Sunday, 11 August 2024

ပခုက္ကူတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများရရှိ



 ပခုက္ကူတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများရရှိ


ဟာနာဆန်/People's Spring


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့၏တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။


ယမန်နေ့(သြဂုတ်၁၀ရက်) နေ့လယ် ၁ နာရီခန့်က 

ပခုက္ကူ မှ ရေစကြိုမြို့သို့ ထွတ်ခွာလာသော စစ်ကောင်စီ၏ ၃ စီးပါ ယာဥ်တန်းကို တိုက်ခိုက်ရာ စစ်အုပ်စုဝင် အများအပြားသေဆုံးကာ ရဲ၂ဦးနှင့် ပြည်သူ့စစ်(ပျူ)၃ ဦး အရှင်ဖမ်းဆီးရမိကြောင်း Southern YSO PDF အဖွဲ့၏တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။


"လာတဲ့ကားတွေမှန်သမျှအကုန်တိုက်တာ။ ဒုတိယတစ်စီးနဲ့ တတိယတစ်စီးကတော့ အပြန်အလှန်ထိပ်တိုက်တွေ့တဲ့အနေအထားမျိုးမှာရှိတယ်။ တတိယအစီးကို ဝင်ရောက်စီးနင်းနိုင်တယ်။ ကားက ကျွန်တော်တို့စပစ်ကတည်းက ဇက်ကျိုးတယ်။ တာယာတွေပွင့်တယ်။ ကားကစုတ်ပျက်သက်လို့ပဲ။"ဟု ကိုအောင်မောင်းက ပြောသည်။


ထို့အပြင် ထိုစစ်အုပ်စုထံမှ G3 သေနတ် ၄ လက်၊ G3 ကျည် ၃၀၀နှင့် ကာဘိုင်ကျည် ၅၀၀ သိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF အဖွဲ့က အသိပေးသည်။


ထိုစစ်ဆင်ရေးကို "နတ်မိချောင်း စစ်ဆင်ရေး" စစ်ကြောင်းက ဦးစီးကာ Southern YSO PDF၊BNRA၊မြိုင် ပကဖ၊ ပြည်သူ့အားမာန်၊

MVP၊ အလင်းတန်းပြောက်ကျားတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 


အလားတူ ယမန်နေ့ ည ၈ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း ရေစကြိုပကဖအဖွဲ့က ထုတ်ပြန်ထားသည်။


(ဖမ်းဆီးရမိသော စစ်သုံ့ပန်း၅ဦးအား တွေ့ရစဥ်။ဓါတ်ပုံ-File Photo)

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...