Sunday 14 July 2024

ညောင်ရွှေမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ



 ညောင်ရွှေမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၁၄ 


ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီ အချိန်က ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်တပ်စခန်းမှ ဆိုင်ကယ်ထွက်လာသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ဘောက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


“စကစနဲ့ အတူ ပူးပေါင်းစစ်ရေး လှုပ်ရှားနေလို့သာ ကျွန်တော်တို့ကတိုက်ခိုက်ရတာပါ။ PNO ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ စကစနဲ့ မပူးပေါင်းဘဲ ပြည်သူဘက်က PNO ကို ရပ်တည်ပေးစေချင်ပါတယ်။ ပြည်သူဘက်ကနိုင်နေပါပြီ ဒီအခြေအနေမှာ ပြည်သူဘက်က မရပ်တည်ရင် ဘယ်သူနဲ့ရပ်တည်မှာလဲ" ဟု ပျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


လက်ရှိတွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်‌အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက နန့်ဗွမ်ကျေးရွာတွင် စခန်းချတပ်စွဲထားပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့၊ SSRY ၊ ပျားစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ပျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...