Friday 31 May 2024

ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


 ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၃၁


မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force - Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ 


မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ငဖဲမြို့နယ် ကပစ-၁၄ ဂိတ်ကင်းစခန်းကို လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Chin Defence Force - Asho တပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


" ပစ်ခတ် တိုက်ခိုက်မှု အပိုင်းမှာတော့ ကျွန်တော်တို့က နေရာကို ကြိုတင်ယူထားတယ်။ သူတို့ ကင်းနေရာကို လာတဲ့ အချိန်မှာ ကျွန်တော်တို့ လက်နက်ချဖို့ပြောတယ်။ ပြောပေမယ့်လည်း မချတဲ့ အပြင် မောင်းတင်ဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ အနီးကပ်ပဲ သေနတ်ကိုင်ထားတဲ့ ၁ ဦးကိုတော့ ပစ်ခတ်လိုက်တာဖြစ်ပါတယ်။ သေနတ်မကိုင်ဘဲ နောက်ကနေပါလာတဲ့ စာရွက်စာတန်းကိုင်တဲ့ သူကတော့ မလှမ်းမကမ်းမှာရှိတဲ့ အတွက် ထွက်ပြေးဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ပစ်ခတ်မှု လုပ်ခဲ့ပါတယ်။ ပစ်ခတ်မှု လုပ်တဲ့အချိန်မှာတော့ ထိခိုက်ဒဏ်ရာတော့ ရရှိတယ်။ ဒါပေမယ့် သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး။ သေနတ်ကိုင်ထားတဲ့ ၁ ဦးကတော့ ပွဲချင်းပြီး သေဆုံးတဲ့ အတွက်ကြောင့်မို့လို့ သူ့ဆီက သေနတ်ကို ယူဆောင်လာနိုင်တာဖြစ်ပါတယ်။ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့တော့ အတည်ပြုလို့ရပါတယ်" ဟု Chin Defence Force - Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခြင်းမရှိကြောင်း၊ ယင်းဂိတ်စခန်းနှင့် ၁၇၀ မီတာ အကွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် တပ်စခန်းရှိကြောင်း၊ လက်ရှိချိန်တွင် ယင်းဂိတ်စခန်း၌ စစ်ကောင်စီ တပ်သားများ ပြန်လည် တပ်စွဲထားကြောင်း၊ အရပ်ဝတ်ဖြင့် စခန်းအတွင်းမှ ထွက်လာသော လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် စစ်ကောင်စီ တပ်သား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း Chin Defence Force - Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ဆက်လက် ပြောဆိုသည်။


ယင်းကင်းစခန်းကို တိုက်ခိုက်ရခြင်းသည် ငဖဲမြို့နယ်ရှိ တောင်ပေါ်အုပ်စု ကျေးရွာများကို ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကင်းဖြတ်သန်းမှုများတွင် အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်းနှင့် အကျင့်ပျက် ရိုင်းပြမှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ပတ်လမ်းတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


 မုံရွာမြို့ပတ်လမ်းတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၃၁


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပတ်လမ်းတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Local Mobile Team အဖွဲ့က ပြောဆိုသည်။


မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၂၉ မိနစ်ခန့်တွင် မုံရွာမြို့ပတ်လမ်း၌ အိမ်စီးကားဖြင့် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော စစ်ကောင်စီ တပ်သား ၄ ဦးထံမှ G-3 သေနတ် ၁ လက်၊ M4A-1 သေနတ် ၁ လက်၊ MA-13 သေနတ် ၂ လက်၊ ၉ မမ ကျည် ၅၀ တောင့်၊ 5.56 နေတိုးကျည် ၁၁၈ တောင့်နှင့် ဖုန်း ၄ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို Depeyin Local Mobile Team မှ ကိုမိုးကောင်း ( DLMT) ဦးဆောင်သော တပ်စိတ် ၊ မုံရွာမြို့နယ် ပလဖအဖွဲ့နှင့် ဘုတလင် Mobile Team တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Wednesday 29 May 2024

KIA စစ်ဦးစီးချုပ်သစ်အဖြစ် ယခင်ဒုစစ်ဦးစီးချုပ်တာဝန် ၉နှစ်နီးပါးထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆိုင်းလာအား ခန့်အပ်


 KIA စစ်ဦးစီးချုပ်သစ်အဖြစ် ယခင်ဒုစစ်ဦးစီးချုပ်တာဝန် ၉နှစ်နီးပါးထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆိုင်းလာအား ခန့်အပ်


▪️စာရေးဆရာ ၊ ကျောင်းဆရာ ၊ နိုင်ငံရေးသမား၊ ထောက်လှမ်းရေး ညွှန်မှူးစသည့် အခန်းကဏ္ဍများ၌ ကျင်လည်ခဲ့သူဖြစ်ဟု သတင်းရင်းမြစ်အသိပေး


ဟန်နွေ/People’s Spring


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းကွယ်လွန်သွားခြင်းကြောင့် စစ်ဦးစီးချုပ်သစ်အဖြစ် ယခင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆိုင်းလာကို တာဝန်ပေးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။


ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် မေလ ၁၃ရက်တွင် အသဲရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


