Monday 12 August 2024

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထား


 သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထား


ရန်ကုန်၊ ဩဂုတ် ၁၂ 


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ သတင်းထုတ်ပြန် သည်။ 


ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် သပိတ်ကျင်းမြိုနယ် ၊ ဇရပ်ကွင်း တပ်စခန်း ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)သည် သပိတ်ကျင်းမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။ 


ဩဂုတ်လ ၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သပိတ် ကျင်းမြိုနယ်ရှိ ခလရ ၁၄၈ တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်း ၊ ကွင်း ၃၀ ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ စုစုပေါင်း တပ်စခန်း ၈ ခုတို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ 


သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးတွင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

1 comment:

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...