Thursday 8 August 2024

၁၀၂၇ ဒုလှိုင်းနဲ့ ရှမ်းမန်းစစ်ဆင်ရေးက မြို့ ၆ မြို့သိမ်းပိုက်ထား


 ၁၀၂၇ ဒုလှိုင်းနဲ့ ရှမ်းမန်းစစ်ဆင်ရေးက မြို့ ၆ မြို့သိမ်းပိုက်ထား


-People's Spring 


၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေက နောင်ချို ၊စဥ့်ကူး၊ မိုးကုတ် ၊မိုးမိတ် ၊လားရှိုး ၊ကျောက်မဲမြို့တွေကို ဆက်တိုက် သိမ်းပိုက်ထားပြီဖြစ်ပါတယ် ။ဒါကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဟာ သီပေါ နဲ့ မူဆယ်မြို့မှာပဲ ကျန်တော့တာဖြစ်ပါတယ် ။ မန္တလေးတိုင်းမှာလည်း 

စဥ့်ကူး ၊မိုးမိတ်မြို့နယ်တွေကိုပါတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ် ။မတ္တရာမြို့က စစ်တပ်စခန်းပေါင်း ၃၀ ကျော်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားသလို အခုဆိုရင် ထိုးစစ်ဟာ ပုသိမ်ကြီးမြို့နယ် အစပ်ထိတိုင်ရောက်လာပြီဖြစ်ပါတယ်။ဒါ့အပြင်သပိတ်ကျင်းမြို့က စစ်စခန်းအများစုကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ် ။ ဒါကြောင့် ၁၀၂၇ ဒုတိယလှိုင်းထိုးစစ်ဟာ နောင်ချိုလား ၊မူဆယ်လား၊ပြင်ဦးလွင်လား၊မန္တလေးလား ဆိုတာကို ပြည်သူတွေ စိတ်ဝင်တစားစောင့်ကြည့်နေသလို စစ်ကောင်စီတပ်နဲ့ စစ်တပ်မိသားစုဝင်တွေ စိုးရိမ်သောကများနေကြပြီဖြစ်ပါတယ် ။

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...