ယခု စစ်ဦးစီးချုပ်သစ်ဖြစ်လာသည့် ဗိုလ်ချုပ် အောင်ဆိုင်းလားသည် ၂၀၁၅ ဒီဇင်ဘာကတည်းက ဒုစစ်ဦးစီးချုပ်အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။  


ထိုစဉ်က လက်ရှိ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က စစ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ လက်ရှိ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒုစစ်ဦးစီးချုပ်(၁)၊ ကွယ်လွန်သွားသည့် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဒုစစ်ဦးစီးချုပ်(၂)ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆိုင်းလာက ဒုစစ်ဦးစီးချုပ်(၃)အဖြစ်တာဝန်ယူခဲ့သည်။


နောက်ပိုင်းတွင် ဗိုလ်ချုပ်ဂွန်မော်က ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ခေါင်လွမ်းက ဒုစစ်ဦးစီးချုပ်(၁)ဖြစ်လာသည်။ ၂၀၂၃ တွင် ဗိုလ်ချုပ်ကြီးဂမ်ရှောင် က စစ်ဦးစီးချုပ်တာဝန်မှ အနားယူပြီး KIO ဒုဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့ရာ စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက တာဝန်ယူခဲ့သည်။ ဒုစစ်ဦးစီးချုပ်များအဖြစ် ဗိုလ်ချုပ်အောင်ဆိုင်းလာနှင့် ဗိုလ်ချုပ် မရန်ဇော်တောင်တို့ တာဝန်ယူခဲ့သည်။


ဗိုလ်ချုပ်ခေါင်လွမ်း ကွယ်လွန်သွားခြင်းကြောင့် ဒုစစ်ဦးစီးချုပ် တာဝန်ကို ၉နှစ်နီးပါး ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆိုင်းလာကို စစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးခဲ့ပြီး ယခင် ဒုစစ်ဦးစီးချုပ် (၂) ဖြစ်သူ ဗိုလ်ချုပ်မရန်ဇော်တောင်ကို ဒုစစ်ဦးစီးချုပ် အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။


စစ်ဦးစီးချုပ်သစ်ခန့်အပ်မှုနှင့်ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားခဲ့ရာ မေလ ၁၈ရက်တွင် ဒုဗိုလ်ချုပ်ကြီးအဆင့်ဖြင့် KIA စစ်ဦးဏီးချုပ် အဖြစ် ခန့်အပ်ခံရသည့် ယခင် ဒုစစ်ဦးစီးချုပ်(၁) ဗိုလ်ချုပ်အောင်ဆိုင်းလာသည် ဟူးကောင်းလွင်ပြင်၏ ဌာနေခံတစ်ဦးဖြစ်ပြီး မန္တလေးတက္ကသိုလ် ဘွဲရဖြစ်ကြောင်း၊ "plasatik" ကလောင်အမည်ဖြင့် ကချင်စာနယ်ဇင်းများ၌ ရေးသားခဲ့ပြီး ကချင်ရိုးရာသမိုင်အကြောင်းကိုလည်း "ဝမ်းခန့်အောင်" ကလောင်အမည်ဖြင့် ဗမာလိုစာအုပ်ထုတ်ခဲ့သည့် စာရေးဆရာတဦးဖြစ်သည်ဟု အသိပေးသည်။


တနိုင်းမြို့တွင် ကျောင်းဆရာ လုပ်ဆောင်နေရာမှ ၁၉၈၅ ဒီဇင်ဘာတွင် KIA တပ်ထဲ ဝင်လာသူ ဖြစ်ပြီး ဟိတ်ဟန်မရှိသူ ဖြစ်သည်ဟု ဆိုသည်။


" ထက်အောက်ကြီးငယ်မရွေး ပွင့်လင်းဖော် ရွှေစွာဆက်ဆံတတ်သူပါ”ဟု သတင်းရင်းမြစ်က ရေးသားထားသည်။


၂၀၀၄ မှ ၂၀၀၉ ကာလတွင် စစ်ထောက်လှမ်းရေးညွှန်မှူး၊ ၂၀၀၉ တွင် ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းသည့် KSPP ပါတီကို တဖက်တလှမ်းက ကူညီရန် မြေပေါ် နိုင်ငံရေး၌ ခဏပါဝင်ခဲ့သော် လည်း ၂၀၁၁ တကျော့ပြန် စစ်ပွဲတွင် ဗဟိုဌာနချုပ်စစ်ဆင်ကွပ်ကဲရေး ဦးစီးအဖွဲ့၌ တောက်လျောက်ပါဝင်နေသူဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။


