Sunday 1 September 2024

ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ သေဆုံး၊ လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ




 ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ သေဆုံး၊ လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁ 


ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ သေဆုံးပြီး လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများအပါအဝင် ပစ္စည်းများ  သိမ်းဆည်းရရှိကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဩဂုတ်လ ၃၁ ရက်နေ့  မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဖရဲသီးသတင်း ပေးချက်အရအရ ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင်ရှောင်တခင်စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကားကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင်  အသာတကြည်အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ပစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း၊  ထိုပစ်ခတ်ဖမ်းစီးစဥ်  အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူတို့ သေဆုံးပြီး  စီးနင်းလာသော Mark X အိမ်စီးကားမှာ လမ်းဘေးတိမ်းမှောက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 


“ကျောက်ပန်းတောင်းမြို့မစခန်းမှူးရယ်၊ သာယာအေးနယ်ထိန်း ဒုရဲအုပ်ရယ်၊ သူကပြောင်းလာတာ မကြားသေးဘူး။ ဘယ်သွားဖို့လည်းတော့ သေချာမသိဘူး။ ကျနော်တို့ကလမ်းပေါ်မှာ စစ်ဆေးနေ တုန်း သူတို့ထဲက ဂန်းကိုင်ပြီး ကျည်ထိုးတာ အရင်မြင်လိုက်လို့ တန်းပစ်လိုက်တာ၊ ကံကောင်းသွာ တာ၊ သူတို့ဘက်က ပြန်ပစ်ချိန်မရလိုက်ဘူး။ ကျောက်ပန်းတောင်း -တောင်ဦးလမ်းပိုင်းမှာပါ။” ဟု အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းမှ တာဝန်ရှိသူ ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့  ရှင်းလင်းပြောဆိုသည်။ 


ထိုတိုက်ပွဲအတွင်းတွင် သေနတ် BA 72 ၁ လက်၊ BA 94 ၁ လက်၊ BA 93 ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး နှင့် ငွေသားတချို့ အပါအဝင် သက်ဆိုင်ရာ ဝန်ထမ်းကတ်တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တိုက်ခိုက်မှုကို အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၊ ညောင်ဦးခရိုင် အမှတ် ၁ တပ်ရင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တောင်သာမြို့နယ်ပကဖ နှင့် LACR (မြင်းခြံ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...