Wednesday, 7 August 2024

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းသိမ်း တိုက်ပွဲမတိုင်မီ ရဲ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


 သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းသိမ်း တိုက်ပွဲမတိုင်မီ ရဲ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ ဩဂုတ် ၇


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းသိမ်း တိုက်ပွဲမတိုင်မီ ရဲ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ABSDF တပ်မတော်က ပြောဆိုသည်။


ဇူလိုင်လ ၁၉ ရက်နေ့တွင် တွင်းငယ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် မသိမ်းပိုက်မီ ABSDF ကျောင်းသား တပ်မတော်ထံ ရဲ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ အလင်းမဝင်မီ အချိန်ကပင် အဆိုပါ ရဲ ၂ ဦးသည် ABSDF အပါအဝင် တော်လှန်ရေး အင်အားစုများကို များစွာအကူအညီ ပေးခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ABSDF အနေဖြင့် ၎င်းတို့ကို လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုရင်း ကျန်ရှိနေသေးသော စစ်ကောင်စီလက်အောက်ခံများကိုလည်း နီးစပ်ရာ တော်လှန်ရေးအင်အားစု အသီးသီးထံသို့ အလင်းဝင်ရောက်ကြပါရန် တိုက်တွန်းလိုကြောင်း ABSDF တပ်မတော်က ပြောဆိုသည်။


ABSDF အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက သပိတ်ကျင်းမြို့နယ် တွင်းငယ် ရဲစခန်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...