Tuesday, 8 October 2024

ဖားကန့်၊ ဆိုင်းတောင် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၂၀ ကျော်အရှင်ဖမ်းဆီးရရှိကာ စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံး


 ဖားကန့်၊ ဆိုင်းတောင် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၂၀ ကျော်အရှင်ဖမ်းဆီးရရှိကာ စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံး 


ရန်ကုန်၊ အောက်တိုဘာ ၈ 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ဝန်းကျင်သေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခိုင်အမာ တပ်စွဲထားသော ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရှိ Lucky Men ဟိုတယ် တပ်စခန်းကို KIA နှင့် PDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရရှိပြီး ၂၀ ကျော်သေဆုံးကြောင်း၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တော်လှန်ရေးတပ်များက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။ 


"ဒီမနက် Lucky Men ဟိုတယ်ကိုအပြီးသတ် ရှင်းလင်းလိုက်ပြီ။ စစ်တပ်တွေမရှိတော့ဘူး။ စစ်သားအရှင် ၂၀ ကျော်ကိုဖမ်းမိထားတယ်။ အခုထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံရှင်းနေတယ်။ ဖမ်းမိ နဲ့ သေဆုံးဆိုရင် စစ်သားအားလုံးပေါင်း ၄၀ ကျော်တယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တပ်က Lucky Men ဟိုတယ်တွင် တပ်စွဲကာ ဓားစာခံ ပြည်သူများကို ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ဟိုတယ်အတွင်းမှ ၁ လကျော်ကြာ ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက ယင်းဟိုတယ်တပ်စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက တိုက်ပွဲများအတွင်း ဆိုင်းတောင်ရှိ ပြည်သူ့ နေအိမ်များကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်က ဆိုင်းတောင်ရှိ ပြည်သူ့ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။

Breaking News- ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိ


 Breaking News- ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိ


ရန်ကုန်၊ အောက်တိုဘာ ၈ 


စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ်အဖြစ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းမြောက် ပိုင်း၊ ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ်မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။ 


"ပင်လည်ဘူးမြို့ ဒုတိယအကြိမ် Sold out ပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခုအထိတော့ စာရင်းမရသေးပါဘူး" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ 


လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်သဖြင့် တော်လှန်ရေး တပ်များက ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်။ 


ယခုဒုတိယအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ၂ လနီးပါး ကြာမြင့်လာချိန်တွင် ပင်လည်ဘူးမြို့တစ်ခုလုံးကို တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီက ပင်လည်ဘူးမြို့ မကျစေရေးအတွက် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဝန်းသိုဘက်မှ စစ်ကူအင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း၊ ပင်လည်ဘူးမြို့ ရဲစခန်းတွင် နောက်ဆုံးခံစစ်အဖြစ် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းပစ်ကူများစွာဖြင့် မြို့ မကျစေရေး ခုခံခဲ့သော်လည်း KIA နှင့် PDF တပ်များ၏ မဟာဗျူဟာမြောက် ထိုးစစ်ကို မခံနိုင်တော့ဘဲ စစ်တပ်၏ နောက်ဆုံးခံစစ်ပင်လည်ဘူးမြို့မရဲစခန်းကို သိမ်းပိုက်ရရှိကာ ပင်လည်ဘူးမြို့ကိုပါ တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ ဒုတိယအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စတင်ပြီးနောက် စက်တင်ဘာ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက်ခဲယမ်း ၈၀ ကျော်ကို KIAနှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့စဉ်။

Monday, 7 October 2024

ဂွမြို့နှင့် မိုင် ၃၀ ကျော်အကွာတွင်ရှိသည့် စစ်ကောင်စီ၏ ကုလားပြင်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်ဟုဆို


 ဂွမြို့နှင့် မိုင် ၃၀ ကျော်အကွာတွင်ရှိသည့် စစ်ကောင်စီ၏ ကုလားပြင်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်ဟုဆို 


ရန်ကုန်| အောက်တိုဘာ ၇ 


အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ ဂွမြို့အနီးကို ရောက်ရှိလာပြီး ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 


သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပိုက်နောက် AA သည် ဂွမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စက် တင်ဘာလ အစောပိုင်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။ 


ထိုးစစ်တစ်ပတ်အတွင်းမှာ ဂွမြို့ထဲက မြို့တစ်ဖြစ်သည့် ကျန္တလီမြို့ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီး ကျိန္တလီမြို့ထဲရှိ ရဲနှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့မှာ ဂွမြို့အနီး ကုလားပြင် (ရတနာမြိုင်) ကျေးရွာသို့ တပ်ဆုတ်ခဲ့သည်။ 


AA က ကျိန္တလီမြို့မှတစ်ဆင့် တပ်ဆုတ်သွားသည့် ကုလားပြင်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဆက်လိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကုလားပြင်တပ်စခန်းမှ ဂွမြို့ဘက်သို့ ပြန်လည် တပ်ဆုတ်သွားခြင်းဖြစ်သည်။ 


စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " ပြီးခဲ့တဲ့ ၃ ရက်လောက်က တပ်စခန်း ကုန်လားပြင် တပ်စခန်းကို AA က သိမ်းလိုက်ပြီလို့ သိရတယ်။ ထိုတနေ့က ကုလားပြင်တပ်စခန်းရှိရာကို AA က ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ် ပြောတယ်။ ရွာထဲမှာ ဒေသခံတွေက ရှိနေတုန်းပဲ။ စစ်ကောင်စီ လုပ်နေကျအတိုင်း လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စိုးရိမ်နေကြပါတယ်။ ရွာသားအချို့တော့ ထွက်ပြေးနေရတယ်လို့ ပြောတယ်။ အတိအကျ ဖုန်းလိုင်းမရတော့ သိရဖို့ ခက်တယ်။ " ဟု ပြောသည်။ 


တိုက်ပွဲများပြင်းထန်လာသောကြောင့် ဂွမြို့ပေါ်က ပြည်သူအများစုမှာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးလက်ဒေသရှိ ပြည်သူများမှာလည်း ဘေးကင်းလုံခြုံရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 


" ဒုက္ခကတော့ ပြောမနေနဲ့တော့ ဧရာဝတီမှာ သွားရှောင်ရင်လည်း အုပ်ချုပ်ရေးမှူးတွေက ငွေညှစ်တယ်။ ဧည့်စာရင်း လက်မခံ

တာ၊ ငွေအများကြီးတောင်းတာ။ ဂွမြို့နယ်အတွင်း ဆန်သယ်ယူခွင့်မရတာ။ ဒီမှာက အကုန်လုံးက စိတ်တွေ ကယောင်ချောက်ရှား ဖြစ်နေကြတယ်။ ဂွထဲမှာနေရင်လည်း မလုံခြုံ၊ ဧရာဝတီဘက်သွားရင်လည်း မလုံခြုံ တော်တော်လေး အခက်အခဲဖြစ်နေကြတာ။ ဆန်လည်းမသွင်းရ၊ အခြေခံစားသောက်ကုန်တွေလည်း မသွင်းရ ဘာနဲ့စားပြီး ဘယ်လိုနေထိုင်ရမလဲ တော်တော်‌ လေးကို ဆိုးဆိုးဝါးဝါးပါပဲ။ " ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

 

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်ကလည်း အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များကို အပြီးတိုင်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ တပ်စခန်းများ တစ်ခုမကျန် ထိုးစစ် အရှိန်မြှင့်မည်ဟု ထုတ်ပြန်ခဲ့သည်။ 


ထိုထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ဂွ၊ မောင်တော၊ အမ်းဒေသတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျှက်ရှိနေကြသည်။ 


အမ်းမြို့နယ် မဲတောင်တပ်စခန်းကို AA က စက်တင်ဘာလ ၂၆ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အောက်တိုက်ဘာလ ၅ ရက်နေ့က အမ်းမြို့ထဲရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ နပခ တပ်စခန်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


လက်ရှိတိုက်ပွဲ ပြင်းထန်နေသော ဂွ၊ မောင်တော၊ အမ်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ 


