Tuesday, 28 February 2023

မုံရွာမြို့ပေါ်တွင် တော်လှန်လူငယ်များ ကွန်ရက်က စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး စာတန်းချိတ်ဆွဲ

မုံရွာမြို့ပေါ်တွင် မုံရွာ တော်လှန် လူငယ်များ ကွန်ရက်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် "လူကိုသာ သတ်လို့ရမယ် တော်လှန်စိတ်ကို သတ်လို့မရဘူး" စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Holding Ramemberance Activity for Fallen Heroes in Yangon


 ရန်ကုန်မြို့တွင် ကျဆုံးခဲ့သည့် သူရဲကောင်း (၄)ဦး၏ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအား ပြုလုပ်ခြင်း


နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ပထမဦးဆုံး ကျဆုံးသွားခဲ့သည့် ပြည်သူ (၄) ဦးကို အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏ ရုပ်ပုံ ရိုက်နှိပ်ထားသည့် အင်္ကျီကိုဝတ်ဆင်ကာ သူတို့ကျဆုံးခဲ့သည့်နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့မှာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုအား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ ပြုလုပ်ခဲ့ကြပါတယ်။ 


စစ်ကောင်စီတပ်သားများ၏ လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုကြောင့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ဒေါ်တင်နွဲ့ရီ (၅၉ နှစ်)၊ကိုဟိန်းထွဋ်အောင် (၂၃ နှစ်)နှင့် ကိုညီညီအောင်ထက်နိုင် (၂၃ နှစ်) တို့သည် ရန်ကုန်မြို့တွင် ကျဆုံးခဲ့သည်။


၂၀၂၁ ခုနှစ်၏ ယခုလိုအချိန်မျိုးတွင် ကျွန်ုပ်တို့ သတ္တိအပြည့်၊ အားမာန်အပြည့်၊ နာကျည်းချက်အပြည့်၊ ခံယူချက်အပြည့်နဲ့ အကြမ်းဖက် စစ်ကောင်စီကို အနိုင်တိုက်ထုတ်ရမယ်ဆိုတဲ့ ခံယူချက်တွေ ခိုင်မာခဲ့ပါသည်။သူရဲကောင်း ၄ ဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရရာနည်းလမ်းနဲ့ တော်လှန်ကြရန်၊ တော်လှန်ရေးကို အားဖြည့်ကြရန် ပြည်သူအားလုံးကို ထပ်မံအသိပေးတိုက်တွန်းလိုက်ပါသည်။


……………………………………………………….


Holding Remembrance Activity By Wearing Shirts Attached With Pictures of The First (4) Fallen Heroes in Yangon During Spring Revolution


Comrades from Yangon Revolution Force , YRF's Soft Strike Community carried out remembrance activity at some places in Yangon, including the places where the first (4) heroes have fallen during the Spring Revolution.


Mg Zin Lin Htet (20 years old), Daw Tin Nwe Yi (59 years old), Ko Hein Htut Aung (23 years old) and Ko Nyi Nyi Aung Htet Naing (23 years old) were brutally killed and cracked down by the military council soldiers in Yangon.


At this time in 2021, we were full of courage, great vigor and we felt resentment. We had strong convictions that we must defeat the terrorist military council. We must fight against the military council at all cost for our fallen heroes of revolution. Therefore, we would like to once again urge the general public to involve and strengthen our spring revolution. 


ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည် 🔥


Soft Strike Community 

Yangon Revolution Force - YRF

(ရန်ကုန်တော်လှန်ရေးအင်အားစု)


#yangonrevolutionforce 

#yrf 

#WhatsHappeningInMyanmar

Monday, 27 February 2023

U Kyaw Moe Tun


 အသက် ရာထူး မိသားစု အားလုံးကို စွန့်ပြီး မြန်မာနိုင်ငံပြည်သူလူထု နဲ့ တသားထဲ ရဲရဲဝင့်ဝင့် ရပ်တည်ပြီး ကျနော်ဟာ NLD အစိုးရကို ကိုယ်စားပြုပြီး ပြောတာ ပါ ဆိုပြီး သူ့ခံယူချက် ယနေ့ အဖြစ်မှန်အားလုံးကို UN GA ထဲ မှာ ပြောသွားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကို ကျနော်တို့ရဲ့ ဒီမိုကရေစီသူရဲကောင်းအဖြစ် သတ်မှတ်ပြီး ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ဂုဏ်ယူပါတယ်။


A Truly Brave National Hero is Born. 👏✊


Don't forget his name. Give him a Bow. 


U Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, New York.


Sunday, 26 February 2023

တော်လှန် ၅၀၅


 မတရားပုဒ်မတွေတပ် အကြောက်တရားရိုက်သွင်းပြီး စစ်တပ်ကအုပ်ချုပ်ချင်ခဲ့ပေမယ့် ဖောက်ထုတ်လိုက်တဲ့သွေးတိုင်းမှာ တော်လှန်သွေးအပြည့်နဲ့ တုန်လှုပ်ခြင်းတစ်စက်မှ မရှိကြလို့ ဒီကနေ့အချိန်ထိ စစ်တပ်ဟာ ပျက်သထက်ပျက်လာပြီး ဘယ်လိုမှ အုပ်ချုပ်လို့မရတာ အမှန်ပါပဲ။


ဒီလို မတရားပုဒ်မ၅၀၅ အတပ်ခံထားရတဲ့သူတွေနဲ့အတူ ဒီနွေဦးကို အောင်ပွဲယူနိုင်ဖို့ ဖေဖော်ဝါရီလ ၂၅ ကနေ မတ်လ ၁၁ ထိရှိနေမယ့် တော်လှန်၅၀၅ Campaign မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ 