"ဗခအောင်ဆိုင်းလာဟာ သတင်းအချက်လက်အခိုင်မာတည်ဆောက်ကာ mapped war-game (မြေပုံပေါ်တပ်မဲ့လေ့ကျင့်မှု) ကိုစိတ်ရှည်လက်ရှည် လုပ်လေ့ရှိ တယ်လို့ ကြားသိရပီး war of attrition (အမည့်ချွေစစ်)နဲ့ war of nerves (ပြိုင်ဖက်ကိုစိတ်ဓာတ်ရေးရာပျက်ပြားအောင်ကျိုးပမ်းမှု)ကို အားသန်သူလို့ သုံးသပ်မိပါတယ်။ ဗခအောင်ဆိုင်းလာဟာစာဖတ်အားကောင်းပြီး စာကောင်းပေကောင်းရှာဖွေစုဆောင်းမှာယူဖတ်ရှု လေ့ရှိတဲ့ စာချစ်သူလည်းဖြစ်ပါတယ်။low profile နဲ့ ခပ်အေးအေးနေတတ် ပေမဲ့ သူမှန်တယ်ထင်ရင် ဟောဟောဒိုင်းဒိုင်း ပြောဆိုလုပ်ကိုင်တတ်သူပါ။သူဟာ အသက် (၆၅)ဝန်းကျင်ရှိ လောက်ပါပီ” ဟုလည်း သတင်းရင်းမြစ်က ရေးသားဖော်ပြသည်။


ထို့အပြင် စာရေးဆရာ ၊ ကျောင်းဆရာ ၊ နိုင်ငံရေးသမား၊ ထောက်လှမ်းရေး ညွှန်မှူး စသည့် အခန်းကဏ္ဍ အသီးသီး၌ ကျင်လည်ခဲ့သူ ဖြစ်သည်ဟုလည်း အသိပေးထားသည်။


(KIA စစ်ဦးစီးချုပ်သစ် ဗိုလ်ချုပ်အောင်ဆိုင်းလာအား တွေ့ရစဉ်။ ဓာတ်ပုံ - Mading Labung)

Tuesday 28 May 2024

ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့် အရှင် ဖမ်းမိပြီး ဆေးကုပေးစဉ် သေဆုံး


 ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့် အရှင် ဖမ်းမိပြီး ဆေးကုပေးစဉ် သေဆုံး 


■ ရှေ့တန်းထွက်သည့် ခလရ ၁၃၇ စစ်ကြောင်းတစ်ခုလုံး တိုက်ပွဲအတွင်း သေဆုံးသွားခဲ့


ရန်ကုန်၊ မေ ၂၈ 


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းတနေရာ၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၃၇ တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့်အရှင်ဖမ်းမိကာ ဆေးကုသ နေစဉ် သေဆုံးသွားကြောင်း ပူတာအိုမြို့နယ်တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၁၈ ရက်နေ့က ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှ ပူတာအို မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်သွားပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းစေဟိန်း ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိကာ ဆေးကုသပေးနေစဉ် နောက်တစ်နေ့၌ သေဆုံးသွားကြောင်း သိရသည်။


“ပူတာအိုမြို့နယ်ထဲမှာ PDF တွေနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ ဒဏ်ရ ာတော်တော်ပြင်း ပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာ ဖမ်းမိတာ။ ဒါပေမယ့် သူရထားတဲ့ဒဏ်ရာက ခြေတွေလည်းကျိုး၊ လက်တွေလည်းကျိုးဆိုတော့ ဖမ်းမိတဲ့အချိန်မှာ‌ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ကအတတ်နိုင်ဆုံး ဆေးတော့ကုပေးခဲ့တယ်။ သို့သော်လည်း သူ့ရဲ့သွေးထွက်လွန်ပြီးတော့ ရရှိထားတဲ့ ဒဏ်ရာပြင်း ထန် တဲ့အတွက်မိုလို့ ဖမ်းမိတဲ့နောက်တစ်ရက်မှာပဲ သူအသက်ထွက်သွားပါတယ်။ ခလရ ၁၃၇ က မချမ်းဘောမြို့ အခြေ စိုက်တပ်ရင်းကတော့ ကျနော်မြေပြင်သတင်းတွေအရ သိရသလောက်ကတော့ ရှေ့တန်းမှာ ဖွဲ့စည်းပုံလည်းပျက်သွားပြီ။ အင်အားလည်း ကုန်သလောက်ဖြစ်သွားပြီ ” ပူတာအိုမြို့နယ်တော် လှန် ရေးအင်အားစု သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ ခလရ ၁၃၇ တပ်ရင်းမှူးကို လုံးထွေးသတ်ပုတ်ကာ အရှင်ဖမ်းမိခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


“ဘယ်လောက်သေတယ်ဆိုတောတော့ အရေအတွက် အတိအကျမသိရဘူး၊ တစ်ယောက်ဖမ်းမိ၊ ၃ ယောက်မိ၊ တစ်ချို့ကမတွေ့တာရှိတယ်ဆိုတော့ ရှေ့တန်းထွက်နေတဲ့တပ်ရင်းတစ်ခုလုံးလို့ ပြောလို့ ရတယ်။ ရှေ့တန်းထွက်တဲ့ ၁၃၇ တပ်ရင်းတစ်ခုလုံးနီးပါး ပြုတ်သွားတာပေါ့” ဟု ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ရှင်းပြသည်။


ဓာတ်ပုံ - ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်တွင် သင်တန်းတက်ရောက်နေသည့် ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိများကို အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်တွင် သွားရောက်တွေ့ဆုံခဲ့စဉ်။

တီးတိန်မြို့သိမ်းတိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က မြို့ပေါ် လူနေအိမ်များကို မီးရှို့ခြင်း၊ တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်းတို့ကြောင့် လူနေအိမ်အများအပြား မီးလောင်၊ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ


 တီးတိန်မြို့သိမ်းတိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က မြို့ပေါ် လူနေအိမ်များကို မီးရှို့ခြင်း၊ တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်းတို့ကြောင့် လူနေအိမ်အများအပြား မီးလောင်၊ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ


ရန်ကုန်၊ မေ ၂၈ 


ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က မြို့ပေါ် လူနေအိမ်များကို မီးရှို့ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းတို့ကြောင့် ပြည်သူများ၏ နေအိမ်အများအပြား မီးလောင်ကျွမ်းသွားခဲ့ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် စစ်ဘေးရှောင် ပြည်သူတချို့က ပြောဆိုသည်။ 


မေလ ၂၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တီးတိန်မြို့အတွင်းရှိ စစ်တပ်နေရာအများအပြားကို တိုက်ခိုက်ခဲ့ရာ နတလ (ခေါ်) နယ်စပ်ဒေတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ မိုက်ခရိုဝေ့စခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ခလရ ၂၆၉ တွင် အင်အား ပြန်လည်စုစည်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း၊ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များနှင့် ဗုံးကျဲလေယာဉ်များက တီးတိန်မြို့ကို ဗုံးများ ကျဲချခဲ့ကြောင်း၊ ပြည်သူ့နေအိမ်များကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် ပြည်သူများ၏ နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ 


"မနေ့ ညနေ ၄ နာရီကျော်ဝန်းကျင်လောက်မှာ စစ်တပ်က နေအိမ်တွေကို မီးစရှို့တယ်။ တချို့နေအိမ်တွေက စစ်သားတွေကိုယ်တိုင် မီးရှို့သွားတာ။ နောက်တစ်ခါ မြို့ပေါ်ကို လေယာဉ်တွေနဲ့ ဗုံးကျဲချတော့လည်း နေအိမ် အဆောက်အုံတွေ မီးလောင်ကုန်တယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ မြို့သိမ်းတိုက်ပွဲသဘောမျိုးဖြစ်တော့ တိုက်ပွဲကတော့ မြို့မသိမ်းမချင်းတော့ ပြင်းထန်ဦးမယ်လို့ ထင်ပါတယ်" ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 


ချင်းညီနောင်တပ်ဖွဲ့များနှင့် နီးစပ်သော သတင်းရင်းမြစ်ကမူ လတ်တလော စစ်ဆင်ရေးကာလဖြစ်၍ အခြေအနေ ရှုပ်ထွေးနေပြီး တိကျမှန်ကန်သော သတင်းကိုသာ ထုတ်ပြန်ရန် ပေါ်လစီရှိသဖြင့် အသေးစိတ်အခြေအနေများကို ထုတ်ပြန်ဦးမည်မဟုတ်ကြောင်း၊ အခြေအနေများ တည်ငြိမ်လာသည်နှင့်အမျှ ချင်းညီနောင်သတင်းပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 


လတ်တလော စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို ချင်းညီနောင်တပ်ဖွဲ့များက အရှင်ဖမ်းဆီးရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများလည်းရှိနေကြောင်း၊ စစ်တပ်၏ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိကြောင်း၊ ချင်းညီနောင်တပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိနေကြောင်း သိရှိသည်။ 


ဓာတ်ပုံ - စစ်ကောင်စီတပ်များ၏ မီးရှို့ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကျဲခြင်းတို့ကြောင့် တီးတိန်မြို့ပေါ်ရှိ လူနေအိမ်များ ယမန်နေ့ မီးလောင်နေစဉ်။

Monday 27 May 2024

ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲ


 ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲ


■ ချင်းအမျိုးသားတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် အဆင့်မြင့်ပညာ CDM ဆရာ ဆရာမများကို ဖိတ်ခေါ်


ရန်ကုန်၊ မေ ၂၇


ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲနိုင်ခဲ့ကြောင်း ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် လောက်တူဒေသ၊ နှာရိန်မြို့၌ ချင်းပြည်အတွင်းရှိ ကျောင်းသားကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်စေရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အဆင့်မြင့်ပညာအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဘာသာရပ်စုံသင် ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ်ကနဦးမူကြမ်း (The Chin National University (CNU) Charter-Zero Draft) ကို ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ချင်းအမျိုးသား တက္ကသိုလ်သည် ဝေဖန်ပိုင်းခြားနိုင်သော ဆင်ခြင်တုံတရားဖွံ့ဖြိုးမှု၊ တီထွင်ဆန်းသစ်မှု၊ သုတေသန တိုးတက်မှုတို့ကို ကျောင်းသား၊ ကျောင်းသူများ ရယူနိုင်စေရန်။ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို တန်းဖိုးထားပြီး သဟဇာတကျမှုကို အစဉ်လေးစားသော Learning Society ကို ဖန်တီးရန်။ ဆန်းသစ်မြန်ဆန်သော ခေတ်နည်းပညာစိန်ခေါ်မှုနှင့် သဘာဝဘေးအန္တရာယ်များကို နည်းစနစ်ကျစွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် စသည့် မျှော်မှန်းချက် ၃ ချက်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များအား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး သီးခြားလွတ်လပ်သည့် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန်။ အရည်အသွေးအာမခံချက်ရှိသော လွတ်လပ်စွာ ပညာသင်ယူနိုင်သည့် လူတိုင်းလက်လှမ်းမီ ပညာသင်ယူရေး စင်္ကြံ (Learning platform) တခု ဖန်တီးအကောင်အထည်ဖော်နိုင်ရန်။ ဘဝတသက်တာပညာသင်ယူမှုကို အားပေးရန်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု စေမည့် တက္ကသိုလ်ဖြစ်ရန်။ အခြေခံပညာပြီးမြောက်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သော CDM ကျောင်းသား၊ ကျောင်းသူ များအတွက် တက္ကသိုလ်ပညာသင်ကြားနိုင်ဖို့ အထူးအစီအစဉ်များ ရေးဆွဲပေးရန်။ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် အရည်အသွေးအာမခံသော အဆင့်မြင့်ပညာသင်ရပ်ဝန်း တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ 


