Wednesday, 25 September 2024

အဓိက စစ်မျက်နှာကို လှမ်းကြည့်ခြင်

 

အဓိက စစ်မျက်နှာကို လှမ်းကြည့်ခြင်း

……………………………………….

ခုခံတော်လှန်စစ် တခုလုံး အောင်ပွဲရရှိရေး၊ စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး အတွက်ဆို အဓိကတိုက်ရမယ့် စစ်မျက်နှာဟာ မြေပြန့် ဒေသမှာပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံလူဦးရေ အများစုဟာ မြေပြန့်မှာရှိသလို စစ်အုပ်စုရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးတွေ၊ တပ်တွေ အများစုဟာ မြေပြန့်ဒေသမှာရှိလို့ ဖြစ်ပါတယ်။ မြေပြန့်ဒေသထဲမှာမှ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး တိုင်းတို့ဟာ အဓိက စစ်မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ ဒီဒေသမှာ စစ်အုပ်စုကို အနိုင်ရမှာ တော်လှန်ရေး အောင်ပွဲ ရမှာဖြစ်ပါတယ်။ 


အဓိက စစ်မျက်နှာဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ (၅ သန်း ကျော်)၊ မကွေးတိုင်းမှာ (၄ သန်း)၊ မန္တလေးတိုင်းမှာ (၆ သန်း) ပဲခူးတိုင်းမှာ (၅ သန်း) စုစုပေါင်း လူဦးရေ သန်း (၂၀) ကျော်ရှိပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး နယ်မြေ အများစုဟာလဲ အဲဒီဒေသမှာရှိပါတယ်။ စစ်တပ်ရဲ့ တပ်မအများစု၊ လက်နက်စက်ရုံ အများစု နဲ့ လေတပ်စခန်းအများစုကို အဲဒီဒေသမှာ တည်ဆောက်ထားပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အမှတ် (၁) စစ်ဒေသဟာ ယေဘုယျ အားဖြင့် အဲဒီ နယ်မြေတွေအားလုံးကို လွှမ်းခြုံပါတယ်။ ခုခံစစ်ကာလအစောပိုင်းမှာ စစ်ကိုင်းတိုင်း အထက်ပိုင်း ဖြစ်တဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူ ဒေသတွေမှာ စစ်ရေးလှုပ်ရှားနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနစ် ရောက်တဲ့ အခါ မန္တလေးတိုင်းမှာပါ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်လာပြီ ဖြစ်ပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ပဲခူးရိုးမဒေသမှာလဲ တိုက်ပွဲတွေ ပုံမှန် ပေါ်ထွက်လာသလို မကွေးတိုင်းမှာလဲ တတိုင်းလုံးနီးပါး တိုက်ခိုက်မှုတွေ ဖြန့်ကျက်လုပ်ဆောင်လာနိုင်ပါပြီ။ 


သမိုင်းကြောင်းကို ကြည့်လိုက်ရင်လဲ တိုင်းပြည်ရဲ့ အဆုံးအဖြတ်တိုက်ပွဲတွေကို မြေပြန့်စစ်မျက်နှာမှာ တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ထိန်းချုပ်မှု လုပ်ဆောင်မယ်ဆိုရင် မြေပြန့် ဒေသကို ချန်ထားခဲ့လို့ မရပါဘူး။ တောင်ငူမင်းဆက်ဟာ မြေပြန့်ဒေသက တောင်ငူမြို့မှာ အစတည်ခဲ့တာဖြစ်ပါတယ်။ ရှေးခေတ် မင်းနေပြည်တော်တွေ အများစုဟာလဲ မြေပြန့်ဒေသမှာ တည်ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဗမာပြည်တိုက်ပွဲစဉ်ရဲ့ အဆုံးအဖြတ်တိုက်ပွဲဖြစ်တဲ့ မိတ္ထီလာတိုက်ပွဲဟာ မြေပြန့်မှာ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ အားနည်းသွားရခြင်းမှာ ၁၉၇၅ ခုနစ်တုန်းက ပဲခူးရိုးမ အခြေခံဒေသကို လက်လွှတ်လိုက်ရလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လက်နက်ကိုင်တိုက်ပွဲသမိုင်းကို ပြန်ကြည့်ရင်လဲ မြေပြန့် လူထုရဲ့ ထောက်ခံမှု ဆုံးရှုံးသွားတဲ့ တော်လှန်ရေး အဖွဲ့တွေဟာ အရေးနိမ့်သွားတာကို တွေ့ရပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ အဓိက စစ်မျက်နှာဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး တိုင်းတွေမှာ စစ်ဆင်မှုတွေကို ကြည့်ရင် ယေဘုယျအားဖြင့် လမ်းကြောင်းမှန်ပေါ်မှာရှိနေတာ၊ ကြီးမားတဲ့ စစ်မဟာဗျူဟာ အမှားတွေ ရှိမနေဘူးဆိုတာ တွေ့ရပါတယ်။ စစ်လက်နက်ပစ္စည်း၊ ရန်ပုံငွေ၊ စစ်ပညာ အကန့်အသတ် ဆိုတဲ့ နောက်ခံမှာ ရုန်းကန်လှုပ်ရှားခဲ့မှုကို ထည့်တွက်ရင် ရရှိထားတဲ့ စစ်ရေးအောင်ပွဲတွေဟာ အထင်ကြီးစရာ ရှိပါတယ်။ လတ်တလောမှာ မန္တလေးတိုင်းထဲက နွားထိုးကြီး၊ တောင်သာ မြို့တွေကို မြို့သိမ်းတိုက်ပွဲ အဖြစ် ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း အတွင်းပိုင်း မြို့ ဖြစ်တဲ့ ကနီ မြို့၊ စစ်တိုင်းဌာနချုပ် နဲ့ မိနစ်ပိုင်း အဝေးမှာရှိတဲ့ ဒီပဲယင်းမြို့တွေကို ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကာကွယ်ရေး လက်နက်ပစ္စည်း စက်ရုံတွေကိုလဲ ပုံမှန်အားဖြင့် တိုက်ခိုက်နိုင်လာသလို လမ်းပိုင်းထိန်းချုပ်စိုးမိုးမှုဟာလဲ ကြီးမား ကျယ်ပြန့်လာနေပါတယ်။ ပဲခူးရိုးမ ပေါ်မှာလဲ ခုခံ တိုက်ခိုက်မှုဟာ အားကောင်းလာတဲ့ ပုံပေါ်နေပြီး ရန်သူ့ စစ်ကြောင်းတွေကို အထိနာအောင် တိုက်ခိုက်နိုင်လာတာ ကို အထူးသဖြင့် ရိုးမ အနောက်ခြမ်း မြို့နယ်တွေမှာ တွေ့လာရပါတယ်။ ရခိုင် တောင်ပိုင်း နဲ့ ဧရာဝတီတိုင်း အထက်ပိုင်း ဒေသတွေထိပါ အာရက္ခ တပ်တော်က နယ်မြေသိမ်းပိုက် လှုပ်ရှားလာတာကြောင့် ပဲခူး ရိုးမ အနောက်ခြမ်း နဲ့ မကွေးတိုင်း အနောက်ခြမ်း ဒေသတွေမှာလဲ ခုခံတိုက်ခိုက်မှုတွေ တိုးပွားဖို့ အတွက် ရေခံမြေခံ ကောင်းတွေ ရလာပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်း ဒေသမှာလဲ စစ်တောင်း မြစ်ဝှမ်း စိုးမိုးရေး စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိကာ အမြန်လမ်းဒေသနားထိပါ ထိုးဖောက်လှုပ်ရှားလျက်ရှိပါတယ်။ မန္တလေးတိုင်းတွင်းမှာတော့ မြို့မြောက်ဘက်က စဉ့်ကူး၊ သပိတ်ကျင်း မြို့တွေကို သိမ်းယူထားနိုင်သလို မြို့အရှေ့ဘက်ခြမ်းက ပုသိမ်ကြီးမြို့နယ်မှာလဲ တိုက်ပွဲတွေ ပေါ်ထွက်လျက်ရှိပါတယ်။


ဒီလိုမျိုး အဓိက စစ်မျက်နှာပြင်မှာ ခုခံမှု အရှိန်ရလာတာဟာ ပြည်သူ့ထောက်ခံမှုကြောင့်ဖြစ်ပြီး ဒီထောက်ခံမှု ကို ပိုမို ခိုင်မာအားကောင်းလာစေအာင်၊ လူထု စစ်ဘေးဒဏ်ခံရမှုတက်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ စီမံဆောင်ရွက်ဖို့လိုပါတယ်။ ပြည်သူ ထောက်ခံတဲ့ တော်လှန်ရေး မှန်သမျှဟာ အောင်ပွဲဆီသို့ ဉီးတည်တာပဲ ဖြစ်ပါတယ်။ အဓိက စစ်မျက်နှာ မှာ စစ်အာဏရှင် စနစ်ကို မြေမြှပ်ပစ်လိုက်ဖို့ အတွက် စစ်ရေးအရရော၊ နိုင်ငံရေးအရရော အခြေအနေပေးနေပြီ ဖြစ်ပါတယ်။ အောင်ပွဲကို အပြီးသတ် ဖမ်းဆုပ်ဖို့ပဲ လိုပါတော့တယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး


 ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး


ထားဝယ်၊ စက်တင်ဘာ ၂၅


တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။


တပ်အင်အား ၃၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာထဲက နေအိမ်တွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။


တိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ တိုက်ပွဲစဖြစ်တဲ့ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က တပ်စုနှစ်စုစာ အင်အား ၃၀ ဝန်းကျင်သာရှိပြီး နောက်ပိုင်းမှ ထားဝယ်အခြေစိုက် တပ်ရင်းတွေကနေ အင်အားရာချီ ထပ်မံဖြည့်တင်းလာတယ်လို့ ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ရက်ဆက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျားသစ်နက်အဖွဲ့ ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။


ဒါအပြင် နှစ်ဖက်တိုက်ပွဲအတွင်း ဇဟာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူးပေးခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက်တာတွေ မရှိသေးဘူးလို့ သိရပါတယ်။


နှစ်ဖက်တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ရွာအတွင်းရှိ နေအိမ်အများအပြားကို ဆက်တိုက် မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


မောင်မယ်ရှောင်ကျေးရွာဟာ ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ် ကြောင်းထိုးပြီး တပ်စွဲနေထိုင်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာ ဒီကနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


အဲဒီတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ဘီးလုံးပျောက်ကျားတပ်ဖွဲ့၊ ကျား သစ်နက် ၊ KNLA တပ်မဟာ (၆) တပ်ရင်း ၂၇၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နဲ့ Eastem Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကလည်း မောင်မယ်ရှောင်ရွာမှ ကျောက်ဆိပ်ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးထက်မနည်း သေဆုံးခဲ့သလို တပ်ကြပ်ကြီးတစ်ဦးလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - YPPDF

PDF နဲ့ လမ်းပိုင်း စိုးမိုးမှုများ


 PDF နဲ့ လမ်းပိုင်း စိုးမိုးမှုများ

…………………..

ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေရဲ့ စိုးမိုးလှုပ်ရှားနယ်မြေ ကြီးမားလာတာနဲ့အမျှ နိုင်ငံ တဝှမ်းက လမ်းပိုင်းတွေကို စိုးမိုးမှု ပိုမိုများပြားလာပါတယ်။ လမ်းတွေကို ထိန်းချုပ်လာနိုင်တာနဲ့ အတူ ရန်သူ့ တပ်လှုပ်ရှားသွားလာမှုကို ကန့်သတ်လာနိုင်ပြီး ရှေ့တန်းစစ်စခန်းတွေကို စစ်ကူ အလွယ်တကူ မပို့နိုင်အောင်၊ စစ်ရေးလှုပ်ရှားမှု နှေးကွေးသွားအောင် လုပ်ဆောင်နိုင်လာပါတယ်။ လက်ရှိ ကာလမှာ တော်လှန်ရေး အင်အားစုတွေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေ (ဥပမာ- စဉ့်ကူး-ထီးချိုင့် မြို့နားထိ လမ်းပိုင်း၊ ဗန်းမော် မြို့ အထက်ကနေ ဝိုင်းမော်မြို့နားထိ လမ်းပိုင်း) ရှိလာသလို တစုံတရာ စိုးမိုးထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေ ပေါ်ထွက်လာပါပြီ။ နောက်ဆုံး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုပင် စစ်အုပ်စုက လုံခြုံစွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တခါတရံ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်လျက်ရှိပါတယ်။ 


စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ယာဉ်တန်းကို စက်တင်ဘာလအတွင်း မုံရွာမြို့နယ် ပကဖ က (၃) ကြိမ် တိုက်ခိုက်ရာ ရန်သူ့ဘက်က ထိခိုက်ဆုံးရှုံးမှုရှိခဲ့ပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းမှာ လုံခြုံရေး စစ်ဆေးစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂) ဦး ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် နဲ့ ဘီးလင်းမြို့နယ်ကြားမှာရှိတဲ့ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း သဲဖြူချောင်း တံတား စစ်တပ်ဂိတ် ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား (၇) ဦး သေဆုံးခဲ့ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်း၊ နွားထိုးကြီးမြို့နယ်တွင်းမှာရှိတဲ့ လုံခြုံရေးစခန်းကို သြဂုတ် ၂၉ ရက် က တိုက်ခိုက်ရာ စစ်သား (၅) ဦး သေဆုံးပြီး၊ ဗိုလ်ကြီး ဝေဖြိုးသူ အပါအဝင် စစ်သုံ့ပန်း (၂) ဦး ဖမ်းဆီးရရှိခဲ့ပါတယ်။အလားတူ အမြန်လမ်း မိုင်တိုင် (၃၂၂) အနီးမှာ စစ်ကား (၃)စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြင်းခြံ ခရိုင် အမှတ် (၄) တပ်ရင်းက ဇူလိုင်လအတွင်း တိုက်ခိုက်နိုင်ခဲ့ပါတယ်။


အထက်ပါ ဖြစ်စဉ်တွေကို ကြည့်ရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်‌ နဲ့ ပကဖ အဖွဲ့တွေဟာ စစ်ကိုင်း၊ မန္တလေး၊ မွန်ပြည်နယ်စတဲ့ ဒေသတွေမှာ လမ်းပိုင်းစိုးမိုးမှု တစုံတရာ ရရှိနေပြီး အမြန်လမ်းဒေသမှာပါ တိုက်ခိုက်မှုတွေ ဖော်ဆောင်နိုင်လာတာကို တွေ့ရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

Tuesday, 24 September 2024

မြိုင် ပကဖ ထံ စကစ တပ်ဖွဲ့ဝင် ၂ ဦး သေနတ် ၂ လက်နဲ့ အလင်းဝင်၊ လူငယ် ၂ ဦးက စကစရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင်လာ




 ◼️မြိုင် ပကဖ ထံ စကစ တပ်ဖွဲ့ဝင် ၂ ဦး သေနတ် ၂ လက်နဲ့ အလင်းဝင်၊ လူငယ် ၂ ဦးက စကစရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင်လာ


၂၄ စက်တင်ဘာ ||| နွေဦးအသံ |||


မကွေးဒေသ၊ မြိုင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး က မြိုင် ပကဖထံသို့ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်ရောက်ခဲ့ကြောင်းနဲ့ မြိုင်မြို့ပေါ်ရှိ လူငယ် ၂ ဦးကလည်း စကစရဲ တဦးကို ပစ်သတ်ပြီး သေနတ် ၂ လက်ယူဆောင်ထွက်ပြေးခဲ့တယ်လို့ မြိုင် ပကဖ ရဲ့ စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။


မြိုင်မြို့ပေါ်ရှိ လူငယ် နှစ်ဦးက စက်တင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီ ရဲ တဦးကို ပစ်သတ်ပြီး G3 တလက်၊ G3 ကျည် ၃၇ တောင့်၊ MA1 တလက်၊ MA1 ကျည် ၂၃ တောင့် တို့ကို ယူဆောင်ထွက်ပြေးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ လူငယ် ၂ ဦးဟာ ရဲတပ်သား ယောကြီး ဆိုသူကို ပစ်သတ်ခဲ့ပြီး G3 သေနတ်ကို ယူဆောင်လာခဲ့သော်လည်း ကာဘိုင် တလက်ကို အနီးတနေရာမှာ လွှင့်ပစ်ခဲ့တာကြောင့် မြိုင် ပကဖ တွေက စက်တင်ဘာ ၂၃ ရက်မှာ သွားရောက်ရှာဖွေခဲ့ရာ ကာဘိုင် တလက်၊ ကျည် ၈ တောင့် ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


မြိုင်မြိုပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သား ဦးလှဖြူနဲ့ ဒုတပ်ကြပ် ဇွဲလင်းပိုင်တို့ ၂ ဦးက မြိုင် ပကဖ ထံသို့ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၇ ရက်မှာ AK တလက်၊ ကျည် ၄၅ တောင့်၊ HK တလက်၊ ကျည် ၉၈ တောင့်တို့ကို ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ရောက်ခဲ့ကြောင်းနဲ့ ထပ်မံ အလင်းဝင်လိုသူ များစွာရှိသေးကြောင်း ပြောဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုဆုငွေတွေ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စကစတပ်ဖွဲ့ဝင်တွေ အချိန်မရွေး အလင်းဝင်ရောက်ဖို့ ဆက်သွယ်နိုင်ကြောင်းနဲ့ လက်အောက်ခံ ပျူတွေ အနေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းတယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ


 စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ


ရန်ကုန်၊ စက်တင်ဘာ ၂၄


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့ အခြေစိုက် အကြမ်းဖက် ရဲလေ့ကျင့်ရေး ကျောင်း အမှတ် ၃ ကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ထိုတိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်း ၁၅ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက Jammer များဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ဒရုန်း ၄ စီးနှင့်အတူ ဗုံးသီး ၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ 

 

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရည်ရွယ်ထားသည့် ပစ်မှတ်များကို ဒရုန်းဗုံးသီး ၁ လုံးကို ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။


အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့နယ်၊ အုန်းတော ကျေးရွာတွင် အခြေစိုက်သည့် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ တပ်ရင်း ၆၀၀၅ ကို ဒရုန်း ၇ စီးဖြင့် အကြမ်းဖက် စစ်တပ်၏ အဆောက်အဦးများကို ပစ်မှတ်ထား၍ ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ယင်း တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး သတင်း အတိအကျ အတည် မပြုနိုင်သေးကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Monday, 23 September 2024

ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း ၁ နှစ် အနှစ်ချုပ်


 • ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း ၁ နှစ် အနှစ်ချုပ် •


 ၂၀၂၃ ခုနစ် စက်တင်ဘာလကနေ ၂၀၂၄ ခုနစ် ဩဂုတ်လအတွင်းမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားများအနေနဲ့ လအလိုက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အနှစ်ချုပ်ကို တင်ပြလိုက်ပါတယ်။


အခက်အခဲတွေကြားမှာ အသီးသီးတာဝန်ကျေပွန်ကြတဲ့ ရဲဘော်တို့ကို ဂုဏ်ပြုလေးစားပါတယ်။


စစ်ရေးအရှိန်မြှင့်လာတဲ့ ဒီကာလတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ရှေ့တန်းမှာ စိတ်ဖြောင့်ဖြောင့်တိုက်နိုင်ဖို့ အတွက် နောက်ကွယ်ကနေ ထောက်ပို့ရမယ့် တာဝန်က ပိုပြီးအရေးကြီးလာပါပြီ။ စစ်ပူတဲ့အချိန်မှ ထောက်ပို့တာထက် တာဝန်တရပ်အနေနဲ့ အမြဲထောက်ပို့မှသာ စစ်ရေးစီမံချက်တွေကိုလည်း စနစ်တကျ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။   


လက်ရှိ တာ၀န်ထမ်းဆောင်နေကြတဲ့ ထောက်ပို့တပ်သားများအနေနဲ့လည်း မိမိအနီးဝန်းကျင်က ယုံကြည်စိတ်ချရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများကို တော်လှန်တာ၀န်ထမ်းဆောင်နိုင်ဖို့ တိုက်တွန်းနှိုးဆော်ကြပါစို့။ 


လာပါ… ငါတို့ အတူတူရုန်းမယ်။စက်တင်ဘာလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။


ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် - 

🇫 fb.me/prf4pdf

💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot


အရေးတော်ပုံ အောင်ရမည်။ 


#prf4pdf

#လာပါငါတို့အတူတူရုန်းမယ်

#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF

#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF

#ထောက်ပို့လစဥ်အောင်ပွဲဝင်

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#PeoplesRevolutionSupplyFamily

#ထောက်ပို့PRF

စည်းသုံးစည်း ဂယက်နဲ့ ကိုးကန့်အခက်


 စည်းသုံးစည်း ဂယက်နဲ့ ကိုးကန့်အခက်

…………………….


