Saturday 13 July 2024

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ် ထွက်လာသော ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ


 မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ် ထွက်လာသော ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၁၃ 


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၂၃ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို အသင့် နေရာယူ စောင့်ဆိုင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး G 3 အမျိုအစား သေနတ် ၁ လက် ၊ 7 .62 ကျည် ၄၃ တောင့်နှင့် ဖုန်း ၁ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


“ကုက္ကဲရွာကို ရဲစခန်းထဲကနေ ဈေးဝယ်ထွက်လာတာ။ ခြေလျင်ပဲထွက်လာတာ။ ကြိုတင်သတင်းရလို့ ကင်းပုန်းဝပ်ပြီး ချောင်းပစ်တာ။ လက်ဦးမှု ရယူပစ်လိုက်တာဆိုတော့ အပြန်အလှန်လည်းမဖြစ်လိုက် ရဘူး၊ မနေ့ကတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ ကျနော်တို့တစ်ဖွဲ့တည်း ပဲ လုပ်ဆောင်ခဲ့တာပါ” ဟု ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကုက္ကဲရဲစခန်းအတွင်းမှ စစ်သားများက ညပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်း သမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...