Wednesday 10 July 2024

နောင်ချိုမြို့ကို TNLA တိုက်ခိုက်သိမ်းပိုက်



 နောင်ချိုမြို့ကို TNLA တိုက်ခိုက်သိမ်းပိုက်


Salween Press 

ဇူလိုင် ၁၀ ရက် ၂၀၂၄ 


ရှမ်းပြည်မြောက်ပိုင်းရှိနောင်ချိုမြို့ကို ဇူလိုင် ၁၀ ရက်နေ့တွင် တအာင်းတပ်မတော်- PSLF/ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA ထုတ်ပြန်ပါတယ်။


နောင်ချိုမြို့မှ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ဒုံးတပ်ရင်း ၆၀၆ ကိုလည်း ဒီနေ့နေ့လယ်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ နောင်ချိုမြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်ဟု PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေသတင်းဌာနကို အတည်ပြုပြောပါတယ်။


နောင်ချိုမြို့သည် စစ်ကောင်စီ၏စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့အနီးစပ်ဆုံး ရှမ်းပြည်မြောက်ပိုင်းမှမြို့ ဖြစ်သည့်အတွက် စစ်ကောင်စီဘက်မှခုခံတိုက်ခိုက်လို့ ပြင်ဦးလွင်နဲ့ နောင်ချိုအစပ်ကနေရာတွင်မှာလည်း တိုက်ပွဲဆက်ဖြစ်သည်ဟု TNLA ကဆိုပါတယ်။


(Photos: Shwe Phee Myay & TNLA)

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...