ဒီရက်ပိုင်း ထူးခြားတဲ့သတင်းတွေထဲမှာ မန္တလေးအနီး စစ်ရေးလှုပ်ရှားမှုတွေက ထိပ်ဆုံးမှာ ဖြစ်နိုင်ပါတယ်။ မန္တလေးနဲ့ သုံးမိုင်လောက်သာဝေးတဲ့ ဧရာဝတီမြစ်ဘေးက သုံးဆယ်ပေး ဆိုတဲ့ရွာအနီးမှာ PDF တပ်တွေနဲ့ စကစကြား တိုက်ပွဲတွေဖြစ်လာတာပါ။ ဒါကမန္တလေးရဲ့အနောက်ဘက်ခြမ်းလို့ခေါ်နိုင်တဲ့ တဘက်ကမ်းက မင်းကွန်းဘက်က လှုပ်ရှားမှုတွေဟာ မြစ်အရှေ့ဘက်ခြမ်းကို စပြီး ကူးလာနေပြီ ဆိုတာဖော်ပြနေတာပါပဲ။ အဲဒီကနေမြစ်ကြောင်းအတိုင်းမြောက်ဘက်ကို ဆက်သွားရင် မတ္တရာ၊ ကျောက်မြောင်း၊ စဉ့်ကူး PDF အင်အားကောင်းရာဒေသတွေနဲ့ တဆက်ထဲဖြစ်နေပါတယ်။ တောင်ဘက်ကိုဆင်းလာရင်တော့ ကျွဲစွန်း၊ ဂေါဝိန်ကိုရောက်ပြီး ၂၆ လမ်းတို့၊ ၃၅ လမ်းတို့အတိုင်း မြို့ထဲကို ဝင်ရုံပါပဲ။ ဒီစစ်ရေးလှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့ တပတ်လောက်က ထွက်ပေါ်ခဲ့တဲ့ ကိုးကန့်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပါတ်သက်လို့ သို့လော သို့လော ဖြစ်မှုတွေ အနည်းငယ် သက်သာသွားနိုင်ပါတယ်။

        

ကိုးကန့်ထုတ်ပြန်ကြေညာချက်နဲ့ပါတ်သက်လို့ကတော့ ဒါတွေဟာ တရုတ်နယ်စပ်က အဖွဲ့တွေရဲ့ ဒုက္ခလို့ပဲ ယူဆကြရမှာပါ။ အဲဒီထုတ်ပြန်စာကိုကြည့်ရင် ဘယ်အချက်မှ ထူးဆန်းနေတာမဟုတ်ပါဘူး။ ကြိုတင်သိထားတာတွေ ကြိုတင်ခန့်မှန်းထားလို့ ရနေတာတွေပါပဲ။ တခုပဲရှိပါတယ်။ NUG နဲ့ နိုင်ငံရေး၊ စစ်ရေးအရပူးပေါင်းမှာမဟုတ်ဖူးဆိုတာကတော့( သိနေကြပြီးဖြစ်သော်လည်း )တရုတ်နိုင်ငံက အတိအလင်း သိစေလိုနေတယ်ဆိုတာဖော်ပြတာပဲဖြစ်တယ်။ အမှန်ကတော့ ဒါကလဲ ခုမှမဟုတ်ပါဘူး။ ဝ အဖွဲ့ရော၊ မိုင်းလား SSPP အပါ NUG နဲ့ အတိအလင်းဆက်ဆံတာမတွေ့ရပါဘူး။ ဒါတွေက အစောကတည်းက ဝ နဲ့ ကျန်အဖွဲ့များသိရှိကျင့်သုံးနေကြတာဖြစ်ပေမယ့် ကိုးကန့်အဖွဲ့ကတော့ လားရှိုးအထိ ရထားတာဖြစ်တော့ NUG နဲ့ ပူးပေါင်းပြီး ဗမာပြည်အတွင်းပိုင်း နဲ့ ရှမ်းပြည်နယ်ထဲအထိ နယ်မကျွံဖို့ တရုတ်ဘက်က တားတဲ့သဘောပါ။ အမှန်ကတော့ ကိုးကန့်အင်အားဟာ လက်ရှိထိမ်းထားတဲ့ နယ်မြေတွေနဲ့ အံကိုက်လောက်ဖြစ်နေပါပြီ။ သူတို့အနေနဲ့ မန္တလေး တောင်ကြီးအထိဆက်တိုက်မှာမဟုတ်ဖူးဆိုတာက တဘက်က ကျေနပ်အောင် ထည့်တာပဲ ဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးအချက်ကတော့ သူတို့ဟာ မိမိကိုယ်ကိုယ်ခုခံကာကွယ် သွားမယ်ဆိုတာပဲဖြစ်ပါလိမ့်မယ်။

        

ဒီအချက်ကိုပြောရတာက မအလဟာ သူ့အင်အားထုတ်လို့ရတာနဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်တိုက်မယ်ဆိုတာ သိနေလို့ပါပဲ။ မအလကိုယ်တိုင်ကလဲ အဲလိုပဲကြေညာထားတာပါ။ ၂၀၁၉ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်သစ္စာ ဖောက်ဖျက်တာ နိုင်ငံတော်ကိုပုန်ကန်တာဖြစ်တယ်ဆိုပြီး အားလုံးရှေ့မှာ မအလကိုယ်တိုင် ပြောင်ထုတ်ပြောခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ကိုးကန့်ဘက်ကလဲနာစရာတွေအများကြီးရှိခဲ့တာပါ။ ဗကပ ပြိုကွဲအောင်အဓိကစွမ်းဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာ တိုက်ထုတ်တာခံရတယ်။ ဦးဖုန်ကျားရှင် ဆုံးကာနီးမှာ ကိုးကန့်ကိုပြန်ပြီး ခေါင်းချချင်တယ်။ သူ့ကိုကာကွယ်ဖို့ သေနတ်အလက် ၆၀ ပဲယူခွင့်ပြုဖို့ တောင်းဆိုတာတွေအားလုံး စစ်တပ်က ပါယ်ချခဲ့ပါတယ်။ ဒါတွေက သူတို့ဘက်က ခွင့်မလွှတ်နိုင်တဲ့ နာကျည်းစရာကိစ္စတွေဖြစ်ပါလိမ့်မယ်။ ဒီထုတ်ပြန်ချက်ကတွေ့ရတာကတော့ အနိမ့်ဆုံးအားဖြင့် တရုတ်ဟာ သူ့နယ်စပ်ကအဖွဲ့တွေကိုတော့ နိုင်အောင်ထိမ်းထားမယ်ဆိုတာပါပဲ။ ကေအိုင်အေကိုတော့ အမေရိကန်နဲ့ မဆက်ဆံဖို့ဆိုတဲ့အချက်ကို အဓိကပြောတာပါ။ ချုပ်လိုက်ရင်တော့ မြန်မာနယ်စပ်အရေးရော၊ မြန်မာပြည်တွင်းရေးပါ တကမ္ဘာလုံးအမြင်အပေါ်အခြေခံစဥ်းစားနေတယ်ဆိုတာပါပဲ။ ယူနန်ပြည်နယ်အဆင့်လောက်က သာစဥ်းစားမယ်ဆိုရင် စစ်တပ်ဟာ နယ်စပ်ဆက်ဆံရေးတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေမှာ ဘယ်တုန်းကမှ အကျိုးရှိအောင် ပြေလည်အောင်မလုပ်ခဲ့ဘူး ဆိုတာအပေါ်ကပဲ စဥ်းစားမှာပါ။ နိုင်ငံခြားရေးဆိုင်ရာတွေမှာ ဘေဂျင်း ရဲ့သဘောထားက အဓိကပါပဲ။ TNLAကတော့ မြန်မာပြည်အတွင်းပိုင်းမှာရှိတာပါ၊ ဒီလိုစာမျိုးထုတ်ခိုင်းလို့ မရလို့ ပစ်စာလိုလို ဘာလိုလိုနဲ့ စီးပွားရေးထိခိုက်လာတဲ့ အောက်ခြေမြို့နယ်တွေ သို့မဟုတ် ကုန်သည်တွေ စီးပွားရေးသမားတွေက ခြိမ်းခြောက်တာဖြစ်နိုင်ပါတယ်။

          

