Monday 15 January 2024

ပလက်ဝကို AA သိမ်းယူ


 ပလက်ဝကို AA သိမ်းယူ 


Dawei Watch| ဇန်နဝါရီ ၁၄ 


ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် သိမ်းယူထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။  


ပလက်ဝဒေသတွင် တစ်ခုတည်းကျန်ရှိသည့် နှမဒါဗျူဟာစခန်းကိုလည်း ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးတွင် စစ်ကောင်စီတပ် မရှိတော့ကြောင်း ဖော်ပြသည်။  


ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူခဲ့သည်။  


ယင်းသို့ ထိုးစစ်မစမီကတည်းက ရခိုင်နှင့် ပလက်ဝ ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်မှသာ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း AA ကဆိုသည်။  


စစ်ကောင်စီ၏ စခန်းများဖြစ်ကြသော (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) အစရှိသော စခန်းများကို သိမ်းယူရရှိပြီးမှသာ ပလက်ဝမြို့တစ်မြို့လုံးကို နောက်ဆုံးတွင် သိမ်းယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 


ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်နှင့် တပ်မ (၁၁) လက်အောက်ခံတပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့် ထားကြောင်း ဆိုသည်။ 


ခလရ (၂၈၉) တပ်ရင်းဌာနချုပ် ယခု ဇန်နဝါရီလ ၁၀ ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။  


ယင်းဌာနချုပ်သည် ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိကတပ်မဌာနချုပ်ဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် စစ်ဗျူဟာကုန်းကြီးဖြစ်ကြောင်း ဖော်ပြသည်။ 


ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော စကခ (၁၉) နှင့် တပ်မ (၁၁) တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် အကြီးဆုံးဗျူဟာစခန်းကုန်းလည်း ဖြစ်ကြောင်း ဆိုသည်။  


ယင်းအပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်ကြောင်း AA ဆိုသည်။   


ပလက်ဝဒေသတွင် နောက်ဆုံးကျန်ရှိသည့် နှမဒါဗျူဟာနှင့် ခန်ခတောင်ဗျူဟာစခန်းနှစ်ခုအနက် ခန်ခတောင်ဗျူဟာ စခန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သိမ်းယူပြီး နှမဒါဗျူဟာစခန်းကိုလည်း ယနေ့ သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ်က မီးဝဗျူဟာကို ဇန်နဝါရီလ ၁၃ ရက်နေ့က သိမ်းယူခဲ့သေးသည်။ 


ကျောက်တော်မြို့နယ်က အမြောက်တပ်စခန်းတစ်ခုဖြစ်သော အမတ (၃၇၇) စခန်း၊ ရသေ့တောင်မြို့နယ် ရီစိုးချောင်း ဗျူဟာကုန်းတို့ကိုလည်း ယနေ့ ဇန်နဝါရီလ ၁၄ ရက် သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။  


ရီစိုးချောင်း ဗျူဟာသည် အချက်အချာနှင့် မဟာဗျူဟာကျသော ဗျူဟာကုန်းကြီးများကို နှစ်ရှည်လများ ပိတ်ဆို့ ခံထားရသဖြင့် စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ဖော်ပြသည်။


Dawei Watch ရဲ့ သတင်းတွေကို


Instagram > https://www.instagram.com/dawei_watch/


Telegram > https://t.me/daweiwatch/


Website > http://www.daweiwatch.com/2024/01/14/news/69484/

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...