Wednesday 3 April 2024

တရုတ်-မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ကို KIA က ယနေ့ အပြီး တက်သိမ်း၊ ခုခံမှုမရှိဘဲ အသာတကြည် သိမ်းဆည်းရရှိဟုဆို


 တရုတ်-မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ကို KIA က ယနေ့ အပြီး တက်သိမ်း၊ ခုခံမှုမရှိဘဲ အသာတကြည် သိမ်းဆည်းရရှိဟုဆို


ရန်ကုန်၊ ဧပြီ ၂ 


တရုတ်-မြန်မာ နယ်စပ်၊ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ လွယ်ဂျယ်မြို့ကို ယနေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များ အပြီးအပိုင် တက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မတ်လ ၂၉ ရက်နေ့ကတည်းက လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်တစ်ခုလုံးကို KIA က ပိတ်ဆို့ ထိန်းချုပ်ခဲ့သော်လည်း မြို့ကို မသိမ်းသေးဘဲ ၀ိုင်းရံထားခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် လွယ်ဂျယ်ရဲစခန်း ထဲသို့ တော်လှန်ရေးတပ်များက ဝင်ရောက် နယ်မြေရှင်းလင်းပြီး မြို့ကိုပါ သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"လွယ်ဂျယ်မြို့ကိုတော့ အပြီးအပိုင် သိမ်းပိုက်နိုင်ပါပြီ။ မြို့ကိုတော့သိမ်းထားပြီ။ လွယ်ဂျယ်မြို့ကို KIA ကဦးဆောင်ပြီး သန့်ရှင်းရေးတွေ တစ်မြို့လုံးကိုလုပ်သွားမယ်လို့ သိရတယ်။ စကစရဲ့ ရုံးတွေ အကုန်ချိတ်ပိတ်ဖို့ စီစဉ်နေတယ်။ မြို့စောင့် အကြမ်းဖက်စစ်တပ်လည်း ‌ကြောက်လန့်ပြီးအေးဆေးငြိမ်နေတယ်။ စစ်တပ်ကုန်း တစ်ခုရှိသေးတယ်။ အေးဆေးပဲရှိနေတယ်။ အဲဒီကုန်းကိုလည်း KIA က ၀ိုင်းထားပြီးသား။ သူတို့ လှုပ်လို့မရတော့ဘူး " ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ 


လွယ်ဂျယ်မြို့ထဲတွင် စစ်တပ်နှင့်ရဲများ မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများမှာလည်း ပုံစံအမျိုးမျိုးဖြင့် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။ 


မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းတွင် စစ်ကောင်စီတပ်စခန်း ဟူ၍ မရှိတော့ဘဲ လွယ်ဂျယ်မြို့ကိုပါ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။


ဓာတ်ပုံ- ယနေ့ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် လုံခြုံရေး ယူထားသော KIA စစ်သားတစ်ဦး။

3 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...