AA သိမ်းပိုက်ထားသော မြို့များမှာ ပလက်ဝအပါအဝင် ၁၁ မြို့ရှိပြီး ရခိုင်ပြည်တွင် သံတွဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်နှင့် ရမ်းဗြဲမြို့တို့ဖြစ်သည်။ 


ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)


(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Sunday, 6 October 2024

KIA က ပန်ဝါမြို့သွားလမ်းပေါ်ရှိ စစ် စခန်း အချို့ကို ထပ်မံ သိမ်းပိုက်


 KIA က ပန်ဝါမြို့သွားလမ်းပေါ်ရှိ စစ် စခန်း

အချို့ကို ထပ်မံ သိမ်းပိုက်


 ဟန်နွေ/People’s Spring


ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူး

ပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


အောက်တိုဘာ လဆန်းတွင် ဆော့လော်မြို့၊ စက်

တင်ဘာလကုန်ပိုင်းတွင် ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA ပူးပေါင်းတပ်သည် အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁မိုင် BGF စခန်းကို သိမ်းပိုက်ခဲ့ပြီး အောက်

တိုဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထား

သည်။


လန်းဂျော်စစ်ကောင်စီ ယာယီစခန်းသိမ်းပိုက်စဉ် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟုသိရသည်။


ယင်းနှင့်ပတ်သက်၍ အခြား သတင်းရင်းမြစ်တစ်ဦးအား မေးမြန်းရာ ၎င်းက “ ပန်ဝါတော့ မရောက်သေးဘူး။ ပန်ဝါအနီးအနားက စခန်းတစ်ခု အဲဒါ သူတို့ရဲ့ ပန်ဝါတက်သွားမယ့် ၁၁ မိုင်ထဲက တပ်တစ်ခုကို KIAက သိမ်းလိုက်တာ။ အခု ပန်ဝါ ဘက် ထိုးစစ်ဆင်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတော့ ရတယ်”ဟု ပြောသည်။


ပန်ဝါတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန်KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်

မှူးကြီးနော်ဘူကို ဆက်သွယ်ထားဆဲဖြစ်သည်။


KIA နှင့် KPDF ပူးပေါင်းတပ်သည် စက်တင်ဘာ ၂၉ရက်မှ အောက်တိုဘာ ၂ရက် အထိ ၄ရက်ကြာ ထိုးစစ်အတွင်း ချီဖွေမြို့နှင့် ဆော့လော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။ ချီဖွေတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ပန်ဝါဘက်သို့ထွက်ပြေးသွားသည်ဟုလည်း သတင်းရင်းမြစ်အချို့က ပြောကြားထားသည်။


ယခု KIA ထိုးစစ်ဆင်နေသည့် ဒေသသည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁)နယ်မြေဖြစ်ပြီး လက်ရှိတွင် ကချင်အထူးဒေသ(၁) အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIAက အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့ပြင်ဒေသတွင်း လမ်းကြောင်းများကိုလည်း KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားသည်။

စစ်သုံ့ပန်းဗိုလ်ကြီးက ပြည်သူကိုသတ်ဖြတ်၊ အိမ်များမီးရှ်ို့ဖျက်ဆီးခဲ့ကြောင်းဝန်ခံပြီး နားလည်ခွင့်လွှတ်ရန် မေတ္တာရပ်ခံဟုဆို


 စစ်သုံ့ပန်းဗိုလ်ကြီးက ပြည်သူကိုသတ်ဖြတ်၊ အိမ်များမီးရှ်ို့ဖျက်ဆီးခဲ့ကြောင်းဝန်ခံပြီး နားလည်ခွင့်လွှတ်ရန် မေတ္တာရပ်ခံဟုဆို 


‌လူအေး/People's Spring 


ဘုတလင်မြို့နယ်တွင် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီဗိုလ်ကြီးအောင်ကျော်ဇင်က ၎င်းအနေဖြင့် ပြည်သူများအား သတ်ဖြတ်ပြီး နေအိမ်များဖျက်ဆီးခဲ့ကြောင်းဝန်ခံပြီး နားလည်ခွင့်လွှတ်ပေးရန် မေတ္တာရပ်ခံသည်။


စက်တင်ဘာလ ၃၀ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခဲ့သည်။


ဖမ်းမိသူများအနက် ခမရ ၃၀၉မှ တပ်ခွဲမှူးဖြစ်သော ဗိုလ်ကြီးအောင်ကျော်ဇင် ထုတ်ဖော်ဝန်ခံထားသည့်ရုပ်သံမှတ်တမ်းကို မုံရွာခရိုင်အမှတ်

(၂၀)တပ်ရင်း(Battalion of Budalin-BOV)

က အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။


အသက် ၃၆ နှစ်အရွယ် ၊စစ်ကောင်စီဗိုလ်ကြီးအောင်ကျော်ဇင်က "ကျွန်တော်ကတော့ ကူတော်ရွာမှာ ရွာတွင်းရှင်းလင်းတဲ့အချိန်မှာလည်း အပြစ်မဲ့အရပ်သားပြည်သူတွေကိုသတ်ဖြတ်ခဲ့ပါတယ် ။ပြီးတော့အပြစ်မဲဘ ပြည်သူ့အိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ အရာတော်ကိုလမ်းကြောင်းသွားတဲ့အချိန်မှာလည်း အပြစ်မဲ့ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ဒီအတွက် ကျွန်တောမှာအပစ်ရှိကြောင်းဝန်ခံပါတယ် ။ ဒီအတွက် အများပြည်သူများအနေဖြင့် ကျနော်အပေါ်နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်" ဟုပြောကြားထားသည်။


အဆိုပါ စစ်ကောင်စီအရာရှိ၏တောင်းပန်ခြင်းသည် အဓိပ္ပါယ်မရှိဘဲ အဖမ်းခံရပြီးနောက် အကြောက်လွန်က ပြောကြားခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။


"မမိခင်ကတော့ အသိတရားမရှိဘူး။ ဖမ်းမိတော့မှ ဘာမေးမေး ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဆိုတာက ပါးစပ်ဖျားကမချဘူး။ အခုတောင်းပန်တယ်ဆိုတာကလည်း ကြောက်ပြီးပြောနေတာ။ စစ်ရာဇဝတ်မှုက ရာဇဝဝတ်မှုပါပဲ" ဟုကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။


ပြည်သူလူထုအား သတ်ဖြတ်ကာ နေအိမ်များအားမီးရှူးဖျက်ဆီးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွံရှာမုန်းတီးသော်လည်း စစ်သုံပန်းဥပဒေအရသာ ထိန်းသိမ်းထားကြောင်း ဘုတလင်မြို့မှ ကာကွယ်

ရေးရဲဘော်အချို့ကပြောသည်။


ဖမ်းဆီးခံထားရသောစစ်သုံ့ပန်းဗိုလ်ကြီးက ၎င်းတို့အားထားသည်မှာအတော်များများအဆင်ပြေကြောင်း၊ဒဏ်ရာရ စစ်သားများကို သက်သာအောင်ကူညီပေးနေသည်ဟုလည်းဆိုသည်။


"ယခင်က အများပြည်သူအပေါ် ကျွန်တော့အနေနဲ့မှားယွင်းစွာလုပ်ဆောင်ခဲ့မိတဲ့ ၊ပြောဆိုဆက်ဆံမိခဲ့တာတွေကို နောက်နောင်မှာမလုပ်တော့ပါဘူးလို့ ဝန်ခံကတိပြုအပ်ပါတယ် "ဟု ဗိုလ်ကြီးအောင်ကျော်ဇင်ကဆက်ပြောသည်။


စက်တင်ဘာလ ၁၇ရက်က တိုက်ပွဲ၌၈၅ ဦးပါ  

စစ်ကောင်စီစစ်ကြောင်း မှာ PDFများ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခံရကာ ၃၃ဦး သေဆုံးခဲ့သည်။ လက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းများ သိမ်း

ဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။


သေဆုံးသွားသည့်စစ်ကောင်စီရုပ်အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရသည်။ 


တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ဘုတလင်မြို့နယ်မောင်းထောင်ကျေးရွာကို လေ

ကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်းစစ်ကြောင်းထိုးရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။ ဘုတလင်မြို့နှင့် နယ်စပ်မြို့ဖြစ်သော ဒီပဲယင်းမြို့ကိုလည်းအောက်တိုဘာလ ၅ရက် ညနေပိုင်း၌ စစ်ကောင်စီကလေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာဒေသခံအမျိုးသမီးတစ်

ဦးသေဆုံးကာ တစ်ဦးဒဏ်ရခဲ့သည်။

Friday, 4 October 2024

ဖာပွန်ရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၃၀ ဦး သေဆုံး၊ လက်နက် ၃၄ လက် သိမ်းဆည်းရရှိ


 ဖာပွန်ရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၃၀ ဦး သေဆုံး၊ လက်နက် ၃၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၄


ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က ပြောဆိုသည်။  


စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်၊ ဖာဂေါ်လိုးစခန်းမှ ခေးခို(ဘော်စဲခို)ဘက်ကို တပ်ပြန်ဆုတ်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အမှတ် ၅ တပ်မဟာ လက်အောက်ရှိ ကရင်အမျိုးသား ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက လယ်ဝါးထာနှင့် စောမူပလော ဒေသအရောက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ ၆၀ မမ လက်နက်ကြီး ၅ လက်၊ RPG ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၁၆ လက်၊ MA-2 သေနတ် ၃ လက်၊ MA-3 သေနတ် ၅ လက်၊ MA-4 သေနတ် ၁ လက်၊ A-5 သေနတ် ၁ လက်၊ 9မမ ပစ္စတို သေနတ် ၁ လက်၊ စက်လတ် သေနတ် ၂ လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၄ လုံး၊ စကားပြောစက်အသေး ၁ လုံးနှင့် မိုင်းရှင်းစက် ၁ လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

Thursday, 3 October 2024

ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းအချို့ KIA ထပ်မံ သိမ်းပိုက်


 ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းအချို့ KIA ထပ်မံ သိမ်းပိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။


ချီဖွေ - ပန်ဝါကြား (၁၁)မိုင် BGF တပ်ခွဲစခန်းကို အောက်တိုဘာ ၃ရက် နံနက် ၁၀နာရီခွဲတွင် သိမ်းနိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။


အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အဆိုပါ (၁၁) မိုင်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို KIA က သိမ်းနိုင်ခဲ့ဟု အသိပေးသည်။


 အလားတူ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် တွင်လည်း ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံတပ်စခန်းအချို့ကို KIAက သိမ်းယူလိုက်ပြီး ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်နေဟု ရေးသားထားသည်။


" ကာကင်းတွေလည်းကျကုန်ပြီ။တကယ်တော့ ကချင်အထူးဒေသ (၁)ဟာ မကြာခင် လက်လွှတ်ရတော့မှာပါ"ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တစ်ခုတွင် ရေးသားထားသည်။


KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်သည် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေတွင် ပါဝင်သော ချီဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဆော့လောမြို့ကို ယမန်နေ့ (အောက်တိုဘာ ၂ရက်)တွင် သိမ်းပိုက်နိုင်ခဲ့သည်။


မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပမ်းများနှင့် လက်နက်ခဲယမ်းများရရှိခဲ့ဟု စစ်ရေးသတင်းရင်မြစ်တစ်ဦးက အသိပေးထားသည်။


KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ချီဖွေနှင့် ဆော့လော်မြို့များကို သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိသည်ဟု ပြောသည်။ 


ယခု ချီဖွေ-ပန်ဝါကြား စစ်ရေးအခြေအနေများကို ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

Wednesday, 2 October 2024

စစ်ရေး ပစ်မှတ် သိသာထင်ရှားမှု ရှောင်ရေး


 စစ်ရေး ပစ်မှတ် သိသာထင်ရှားမှု ရှောင်ရေး

……………………………..

၁၉၁၅-၁၉၁၆ ကာလမှာ အော်တိုမန်အင်ပါယာ (တူရကီ) က ဂယ်လီပိုလီကမ်းရိုးတန်းကို မဟာမိတ် တပ်တွေ ကမ်းတက် တိုက်ခိုက်ပြီး ပင်လယ်နက် နဲ့ မြေထဲပင်လယ်ကြားက ရေလက်ကြားကို စိုးမိုးထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် မဟာဗျူဟာမြောက် အရေးပါတဲ့ ဂယ်လီပိုလီ ကမ်းရိုးတန်း နေရာကို လာတိုက်မယ်ဆိုတာ သိသာထင်ရှားလွန်းတဲ့အတွက် အော်တိုမန်တူရကီတွေ ခုခံကာကွယ်နိုင်ခဲ့ပြီး ဗြိတိန်၊ ပြင်သစ် နဲ့ ရုရှား တပ်ဖွဲ့တွေဘက်မှာ သိန်းနဲ့ချီတဲ့ အင်အားဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်။ အလားတူပဲ ဒုတိယကမ္ဘာစစ် ကာလ စတာလင်ဂရက်၊ မော်စကို နဲ့ လီနင်ဂရက် မြို့ကြီးတွေနားကို နာဇီဂျာမဏီတပ်တွေ ရောက်လာတဲ့အခါ ပစ်မှတ်ဟာ သိသာထင်ရှားလွန်းတာကြောင့် ဆိုဗီယက်ရုရှားဘက်က ခံစစ်ဆင်မှုကို ကောင်းမွန်စွာ ပြင်ဆင်နိုင်ခဲ့တယ်။ ထိုးစစ်ဆင်တဲ့ဘက်က ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်မြို့ကို တိုက်မယ်ဆိုတာ သိသာခြင်းမရှိဘဲ စစ်ဆင်တဲ့အခါ ခံစစ်ဆင်တဲ့ဘက်က နေရာပေါင်းစုံကို ခုခံကာကွယ်ဖို့ လုပ်ရတဲ့အတွက် ပျော့ကွက်တွေ ပေါ်လာလေ့ရှိပြီး အမြတ်ထုတ် စစ်ဆင်တိုက်ခိုက်လေ့ရှိပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကို စတိုက်တဲ့ ဘာဘာရိုဆာ စစ်ဆင်ရေးကာလမှာ စစ်ရေးရည်မှန်းချက် သိသာထင်ရှားခြင်းမရှိသေးတဲ့အတွက် စစ်ရေးအောင်ပွဲကြီးတွေ၊ သိန်းနဲ့ချီတဲ့ စစ်သုံ့ပန်းဖမ်းဆီးရရှိမှုတွေကို နာဇီတွေ ရရှိခဲ့ပေမယ့်လဲ စစ်ရေးပစ်မှတ်သိသာသွားတဲ့ မြို့ကြီးတွေနားက တိုက်ပွဲတွေမှာ အထိနာခဲ့ကြတယ်။ ရည်မှန်းချက်ဟာ သိသာထင်ရှားလွန်းသွားရင် ခံစစ်ဆင်တဲ့ဘက်က ခုခံရပိုလွယ်သွားတဲ့ အတွက်ပါ။ 