"တက္ကသိုလ် စဖွင့်မယ့် အချိန်ကာလအားဖြင့်တော့ အတိအကျ ပြောဖို့ စောပါသေးတယ်။ မကြာခင် အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ စတင်ပြင်ဆင်နေပါပြီလို့ပဲ ပြောပါရစေ။ အဓိကအခက်အခဲက လူသားအရင်းအမြစ် မလုံလောက်မှုပါ။ အဆင့်မြင့်ပညာ CDM ဆရာ ဆရာမများကို အခုကတည်းက ဖိတ်ခေါ်ပါရစေ။ တော်လှန်ပညာရေးတာဝန် လာရောက်ထမ်းဆောင်ပေးဖို့ပါ။ ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ်မူကြမ်းကို အပြီးသတ် အမြန်ဆုံး ရေးဆွဲနိုင်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


ချင်းအမျိုးသား တက္ကသိုလ်တွင် ပညာကို ချစ်မြတ်နိုးမှု ၊ လွတ်လပ်မှု ၊ ပြည်သူကို အလုပ်ကျွေးပြုမှုနှင့် လူ့အခွင့်အရေး စသည့် လိုက်နာရမည့် စံတန်ဖိုးများ သတ်မှတ်ထားပြီး ချင်းအမျိုးသား တက္ကသိုလ်၏ဆောင်ပုဒ်မှာ "အလင်းနှင့် သမ္မာတရား" ဖြစ်ကြောင်း သိရသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြေပြင်နှင့် အွန်လိုင်းပေါင်းစပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာကြီး ဒေါက်တာသိန်းလွင်က အွန်လိုင်းဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်း ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Sunday 26 May 2024

ဒုတပ်ရင်းမှူး အပါအဝင်တပ်ဖွဲ့ဝင် ၅၀နီးပါး လက်နက်ချခဲ့သည့် ဖူ့ချိမူစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအလောင်း ၂၀ကျော်တွေ့


 ဒုတပ်ရင်းမှူး အပါအဝင်တပ်ဖွဲ့ဝင် ၅၀နီးပါး လက်နက်ချခဲ့သည့် ဖူ့ချိမူစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအလောင်း ၂၀ကျော်တွေ့


-People’s Spring


ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ဖိုးချိမှူး(ဖူ့ချိမူ)စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ကျော်တွေ့ရှိခဲ့ကြောင်း စခန်းသိမ်းတိုက်ခိုက်မှု၌ ပါဝင်သည့် Special OperationGroup (SOG) တပ်ဖွဲ့က မေလ ၂၅

ရက်တွင် ထုတ်ပြန်သည်။


၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် အဆိုပါတပ်စခန်းကို မေလ ၁၉ ရက်တွင် KNLAနှင့် SOGပူးပေါင်းတော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ရန်အောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု ဖော်ပြသည်။


အဆိုပါ တပ်စခန်းကို လအတန်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မေလ ၁၉ရက် နံနက်တွင် စခန်းစွန့်ခွာထွက်ပြေးစဉ် ၄၈ဦးက လက်နက်ချခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီတပ်သား ၃၀ ကျော်ထွက်ပြေးလွတ်မြောက်ကာ စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ရှိရဟု အသိပေးသည်။


ယခု သိမ်းပိုက်ခဲ့သည့် ဖူ့ချိမှုစခန်း၏ မြောက် ဘက်ရှိ ကျိုက်ဒုံမြို့အခြေစိုက်စစ်ကောင်စီဗျူဟာကုန်းစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က မတ်လလယ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ထိုစဉ်ကလည်း ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ဦးလက်နက်ချ အညံ့ခံခဲ့သည်။


ထိုင်း - မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာအနီးတွင်ရှိ အင်အား ၁၀၀ခန့်ရှိသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ-၅၅၈)၊(ခမရ-၅၆၁)နှင့် ခြေလျင်တပ်ရင်း(ခလရ-၉၉၃)တို့ အထိုင်ချတပ်စွဲထားသော ဖူ့ချိမူတပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက မေလ ၁၈ရက်နှင့် ၁၉ရက်တွင်တိုက်ခိုက်ခဲ့သည်။


ဖူ့ချိမူတပ်စခန်းမှ စစ်ကောင်စီတပ်သား ၃၉ဦးမှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးသွားကြောင်း ‌‌တောင်ပိုင်းစစ်ဒေသ၊ ကော့ကရိတ်မြို့နယ်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။


