Friday 9 August 2024

စစ်ကောင်စီရဲ့ ခလရ-၁၄၈ ကို TNLA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်


 စစ်ကောင်စီရဲ့ ခလရ-၁၄၈ ကို TNLA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်


မဲခေါင်၊ သြဂုတ် ၉


TNLA နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်အစပ်က စစ်ကောင်စီရဲ့ ခလရ-၁၄၈ စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ပါတယ်။


ဒီနေ့ သြဂုတ် ၉ ရက် ညနေ ၅ နာရီမှာ တပ်စခန်းတစ်ခုလုံးနဲ့ လက်နက်ခဲယမ်းတွေ အပါအဝင် ဒရုန်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ခလရ-၁၄၈ တပ်ဟာ မိုးကုတ်မြို့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန် ကတည်းက မိုးကုတ်မြို့ ဘုရားစေတီတွေမှာ တပ်စွဲတာ၊ ဒေသခံနဲ့ ဆရာဝန်တွေကို ဖမ်းဆီးတာ၊ မန္တလေး - မိုးကုတ်လမ်းကို ကုန်ပစ္စည်းသယ်ယူမှုကအစ ပိတ်ဆို့ထားလို့ မိုးကုတ်မြို့အတွင်း အခြေခံစားသောက်ကုန်‌တွေ ပြတ်လပ်‌ခဲ့ရတယ်လို့ သိရပါတယ်။


TNLA၊ မိုးကုတ်ဗျူဟာနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ခလရ-၁၄၈ တပ်စခန်းကို ဇွန် ၂၇ ရက် မနက်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဇွန်လကတည်းက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။


CJ-001

#MeKongNews 

#မိုးကုတ် 

#ခလရ၁၄၈ 

#မိုးကုတ်ဗျူဟာ 

#TNLA 

#PDF

1 comment:

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...