ဒီရက်ပိုင်းကမ္ဘာကြီးမှာလဲ AUKUS အစည်းဝေးတွေ QuaD အစည်းဝေးတွေလုပ်နေတာတွေ့ရတာဖြစ်တယ်။ ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်အရေးတွေက မီးခိုးအူသလိုဖြစ်နေတာပါ။ တရုတ်အတွက်ဒါတွေက ပိုအရေးကြီးပါတယ်။ အနောက်အတွက်ကတော့ ယူကရိန်းအရေးနဲ့ အစ္စရေးအရေးတွေက ထိပ်တန်း ဦးစားပေးပါ။ မြန်မာ့အရေးကို တရုတ်က စည်းသုံးစည်းနဲ့ ဖြတ်ချထားတဲ့အပေါ် ဘယ် အနောက်အင်အားကမှ ဝေဖန်တာမတွေ့ရပါဘူး။ အခု ဒီစည်းတွေကို စတွေ့ရတာပါပဲ။ ဒါပေမယ့် စစ်တပ်နဲ့ ပြည်သူကြား နှစ်ဘက်စလုံးရဲ့ ထိပ်တိုက်ဖြစ်မှုနဲ့ ပိုင်းဖြတ်မှုတွေကသာ မြန်မာ့အရေးကို ဆက်ပုံဖော်မှာဖြစ်ပါတယ်။ လောလောဆယ် နိုင်ငံရေးပေါင်းစည်းဖို့လုပ်ကြမယ်ဆိုရင် နယ်စပ်ကိုတော့ ချန်ထားရမှာပါ။ ကြားကာလ သို့မဟုတ် အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေးအရတဆင့်တက်ပေါင်းစည်းမှု သို့မဟုတ် ပြည်ထောင်စု အစိုးရပုံစံတရပ် ချမှတ်ထားဖို့ လိုနေတာဖြစ်တယ်။ ဒါကို မဟာဗျူဟာ အချိုးအကွေ့တခုလို့လဲယူဆနိုင်တာပါပဲ။ တရုတ်နိုင်ငံက မြန်မာ့အရေးပြည်ပစွက်ဖက်မှုတွေဆန့်ကျင်တယ်ဆိုတာ သူ့အကျိုးစီးပွားအခြေခံကဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ ပြည်ပစွက်ဖက်မှုကို လက်မခံတာကလဲ မိမိအကျိုးစီးပွားပဲဖြစ်ပါတယ်၊ ဒီလိုဖြစ်ဖို့ကတော့ နိုင်ငံရေးအရပေါင်းစည်းညီညွတ်တဲ့အင်အားတခုရဖို့နဲ့ အဆင့်တိုင်းမှာ မဟာဗျူဟာခြေလှမ်းတွေမှန်နေဖို့လိုတာပါပဲ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး


 မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၂၃


မန္တလေးတိုင်း၊ မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ) အဖွဲ့ တာဝန်ခံ စစ်သူကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မြို့သာ ရဲစခန်းမှ မင်းနေကုန်း ရဲစခန်းကို အိမ်စီးကားဖြင့် ထွက်ခွာလာသော မြို့သာ စစ်ကြောရေးမူးနှင့် ရဲတပ်သား ၂ ဦး လိုက်ပါလာသော ကား ၁ စီးကို မင်းနေကုန်း ရဲစခန်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ယင်း တိုက်ခိုက်မှု အတွင်း မြို့သာ စစ်ကြောရေးမှူးနှင့် ရဲ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ကားပေါ်မှ G3 ကျည် ၃၇၄ တောင့် ၊ G3 ကျည်ဘောက် ၂ ဘောက် နှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နှင့် MGN (TIGER) ညီနောင်မဟာမိတ် ၂ ဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Sunday, 22 September 2024

ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ကင်းပတ်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ဆိုင်ကယ် ၃ စီး သိမ်းဆည်း ရရှိ


 ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ကင်းပတ်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ဆိုင်ကယ် ၃ စီး သိမ်းဆည်း ရရှိ


ရန်ကုန်၊ စက်တင်ဘာ ၂၂


မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ကင်းပတ်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ဆိုင်ကယ် ၃ စီး သိမ်းဆည်း ရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ် တာဝန်ခံ ကိုဇီးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ မြို့ နယ်မှူး ဒုရဲမှူး ဝင်းဆန်း၊ ညောင်ဦးမြို့နယ် စရဖ အရာရှိ တင်ထွန်းအောင်(ခ)တွတ်ပီနှင့် ညောင်ဦး မြို့နယ် နယ်ထိန်းခေါင်းဆောင် ချစ်မိုးတို့ ဦးဆောင်၍ စစ်ကား ၄ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် သနပ်ပင်ရွာ ဘက်ကို ကင်းပတ်ပြီး ငါ့သရောက်ရဲစခန်းကို ပြန်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ငါ့သရောက် - ဇဂျမ်းပေါ်မှာ ကင်းပတ်ပြီးပြန်လာတဲ့ စစ်ကား ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးကို ကြားဖြတ် ပြီးတိုက်တာ၊ ဆိုင်ကယ် ၃ စီး သေနတ် ၁ လက်နဲ့ အလောင်း ၃ လောင်းသိမ်းဆည်းရရှိခဲ့တယ်၊ ကား ကလည်း စုတ်ပြတ်သတ်သွားတာ၊ မိုင်းအရင်ဆွဲပြီး ဝရုန်းသုန်းကားဖြစ်နေတဲ့အချိန် ကျွံထွက်လာတဲ့ သူတွေကို ဝိုင်းပစ်ကြတာ၊ ဝိုင်းပစ်တဲ့အချိန် ကားပါ ပိတ်မှန်တော့အကုန်ထွက်ပြေးသွားကြတာ။ ညောင်ဦးမြို့နယ်ထဲမှာဆိုရင် ဒီလိုပွဲမျိုးတွေက တစ်ခါမှ မလုပ်ဖူးဘူး။ ဒါပထမဆုံးပဲ။” ဟု ညောင်ဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သားနှင့် ရဲ ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ညောင်ဦးမြို့နယ် ဒုရဲမှူးဝင်းဆန်၌ မျက်နှာ စုတ်ပြတ်၊ လက်မောင်းကျည်ထိ ဒဏ်ရာ၊ ညောင်ဦးမြို့နယ် စရဖ ဖမ်းဆီးရေး အ ရာရှိ တင်ထွန်း အောင် (ခ) တွက်ပီတွင် အပြင်းအထန်ဒဏ်ရာ၊ ညောင်ဦးမြို့နယ်၊ နယ်ထိန်းခေါင်း ဆောင် ချစ်မိုး တွင် မျက်နှာစုတ်ပြတ်အပြင်းအထန် အပါအဝင် ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ ၉ ဦးကို ညောင်ဦးခရိုင်ဆေးရုံသို့ တင်ထားစဉ် ၂ ဦးထပ်မံသေဆုံးသွားကြောင်း၊ ညောင်ဦးခရိုင် ဆေးရုံမှ ကုသနိုင်စွမ်းမရှိတော့သည့် အကြမ်းဖက်စစ်သား၊ ရဲများကိုလည်း ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်သို့ လွှဲပြောင်း ပို့ဆောင်လိုက်ကြောင်း သိရသည်။


“ဒဏ်ရာအပြင်းအထန် ရတဲ့အထဲမှာ ညောင်ဦးမြို့နယ်ထဲက အမျိုးသမီးငယ်တွေကို PDF ထောက်ပံ့ တယ် ဆိုပြီး ဖမ်းဆီး မုဒိမ်းကျင့်၊ ထောင်ချတဲ့ စရဖက တင်ထွန်းအောင်ဆိုတဲ့သူပါတယ်။ သူ့သတင်း က သေတယ်လို့ပြောတယ်၊ မသေဘူးလို့လည်းပြောတယ်၊ သေချာတာ တစ်ခုကတော့ မျက်နှာတွေ စုတ် ပြတ် သတ်သွားတာ၊ တင်ထွန်းအောင်၊ ညောင်ဦးမြို့နယ် ဒုရဲမှူး၊ နယ်ထိန်းခေါင်းဆောင်တို့ က တော့ မျက်နှာတွေစုတ်ပြတ်သတ်သွားတယ်၊ သေဆုံးစာရင်းတော့ အတိအကျမသိရသေးဘူး။ညောင် ဦးဆေးရုံက မနိုင်တဲ့ဟာတွေတော့ နေပြည်တောကို ပို့နေတယ် လို့သိရတယ်။” ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်တာဝန်ခံ ကိုဇီးက ပြောဆိုသည်။ 


အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ၊ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ ၊ ရန်ကြီးအောင် PDF ၊ ညောင်ဦးခရိုင် တပ်ရင်း ၅ ၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ ၊ Popa Production and Guerilla Force ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ နှင့် Black Tiger (မြင်းခြံ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး အခြေစိုက်ရာ ဧရာဝတီ မြစ်အနောက် ဘက်ခြမ်း မကွေးတိုင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်၊



 ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်၊


ရန်ကုန်၊ စက်တင်ဘာ ၂၂


မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်နေပြီး PDF တပ်ဖွဲ့များ စုဖွဲ့မှု အားကောင်း၍ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ဂန့်ဂေါခရိုင် စုဖွဲ့လေ့ကျင်းမှု တပ်ရင်း ၅ ရင်း၏ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ဂန့်ဂေါခရိုင် အတွင်း အခြေစိုက်တပ်ရင်းများဖြစ်သော ခရိုင်အမှတ် (၁၃ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈) တပ်ရင်းများ ပူးပေါင်းကာ ဒေသအတွင်း တော်လှန်ရေး အင်အားစုများ ပိုမိုကျစ်လစ်အားကောင်းလာစေရန် ရည်ရွယ်၍ စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်ခဲခြင်းဖြစ်ကြောင်း သိရသည်။


