Saturday 10 August 2024

သပိတ်ကျင်းမှာ စခန်းရှစ်ခုသိမ်းယူထားကြောင်း MDY-PDF ကြေညာ



 သပိတ်ကျင်းမှာ စခန်းရှစ်ခုသိမ်းယူထားကြောင်း MDY-PDF ကြေညာ

~~~

■ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ရှစ်ခုကို သိမ်းယူထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်ရဲ့ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာစခန်း၊ လိပ်ကျရွာ စခန်း၊ ကွင်းသုံးဆယ်ရွာစခန်း၊ လက်ပံပြန့်ရွာစခန်း၊ ဖိုကုန်းစခန်း၊ ဝက်သေရွာခန်းနဲ့ ဖက်ရှည်ရွာစခန်းတွေကို အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။


MDY-PDF အနေနဲ့ သပိတ်ကျင်းမြိုနယ်အတွင်းမှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ရေးသားထားပါတယ်။


သပိတ်ကျင်းမြို့နယ်ကတပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

 

စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့လည်း MDY-PDF က ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီ တပ်စခန်း ၃၅ ခုကို MDY-PDF က သိမ်းယူခဲ့တယ်လို့လည်း ဇူလိုင်လ ၃၁ ရက်နေ့က ပြောဆိုထားပါတယ်။


သပိတ်ကျင်းမြို့နယ် တကောင်းတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲကင်းနဲ့ အင်းနက်ရွာအနီး တာဝါတိုင်ကုန်းပေါ် အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

__

ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ခန်းသိမ်းဆည်းကြောင်း ထုတ်ပြန်ထားသည့်ပုံ။ (Photo : MDY-PDF)

#မန္တလေး #MDY-PDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese

1 comment:

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...