စစ်ရေးမှာတော့ ရည်မှန်းချက်ကို အသေမထားဘဲ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း (flexibility) ဆိုတာ ရည်မှန်းချက် သိသာသွားရခြင်းကနေ ရှောင်ဖို့ အတွက် အရေးတကြီးလိုပါတယ်။ ရန်သူ့ဘက်က ဘယ်နေရာကို ခုခံရမလဲလို့ ဝေဝါးလေ၊ ကိုယ့်ဘက်က အသာစီး ရလေပါပဲ။ အဲဒီလိုမဟုတ်ဘဲ စစ်ရေးပစ်မှတ် သိသာလွန်းသွားရင်တော့ ဂယ်လီပိုလီတိုက်ပွဲ၊ မော်စကိုမြို့တော် တိုက်ပွဲ၊ စတာလင်ဂရက်တိုက်ပွဲ၊ လီနင်ဂရက် တိုက်ပွဲတွေလို ခံစစ်ဆင်တဲ့ဘက်က အသာစီးရလေ့ ရှိပါတယ်။ အဲဒီလို စစ်သမိုင်း ဥပမာတွေရှိတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ အနေနဲ့ ရန်သူဘက်က သိသာထင်ရှားလွန်းတဲ့ စစ်ရေးပစ်မှတ်တွေကို တက်နိုင်သမျှ ရှောင်ဖို့၊ မထင်မှတ်ထားတဲ့ နေရာ၊ ရည်မှန်းချက်တွေကို ထိုးနှက်တိုက်ခိုက်ဖို့ (အကောင်းဆုံး ဥပမာက-မြင်းခြံ ခရိုင် အထူးစစ်ဆင်ရေး နဲ့ နွားထိုးကြီး၊ တောင်သာ မြို့တွေကို ရုတ်တရပ်ဝင်တိုက်မှု) လိုပါတယ်။ လက်နက်ကြီး နဲ့ စစ်ရေးအတွေ့အကြုံ နှိုင်းရအားဖြင့် နည်းပါးတဲ့ တော်လှန်ရေး အင်အားစုတွေဘက်က အငိုက်ရမှု၊ ရည်မှန်းချက် မသိသာစေမှု ကို အကောင်းဆုံး ထည့်သွင်း အသုံးချဖို့လိုပါတယ်။ ဖြစ်နိုင်ရင် အချိန်၊ ယဉ်ကျေးမှုဓလေ့ပိုင်း၊ ပထဝီပိုင်း၊ မိုးလေဝသပိုင်း အချက်အလက်တွေကိုပါ ထည့်သွင်း တွက်ချက်ပြီး အငိုက်ဖမ်းဖို့လိုပါတယ်။


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့တွေဟာ ပြည်သူကြားကနေ ပေါက်ဖွားလာပြီး၊ ပြည်သူရဲ့ စောင့်ရှောက်မှု အပြည့်အဝ ရရှိထားတဲ့အတွက် ပြည်သူ့ထောက်ခံမှုနဲ့အတူ အလွယ်တကူ ရွှေ့ပြောင်းသွားလာနိုင်မှု၊ ထောက်လှမ်းရေးသတင်းရရှိမှုတွေကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီ အချက်တွေကို အသုံးချပြီး တပ်တွေကို မထင်မှတ်တဲ့ နေရာ၊ မထင်မှတ်ထားတဲ့ စခန်း၊ မြို့တွေကို သွားရောက် တိုက်ခိုက်ရင် စစ်ရေးအရ၊ နိုင်ငံရေး အရ အကျိုးအမြတ်ကြီးမှာ ဖြစ်ပါတယ်။ 


အဲဒီလိုမှ မဟုတ်ဘဲ ရန်သူဘက်က ကြိုတင်ခန့်မှန်းနိုင်တဲ့ စစ်ရေး ပစ်မှတ်တွေ၊ မြို့တွေကို တော်လှန်ရေး အင်အားစုတွေ သွားတိုက်မယ်ဆိုရင် လက်နက်ကြီး၊ လေကြောင်း နဲ့ အခိုင်အမာခံစစ်လိုင်း ဆင်ထားတဲ့ ရန်သူဘက်က နှိုင်းရအားဖြင့် အသာစီးရဖို့များပါတယ်။ ကိုယ့်ဘက်က အသာစီးရအုံးတော့ အငိုက်မဖမ်းနိုင်တဲ့ အတွက် တိုက်ပွဲ ရှည်ကြာတာမျိုးကြုံရနိုင်ပါတယ်။ အဲဒီလို တိုက်ပွဲရှည်ကြာတာနဲ့ အမျှ အသုံးပြုရတဲ့ လက်နက်၊ ကျည်၊ အသက်တွေ ပိုမိုများပြားလာနိုင်ပါတယ်။ လူထုက ပေးထားတဲ့ ရင်းမြစ်သာရှိပြီး လက်နက်၊ ခဲယမ်း နဲ့ ရင်းမြစ် ကြွယ်ဝခြင်းမရှိတဲ့ တော်လှန်ရေး တပ်တွေဟာ ရေရှည်မှာ အခက်ကြုံလာရနိုင်ပါတယ်။ အဲဒီ အတွက် တိုက်ပွဲ ကို အလျင်အမြန် အဆုံးသတ်နိုင်မယ့်၊ အငိုက်ဖမ်း တိုက်ပွဲတွေကို ဆင်နွဲဖို့လိုပါတယ်။ ဥပမာ အနေနဲ့ တရုတ်နယ်စပ်က ဗကပတပ်ဟာ စစ်တပ်ထင်မှတ်မထားတဲ့ အတွင်းပိုင်း မိုးမိတ်မြို့ကို ထိုးဖောက်ဝင်ရောက်ပြီး ၁၉၇၇ ခုနစ်မှာ သိမ်းပိုက်သွားမှုဖြစ်စဉ်မျိုးပါ။ မထင်မှတ်ထားတဲ့ စစ်ရေး ပစ်မှတ်တွေကို အငိုက်ဖမ်းတိုက်နိုင်ဖို့ အတွက်ကတော့ တော်လှန်ရေး တပ်တွေ အနေနဲ့ အလျင်အမြန်လှုပ်ရှားသွားလာနိုင်ဖို့၊ တပ်ရွှေ့နိုင်ဖို့လိုပါတယ်။ သိသာထင်ရှားခြင်းမရှိတဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်နိုင်လာလေ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖတွေရဲ့ စစ်ရေးအောင်ပွဲ ကြီးမားလာလေပဲ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ



 ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၁


စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းရာ စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။


စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကူတော်စခန်းမှ ထွက်လာသော အင်အား ၈၀ ဝန်းကျင်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြို့နယ်ပကဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းတိုပါဝင်သော မဟာမိတ်အင်အားစု ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးပြီး ၄၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ငယ် ၅၇ လက် ၊ ၆၀ မမ စိန်ပြောင်း ၂ ခု၊ ဒရုန်း ၂ စီးအပြင် ဂျန်ပါအကြီး ၁ ခုနှင့် ကျည် အများပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


အကြမ်းစစ်တပ် စစ်ကြောင်းတစ်ခုလုံးကို အပြတ်ချေမှုန်းခဲ့သည်မှာ မြေပြန့်တွင် ပထမဆုံး တိုက်ပွဲ ဖြစ်ပြီး အတင်းအဓမ္မ စုဆောင်းထားပြီး ရှေ့တန်းကို ပို့ဆောင်ထားသည့် တပ်သားသစ်များနှင့် စစ်တိုက်ရန် အလုပ်မဖြစ်နိုင်ခြင်းကို ပြသနေကြောင်း ပကဖ သတင်းရင်းမြစ်က ပြောဆိုသည်။

မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး ဇနီးဖြစ်သူနှင့်အတူ လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်


 မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး ဇနီးဖြစ်သူနှင့်အတူ လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်


ရန်ကုန်၊ အောက်တိုဘာ ၂ 


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ဇနီးဖြစ်သူ နှင့်အတူ လက်နက်ခဲယမ်းများယူ ဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။


ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကိုသည် ၎င်း၏ ဇနီးဖြစ်သူ ကိုခေါ်ဆောင်ကာ G3 သေနတ်အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၁၂၅ တောင့် တို့ကိုယူဆောင်ကာ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။


ထိုသို့ အလင်းဝင်ရောက်လာသူများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောင်းမွန်စွာ ကျွေးမွေးထားရှိပြီး ထိုက်သင့်အားလျော်သော ချီးမြှင့်မှုများ လုပ်ဆောင်ကာ နေရပ်သို့ ပို့ဆောင်ပေး ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆော်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ


 ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆော်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ


ရန်ကုန်၊ 


ကချင်ပြည်နယ်၊ ချီဗွေခရိုင်၊ ဆော့လော်မြို့နယ်ရှိ ဆော့လော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ချီဖွေခရိုင်၊ ဆော့လောမြို့နယ်ရှိ ဆော့လော် မြိုနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်း၊ ပြည်သူ့စစ် စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိထားပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။ 


