Friday 9 August 2024

ရပ်စောက်မြို့နယ်၊‌ ကျောက်ဂူ ဒေသ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းရရှိ


 ရပ်စောက်မြို့နယ်၊‌ ကျောက်ဂူ ဒေသ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊‌ ကျောက်ဂူဒေသ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင် ရပ်စောက်မြို့နယ်အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) လှုပ်ရှားရာ ကျောက်ဂူဒေသတွင် (DPLF/DPLA) ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တက်သား ၈ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ပြီး ၉ ဦးသေဆုံးကာ တိုက်ပွဲအတွင်း လက်နက် ၁၉ လက် သိမ်းဆီးရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


"တိုက်ပွဲမှာတော့ စစ်ခွေး ၉ ကောင်သေတယ်။ ၈ ကောင် အရှင်မိပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိတယ်။ ဓမ္မနဲ့ အဓမ္မအကြားမှာ အဓမ္မ ကတော့ ရှုံးစမြဲပါပဲ" ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) တပ်များရှိရာကို ထိုးစစ်ဆင်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

1 comment:

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...