Monday, 15 July 2024

လားရှိုး၊ အမှတ် ၆၂၆ ထောက်ပို့တပ် မှ စစ်သား ၁၀ ဦး လက်နက်ချ အလင်းဝင်မှု ငွေကျပ် ၁၆၅ သိန်းချီးမြှင့်


 လားရှိုး၊ အမှတ် ၆၂၆ ထောက်ပို့တပ် မှ စစ်သား ၁၀ ဦး လက်နက်ချ အလင်းဝင်မှု ငွေကျပ် ၁၆၅ သိန်းချီးမြှင့်


ရန်ကုန်၊ ဇူလိုင် ၁၅ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အခြေစိုက် အမှတ် ၆၂၆ ထောက်ပို့တပ်မှ စစ်သား ၁၀ ဦးသည် လက်နက်ချ အလင်းဝင်လာကြောင်း MNDAA က ပြောသည်။ 


ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး လားရှိုးရှိ စစ်ကောင်စီတပ်များနှင့် MNDAA အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ရက်ပိုင်းအတွင်း အမှတ် ၆၂၆ ထောက်ပို့တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသည် လက်နက်များနှင့်တကွ လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။ 


အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ချ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ငွေကျပ် ၁၆၅ သိန်း ချီးမြှင့်ကြောင်း၊ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် က ရိုင်ဖယ် သေနတ် ၉ လက်၊ လက်ပစ်ဗုံး ၅ လုံး ၊ ဖောက်ခွဲရေးစက် ၅ လုံး ၊ ကျည် ၅၆၃ တောင့် ယူဆောင်လာကြောင်း သိရှိရသည်။

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...