ဒီ ၁၅ ရက်အတွင်းမှ ရရှိမယ့် ထောက်ပို့​ငွေ​တွေကို​တော့ ​​မြေပြင်ရဲ​ဘော်​တွေအတွက် ၉၀% နဲ့၊ ​ခြေလက်အင်္ဂါ ဆုံးရှုံးထားတဲ့ ထိခိုက်ရဲ​ဘော်​တွေအတွက် ၁၀% ခွဲ​ဝေပြီး ​ပေးပို့သွားမှာ ဖြစ်ပါတယ်။


ဒါ​ကြောင့် ​အောက်က လင့်ခ်က​နေတဆင့် ဆက်သွယ်ပါဝင်ဖို့ ​​မေတ္တာရပ်ခံပါရ​စေနော်။


http://campaignfundraisers.org


ဒီ Campaign post တွေ ပြန်နှံ့ဖို့ Share ပေးပါ၊ Comment ရေးပေးကြပါဦးနော်။


#တော်လှန်၅၀၅

မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်


ခြေမွဖျောက်ဖျက်ခံ ပန်းချီးကားက ထကြုံးဝါးတယ် " မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် "



Wednesday, 22 February 2023

Ammo Campaign Day 22


 Ammo Campaign Day 22 မှာ စုစုပေါင်း အလှူငွေ 44 သိန်းကျပ် ရရှိနေပါပြီခင်ဗျာ

Sunday, 19 February 2023

Friday, 17 February 2023

ဒီမှာရုန်းထွက်ပါ


 အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အ​ကြောင်းတရားမျိုးစုံ​တွေ​ကြောင့် စစ်​ကောင်စီယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်​နေရပါသလား...။ 


ပြည်သူ့ဘက်၊ အမှန်တရားဘက်ကို မျက်နှာမူလိုက်ဖို့ပဲ လိုပါတယ်။ အရာရှိ စစ်သည်​တွေ၊ ရဲတပ်ဖွဲ့ဝင်​တွေနဲ့ ဌာနအသီးသီးမှာ ရှိ​​နေကြတဲ့ ဝန်ထမ်း​တွေထဲက​နေ အမာခံသတင်း​ပေးပို့မယ့် ( ဖရဲသီး ) ​တွေအတွက် စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်း​ပေးပို့နိုင်မယ့် လမ်း​ကြောင်းတစ်ခုကို ဖွင့်လှစ်ထား​ပါပြီ။ 


■ http://t.me/MyanmarPeople 


ဒီ Telegram Channel ကို ဆက်သွယ်ပြီး ​ပေးပို့ပါ။ ကိုယ်​ရေးအချက်အလက် လုံခြုံမှုအတွက် စိတ်ပူစရာ လုံးဝ ( လုံးဝ ) မလိုတဲ့အပြင် ​ပေးပို့လာတဲ့ သတင်းအချက်အလက် အဆင့်အတန်း​ပေါ်မူတည်ပြီး ချီးမြှင့်​ငွေ​တွေကိုပါ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ 


ဒါ့အပြင် ဒီလိုဆက်သွယ် သတင်း​ပေးပို့လာမယ့် ( ဖရဲသီး ) ​တွေအ​နေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှာ ဖြစ်ပြီး ​တော်လှန်​ရေးအလွန်ကာလမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံ​ရေး အစီစဥ်ရဲ့ အကျိုးခံစားခွင့်​တွေကိုပါ ထပ်ပြီး ရရှိဦးမှာပါ။ 


စစ်​ကောင်စီယန္တရား​​အောက်မှာ ဟန်မပျက် အလုပ်လုပ်ပြီး ပြည့်သူ့ အမာခံ ( ဖရဲသီး ) အဖြစ် သတင်း​ပေးပို့ ပါဝင်ရင်း အကာအကွယ်​ပေးမှု အာမခံချက်ကို အမြန်ဆုံး ရယူထားဖို့ တိုက်တွန်းလိုက်ပါတယ်...။


ကာကွယ်ရေးဝန်ကြီးဌာန 

အမျိုးသားညီညွတ်ရေးအစိုးရ

Wednesday, 15 February 2023

Ammo Campaign Day 15


 Ammo Campaign Day 15 မှာ စုစုပေါင်း 3,765,000 ကျပ် ရရှိနေပါပြီခင်ဗျာ

Tuesday, 14 February 2023

ညီမင်းညို - နွေဦးနာမည်


 #နွေဦးနာမည်


ထိန်လင်းဆိုတဲ့ 

ငယ်နာမည်ကို လိုက်ပြီးပေးကြတယ်

ဖေဖေါ်ဝါရီ ၁၃ နဲ့

မွေးနေ့တူအောင် လိုက်ပြီးမွေးကြတယ်


တချို့နာမည်တွေက

တသံသရာလုံး မမေ့တော့ဘူး

တချို့မွေးနေ့တွေက

တသက်လုံး မသေတော့ဘူး


နာမည်ကို လုပ်ယူလို့ မရဘူး

နာမည်ကို လုယူလို့ မရဘူး


နာမည်တကာ့နာမည်တွေထဲမှာ

လူထုနှလုံးသားကို

နွေးထွေးစေတဲ့ နာမည်တွေသာ

ကျက်သရေအရှိဆုံး


နာမည်တကာ့နာမည်တွေထဲမှာ

လူထုရင်ကို နာကျင်အောင် 

နှိပ်စက်တတ်တဲ့ နာမည်တွေဟာ

ကျက်သရေအယုတ်ဆုံး


မိတ်ဆွေ

သင့်ရဲ့ နာမည်အမျိုးအစားလေး

သိပါရစေ


#ညီမင်းညို

   14 2 2022 Mon am 2:10

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...