“လက်ရှိအချိန်အထိကတော့ စုဖွဲ့လေ့ကျင့်မှုလုပ်နေတာပေါ့၊ တဖက်မှာ ခရိုင်ကွက်ကဲမှုနဲ့အညီ စစ် မျက်နှာ ၂ ခုဖွင့်ပြီး ဖော်ဆောင်နေတာရှိပါတယ်။ အဲလိုပဲ နောက်တန်းမှာကျန်ခဲ့တဲ့ရဲဘော်တွေကို လည်း နေရာတစ်နေရာစီထားပြီးတော့ လေ့ကျင့်ပေးနေတာရှိတယ်၊ အဲလိုပဲ ရှေ့က ရဲဘော်နဲ့ နောက် ကရဲဘော်ပြန်ပြီးတော့ချိန်းပေးတာပေါ့၊ ရှေ့တန်းကို ထည့်ပေးတယ်၊ ရှေ့တန်းက ပြန်လာတဲ့သူတွေ ကနောက်မှာပြန်နား၊ နားပြီးတာနဲ့ စုဖွဲ့မှုထဲ ပြန်ဝင်ပေါ့။ စုဖွဲ့လေ့ကျင့်မှုကတော့ အချိန်အတိုင်းအတာ တစ်ခုထိတော့ လုပ်နေမှာပေါ့၊ ကျနော်တို့ ယောနယ်မှာက တပ်ရင်း၊ တပ်ဖွဲ့တွေ များစွာရှိတယ်၊ ရှိတဲ့ အထဲကမှ ကျနော်တို့ တပ်ရင်း ၅ ရင်းကို အရင်ဆုံးပေါင်းစည်းလိုက်တာပေါ့။ ရှိတာကတော့ခရိုင် ကွက်ကဲရေးအောက်မှာပဲရှိတာပေါ့၊ ဒါပေမယ့် စစ်ဆင်ရေးဖော်ဆောင်တဲ့အခါမှာ ရဲဘော်တစ်ယောက် ချင်းစီရဲ့ အနေအထား၊ တစ်ရင်းနဲ့ တစ်ရင်းထိတွေ့မှုမရှိတဲ့အခါကျတော့ ခန့်မှန်းရ ခက်တယ်၊ အဲလို ဆိုတော့ သူတို့တွေကို ပေါင်းပြီးတော့ နေရာအသီးသီးမှာ တာဝန်ပေးလိုက် တဲ့အခါကျတော့ အမြဲ တမ်းလည်း စုစုစည်းစည်းဖြစ်နေတယ်၊ လိုတဲ့အင်အားကို ဘယ်အချိန်မဆို ထုတ်လို့ရတာပေါ့။ ဒီပုံစံ မျိုးနဲ့ဆက်သွားမှာပါ။ စုဖွဲ့မှုကတော့ အပျက်မခံဘူးပေါ့၊ စုဖွဲ့နေစဉ်ကာလမှာလည်း သီးသန့်ကြီးပဲ စုဖွဲ့နေတာမဟုတ်ပဲနဲ့ တပ်ရင်းနဲ့ လေ့ကျင့်နေတယ်ပေါ့၊ လေ့ကျင့်ရင်းနဲ့ တိုက်တဲ့ပုံစံမျိုးပဲ ဆက်သွား နေတာပါ။” ဟု ဂန့်ဂေါခရိုင် စုဖွဲ့လေ့ကျင်းမှု တပ်ရင်း ၅ ရင်း၏ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ထိုကဲ့သို့ စုဖွဲ့လေ့ကျင့်မှု လုပ်ဆောင်နေစဉ် သိရသည်။ NUG MOD မှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့ လာရောက်ခဲ့ကြပြီး တပ်ဖွဲ့ဝင် ရဲဘော်များကို ဩဝါဒပေးခြင်း ၊ စိတ်ခွန်အားပေးခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ကြရမည့်လုပ်ငန်းများအား ချပြဆွေး နွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


ထို့အပြင် ထီးလင်းမြို့ပေါ်တွင် အလင်းဝင်ရောက်ရန် ဝေခွဲမရဖြစ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦးသည် စုပေါင်းညီညွတ်မှုကို ယုံကြည်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား ၃ ဦးကို ကောင်မွန်စွာ စောင့် ရှောက်ထားပြီး ဂုဏ်ပြုဆုငွေများချီးမြှ့င်ခဲ့ပေးခဲ့ကြောင်း သိရသည်


“အရင်တုန်းက ဒီဒေသတွင်းမှာ တပ်ရင်းတပ်ဖွဲ့တွေများစွာရှိတယ်၊ အဲဒီတော့ တချို့ CDM ဝင်မယ့် စစ်သားတွေက အရင်ကတည်းက ဆက်သွယ်နေကြာတာရှိတယ်၊ သူတို့ဘယ်ကိုသွားရမလဲ၊ သူတို့ ကိုယ်သူတို့လည်း ဝေခွဲမရပဲနဲ့ အဲလိုနေနေကြရတာတွေရှိတယ်။ အခုလိုမျိုး စုဖွဲ့လိုက်တဲ့ အခါကျ တော့ ဒီအဖွဲ့တွေထဲကို သွားလို့ရှိရင် သေချာတယ်၊ ဘယ်တပ်ရင်းကိုပဲ သွားသွား ဒီအဖွဲ့တွေ ထဲပဲ ရောက်မှာ။ ဒါမျိုးပဲ သူတို့စိတ်ထဲမှာ ပြန်ရောက်သွားတယ်လို့ ထင်ပါတယ်။ CDM ဝင်လာတာက ကနဦး လက်နက်ငယ်နဲ့ ဝင်လာတယ်။ ဒုတိယကျတော့ MA S ပေါ့ စနိုက်ပါနဲ့ဝင်လာတယ်။ တတိယ တစ်ယောက်ကလည်း လက်နက်ငယ်နဲ့ဝင်လာတယ်။ အခုဝင်လာတာက တော့ ထီးလင်းမြို့ပေါ်က ဝင်လာတာ” ဟု ဂန့်ဂေါခရိုင် စုဖွဲ့လေ့ကျင်းမှု တပ်ရင်း ၅ ရင်း၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။


ဂန့်ဂေါခရိုင် တပ်ရင်းများအနေဖြင့် စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အချိန်ကာလအတွင်းတွင် လည်း ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့်အညီ အကြမ်းဖက် စစ်ကောင်စီတပ်အား ထိုးစစ်ဆင် တိုက်ခိုက်ကာ မပြီးဆုံးသေးသော တော်လှန်ရေးအား အောင်မြင်ပြီးဆုံးသည်အထိ လက်တွဲညီညီဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Saturday, 21 September 2024

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊


 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊

လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊


ကိုထူး/MFP၊ စက်တင်ဘာ-၂၀


မကွေးတိုင်း မြိုင်မြို့နယ် စက်မှု-၂ စခန်းက ဈေးလာဝယ်တဲ့ စစ်အုပ်စု ခုနှစ်ဦးကို တော်လှန်ရေး တပ်တွေက ကင်းပုန်းဝပ်ပြီး ဖမ်းဆီးရာ ပြန်လည်ခုခံတဲ့ သုံးဦး သေဆုံးပြီး အရာခံဗိုလ် အပါအဝင် လေးဦး ဖမ်းဆီးရမိကာ လက်နက် သုံးလက် သိမ်းဆည်း ရရှိတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့- မြိုင် တာဝန်ခံ ကိုမီးပွားက ပြောပါတယ်။


မြိုင်မြို့နယ် စက်မှု-၂ စစ်အုပ်စု စခန်းက ဈေးဆိုင်ကို ဈေးလာဝယ်တဲ့ စစ်အုပ်စုကို စက်တင်ဘာလ ၁၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်း ဖမ်းဆီးခဲ့တာ ဖြစ်ပြီး စစ်အုပ်စု အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် တစ်ဦး၊ ပျူစောထီးအဖွဲ့ဝင်‌ တစ်ဦးနဲ့ စက်မှု-၂မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး တစ်ဦးတို့ကို အရှင်လက်ရ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။


“တပ်တွင်း သတင်းပေးအရပေါ့။ အဲဒီဘက်ကို အသွားအလာတွေ ရှိတယ်။ ဘယ်ချိန်တွေလာလည်း ဆိုတော့ ၊ မနက်အစောပိုင်းတွေ လာတယ်ဆိုတော့၊ ကျွန်တော်တို့လည်း အဲဒီနားကို ညပိုင်းကတည်းက ဝင်ကပ်တဲ့ပြီးတော့ ညက မိုးရွာကြီးကို ဝင်ကပ်ပြီးတော့မှ အသင့်စောင့်ဆိုင်း ဖမ်းခဲ့တာခင်ဗျ။ သူတို့က မနက်အစောကို ဆေးလိပ်တို့ ကော်ဖီ ထုပ်တို့ လာဝယ်တာခင်ဗျ။ ပျူစောထီး တစ်ယောက်ပါတယ်။ တပ်ကြပ်ရယ်၊ အရာခံဗိုလ်ရယ်ပါတယ်။ လုပ်သား ဝန်ထမ်းမိန်းကလေးတစ်ယောက်ပါတယ်” လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုမီးပွားက ပြောပါ တယ်။


အဲဒီလို အရှင်လက်ရ ဖမ်းဆီးရမိပြီးနောက် စစ်အုပ်စုဗိုလ်ကို လုံခြုံရေးအတွက် ဆိုင်ကယ်နဲ့လိုက်လာတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင် သုံးဦးကို အနီးကပ် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သူတို့ဆီက MA-1 သေနတ်သုံးလက် သိမ်းဆည်း ရမိခဲ့တယ်လို့ ကိုမီးပွားက ဆိုပါတယ်။


 “သူတို့က ဆိုင်ကယ်ကို သုံးယောက်ပူး စီးလာတယ်။ အဲဒါကို ၁၀ ပေ အကွာလောက်က ပစ်ပြီး သေနတ်ကို ဇွတ် ကောက်ပြီး ပြေးလာခဲ့တာဗျ” လို့ ကိုမီးပွားက ပြောပါတယ်။


အဲဒီ စစ်အုပ်စု သုံးယောက်ဟာ သေနတ် ပါလာပြီး ပြန်လည် ခုခံတာရယ်၊ စစ်အုပ်စု အထိုင်စခန်းရဲ့အနီးမှာ ဖြစ်ပွားတာရယ်ကြောင့် ပစ်ခတ်ဖမ်းဆီးရတာ ဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ‌သေနတ်တွေ ကောက်ယူ ဆုတ်ခွာခဲ့ ရတာ ဖြစ်တယ်လို့ ကိုမီးပွားက ဆိုပါတယ်။


ဖမ်းဆီးရမိတဲ့ စစ်အုပ်စု အရာခံဗိုလ် အပါအဝင် လေးဦးကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