"ဆော့လော်မြို့မှာတော့ စစ်ခွေး ကင်းစင်သွားပါပြီ။ တပ်စခန်းတွေအားလုံးကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။ စစ်ခွေး အသေအဆုံးစာရင်းနဲ့ လက်နက်ခဲယမ်းစာရင်းတော့ မရသေးပါဘူး" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ 


အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြည်သူ့စစ် စခန်း ၊ ချီဗွေမြို့မရဲစခန်း၊ ၄ မိုင် စုပေါင်းဂိတ်စခန်း နှင့် ဗျူဟာ တပ်စခန်းကုန်းတို့ကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ချီဗွေမြို့ကိုပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

Tuesday, 1 October 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၈၀ ရှိလာ


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၈၀ ရှိလာ


-People's Spring 


KIA နဲ့ မဟာမိတ်တပ်တွေက ကချင်ပြည်နယ်မှာ ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ ချီဖွေမြို့ က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်းတွေကို စက်တင်ဘာ ၂၉ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ တရုတ်နယ်စပ်မှာရှိတဲ့ ချီဖွေခရိုင်မှာ ချီဖွေမြို့ နဲ့ ပန်ဝါမြို့တို့ ပါဝင်ပါတယ်။တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများသလို အရာရှိတွေအပါအဝင် စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရရှိတယ်လို့သိရပါတယ်။ဒါကြောင့်စက်တင်ဘာလကုန်ပိုင်းအထိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၈၀ ရှိလာပြီဖြစ်ပါတယ် ။စစ်ကောင်စီက တော်လှန်ရေးတပ်တွေသိမ်းသွားတဲ့မြို့တွေ ကိုပြန်ထိုးစစ်ဆင်သိမ်းပိုက်မယ် ကြုံးဝါးနေတဲ့ကြားက မြို့တမြို့ ထပ်သိမ်းခံရတာဖြစ်ပါတယ် ။စစ်ကောင်စီကတန်ပြန်ထိုးစစ်လုပ်မယ့် ဆိုပေမယ့်နေ့စဥ် နိုင်ငံတဝန်း လေကြောင်းကနေ ဗုံးကြဲ သတ်ဖြတ်မှုတွေကိုသာလုပ်နေတာဖြစ်ပါတယ် ။ တချိန်တည်းမှာ အာရက္ခတပ်တော် (AA) ရဲ့မောင်တောမြို့သိမ်းတိုက်ပွဲ ၊ PDF တွေရဲ့ ပင်လည်ဘူး ၊အင်းတော်၊ ထီးချိုင့် မြို့သိမ်းတိုက်ပွဲတွေနဲ့ TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ သီပေါမြို့အပြင်ကလက်ကျန်စခန်းသိမ်းတိုက်ပွဲ နဲ့ တောင်ခမ်းတိုက်ပွဲတွေဟာပြင်းထန်နေပါတယ် ။တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် သတင်းမထုတ်ပြန်သေးတာကြောင့် People's Spring ရဲ့အခုအင်ဖိုဂရပ်ဖစ်မှာ မပါသေးတဲ့မြို့တွေလည်း ကျန်ရှိနိုင်ပါသေးတယ် ။

Sunday, 29 September 2024

ချီဖွေမြို့ကို KIA/KPDF အပြီးသတ်သိမ်းပိုက်



 ▪︎Breaking News 


ချီဖွေမြို့ကို KIA/KPDF အပြီးသတ်သိမ်းပိုက်


▪︎ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းနိုင်ခဲ့၊ ချီဖွေရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ် ခေါင်းဆောင်များ ပန်ဝါဘက်ထွက်ပြေးဟု သတင်းရင်းမြစ်အချို့ပြော


-ဟန်နွေ/People’s Spring


ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)

 ပူးပေါင်းတပ်တို့က ကချင်ပြည်နယ် ချီဖွေမြို့သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်းများကိုယနေ့(စက်တင်ဘာ ၂၉)မနက်တွင် ထိုးစစ်ဆင်ခဲ့ရာ ယနေ့ ညနေပိုင်း၌ အပြီးသတ် 

သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။


စက်တင်ဘာ ၂၉ရက်မနက်တွင် စ တင်ထိုးစစ်ဆင်ခဲ့ရာ ပြည်သူ့စစ်စခန်း၊ ချီဖွေရဲစခန်း၊ ၄မိုင်စုပေါင်းဂိတ်စခန်း နှင့် စစ်ကောင်စီ ဗျူဟာကုန်း ကို သိမ်းနိုင်ခဲ့သည်ဟုဆိုသည်။


 “ဒီမနက် ၅နာရီမှာ စတိုက်တာ။ ပြည်သူ့စစ်၊ ရဲ၊ စစ်သား တွေဖမ်းမိထားတာရှိတယ်။ ဂျက်ဖိုက်တာ ၄စီးနဲ့ လာရောက်ဗုံးကြဲတာ ရှိတယ်။ အကုန်ရပြီ။ စကစ ဗျူဟာစခန်းကုန်းလည်းရပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်း၌ ပြောသည်။


အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ချီဖွေကို သိမ်းပိုက်ပြီဟု သတင်းရရှိသကဲ့သို့ နေရာအချို့ ကျန်နေပြီး တိုက်ပွဲဆက်ရှိနေသည်ဟုလည်း ကြားရကြောင်း ပြောပြသည်။


“သတင်းက နှစ်ခု။ ခုန ၅နာရီခွဲ ၆နာရီလောက်မှာ ဗျူဟာကုန်းထဲမှာ ဝင်စီးခဲ့ပြီတဲ့။ ချီဖွေတစ်ခုလုံးကို KIAနဲ့ KPDF တွေအကုန်လုံးသိမ်းလိုက်ပြီတဲ့။ အဲဒီလို သတင်းရတယ်။ ပန်ဝါဘက်တချို့သော သူတွေက အကုန်လုံး အပြီးအစီး သိမ်းနိုင်တာ တော့ မရှိဘူး အဲဒီလိုတော့ ပြောကြတယ်။ ဒါပေ

မဲ့ တချို့ကသိမ်းလိုက်ပြီလို့ပြောတယ်”ဟု သတင်း

ရင်းမြစ်က ပြောသည်။


ကချင်သတင်းရင်းမြစ်ကမူ ပန်ဝါဒေသဘက်ကို တိုက်ခိုက်ခြင်းမရှိသေးဟု ပြောပြသည်။


ချီဖွေရှိ စစ်ကောင်စီနှင့် အပေါင်းအပါများ ပန်ဝါဘက်သို့ ထွက်ပြေးသွားသည်ဟုလည်း ဒေသခံတစ်ဦးကလည်း ပြောသည်။


“ ပန်ဝါဘက်ကို စကစ အုပ်ချုပ်ရေးခေါင်းပိုင်းက လူတွေက ရှောင်သွားကြတယ်။ ခရိုင်မှူးတွေနဲ့ခရိုနီတွေပါ။ လူကြီးတွေဘဲ ဆိုတော့ မများလောက်ဘူး။ ချီဖွေက ပြည်သူ့စစ်ခေါင်းဆောင်လည်း ပန်ဝါဘက်ပြေးတာပါ” ဟုဒေသခံ သတင်းရင်းမြစ်တစ်ဦးက လည်းပြောသည်။


ချီဖွေမြို့ရှိစစ်တပ်စခန်းများနှင့်ပြည်သူ့စစ်စခန်းများ သိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီးမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်ထားဆဲဖြစ်သည်။


ချီဖွေမြို့သည် ခရိုင်အဆင့်မြို့ဖြစ်ပြီး ၂၀၁၉ခုနှစ်လူဦးရေစာရင်းအရ ချီဖွေမြို့နယ်တွင် လူဦးရေ ၂၁၀၀၀ ကျော်ရှိသည်။ချီဖွေမြို့သည် တရုတ်နယ်စပ်နှင့်နီးပြီး တောင်ဘက်တွင် ကန်ပိုက်တည်

