Sunday 1 September 2024

ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာ စစ်တပ်ရှေ့တန်းစခန်းကို သိမ်းပိုက်မှု အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံး


 ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာ စစ်တပ်ရှေ့တန်းစခန်းကို သိမ်းပိုက်မှု အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၁ 


ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်း အမြောက်အ များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်က ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာကျေးရွာရှိ အ ကြမ်း ဖက် ရှေ့တန်း စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ KNLA တပ်ရင်း ၉ ၊ PDF တပ်ရင်း ၃၇၀၂ ၊ စစ် ဒေ သခွဲ ဒရုန်းအထူးတပ်ဖွဲ့ ၁၈၀၅ နှင့် PDF Spring Warrior စစ်ကြောင်းတို့ ပူးပေါင်း ဒရုန်းဖြင့် စတင်တိုက်ခိုက်ပြီးနောက် ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ ၆ မိနစ်အကြာ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် ၅ ဦး သေ ဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများနှင့် ဆန်အိတ်ပေါင်း ၄၀၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။


ယင်းအကြမ်းဖက်စစ်တပ်စခန်းမှ စစ်သားများသည် ဘောကထားစခန်းတိုက်ခိုက်သိမ်းပိုက်ခံရ ပြီး နောက် ထွက်ပြေးသွားသော စစ်သားများဖြစ်ပြီး ကုန်းမြင့်သာကျေးရွာ၌ ရှေ့တန်းစခန်းပြုလုပ် ကာ တပ်စွဲနေထိုင်ကြသူများဖြစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသတာဝန်ရှိသူက ပြောဆိုသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...