စစ်အုပ်စုတွေ ဈေးလာဝယ်တဲ့ ဆိုင်က စက်မှု-၂ စက်ရုံဝန်းထဲက စစ်အုပ်စု အထိုင်ချထားတဲ့ အဆောက်အဦးနဲ့ ပေ ၃၀၀ ခန့်သာ ကွာဝေးတာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်အုပ်စုဝန်းထဲအထိ ဝင်ရောက် ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။


မြိုင်မြို့ရဲ့ တောင်ဘက် ခြောက်မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းဘေးမှာ ရှိတဲ့ စက်မှု-၂ ဟာ စစ်အုပ်စုရဲ့ အမှတ် (၂) အကြီးစား စက်မှုလက်မှုလုပ်ငန်း ဖြစ်ပြီး စက်ပစ္စည်း အပိုင်းအစတွေ ကုန်ကြမ်းအဖြစ် ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုက အထိုင်ချတပ်စွဲပြီး ဒေသခံ ပျူစောထီးတွေကို စစ်သင်တန်းနဲ့ လက်နက် တပ်ဆင်ပေးတာတွေ လုပ်ဆောင်ခဲ့ပြီး အခုချိန်မှာတော့ စက်ရုံလည်ပတ်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။


အဲဒီ စက်မှု-၂ ရဲ့ ‌အနောက်တောင်ဘက်မှာ ရှိတဲ့ ဝက်ပုတ်ကျေးရွာ ပျူစောထီးအထိုင်ခစန်းကို ဩဂုတ်လ ၉ ရက်မှာ တော်လှန်ရေး တပ်‌တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဝက်ပုတ်ပျူစောထီးစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ထွက်ပြေးပြီး စက်မှု-၂ အထိုင်စခန်းကို သွားရောက် ပူးပေါင်း ခိုအောင်းနေတာ ဖြစ်ပါတယ်။


မြိုင်နယ် စက်မှု -၂ က စစ်အုပ်စုကို ဖမ်းမိစဉ်/Photo - ဝံပုလွေပြောက်ကျားတပ်ဖွဲ့- မြိုင်


#Mandalay_Free_Press_MFP

Friday, 20 September 2024

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို




 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို


ရန်ကုန်၊ စက်တင်ဘာ ၂၀ 


အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


"ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး အဆိုပါ စစ်သင်္ဘော ၄ စီးကို KIA က သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊  စစ်သင်္ဘော ၇ စီးအနက်မှ ၁ စီးသာလျှင် ဗန်းမော်သို့ ရောက်ရှိလာကြောင်း၊ ထီးချိုင်မြို့နယ် မြတောင်တွင်လည်း စစ်သေင်္ဘာ ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

Wednesday, 18 September 2024

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်


 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်


 ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျသွားတာ အားလုံးအသိပါပဲ။ မဖွယ်မရာ မမှန်မမှန်မကန်အကြောင်းပြချက်တွေနဲ့ အာဏာထသိမ်းတာဟာ အာဏာရူးလို့ဆိုတာကလွဲပြီး အခြားဘာမှမဟုတ်ကြောင်း တတိုင်းပြည်လုံးက သိနေကြတာပါပဲ။ ဒါပေမယ့် သူတို့ထင်မှတ်မထားတာတွေက ဆက်တိုက်ဖြစ်လာပါတယ်။ အဲဒါကတော့ လူငယ်တွေနဲ့ ပြည်သူတရပ်လုံးရဲ့ အုံကြွဆန့်ကျင်မှုတွေပါပဲ။ ဒီအုံကြွမှုတွေလောက်နဲ့ စစ်တပ်ဟာ နောက်ပြန်လှည့်မှာမဟုတ်မှန်း သိလာတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးပါ ဆင်နွှဲလာကြရတာဖြစ်တယ်။ မြေပြန့်လူငယ်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးက ဆယ်စုနှစ်များစွာ ဆင်နွှဲလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများနဲ့ ပေါင်းစပ်မိလာချိန်မှာတော့ တော်လှန်ရေးဟာ တဆင့်ပြီးတဆင့် မြင့်တက်လာလိုက်တာ အခုတော့ စစ်အုပ်စုပြုတ်ကျရှုံးနိမ့်သွားနိုင်တယ် ဆိုတဲ့အဆင့်အထိရောက်လာတာဖြစ်တယ်။ 

        

အဲတော့ဒီကာလအတွင်း မအလ ဘာလုပ်ခဲ့ပါသလဲ။ စစ်ကိုင်းမကွေးမှာ ရွာတွေမီးရှို့တွေ့သမျှ လူသတ် လုယက် မုဒိမ်းကျင့် စတာတွေ တွင်တွင်ကြီး လုပ်လာတာဖြစ်တယ်။ ခုဆိုရင်တနိုင်ငံလုံး မီးရှို့ခံရတဲ့ အိမ်ခြေ ၁သိန်းကျော် သွားပါပြီ။ ဒီထဲမှာ စစ်ကိုင်းတိုင်းတခုထဲ အိမ်ခြေ ၈သောင်းနီးပါးမီးရှို့ခံရတာပါ။ သေဆုံးသတ်ဖြတ်ခံရတဲ့ အရပ်သားအရေအတွက်က သောင်းဂဏန်းရှိနေပါပြီ။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုချည်းပဲ ၃ နှစ်အတွင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တာပါ။ အတိအကျပြောရရင် အာဏာစသိမ်းချိန်ကစလို့ ၂၀၂၄ ဇူလိုင်လအထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၅ရ ကြိမ်မှာ လူပေါင်း ၁၂၂၄ ဦးအထိသေဆုံးခဲ့တာဖြစ်တယ်။ အသေအပျောက်အများဆုံးက ၂၀၂၃ခုနှစ် ဧပြီလ ၁၁ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ဗုံးကြဲသတ်ဖြတ်မှု ဖြစ်စဥ်က လူအသေအပျောက်အများဆုံး ဖြစ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ် ၆၂ ဦးအပါအဝင် စုစုပေါင်း ၁၇၄ဦး သေဆုံးခဲ့တာပါ။ ဒါတွေက ဘယ်လိုမှ မေ့ပျောက်လို့မရ ခွင့်လွှတ်လို့မရတဲ့ ကိစ္စတွေပါပဲ။ ဒီလို စစ်ရာဇဝတ်မှုတွေအားလုံး မအလနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တာဝန်ခံကြရမှာပါ။ ဒီတကြိမ်မှာအရင်ကလို ပြစ်မှုတွေက ကင်းလွတ်ခွင့်ရနေခဲ့တဲ့ အခြေအနေမျိုးမဟုတ်တော့ပါဘူး။ ဒီအခြေအနေတွေ အားလုံး ကုန်ဆုံးတော့မှာပါ။

       

ကံမကောင်းစွာပဲ ဒီလိုအခြေနေတွေမကုန်ဆုံးခင်မှာ မင်းဆိုးမင်းညစ် အာဏာရူး အုပ်စီးထားတဲ့ တိုင်းပြည်မှာ တောင်တရုတ်ပင်လယ်ကလာတဲ့ မုန်တိုင်း အဖျားခတ်တာကြောင့် ပြည်သူတွေ ဒုက္ခရောက်ရပြန်ပါတယ်။ မုန်တိုင်းအရှိန်ကြောင့် နပတ၊ ကရင်နီ ၊ကရင်၊ပဲခူး၊ မကွေး ၊ မန္တလေး ၊ မွန်၊ ရှမ်း နဲ့ ဧရာဝတီတိုင်းတို့က မြို့နယ် ၅၆ ခုတို့မှာ ရေကြီး ရေလျှံမှုတွေဖြစ်ခဲ့တာပါ၊ ၁၆ ရက်နေ့အထိသတင်းတွေအရ သေဆုံးပျောက်ဆုံး သူဦးရေ ၃၀၃ ဦးရှိပြီး ကျွဲနွားကောင်ရေ ၁သိန်း ၃သောင်းနီးပါးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စာသင်ကျောင်း ဘာသာရေးအဆောက်အအုံ လူနေအိမ် စုစုပေါင်း ၃၆၀၀ကျော် ပျက်စီးခဲ့တယ်။ ရေဝင်နစ်မြုပ်တဲ့အိမ်ခြေက ၁သိန်း ၆သောင်းနီးပါးရှိပြီး စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ၆သိန်း ၅သောင်း နီးပါးပျက်စီးခဲ့တာပါ။ သဘာဝဘေးဒဏ်ဆိုသော်လဲ တာဝန်ယူစိတ်ရှိတဲ့ အစိုးရတွေရှိတဲ့ ဗီယက်နမ်၊ တရုတ်တို့မှာ မြန်မာလောက် လူမသေပါဘူး။ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရွာခံပြည်သူတွေရဲ့ ပြောပြချက်တွေအရ သေဆုံးသူ ၁၀၀၀ ကျော်ရှိပါတယ်။ ထုံးစံအတိုင်း သာသနာပြုမင်းရူးလက်ထက် ဒီလိုဖြစ်စရာလားဆိုပြီး အသေအပျောက်စာရင်းကို အများကြီး လျော့ထားတာတောင် သေဆုံးသူက ဗီယက်နမ် ထက်များနေပါသေးတယ်။ သာသနာပြုမင်းရူးဆိုတော့ ရေဝင်တဲ့နေရာကို ဟန်ပြသွားကြည့်တာ စီးနေတဲ့ရေထဲမှာ ဖိနပ်ကိုတောင် ရေမစိုပဲ လမ်းလျောက်သွားနေနိုင်တာဖြစ်တယ်။ ပြန်ဝန်မောင်မောင်အုံး နဲ့ မြန်မာ့ရုပ်သံက ငဖားများရဲ့ ဖိုတိုရှော့တွေဖြစ်မှာပါ။ ဒီလို ဖားတတ်ပေမယ့် မိုးလေဝသသတင်းတွေကို ဝတ်ကျေတန်းကျေပဲလွှင့်ထုတ်နေပြီး ဘယ်ဒေသတွေ ဘယ်လို ရေဝင်မယ်။ ဘယ်နေရာတွေကိုကြိုရှောင်သင့်တယ်ဆိုတာတွေကို မအလ ကတော့ သူ့အာဏာတည်မြဲရေးတွက် ယတြာလိုက်ခြေနေရလို့မသိတယ်ထားအုံး အောက်ကလူတွေက သိဖို့ကောင်းတာတွေမဟုတ်လား။ မုန်တိုင်း လက်ရင်းနိုင်ငံတွေမှာ သန်းနဲ့ချီတဲ့ လူတွေကို ကြိုတင်နေရာရွှေ့ပြောင်းပေးခဲ့တာဖြစ်တယ်။ ခုတကြိမ်က နာဂစ်တုန်းကလိုပဲ အာဏာရူးတွေရဲ့ တိုင်းပြည်ကို ဗိုလ်ကျအုပ်ချုပ်ချင်တာပဲသိပြီး ကျန်တာဘာမှမသိဘူးဆိုတဲ့ပြယုဒ်တခုပါပဲ။ ရက်ရက်စက်စက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာတွေရော၊ စီမံခန့်ခွဲမှုမတတ်တာတွေပါပေါင်းရင် ပြည်သူတွေဒုက္ခခံစားရတာတွေက အလွန်များနေပါပြီ။

