Thursday 8 August 2024

ဘောလခဲမြို့အနီး စစ်တပ် ရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး ၈၁ မမ စိန်ပြောင်း တစ်လက် ပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ


 ဘောလခဲမြို့အနီး စစ်တပ် ရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး ၈၁ မမ စိန်ပြောင်း တစ်လက် ပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ


ရန်ကုန်၊ ဩဂုတ် ၈


ကရင်နီပြည်၊ ဘောလခဲမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းကင်းစခန်းတစ်ခုကို တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၈၁ မမ ပြောင်းရှည်တစ်လက်အပါအဝင် လက်နက် ခဲယမ်း သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။


ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ဘောခလဲမြို့ဗျူဟာကုန်း ကာကင်းအဖြစ် ဘောလခဲ မြို့နှင့် နန်းဖဲကျေးရွာကြား ရေကျော်တံတားစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ကျန် စစ် သားအချို့ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း၊ သိမ်းပိုက်ရရှိသော စခန်းအတွင်းမှ စစ်သား အလောင်းများနှင့် ၈၁ မမ ပြောင်းရှည် လက်နက်ကြီး ၁ လက်အပါအဝင် လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 


“ဒီနေ့မနက် ၇ နာရီ ကျော်ကျော် ၈ နာရီ လောက်ပေါ့၊ အဲဒီအချိန်မှာ သိမ်းမိသွားပြီ။ အတည်ပြုလို့ ရပါတယ်။ လက်နက် က ၇ လက် ၈ လောက်ရတယ်၊ ၈၁ မမ ပြောင်းရှည်တစ်လက်ရတယ်လေ။ လက်နက်က ၇ လက် ၈ လက်ဆိုတော့ များမယ်ထင်တယ်၊ ဒါပေမယ့် ဒဏ်ရာရတာ တချို့တော့ ရှိမှာပေါ့လေ။ လက်ရှိတော့ ကလေးတွေက အဲဒီမှာပဲရှိနေသေးတယ်။ ဆက်တိုးမလားတော့ မသိ သေးဘူး။ ပစ္စည်းက မလုံလောက်လို့ ၊ ပစ္စည်းလုံလောက်ရင်တော့ ကျနော်တို့ပြည်နယ်က စကစ ရှင်းသွားလောက်ပြီ။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယင်းအကြမ်းဖက်စစ်သားများသည် စကခ ၂ လက်အောက်ခံတပ်ရင်းမှဖြစ်ပြီး ယခင်က မဲ့စ လောင်း တောင်ကုန်း၌ အထိုင်ချထားသည့် စစ်ကောင်စီစစ်သားများဖြစ်ကြောင်း၊ မဲ့စလောင်းတောင်စခန်းကို ကရင်နီ တောင်လှန်ရေးတပ်ဖွဲ့များက သိမ်း ပိုက်စဉ်က ဆုတ်ခွာသွားသည့် စစ်သားများဖြစ်ပြီး ဘော လခဲစစ်ဗျူဟာကုန်းကို ကာကင်းစခန်းအဖြစ် တပ်စွဲနေရာယူထားခြင်းဖြစ်ကြောင်း သိရသည်။

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...