သို့သော် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက လမ်း၌တွေ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးအား သတ်ဖြတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။


" ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆေးခန်းလာပြတာပေါ့။ သူ့ကိုလိုက်ပို့တဲ့ ဆိုင်ကယ်ကယ်ရီသမားဦးလေးရော။ အသက်(၂၀)အရွယ်ရွားသားတစ်ဦးရော နှုတ်ပိတ်တဲ့အနေနဲ့ သတ်သွားတာ"ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။


ထို့ကြောင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သား ၃၉ဦးအား KNLA ပူးပေါင်းတပ်များက လိုက်လံရှာဖွေနေသည်ဟု ၎င်းက ဆက်ပြောသည်။


"ထိုင်းနယ်စပ်ကို ထွက်ပြေးနေတယ်လို့ သိရတယ်။ လက်ရှိမှာတော့ ကျိုက်ဒုံမှာ စစ်ကောင်စီတပ် စခန်းတွေ မရှိတော့ဘူး။ စကစကင်းစင်နယ်မြေဆိုတာ ‌ခုထွက်ပြေးနေတဲ့ စစ်သားတွေရှိနေသေးလို့ ပြောရခက်တာပေါ့"ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။


ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံဗျူဟာကုန်းအား ပြီးခဲ့သည့် မတ်လ ၁၄ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီး ၁၂ဦး အပါအဝင် ၆၆ဦး လက်နက်ချ အညံ့ခံသည်။ ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။ 


ထို့ကြောင့် ကျိုက်ဒုံမြို့၌ နောက်ဆုံးလက်ကျန်ဖြစ်သော ဖူ့ချိမူတပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက မတ်လ ၁၄ရက်နောက်ပိုင်းကစ၍ ပိတ်ဆို့ထားရာ မေလ ၁၇ရက်တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - SOG၊SOF)

Saturday 25 May 2024

မုံရွာမှာ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်စန်းချစ်နိုင် ကို မုံရွာ ပလဖက ဖမ်းဆီး


 မုံရွာမှာ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်စန်းချစ်နိုင် ကို မုံရွာ ပလဖက ဖမ်းဆီး


ရန်ကုန်၊ မေ ၂၅ 


စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာ-အရာတော်လမ်း ပိုင်းတစ်နေရာမှာ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ် တစ်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံ ခြုံရေးအဖွဲ့က မေလ၂၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


မုံရွာမြို့နယ် ပလဖ အဖွဲ့က မုံရွာ-အရာတော်လမ်းပိုင်းမှာသွားလာနေတဲ့ ခရီသည်တင်ကားတွေကို လုံခြုံရေးစစ်ဆေးစဉ် ဒုတပ်ကြပ် စန်းချစ်နိုင် ကို ဖမ်း ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


"လပြည့်နေ့ မေလ ၂၂ ရက်နေ့က လုံခြုံရေးဂိတ်မှာ ဖမ်းမိတာဗျ၊သူက လိုင်းကားနဲ့ သွားလာတဲ့အချိန်ဖမ်းမိတာ၊ကျွန်တော်တို့က သတင်းအရ ခရီးသည်တင်ကားတွေကို ပုံမှန်စစ်ဆေးတာရှိတယ်။အဲ့ဒီမှာ မိတာပါ"လို့ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဒုတာ၀န်ခံ ကိုသီဟ ကပြောပါတယ်။


စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ် စန်းချစ်နိုင်ဟာ စစ်မှုထမ်းသက် ၁၅ နှစ်ရှိပြီး ခွင့်မဲ့နဲ့နေအိမ်မှာ နေထိုင်ပြီးမှ စစ်တပ်ထဲကို ပြန်လည်၀င်ရောက်လာကာ မုံရွာမြို့ ခမရ ၉၂၅ မှာ ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးနေသူဖြစ်တယ်လို့ သိရပါတယ်။


"သူက တပ်ထဲပြန်၀င်လာတာတော့ ၃ လ ၀န်းကျင်ပဲရှိသေးတယ်ပြောတယ်။ ၉၂၅ ထဲမှာ ပြည်သူ့စစ်တွေကို သင်တန်းပေးနေတာ"လို့ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဒုတာ၀န်ခံ ကိုသီဟ က ပြောပါတယ်။


မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထားတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင် ကို သက်ဆိုင်ရာတာ၀န်ရှိတဲ့ အထက်အဆင့်ဆင့်ကို ပေးအပ်သွားမှာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသတွင် ရဲဘော်သစ်များ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်



 ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသတွင် ရဲဘော်သစ်များ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်


ရန်ကုန်၊ မေ ၂၅ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသတွင် ရဲဘော်သစ်များ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်ကြောင်း ကျား သစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။ 


 ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသ ၊ စစ်ဒေသခွဲ ၃ ကျားသစ်နက်စစ် ကြောင်း၊ Cobra စစ်ကြောင်း ၊ Venom စစ် ကြောင်းမှ ရဲဘော်သစ်များ၏ စစ်သင်တန်း ၁/၂၀၂၄သင်တန်းဆင်းပွဲနှင့် လက် နက်တပ်ဆင်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မောင်တော၊ ၄ မိုင်တပ်စခန်းကို AA သိမ်းလိုက်ပြီဟု သိရှိရပြီး လက်နက်သိမ်းဆည်းရရှိသော ဗီဒီယို ပြန့်နှံ့နေ


