Sunday, 14 July 2024

လားရှိုးမြို့နယ် ခလရ ၆၈ ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ခမရ ၅၀၇နှင့် လွယ်ပြေစခန်းတို့တွင် လည်း တိုက်ပွဲများ ပြင်းထန်နေ



 လားရှိုးမြို့နယ် ခလရ ၆၈ ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ခမရ ၅၀၇နှင့် လွယ်ပြေစခန်းတို့တွင် လည်း တိုက်ပွဲများ ပြင်းထန်နေ


ရန်ကုန်၊ ဇူလိုင် ၁၄ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ တပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ဘက်နှင့် တော်လှန်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


လားရှိုးမြို့အဝင် ရပ်ကွက် ၁၂ အေတီတံတားအကျော်တွင်ရှိနေသော ခလရ ၆၈ တပ်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းကပင် တပ်ရင်းစခန်းတစ်ခုလုံး အဆက်အသွယ်ပြတ်တောက်ပြီး ဆုတ်ခွာလာသော တပ်တချို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ပြန်လည်ရောက်ရှိလာကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။ 


"ဆုတ်ခွာလာတဲ့ တပ်တချို့ ပြန်ပေါင်းတယ်။ အဖမ်းခံရတဲ့သူတွေလည်းများတယ်။ ခလရ ၆၈ က ကျပြီလို့ ပြောလို့ရတယ်" ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ 


တော်လှန်ရေး သတင်းရင်းမြစ်တချို့ကလည်း ခလရ ၆၈ ကို MNDAA က သိမ်းပိုက်ရရှိထားပြီဟု ကြားသိထားသော်လည်း MNDAA ဘက်က ထုတ်ပြန်မှသာလျှင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်အခြေအနေများကို မသိရှိကြောင်း၊ လားရှိုးတိုက်ပွဲတွင် MNDAA တပ်ပေါင်းစုက နေရာပေါင်းစုံမှ တိုက်ခိုက်နေပြီး မြို့တွင်းအထိ တိုက်ပွဲများရှိနေကြောင်း ပြောဆိုသည်။ 


လတ်တလော ခမရ ၅၀၇ ရှိနေသော အထက်မန်အိုင်နှင့် လွယ်ပြေတောင်စစ်စခန်းတို့တွင် ယမန်နေ့တစ်နေ့ လုံး မှ ယနေ့အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...