Thursday 4 July 2024

မိုးကုတ်အနောက်ပိုင်းအား TNLAပူးပေါင်းတပ် ထိန်းချုပ်ထားမှု မြင်ကွင်းများ



 မိုးကုတ်အနောက်ပိုင်းအား TNLAပူးပေါင်းတပ် ထိန်းချုပ်ထားမှု မြင်ကွင်းများ 


ဟန်နွေ/People’s Spring


မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းဒေသများရှိ စစ်ကောင်စီတပ်စခန်းအားများ တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် တအာင်းတပ်မတော်(TNLA) နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားသည့် တပ်စခန်းများနှင့် ဒေသတွင်း စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများကို စစ်မြေပြင်သတင်းရင်းမြစ် တစ်ဦးက မှတ်တမ်းဓာတ်ပုံများ ယနေ့ ထုတ်ဖော်ပြသခဲ့သည်။


ဇွန်လ ၂၅ရက်မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ရေးဖော်ဆောင်ရာ၌ TNLAနှင့် ပူးပေါင်းတပ်များသည် မိုးကုတ်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်ပတ် အတွင်း မိုးကုတ်အနောက်ပိုင်းနယ်မြေဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။


"အနောက်ပိုင်းကတော့ အကုန်လုံးကို ကျနော်တို့ TNLAနဲ့ MDY(MOD) မိုးကုတ်ဗျူဟာတွေ ထိန်းချုပ်ပြီးပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ယနေ့ ထုတ်ဖော်ပြသခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်မြေပြင်အထိ ကွင်းဆင်းလေ့လာကွပ်ကဲနေသည့် TNLA ဒုစစ်ဦးစီးချုပ် တားမုံကျော့နှင့် တာဝန်ရှိသူများ၊ MDY PDF တပ်မှူးအချို့ကိုလည်း တွေ့ရသည်။


မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များအား တအာင်းတပ်မတော် TNLA၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တို့ ပူးပေါင်းတိုက်ခိုက်ရာ တစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက် (၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း (၁၅)ဦးဖမ်းဆီးရမိထားသည်ဟု TNLAက ထုတ်ပြန်ထားသည်။


ဓာတ်ပုံ - Mai A Hein

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...