 မောင်တော၊ ၄ မိုင်တပ်စခန်းကို AA သိမ်းလိုက်ပြီဟု သိရှိရပြီး လက်နက်သိမ်းဆည်းရရှိသော ဗီဒီယို ပြန့်နှံ့နေ


ရန်ကုန်| မေ ၂၃ 


ရခိုင်ပြည် မောင်တောမြို့နယ် ၄ မိုင်ရှိ စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ မေလ ၂၂ ရက် ညနေတွင် အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးအခြေအနေသိသော ဒေသခံများက ပြောသည်။ 


မောင်တော ၄ မိုင်တပ်စခန်းသည် စစ်ကောင်စီ နခခ (၂) ဌာနချုပ်ဖြစ်ပြီး ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့်ရာတွင် AA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 


စစ်ရေးအခြေအနေသိသူက " ဘူးသီးတောင်ကို သိမ်းပြီးနောက် AA က မောင်တောမြို့ကို ထိုးစစ်အရှိန်မြှင့်ခဲ့တယ်။ မောင်တောမှာ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။ ၄ မိုင်တပ်စခန်းကို မနေ့ညနေက AA က သိမ်းလိုက်ပြီလို့ သိရတယ်။ ဒါပေမယ့် AA က ထုတ်ပြန်မှ အတည်ပြုနိုင်မယ်။ " ဟု ပြောသည်။ 


မောင်တောစစ်ရေးအခြေအနေသိသူများက မောင်တော ၄ မိုင်တပ်စခန်းကို AA သိမ်းပိုက်လိုက်ပြီဟု ပြောသော်လည်း အာရက္ခတပ်တော် AA က ထုတ်ပြန်မှသာလျှင် အတည်ပြုနိုင်မည်ဖြစ်သည်။

 

မောင်တော ၄ မိုင် စစ်ကောင်စီတပ်စခန်းက AA သိမ်းဆည်းရမိသော လက်နက်များဟု ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။


မောင်တောမြို့နယ် တောင်ပြိုမြို့နှင့် တပ်စခန်း အပါအဝင် ဌာနချုပ်အချို့ကို AA က ပြီးခဲ့သည့် လများကစ၍ သိမ်းထားပိုက်ပြီး မောရတီဗျူဟာကုန်း၊ မြို့သူကြီး နခခ (၅) ရဲတပ်ရင်း၊ အလယ်သံကျော်စစ်စခန်း၊ အင်းဒင် နခခ (၆)၊ မြင်းလွှတ် နခခ (၉) နှင့် ၄ မိုင် နခခ (၂) ဌာနချုပ် တို့ ကျန်နေသေးခြင်းဖြစ်သည်။ ယင်းအထဲက ၄ မိုင် နခခ (၂) ဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၇ ဦးသေဆုံး


 မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၇ ဦးသေဆုံး


ရန်ကုန်၊ မေ ၂၅ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက် နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၇ ဦးသေ ဆုံးခဲ့ကြောင်း Snipe Rangers Force (Local - PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။


ယမန်နေ့ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင် မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲကင်းနှင့် သာစည် ထောင်အား လက် နက်ကြီး လက်နက်ငယ်များဖြင့် တပြိုင်တည်း ပစ်ခတ် ခိုက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၅ ဦး၊ ရဲ ၂ ဦးသေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“ရဲကင်းနဲ့ အကျဉ်းထောင်ကို တပြိုင်တည်း လက်နက်ကြီးနဲ့ ပစ်တာပါ။ လက် နက်ငယ်နဲ့ ကင်းယူရင်း ထိတွေ့မှုဖြစ်တာ။ လက်နက်ကြီးမပစ်ခင် အရင်လက် နက်ငယ်သမားတွေနဲ့ ထိတွေ့မှုဖြစ် တာပါ။ စကစဘက်က အသင့်စောင့်ပြီး ဆီးကြိုပစ်တာ။အဲဒါကို ခုခံရင်း အပြန်အလှန်ဖြစ်ကြတာ။ ရဲဘာ်တစ်ဦးထိတာက လက်နက်ကြီးပစ်ရင်း ပြောင်းကွဲပြီး ခြေထောက်ကို လာမှန်တာ။ စိုးရိမ်ရ တာမျိုးမရှိပါဘူး” ဟု Snipe Rangers Force (Local - PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။


ထိုသို့ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ကို စစ်တပ်က တစ်နာရီးခြား တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ညပိုင်းတွင်လည်းသာစည်ကျေး ရွာအတွင်း ကင်းလှည့်စစ်ဆေးမှုများရှိကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်ခဲ့မူကို Snipe Rangers Force (Local - PDF) ၊ ဒေါင်းပြောက် ကျားတပ် ၊ ဒေါင်းညီ နောင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်ရင်း အမြောက်ပြောင်းကွဲကာ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


