင် မြဝတီဘက်သို့ စစ်ကြောင်းထိုးရန် မော်လမြိုင်မြို့ မှာရောက်နေတဲ့တပ်မ ၅၅ သည် ယနေ့ညတွင်တပ်အင်အားများ စုနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်နဲ့ နီးစပ်သူတစ်ဉီးထံမှသိရှိရပါတယ်။ 


“လက်ရှိတပ်အင်အားစုနေတယ် ယာဉ်ကြောင်းနဲ့လာဖို့ရှိတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။


လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ပတ်သက်လို့ နှစ်ဘက်ထိခိုက်မှုနည်းဖို့နဲ့လူထုဘက်ကလည်း ထိခိုက်ပျက်စီးမှု နည်းအောင် KNU ဘက်ကလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ 


“သေချာတာတော့စစ်ကောင်စီနဲ့ပတ်သက်လို့ တစ်ပိုင်းချင်းဆီကိုင်တွယ်နေတယ်။ စစ်သားတွေတော့ အတင်းအဓ္ဓမပြန်ပို့ဖို့မရှိဘူး။ သူတို့လည်းပြန်ကြမှာမဟုတ်ဘူး။ နောက်ဆုံးမိသားစုနဲ့ကလေးတွေ ပြန်ချင်ရင်တော့ပြန်ပို့ဖို့ရှိနိုင်တယ်” လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ 


#Salweenpress #KNU #Burma #Myawaddy

4 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...