Thursday 4 April 2024

မိုးမောက်မြို့အနီးရှိ မိုင်ဆတ်ကောင် (ခေါ်) မဒါဘွမ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိမှု လက်နက်ခဲယမ်းတချို့ရရှိပြီး စစ်ကောင်စီတပ်များ ထွက်ပြေး


 မိုးမောက်မြို့အနီးရှိ မိုင်ဆတ်ကောင် (ခေါ်) မဒါဘွမ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိမှု လက်နက်ခဲယမ်းတချို့ရရှိပြီး စစ်ကောင်စီတပ်များ ထွက်ပြေး


ရန်ကုန်၊ ဧပြီ ၃ 


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မိုင်ဆတ်ကောင် (ခေါ်) မဒါဘွမ်စခန်းကို ယနေ့နံနက်ပိုင်းတွင်မှ အပြီးသတ် သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတချို့လည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဧပြီလ ၂ ရက်နေ့တွင် ကျောက်စခန်းကို အပြီး သတ်သိမ်းပိုက်ရရှိခဲ့သော်လည်း မိုင်ဆတ်ကောင် (ခေါ်) မဒါဘွမ်စခန်းကိုမူ ယမန်နေ့က တစ်စိတ်တစ်ပိုင်းသာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ဘဲ ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင်သာ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"မဒါဘွမ်စခန်းက မနေ့က သိမ်းလုသိမ်းခါနီးဖြစ်ခဲ့တယ်။ ဒီမနက် ၁၁ နာရီလောက်မှာတော့ နယ်မြေရှင်းလင်းပြီး အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ လက်နက်ခဲယမ်းတချို့ရတယ်။ စစ်သားတွေ အများစုက စခန်းကနေ အကုန်ထွက်ပြေးကြတာများတယ်" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ 


လတ်တလော မိုးမောက်မြို့နယ်အတွင်းတွင် မိုးမောက်မြို့အနီးရှိ စစ်ကောင်စီတပ်ရင်းတချို့သာ ကျန်ရှိတော့ပြီး များမကြာမီ မိုးမောက်မြို့ပေါ်တွင်လည်း တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် ပြည်သူများ အနေဖြင့် ကြိုတင် ပြင်ဆင်ကြရန် လိုအပ်ကြောင်း KIA သတင်းရင်းမြစ် က ပြောဆိုသည်။

5 comments:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...