နှင့် ဆဒုံး ၊ အနောက်ဘက်တွင် အင်ဂျန်းယန် ၊မြောက်ဘက်ဆော့လော် ၊ အရှေ့တောင်ဘက်တွင်ပန်ဝါမြို့တို့ရှိသည်။


ချီ ဘွေမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် KIAက ဝိုင်းမော်မြို့နယ် မှနေ၍ ပန်ဝါဖက်သို့သွားမည့် ခရီး

သွားကားများအား ယာယီတားမြစ်ခဲ့သည်။


" ကားသမားတွေ၊ခရီးသည်တွေ တိုက်ပွဲထဲမှာပိတ်ပြီးမှာစိုးလို့ KIA နဲ့ PDF က တားထားတာ။ စစ်တပ်ကတော့ဝိုင်းမော် မုတ်လွဲလမ်းဆုံကနေ လက်နက်ကြီးတွေပစ်သလို လေကြောင်းကလည်းသွားပြီးတိုက်တယ်။ ချီဘွေက လူတွေလည်း ဆဒုံးဘက်ကို ရှောင်ကြတယ်" ဟု ဝါရှောင်ဒေသခံတစ်ဦးကပြောသည်။


KIA ပူးပေါင်းတပ်သည် ဖားကန့် ဆိုင်းတောင် နှင့် မိုးမောက်-ဗန်းမော်လမ်း၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် အခြေအနေတွင်ချီဖွေမြို့သိမ်းတိုက်ပွဲကို ယနေ့ ဖော်ဆောင်လာခြင်းဖြစ်သည်။


ယခင် ဇွန်လ ဒုတိယပတ်ကလည်း ဆဒုံးဗျူဟာအပါအဝင် ဝိုင်းမော်-ဆဒုံးလမ်းရှိစစ်ကောင်စီ တပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGF စခန်းများကို ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

CDFမတူပီ တပ်မဟာ(၁)ထံ အာရက္ခတပ်တော်မှ လက်နက်အချို့ ကူညီထောက်ပံ့



 CDFမတူပီ တပ်မဟာ(၁)ထံ အာရက္ခတပ်တော်မှ လက်နက်အချို့ ကူညီထောက်ပံ့


မျက်မှောက်ခေတ်၊ စက်တင်ဘာလ ၂၉


ချင်းပြည်သူ့ကာကွယ်ရေးတပ် မတူပီ၊ တပ်မဟာ (၁) ကို အာရက္ခတပ်တော်(AA) က လက်နက်ခဲယမ်းတချို့ ကူညီထောက်ပံ့တဲ့အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ CDF မတူပီ တပ်မဟာ(၁)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားကို အာရက္ခတပ်တော် တပ်မှူးများ၊မတူပီ တပ်မဟာ(၁)တပ်မှူးများ၊တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အဖွဲ့အစည်းနှစ်ခုကြား အားကောင်းလာတဲ့ မဟာမိတ် ဆက်ဆံရေးတွေကို ဆက်လက်အားကောင်းရေး၊ စစ်ရေးပူးပေါင်းမှု ယခုထက်ပို အားကောင်းစေရေး၊အိမ်နီးနားချင်း အတူနေထိုင်လာခဲ့ကြတဲ့ လူမျိုးအချင်းချင်းကြား ချစ်ခင်ရင်းနှီးလာစေရေး တွေကို နှစ်ဖက်တပ်မှူးတွေက ပြောကြားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


ဒါ့အပြင် ချင်းပြည်အတွင်းမှာရှိတဲ့ စစ်ကောင်စီ ကင်းစင်ရေး တိုက်ပွဲတွေမှာ အိမ်နီးနားချင်းပီသစွာနဲ့ ပူးပေါင်းတိုက်ပွဲဝင်ပေးခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းတို့အပေါ် အာရက္ခတပ်တော်အား အထူးကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Thursday, 26 September 2024

ညောင်ဦးမြို့နယ်ပကဖ ကို NUG လက်နက်တပ်ဆင်ပေး



 ညောင်ဦးမြို့နယ်ပကဖ ကို NUG လက်နက်တပ်ဆင်ပေး

 ==============

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန - MOD က လက်နက်တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲကို မနေ့ စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါ တယ်။


အဆိုပါ လက်နက်တပ်ဆင်ခြင်းအခမ်းအနားနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့ တာလို့ သိရပါတယ်။


MOD က လက်နက်တပ်ဆင်ပေးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီက သိမ်းဆည်းရရှိတဲ့လက်နက်တွေနဲ့ဆိုရင် လက်ရှိမှာ တော်လှန်ရေးရဲဘော်အရေအတွက်ရဲ့ ၃ဝ ရာခိုင်နှုန်းခန့်သာ တပ်ဆင်ပေးနိုင်သေးတယ်လို့ ညောင်ဦးမြို့ နယ်-ပကဖ တာ ဝန်ရှိသူတဦးက ဆိုပါတယ်။


ညောင်ဦးမြို့နယ်-ပကဖနဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာ ၂၀ ရက်နေ့က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်း အတိုင်း ကင်းပတ်ပြန်လာတဲ့ စစ်သားနဲ့ရဲတွေပါတဲ့ ကား၄စီးနဲ့ ဆိုင်ကယ်၃စီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ဦး သေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရရှိကာ M-22 အမျိုးအစားသေနတ်တလက်သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။

Wednesday, 25 September 2024

အဓိက စစ်မျက်နှာကို လှမ်းကြည့်ခြင်

 

အဓိက စစ်မျက်နှာကို လှမ်းကြည့်ခြင်း

……………………………………….

ခုခံတော်လှန်စစ် တခုလုံး အောင်ပွဲရရှိရေး၊ စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး အတွက်ဆို အဓိကတိုက်ရမယ့် စစ်မျက်နှာဟာ မြေပြန့် ဒေသမှာပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံလူဦးရေ အများစုဟာ မြေပြန့်မှာရှိသလို စစ်အုပ်စုရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးတွေ၊ တပ်တွေ အများစုဟာ မြေပြန့်ဒေသမှာရှိလို့ ဖြစ်ပါတယ်။ မြေပြန့်ဒေသထဲမှာမှ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး တိုင်းတို့ဟာ အဓိက စစ်မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ ဒီဒေသမှာ စစ်အုပ်စုကို အနိုင်ရမှာ တော်လှန်ရေး အောင်ပွဲ ရမှာဖြစ်ပါတယ်။ 


အဓိက စစ်မျက်နှာဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ (၅ သန်း ကျော်)၊ မကွေးတိုင်းမှာ (၄ သန်း)၊ မန္တလေးတိုင်းမှာ (၆ သန်း) ပဲခူးတိုင်းမှာ (၅ သန်း) စုစုပေါင်း လူဦးရေ သန်း (၂၀) ကျော်ရှိပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး နယ်မြေ အများစုဟာလဲ အဲဒီဒေသမှာရှိပါတယ်။ စစ်တပ်ရဲ့ တပ်မအများစု၊ လက်နက်စက်ရုံ အများစု နဲ့ လေတပ်စခန်းအများစုကို အဲဒီဒေသမှာ တည်ဆောက်ထားပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အမှတ် (၁) စစ်ဒေသဟာ ယေဘုယျ အားဖြင့် အဲဒီ နယ်မြေတွေအားလုံးကို လွှမ်းခြုံပါတယ်။ ခုခံစစ်ကာလအစောပိုင်းမှာ စစ်ကိုင်းတိုင်း အထက်ပိုင်း ဖြစ်တဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူ ဒေသတွေမှာ စစ်ရေးလှုပ်ရှားနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနစ် ရောက်တဲ့ အခါ မန္တလေးတိုင်းမှာပါ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်လာပြီ ဖြစ်ပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ပဲခူးရိုးမဒေသမှာလဲ တိုက်ပွဲတွေ ပုံမှန် ပေါ်ထွက်လာသလို မကွေးတိုင်းမှာလဲ တတိုင်းလုံးနီးပါး တိုက်ခိုက်မှုတွေ ဖြန့်ကျက်လုပ်ဆောင်လာနိုင်ပါပြီ။ 


