Sunday 23 June 2024

အင်းတော်ကြီးဒေသရှိ ညောင်ပင်စစ်ကောင်စီစခန်းကို KIA ထပ်မံသိမ်းပိုက်


 အင်းတော်ကြီးဒေသရှိ ညောင်ပင်စစ်ကောင်စီစခန်းကို KIA ထပ်မံသိမ်းပိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ညောင်ပင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(ဇွန်လ ၂၃ရက်)ညပိုင်း၌ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဖားကန့် - အင်းတော်ကြီးဒေသမှ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ ၂၂ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့ ည ၆နာရီ ၄၅မိနစ်တွင် ဝှေလုံစခန်း၊ ည ၈နာရီ ၄၀မိနစ်တွင် ညောင်ပင်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


"ဖားကန့်မြို့နယ် ညောင်ပင် စကစတပ်စခန်းအား KIA ပူးပေါင်းအဖွဲ့မှ အပြီးအစီး တိုက်ခိုက်သိမ်းပိုက်။ လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဝှေလုံတပ်စခန်း သိမ်းပိုက်စစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း KIA သတင်းများ ဖော်ပြလျက်ရှိသည့် 7Stars News က ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။


ဝှေလုံတပ်စခန်းသည် ဟိုပင်-ဂွေခါ သွားလမ်း ၌ ရှိပြီး အင်အား ၄၀ ခန့် တပ်စွဲထားသည့် စခန်းဖြစ်သည်ဟု အခြားစစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။ထို့ပြင် ညောင်ပင်စခန်းသည်လည်း စစ်ကောင်စီနှင့် ရှမ်းနီတပ် SNA ပူးပေါင်းတပ်စွဲထားသည့် စခန်းဖြစ်ပြီး ယနေ့ ညပိုင်း၌ သိမ်းပိုက်ပြီးစီးဟု အသိပေးထားသည်။


(ဖားကန့် - အင်းတော်ကြီးဒေသမှ ဝှေလုံစခန်းနှင့် ညောင်ပင်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Padang Nsen၊CJ)

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...