 

     ဒါကြောင့်ပဲ ဒီလအတွင်းမှာပဲပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ ရဲ့ ၅၇ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ မြန်မာနိုင်ငံလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တယား (IIMM) အကြီးအကဲက အစီရင်ခံစာတင်သွင်းရာမှာ " မြန်မာနိုင်ငံတွင်စစ်တပ်က ကျူးလွန်နေသော ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်မှုများအဆုံးသတ်ရေး နိုင်ငံတကာ၏စကားလုံးများဖြင့် မလုံလောက်တော့ကြောင်း "ပြောဆိုသွားတာပါ၊တခုတွေ့ရတာကတော့ အစိုးရနေရာလုယူထားသူတွေက လူလိုမသိတတ်ကြပေမယ့် ပြည်သူတွေက ပြည်သူအချင်းချင်းကူညီကြတာတွေကိုတော့ အများအပြားတွေ့မြင်နေကြရတာဖြစ်တယ်။ ထမင်းတထုပ် ရေတမှုတ်ကအစ အဝတ်အထည်၊ အိမ်သုံးပစည်းတွေကအစ တတ်နိုင်သလောက် ရပ်နီးရပ်ဝေးမကျန် ဝိုင်းဝန်ကူညီနေကြတာတွေ တွေ့မြင်နေရတော့ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့စကားကိုပဲ သတိရစေပါတယ်။ ငါတို့အားနဲ့ ငါတို့ပဲ တော်လှန်ရေးကို ဒီအခြေအနေရောက်အောင်တွန်းတင်ခဲ့တာ၊ အခုလည်းဘယ်လို သဘာဝဘေး လူလုပ်ဘေးမဆို ငါတို့အားနဲ့ငါတို့ပဲ ဖြေရှင်းကြရမှာက အာဏားရူးအုပ်ချုပ်တဲ့နေရာမှာ ဘဝပေးအသိဖြစ်လာပါပြီ။ ဒီအသိစိတ်နဲ့ပဲ အာဏာရှင်စနစ်ကိုအပြီးတိုင်အမြစ်ဖြုတ်သုတ်သင်သွားကြရမှာပဲဖြစ်ကြောင်းပါ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFinsight

မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ


 မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ 


ရန်ကုန်၊ စက်တင်ဘာ ၁၈ 


မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထီလာပြည်သူ့ ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။ 


စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်းဘေးရှိ ရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဖောက်ခွဲမှုကြောင့် ရဲ ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။ 

 

“ပွဲတော်ရှိတဲ့အချိန် အဲလိုဂိတ်လေးတွေကို ရပ်ကွက်ဆုံတဲ့နေရာ၊ လမ်းဆုံနေရာတွေမှာ ဖွင့်ထားတဲ့ ဂိတ်ပါ။ ဒီကလည်း ဖောင်တော်ဦး ဘုရားပွဲရက်ရှိတော့ ဖွင့်တာ၊ ဘုရားပွဲမရှိရင်တော့ အဲဒီရှေ့ကို တိုး ပြီးတော့ လုပ်တယ်၊ အဲဒီဂိတ်က အမြဲတမ်းလိုလို ရှိတယ်၊ မနက်ပိုင်းပွဲတော်မစခင် ၈ နာရီလောက်မှာ ခွဲခဲ့လိုက်တာ၊ ၂ ဦးသေသွားတယ်၊၁ ဦးကတော့ သေမလားမသိဘူး။ သေဖို့ကတော့များတယ်လို့ ပြော တယ်၊ နှစ်ယောက်ကတော့ ခြေထောက်ပြတ်တယ်၊ ရဲမေနှစ်ယောက်မှာ တစ်ယောက်က ထိခိုက် ဒဏ်ရာပြင်းထန်တယ်ပေါ့၊ တစ်ယောက်ကတော့ မျက်လုံးထွက်သွားတယ်၊သေတာက ၂ ယောက်၊ အ ပြင်းအထန်ဒဏ်ရာရတာက ၃ ယောက်၊သိပ်မပြင်းထန်တဲ့ဒဏ်ရာရတာက ၄ ယောက်ပါ၊ ပြည်သူမပါ ဘူး။ ရဲနဲ့ စခလိုလားတဲ့ အုပ်ချုပ်ရေးတွေတော့ပါလောက်တယ်” ဟု မိတ္တီလာမြို့နယ် ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အလားတူ စက်တင်ဘာလ ၁၆ ရက် ည ၉ နာရီဝန်းကျင် အချိန်ခန့်ကလည်း မိတ္ထီလာမြို့ပေါ်ရှိ မြို့မ ရဲစခန်းရှေ့၌လည်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံးပေါက်ကွဲပြီး တစ်လုံးပေါက် ကွဲမှုမရှိကြောင်း၊မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ နှင့် မိတ္ထီလာခရိုင်တပ်ရင်း ၄ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။


မိတ္တီလာမြို့မှ ပြည်သူတစ်ဦးက "မနက် ၈ နာရီလောက်မှာ မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် သံလမ်းနားက အစောင့် ရဲကင်းနား ဗုံးကွဲတယ်။ ရဲ ၁ ဦး ခြေ ထောက်ပြတ်တယ်။ အခြား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သူတွေ ဒဏ်ရာပြင်းထန်တယ်။ ဆိုင်ကယ်တွေကတော့ အများကြီးပဲ ပျက်စီးတာ" ဟု ပြောဆိုသည်။ 


ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ပြီး ဂိတ်ချ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


မိတ္ထီလာမြို့နယ် ပကဖနှင့် မိတ္ထီလာခရိုင်တပ်ရင်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား များကို အရှိန်မြှင့်တိုက်ခိုက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းလုပ်ကိုင် နေထိုင်ခြင်းမပြုရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင် ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဆယ်အိမ်မှူးရာအိမ်မှူးများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


ဓာတ်ပုံ- ဗုံးကွဲမှုကြောင့် ထိခိုက်သေဆုံးသွားသော ရဲ ၃ ဦး။

ထန်တလန်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 ထန်တလန်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၈ 


ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ လိုင်ဗီလာတည်းခိုခန်းစ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။


ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ထန်တလန်မြို့ပေါ်ရှိ အ ကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို ချင်းတော် လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၇ ဦးခန့်သေဆုံးပြီး အခြားစစ်သားများမှာ ဒဏ် ရာ အများအပြားရရှိထွက်ပြေးသွားကြောင်း၊ စစ်သားများ ကျန်ရစ်ခဲ့သောလက်နက် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ထန်တလန်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာက ၄ ခုရှိတာပေါ့၊ အဲဒီထဲက လိုင်ဗီလာဆိုတဲ့ နေရာတစ်ခုတော့ မနေ့က ၁၁ ခွဲကနေစပြီးတော့ စစ် ဆင်ရေးစတယ်၊ ညနေ ၄ နာရီလောက်မှာ အပြီး အပိုင်သိမ်းပိုက်နိုင်ခဲ့တာပေါ့။ လက် နက်ခဲယမ်းတွေလည်းသိမ်းရရှိထားတယ်၊ စကစ ၇ ဦးလောက် သေတယ်။ ဒဏ်ရာရတဲ့ဟာလည်းရှိတယ်။ ဒီစစ်ဆင်ရေးမှာက Chin land အစိုးရ တပ်ဖွဲ့တွေနဲ့ ၁၅ ဖွဲ့လောက်ပါတာပေါ့။ လက်နက်ကတော့ တော်တော်များများရခဲ့ပါတယ်၊ကျည်ဆန် တို့၊ တခြားပစ္စည်း တွေရောပေါ့၊ တော်တော်များများရခဲ့တယ်လို့ပြောလို့ရပါတယ်။ ကျန်နေတဲ့စခန်းကို ဆက်လက်ထိုး စစ်ဆင်တိုက်နေတာမို့ မကြာခင်အောင်မြင်တော့မှာပါ” ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ထန်တလန် ဒေသကာကွယ်ရေးတပ်ဖွဲ့ (Thantlang-CDF) ၊ ဟားခါးဒေသကာကွယ်ရေးတပ်ဖွဲ့ (Hakha-CDF) နှင့် ချင်းလဲန်းကောင်စီ လက် အောက်ခံတပ်ဖွဲ့များဖြစ်သည့် CDF အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ချင်းတော်လှန် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။


ထန်လန်မြို့ပေါ်တွင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများမှာ ထန်တလန် မြို့မရဲစခန်း၊ CB Bank နှင့် ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးတို့ဖြစ်ပြီး အကြမ်းဖက် စစ်သား အင်အား ၁၀၀ ကျော်ခန့် တပ်စွဲထားကြောင်း ၊ ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လည်း ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။


ဓာတ်ပုံ- စစ်တပ် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရှင်း လင်းနေစဉ်။

ထီးချိုင့်မြို့နယ်မှ ဆုတ်ခွာလာသည့် ဗိုလ်မှူး စန်းယု ဦးစီးသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၂၁ လက် သိမ်းဆည်းရရှိ