သမိုင်းကြောင်းကို ကြည့်လိုက်ရင်လဲ တိုင်းပြည်ရဲ့ အဆုံးအဖြတ်တိုက်ပွဲတွေကို မြေပြန့်စစ်မျက်နှာမှာ တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ထိန်းချုပ်မှု လုပ်ဆောင်မယ်ဆိုရင် မြေပြန့် ဒေသကို ချန်ထားခဲ့လို့ မရပါဘူး။ တောင်ငူမင်းဆက်ဟာ မြေပြန့်ဒေသက တောင်ငူမြို့မှာ အစတည်ခဲ့တာဖြစ်ပါတယ်။ ရှေးခေတ် မင်းနေပြည်တော်တွေ အများစုဟာလဲ မြေပြန့်ဒေသမှာ တည်ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဗမာပြည်တိုက်ပွဲစဉ်ရဲ့ အဆုံးအဖြတ်တိုက်ပွဲဖြစ်တဲ့ မိတ္ထီလာတိုက်ပွဲဟာ မြေပြန့်မှာ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ အားနည်းသွားရခြင်းမှာ ၁၉၇၅ ခုနစ်တုန်းက ပဲခူးရိုးမ အခြေခံဒေသကို လက်လွှတ်လိုက်ရလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လက်နက်ကိုင်တိုက်ပွဲသမိုင်းကို ပြန်ကြည့်ရင်လဲ မြေပြန့် လူထုရဲ့ ထောက်ခံမှု ဆုံးရှုံးသွားတဲ့ တော်လှန်ရေး အဖွဲ့တွေဟာ အရေးနိမ့်သွားတာကို တွေ့ရပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ အဓိက စစ်မျက်နှာဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး တိုင်းတွေမှာ စစ်ဆင်မှုတွေကို ကြည့်ရင် ယေဘုယျအားဖြင့် လမ်းကြောင်းမှန်ပေါ်မှာရှိနေတာ၊ ကြီးမားတဲ့ စစ်မဟာဗျူဟာ အမှားတွေ ရှိမနေဘူးဆိုတာ တွေ့ရပါတယ်။ စစ်လက်နက်ပစ္စည်း၊ ရန်ပုံငွေ၊ စစ်ပညာ အကန့်အသတ် ဆိုတဲ့ နောက်ခံမှာ ရုန်းကန်လှုပ်ရှားခဲ့မှုကို ထည့်တွက်ရင် ရရှိထားတဲ့ စစ်ရေးအောင်ပွဲတွေဟာ အထင်ကြီးစရာ ရှိပါတယ်။ လတ်တလောမှာ မန္တလေးတိုင်းထဲက နွားထိုးကြီး၊ တောင်သာ မြို့တွေကို မြို့သိမ်းတိုက်ပွဲ အဖြစ် ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း အတွင်းပိုင်း မြို့ ဖြစ်တဲ့ ကနီ မြို့၊ စစ်တိုင်းဌာနချုပ် နဲ့ မိနစ်ပိုင်း အဝေးမှာရှိတဲ့ ဒီပဲယင်းမြို့တွေကို ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကာကွယ်ရေး လက်နက်ပစ္စည်း စက်ရုံတွေကိုလဲ ပုံမှန်အားဖြင့် တိုက်ခိုက်နိုင်လာသလို လမ်းပိုင်းထိန်းချုပ်စိုးမိုးမှုဟာလဲ ကြီးမား ကျယ်ပြန့်လာနေပါတယ်။ ပဲခူးရိုးမ ပေါ်မှာလဲ ခုခံ တိုက်ခိုက်မှုဟာ အားကောင်းလာတဲ့ ပုံပေါ်နေပြီး ရန်သူ့ စစ်ကြောင်းတွေကို အထိနာအောင် တိုက်ခိုက်နိုင်လာတာ ကို အထူးသဖြင့် ရိုးမ အနောက်ခြမ်း မြို့နယ်တွေမှာ တွေ့လာရပါတယ်။ ရခိုင် တောင်ပိုင်း နဲ့ ဧရာဝတီတိုင်း အထက်ပိုင်း ဒေသတွေထိပါ အာရက္ခ တပ်တော်က နယ်မြေသိမ်းပိုက် လှုပ်ရှားလာတာကြောင့် ပဲခူး ရိုးမ အနောက်ခြမ်း နဲ့ မကွေးတိုင်း အနောက်ခြမ်း ဒေသတွေမှာလဲ ခုခံတိုက်ခိုက်မှုတွေ တိုးပွားဖို့ အတွက် ရေခံမြေခံ ကောင်းတွေ ရလာပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်း ဒေသမှာလဲ စစ်တောင်း မြစ်ဝှမ်း စိုးမိုးရေး စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိကာ အမြန်လမ်းဒေသနားထိပါ ထိုးဖောက်လှုပ်ရှားလျက်ရှိပါတယ်။ မန္တလေးတိုင်းတွင်းမှာတော့ မြို့မြောက်ဘက်က စဉ့်ကူး၊ သပိတ်ကျင်း မြို့တွေကို သိမ်းယူထားနိုင်သလို မြို့အရှေ့ဘက်ခြမ်းက ပုသိမ်ကြီးမြို့နယ်မှာလဲ တိုက်ပွဲတွေ ပေါ်ထွက်လျက်ရှိပါတယ်။


ဒီလိုမျိုး အဓိက စစ်မျက်နှာပြင်မှာ ခုခံမှု အရှိန်ရလာတာဟာ ပြည်သူ့ထောက်ခံမှုကြောင့်ဖြစ်ပြီး ဒီထောက်ခံမှု ကို ပိုမို ခိုင်မာအားကောင်းလာစေအာင်၊ လူထု စစ်ဘေးဒဏ်ခံရမှုတက်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ စီမံဆောင်ရွက်ဖို့လိုပါတယ်။ ပြည်သူ ထောက်ခံတဲ့ တော်လှန်ရေး မှန်သမျှဟာ အောင်ပွဲဆီသို့ ဉီးတည်တာပဲ ဖြစ်ပါတယ်။ အဓိက စစ်မျက်နှာ မှာ စစ်အာဏရှင် စနစ်ကို မြေမြှပ်ပစ်လိုက်ဖို့ အတွက် စစ်ရေးအရရော၊ နိုင်ငံရေးအရရော အခြေအနေပေးနေပြီ ဖြစ်ပါတယ်။ အောင်ပွဲကို အပြီးသတ် ဖမ်းဆုပ်ဖို့ပဲ လိုပါတော့တယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး


 ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး


ထားဝယ်၊ စက်တင်ဘာ ၂၅


တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။


တပ်အင်အား ၃၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာထဲက နေအိမ်တွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။


တိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ တိုက်ပွဲစဖြစ်တဲ့ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က တပ်စုနှစ်စုစာ အင်အား ၃၀ ဝန်းကျင်သာရှိပြီး နောက်ပိုင်းမှ ထားဝယ်အခြေစိုက် တပ်ရင်းတွေကနေ အင်အားရာချီ ထပ်မံဖြည့်တင်းလာတယ်လို့ ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ရက်ဆက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျားသစ်နက်အဖွဲ့ ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။


ဒါအပြင် နှစ်ဖက်တိုက်ပွဲအတွင်း ဇဟာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူးပေးခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက်တာတွေ မရှိသေးဘူးလို့ သိရပါတယ်။


နှစ်ဖက်တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ရွာအတွင်းရှိ နေအိမ်အများအပြားကို ဆက်တိုက် မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


မောင်မယ်ရှောင်ကျေးရွာဟာ ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ် ကြောင်းထိုးပြီး တပ်စွဲနေထိုင်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာ ဒီကနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


အဲဒီတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ဘီးလုံးပျောက်ကျားတပ်ဖွဲ့၊ ကျား သစ်နက် ၊ KNLA တပ်မဟာ (၆) တပ်ရင်း ၂၇၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နဲ့ Eastem Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကလည်း မောင်မယ်ရှောင်ရွာမှ ကျောက်ဆိပ်ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးထက်မနည်း သေဆုံးခဲ့သလို တပ်ကြပ်ကြီးတစ်ဦးလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - YPPDF

PDF နဲ့ လမ်းပိုင်း စိုးမိုးမှုများ


 PDF နဲ့ လမ်းပိုင်း စိုးမိုးမှုများ

…………………..

ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေရဲ့ စိုးမိုးလှုပ်ရှားနယ်မြေ ကြီးမားလာတာနဲ့အမျှ နိုင်ငံ တဝှမ်းက လမ်းပိုင်းတွေကို စိုးမိုးမှု ပိုမိုများပြားလာပါတယ်။ လမ်းတွေကို ထိန်းချုပ်လာနိုင်တာနဲ့ အတူ ရန်သူ့ တပ်လှုပ်ရှားသွားလာမှုကို ကန့်သတ်လာနိုင်ပြီး ရှေ့တန်းစစ်စခန်းတွေကို စစ်ကူ အလွယ်တကူ မပို့နိုင်အောင်၊ စစ်ရေးလှုပ်ရှားမှု နှေးကွေးသွားအောင် လုပ်ဆောင်နိုင်လာပါတယ်။ လက်ရှိ ကာလမှာ တော်လှန်ရေး အင်အားစုတွေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေ (ဥပမာ- စဉ့်ကူး-ထီးချိုင့် မြို့နားထိ လမ်းပိုင်း၊ ဗန်းမော် မြို့ အထက်ကနေ ဝိုင်းမော်မြို့နားထိ လမ်းပိုင်း) ရှိလာသလို တစုံတရာ စိုးမိုးထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေ ပေါ်ထွက်လာပါပြီ။ နောက်ဆုံး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုပင် စစ်အုပ်စုက လုံခြုံစွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တခါတရံ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်လျက်ရှိပါတယ်။ 


စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ယာဉ်တန်းကို စက်တင်ဘာလအတွင်း မုံရွာမြို့နယ် ပကဖ က (၃) ကြိမ် တိုက်ခိုက်ရာ ရန်သူ့ဘက်က ထိခိုက်ဆုံးရှုံးမှုရှိခဲ့ပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းမှာ လုံခြုံရေး စစ်ဆေးစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂) ဦး ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် နဲ့ ဘီးလင်းမြို့နယ်ကြားမှာရှိတဲ့ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း သဲဖြူချောင်း တံတား စစ်တပ်ဂိတ် ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား (၇) ဦး သေဆုံးခဲ့ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်း၊ နွားထိုးကြီးမြို့နယ်တွင်းမှာရှိတဲ့ လုံခြုံရေးစခန်းကို သြဂုတ် ၂၉ ရက် က တိုက်ခိုက်ရာ စစ်သား (၅) ဦး သေဆုံးပြီး၊ ဗိုလ်ကြီး ဝေဖြိုးသူ အပါအဝင် စစ်သုံ့ပန်း (၂) ဦး ဖမ်းဆီးရရှိခဲ့ပါတယ်။အလားတူ အမြန်လမ်း မိုင်တိုင် (၃၂၂) အနီးမှာ စစ်ကား (၃)စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြင်းခြံ ခရိုင် အမှတ် (၄) တပ်ရင်းက ဇူလိုင်လအတွင်း တိုက်ခိုက်နိုင်ခဲ့ပါတယ်။


အထက်ပါ ဖြစ်စဉ်တွေကို ကြည့်ရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်‌ နဲ့ ပကဖ အဖွဲ့တွေဟာ စစ်ကိုင်း၊ မန္တလေး၊ မွန်ပြည်နယ်စတဲ့ ဒေသတွေမှာ လမ်းပိုင်းစိုးမိုးမှု တစုံတရာ ရရှိနေပြီး အမြန်လမ်းဒေသမှာပါ တိုက်ခိုက်မှုတွေ ဖော်ဆောင်နိုင်လာတာကို တွေ့ရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

Tuesday, 24 September 2024

မြိုင် ပကဖ ထံ စကစ တပ်ဖွဲ့ဝင် ၂ ဦး သေနတ် ၂ လက်နဲ့ အလင်းဝင်၊ လူငယ် ၂ ဦးက စကစရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင်လာ




 ◼️မြိုင် ပကဖ ထံ စကစ တပ်ဖွဲ့ဝင် ၂ ဦး သေနတ် ၂ လက်နဲ့ အလင်းဝင်၊ လူငယ် ၂ ဦးက စကစရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင်လာ


၂၄ စက်တင်ဘာ ||| နွေဦးအသံ |||


မကွေးဒေသ၊ မြိုင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး က မြိုင် ပကဖထံသို့ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်ရောက်ခဲ့ကြောင်းနဲ့ မြိုင်မြို့ပေါ်ရှိ လူငယ် ၂ ဦးကလည်း စကစရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက်ယူဆောင်ထွက်ပြေးခဲ့တယ်လို့ မြိုင် ပကဖ ရဲ့ စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။


မြိုင်မြို့ပေါ်ရှိ လူငယ် နှစ်ဦးက စက်တင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီ ရဲ တဦးကို ပစ်သတ်ပြီး G3 တလက်၊ G3 ကျည် ၃၇ တောင့်၊ MA1 တလက်၊ MA1 ကျည် ၂၃ တောင့် တို့ကို ယူဆောင်ထွက်ပြေးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ လူငယ် ၂ ဦးဟာ ရဲတပ်သား ယောကြီး ဆိုသူကို ပစ်သတ်ခဲ့ပြီး G3 သေနတ်ကို ယူဆောင်လာခဲ့သော်လည်း ကာဘိုင် တလက်ကို အနီးတနေရာမှာ လွှင့်ပစ်ခဲ့တာကြောင့် မြိုင် ပကဖ တွေက စက်တင်ဘာ ၂၃ ရက်မှာ သွားရောက်ရှာဖွေခဲ့ရာ ကာဘိုင် တလက်၊ ကျည် ၈ တောင့် ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


မြိုင်မြိုပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သား ဦးလှဖြူနဲ့ ဒုတပ်ကြပ် ဇွဲလင်းပိုင်တို့ ၂ ဦးက မြိုင် ပကဖ ထံသို့ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၇ ရက်မှာ AK တလက်၊ ကျည် ၄၅ တောင့်၊ HK တလက်၊ ကျည် ၉၈ တောင့်တို့ကို ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ရောက်ခဲ့ကြောင်းနဲ့ ထပ်မံ အလင်းဝင်လိုသူ များစွာရှိသေးကြောင်း ပြောဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုဆုငွေတွေ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စကစတပ်ဖွဲ့ဝင်တွေ အချိန်မရွေး အလင်းဝင်ရောက်ဖို့ ဆက်သွယ်နိုင်ကြောင်းနဲ့ လက်အောက်ခံ ပျူတွေ အနေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းတယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ


 စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ


ရန်ကုန်၊ စက်တင်ဘာ ၂၄


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့ အခြေစိုက် အကြမ်းဖက် ရဲလေ့ကျင့်ရေး ကျောင်း အမှတ် ၃ ကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ထိုတိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်း ၁၅ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက Jammer များဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ဒရုန်း ၄ စီးနှင့်အတူ ဗုံးသီး ၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ 

 

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရည်ရွယ်ထားသည့် ပစ်မှတ်များကို ဒရုန်းဗုံးသီး ၁ လုံးကို ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။


အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့နယ်၊ အုန်းတော ကျေးရွာတွင် အခြေစိုက်သည့် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ တပ်ရင်း ၆၀၀၅ ကို ဒရုန်း ၇ စီးဖြင့် အကြမ်းဖက် စစ်တပ်၏ အဆောက်အဦးများကို ပစ်မှတ်ထား၍ ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ယင်း တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး သတင်း အတိအကျ အတည် မပြုနိုင်သေးကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...