Sunday 4 August 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၇၅ မြို့


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့

မြို့ ၇၅ မြို့ 


-People's Spring 


မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) လို့ခေါ်တဲ့ ကိုးကန့်တပ်မတော် နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် စစ်စခန်းတွေ၊တပ်ရင်းတွေနဲ့ လားရှိုး မြို့ကို သြဂုတ် ၃ ရက်မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၅ မြို့အထိရှိလာပြီဖြစ်ပါတယ် ။ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားပေ

မယ့် သတင်းမထုတ်ပြန်တာ အခုစာရင်းမှာမပါ

ဝင်သေးတဲ့ မြို့တွေလည်း ကျန်ရှိနိုင်ပါသေးတယ်။ဇူလိုင် ၃၁ ရက်နေ့ ကလည်း TNLA ၊ PLA ၊မန္တလေး PDF နဲ့ပူးပေါင်းတပ်တွေက မိုးမိတ် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ ဒါကြောင့် ၁၀၂၇ ဒုတိယလှိုင်း မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့မြို့ ၄ မြို့ ရှိလာပြီဖြစ်ပါတယ် ။ နောင်ချို ၊ မိုးကုတ် ၊မိုးမိတ် ၊လားရှိုး မြို့တို့ဖြစ်ပါတယ် ။ တစ်ချိန်တည်းမှာ မန္တလေး PDF က လည်း စဥ့်ကူးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ ရှမ်းမန်းစစ်ဆင်ရေးအနေနဲ့သိမ်းပိုက်ထားတဲ့မြို့ပေါင်း ၅ မြို့ အထိရှိလာတာပါ။ ဒါအပြင် တော်လှန်ရေးတပ်တွေဟာ ကျောက်မဲမြို့ နဲ့ ရခိုင်ပြည်နယ်မှာဆိုရင်လည်း အာရက္ခတပ်တော် (AA)က သံတွဲ နဲ့ မောင်တော မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်စစ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ် ။

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...