 ထီးချိုင့်မြို့နယ်မှ ဆုတ်ခွာလာသည့် ဗိုလ်မှူး စန်းယု ဦးစီးသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၂၁ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၇


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှ ဆုတ်ခွာလာသည့် ဗိုလ်မှူး စန်းယု ဦးစီးသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၂၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ က ပြောဆိုသည်။


စက်တင်ဘာလ ၁၇ ရက်နေ့တွင်ထီးချိုင့်မြိုနယ်၊ မြတောင်-ကက္ကလမ်းဆုံမှ ဆုတ်ခွာလာသော ဗိုလ်မှူး စန်းယု ဦးစီးသော တတက-၁၃မှ အင်အား ၅၈ ဦး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက သပိတ်ကျင်းမြိုနယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်း အကြား၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိကာ ငါးကြင်းမြီး (MA-15) (၁) လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂) လက်၊ MA-1 (၆) လက်၊ MA-3 (၅) လက်၊ MA-11 (၄) လက်၊ G-3 (၃) လက်}၊ ကျည်မျိုးစုံ (၂၁၂၆) တောင့်၊ အီနာဂါ (၆) လုံး၊ လက်ပစ်ဗုံး (၂) လုံး၊ ၄၀ မမ ဗုံးသီး (၅) လုံး၊ ၆၀ မမ ဗုံးသီး (၁) လုံး၊ RPG (၄) လုံး၊ ကျည်အိမ်မျိုးစုံ (၇၁) ခု သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲများမှ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြိုနယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

Monday, 16 September 2024

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်


 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်


ရဲခေါင်/People's Spring


ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။


ယနေ့( စက်တင်ဘာ ၁၆ ရက်) နေ့လည်ပိုင်းတွင် သေနတ် ၄လက်နှင့် ကျည်များ ယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA)ထံ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။


"အလင်းဝင်တဲ့ရဲတွေက ထန်တလန်မြို့ပေါ်က Lai Villa တည်းခိုခန်းအဆောက်အအုံမှာ ခြေကုပ်ယူတပ်စွဲထားတဲ့သူတွေ"ဟု ချင်းပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


Lai Villa၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA က ယမန်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။


CNAက ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးကို ဇူလိုင်၂၂ ရက်ကစတင်နေခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီအမာခံတပ်ကုန်းနှင့် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ စခန်း ၈ခုကို သိမ်းပိုက် ထားသည်။


ထို့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ထန်တလန်မြို့တိုက်ပွဲများအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကြောင်း CNAပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အသိပေးထားသည်။


ထန်တလန်မြို့တွင် စစ်ကောင်စီ၏ ခလရ(၂၆၉ ) တပ်ရှိပြီး မြို့ပေါ်နေရာလေးခုခန့်တွင်လည်း တပ်စွဲထားကြောင်း သိရသည်။


(ယနေ့ နေ့လည်က ထန်တလန်မြို့ပေါ်မှ အလင်းဝင်လာသည့် ရဲသုံးဦးနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CR News)

ဖားကန့် ဆိုင်းတောင်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်


 ဖားကန့် ဆိုင်းတောင်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်


ဟန်နွေ/People's Spring


ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ယနေ့ စက်တင်ဘာ ၁၆ရက်တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီက လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။


ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က စက်တင်ဘာ ၇ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို

သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်များသည် ဆိုင်းတောင်ရှိ Lucky Man ဟိုတယ်အနီး တပ်စွဲထား၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။


"ဒီမနက်ကတော့ ဟိုတယ်ကနေ ထွက်လာတဲ့ မင်းအောင်လှိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်ကြတယ်တဲ့။ ပြီးမှ နေ့လည် ၁၂နာရီခွဲလောက်မှာ သူတို့က လေယာဉ်ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံးနှစ်ခေါက်လောက်လာကြဲတယ်တဲ့။ မြန်မာစံတော်ချိန် ၂နာရီခွဲ ၃နာရီလောက်မှာ တခါပြန်ချတယ်ဆိုတော့သုံးခေါက်ပေါ့နော်။ အဲဒီလိုတော့ သတင်းရတယ်။" ဟု သတင်းရင်းမြစ်က ပြောသည်။


အခြားကချင်သတင်းရင်းမြစ်ကလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာသည်ကို သိရသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိဟု ပြောသည်။


စစ်ကောင်စီတပ်သည် ဆိုင်းတောင်ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။


ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို KIA ပူးပေါင်းတပ်က ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ်ရှိ စစ်တပ်စခန်းများ ၊ တပ်စွဲရာနေရာများကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင်ဖားကန့်

ဗျူဟာကုန်း အပါအဝင် တပ်စခန်း ၆ခုသာ ရှိတော့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။


ဖားကန့် ဆိုင်းတောင် တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေများမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

စစ်ရိပ်စစ်ငွေ့ကြောင့် ပြင်ဦးလွင်မြို့ ခြောက်သွေ့နေ


 စစ်ရိပ်စစ်ငွေ့ကြောင့် ပြင်ဦးလွင်မြို့ ခြောက်သွေ့နေ 


ဆိုင်းမင်း/People's Spring


စစ်တက္ကသိုလ်တွေတည်ရှိရာပြင်ဦးလွင်မြို့မှာ စစ်ရိပ်စစ်ငွေ့ သန်းလာပြီးနောက် တချိန်က အပန်းဖြေ မြို့ ဖြစ်ခဲ့တဲ့ပေမယ့် လက်ရှိမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေပါပြီ။


မြို့ပေါ် အပါအဝင် ရပ်ကွက်အချို့မှာ နေအိမ်တွေ နဲ့ ဆိုင်ခန်းတွေ သော့ခတ်ပြီး ပိတ်ထားကြတယ်လို့ အခုရက်ပိုင်း ပြင်ဦးလွင်ဆီ ရောက်ရှိခဲ့သူ အချို့ထံကသိရပါတယ်။


တိုက်ပွဲတွေ မြို့နား ကပ်လာချိန်မှာ ပြင်ဦးလွင်ဆီ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် မရှိသလောက်နည်းပါးသွားသလို ဟိုတယ်တွေလည်း ပိတ်ထားကြပါတယ်။


ပြင်ဦီးလွင်က နာမည်ကြီး အမျိုးသားကန်တော်ကြီး ဥယာဉ် အပါအဝင် အပန်းဖြေ နေရာတွေ မှာလည်း လူအဝင်အထွက် ပါးသွားတယ်လို့သိရပါတယ်။


စစ်တပ်နဲ့ ထိစပ်နေတဲ့ နေရာတွေမှာနေထိုင်ကြတဲ့ဒေသခံတွေ လည်း နေရာရွှေ့ပြောင်းတာရှိနေပါတယ်။


" သာမာန်ပြည်သူကတော့ ရပ်ကွက်တွေထဲမှာဆက်ရှိနေပါတယ်"လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။ 


ပြင်ဦးလွင်မှာ စားသောက်ဆိုင်တွေကို ည ၈ နာရီ နောက်ဆုံးထား ပိတ်ခိုင်းထားပြီး ညပိုင်းမှာ မြို့တွင်း ၊မြို့ပြင် လူအသွားအလာ ရှင်းလင်းသွားတယ်လို့သိရပါတယ်။


လက်ရှိမှာ ပြင်ဦးလွင်မြို့ အရှေ့ဘက် မိုင် ၅၀ ကျော်အကွာ တောင်ခမ်းရွာတဝိုက်က စစ်ကောင်စီရဲ့ အမြှာက်တပ်ရင်းတွေ ကို တအာင်းတပ်(TNLA) နဲ့ PDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေချိန်လည်း ဖြစ်ပါတယ်။


အဲဒီတိုက်ပွဲတွေမှာပြင်ဦးလွင်မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးတဲ့ ပစ်ခတ်သံတွေကို မြို့ပေါ်က ပါ အတိုင်းသားကြားနေရတယ်လို့ သိရပါတယ်။


ဒါအပြင် ပြင်ဦးလွင်မြို့ဆီ ဝင်ထွက်ရာ မြို့ပြင်ရှိ ကုန်းမြင့်တွေမှာ စစ်ကောင်စီတပ်က နေရာယူတပ်စွဲထားတယ်လို့လည်းသိရပါတယ်။


ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းအတွင်း နောင်ချိုမြို့အထိ TNLA က သိမ်းယူပြီးနောက် ပြင်ဦီးလွင်ဆီ ဆက်တက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် ပြင်ဦးလွင်ကပြည်သူတွေ အလုံးအရင်းနဲ့ မန္တလေးဘက်ဆီ ထွက်ခွာခဲ့ကြတာရှိပါတယ်။

Sunday, 15 September 2024

လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ


 လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊စက်တင်ဘာ ၁၄


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) က ပြောဆိုသည်။


စက်တင်ဘာလ ၉ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ခန့်တွင် ကျောက်နီမော်ကျေးရွာရှိ ပျုစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ၄ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး ပျုစောထီးနှင့် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကြောင်း သိရသည်။


အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ကာဘိုင်သေနတ် ၃ လက်၊ M-I6 သေနတ် ၁ လက်၊ အဝေးကြည့်မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ Power Bank ၂ လုံး၊ ဓားမြောင် ၂ လက်၊ လက်ထိပ် ၁ ခု ဘဏ်စာအုပ်နှင့် စာရွက်စာတမ်းအများ သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီး စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။


ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန်တိုး မြင့်စွာ ဆောင်ရွက်နေသည့်အတွက် စစ်ရေး အထူး အသိ/သတိ ပြုသွားလာနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) က ပြောဆိုထားသည်။ 


အဆိုပါ တိုက်မှုကို ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF)ဖက်ဒရယ်ဓူဝံကြပ်တပ်ဖွဲ့ (Federal Polaris force)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့နှင့် က္လားသစ္ထတ် (ကျားသစ်နက်)တို့က ပူပေါင်းတိုက်ခဲ့ကြောင်း သိရသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...