Thursday 11 July 2024

ပုလောမြို့နယ်တွင် အင်အား ၅၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရရှိ၊ PDF ၁ ဦးကျဆုံး



 ပုလောမြို့နယ်တွင် အင်အား ၅၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရရှိ၊ PDF ၁ ဦးကျဆုံး


ရန်ကုန်၊ ဇူလိုင် ၁၁ 


တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အင်အား ၅၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရရှိကာ PDF ၁ ဦးကျဆုံးကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ၅ မိုင်ကျေးရွာအနီးသို့ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီလက်အောက်ခံ ခလရ ၂၈၅ စစ် ကြောင်း ကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ၁ သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်သား ၂ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ 


သေဆုံးသူများမှာ ဗိုလ်မှူး သက်ထွန်းအောင်၊ တပ်ကြပ်ကြီး ခင်မောင်သိန်း၊ တပ်ကြပ် ခိုင်လင်းအောင်၊ တပ်ကြပ် တင်စိုး၊ ဒု-တပ်ကြပ် သန်းဦးမြင့်တို့ဖြစ်ပြီး အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်း ၂ ဦးမှာ တပ်ကြပ် မောင်ဖြူနှင့် တပ်ကြပ် မြမောင်တို့ဖြစ်ကြောင်း သိရှိရသည်။ 


"ဖမ်းဆီးရရှိတဲ့ စစ်သား စစ်သုံ့ပန်း ၂ ဦးကို လက်ရှိအချိန်ထိတော့ ထိန်းသိမ်းထားပါတယ်" ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း ၇ ၊ တပ်ခွဲ ၅ ၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)မဟာမိတ်ပူးပေါင်းတပ်များမှ ဝိုင်းရံတိုက်ခိုက်ခဲ့ကြောင်း၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ပုလောဒေသကာကွယ်ရေးတပ်(PRDF)မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး 

(၁) MA-7 ၆၀မမ စိန်ပြောင်း (၁)လက်

(၂) ၆၀မမ ကျည် (၃)ခု

(၃) MA-1 ရိုင်ဖယ် (၁)လက်

(၄) MA-2 အပေါ့စားစက်သေနတ် (၂)လက်

(၅) MA-3 ရိုင်ဖယ် (၃)လက်

(၆) MA-5 ပစ္စတို (၁)လက်

(၇) အီနဂါ (၁)ခု

(၈) လက်ပစ်ဗုံး (၈)လုံး

(၉) MA-14 နင်းမိုင်း (၃)ခု

(၁၀) MA ကျည်ဘောက် (၂၇)ခု

(၁၁) MA-2 ကျည်ဘောက်အဝိုင်း (၂)ခု

(၁၂) ၅.၅၆(ကပစ) ကျည် (၂၄၁၂)တောင့်

(၁၃) စစ်ဦးထုပ် (၆)လုံး

(၁၄) စကားပြောစက်(အသေး) (၁)လုံး

(၁၅) လက်ကိုင်ဖုန်း (၄)လုံး

(၁၆) ကျည်ကာအင်္ကျီ (၅)စုံ

(၁၇) အီကွေးမင်း (၅)ခု

(၁၈) ကျောဘိုးအိတ် (၁)လုံး တို့ဖြစ်ကြောင်း သိရှိရသည်။

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...