Snipe Rangers Force အနေဖြင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်ရန် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိပြီး ပြည်သူလူထု၏ ထောက်ပံ့မူများလို အပ်လျက်ရှိကြောင်း အဆိုပါ တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ကြို့ပင်ကောက်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး၏ ဇနီး သေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံး သိမ်းဆည်းရရှိ


 ကြို့ပင်ကောက်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး၏ ဇနီး သေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံး သိမ်းဆည်းရရှိ


■ အပြန်အလှန် ပစ်ခတ်မှုအတွင်း ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ ဦးလည်း သေဆုံး


ရန်ကုန်၊ မေ ၂၃


ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်ကြို့ပင်ကောက်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော လက် နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူသေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်အချိန် အေးမကွင်းကျေးရွာမှ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နေအိမ်သို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက် ပြောက် ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနှင့် ဇနီးဖြစ်သူ သန်းသန်းနွယ်တို့က သေနတ်ဖြင့် ပြန်လည် ခုခံ ပစ်ခတ်ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အပြန်အလှန် ပစ်ခတ်မှု အတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် ပြင်းထန် ဒဏ်ရာများဖြင့် ထွက်ပြေးသွားပြီး ၄င်း၏ ဇနီးဖြစ်သူ သန်းသန်းနွယ် သေဆုံးကာ အုပ်ချုပ်ရေးမှူး နေအိမ် ရောက်ရှိနေသည့် ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ ဦးလည်း သေဆုံးခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး နေအိမ်အတွင်းမှ သေနတ် အတို ၁ လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၁ ခု နှင့် စာရွက်စာတန်း တချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။


"မနေ့က မွန်းလွဲပိုင်းမှာ အေးမကွင်း အုပ်ကြီး ခင်မောင်ဝင်းနဲ့ ပျူစောထီး အဖွဲ့တွေက စစ်မှုထမ်းဖို့ လူငယ်တွေကို စုဖို့ အစည်းအဝေး လုပ်နေတယ် သတင်းကြားလို့ အိမ်ကိုဝင်စီးတာ အဲ့အိမ်ထဲမှာရှိနေတဲ့ အုပ်ကြီးနဲ့ သူ့မိန်းမက ကျွန်တော်တို့ ရဲဘော်တွေကို စခတွေ ပေးထားတဲ့ သေနတ်နဲ့ ပြန်ပစ်လို့ အပြန်အလှည် ပစ်ခတ်မှု ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ အုပ်ကြီးကို သေနတ်ကျည် ၂ ချက်မှန်ပြီး ထွက်ပြေးတယ်။ အုပ်ကြီးမိန်းမက ဆေးရုံရောက်မှ သေတယ်။ ကျန် ၂ ဦးကတော့ အပြန်အလှန် ပစ်ခတ်ကြရင်း ကျည်မှန် သေတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ ထောက်တိုင်များအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နှင့် အတူထိုင်နေသော ပုဂ္ဂလိက ချေးငွေ ကုမ္ပဏီ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


"အရင်က သူတို့ကို ပျူစောထီးတွေထင်နေတာ ဒီမနက်မှ သိရတာက သူတို့က ချေးငွေကိစ္စနဲ့ အုပ်ကြီးအိမ်ရောက်နေကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေမှန်းသိရတာ အခုလိုဖြစ်သွားတော့ ရဲဘော်တွေလည်း စိတ်မကောင်းဖြစ်ကြရတယ်။ အရင်ကတည်းက စကစတွေနဲ့ သူတို့ထောက်တိုင်တွေနား မနေဖို့ အကြိမ်ကြိမ်သတိပေးနေတာကို မလိုက်နာတော့ ခုလိုဖြစ်ရတာပေါ့။ အုပ်ကြီးကတော့ ရန်ကုန်ဆေးရုံကြီးမှာ အခြေအနေသိပ်မကောင်းဘူး။ သူတို့ထိုင်နေတဲ့ စားပွဲပေါ်မှာ သေနတ်တွေ လက်ပစ်ဗုံးတွေတင်ထားတာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ အုပ်ကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီးနဲ့ သတင်းပေးတွေကို ထပ်မံပြီးရှင်းလင်းမှာမို့ ဒီလိုလူတွေနဲ့ ဝေးဝေးနေကြဖို့ ပြည်သူများကို အထူးသတိပေးပါရစေ" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။


ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီထံ တော် လှန်ရေး ရဲဘော် များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ စစ်ကောင်စီ အားကိုးဖြင့် ပြည်သူများကို အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thursday 23 May 2024

ကချင်ပြည်နယ်တွင် နှစ်လခွဲကျော်ကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း ၁၀၀ ကျော်ကို KIA က သိမ်းပိုက်ရရှိထား


 ကချင်ပြည်နယ်တွင် နှစ်လခွဲကျော်ကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း ၁၀၀ ကျော်ကို KIA က သိမ်းပိုက်ရရှိထား


■ နယ်စပ်မြို့ လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့ အပါအဝင် မြို့များကို KIO က အပြည့်အ၀ ထိန်းချုပ်ထားပြီး အဓိက လမ်းမကြီးများနှင့် နယ်မြေစိုးမိုးမှုများ KIA လက်အောက်သို့ကျရောက် 


ရန်ကုန်၊ မေ ၂၃


ကချင်ပြည်နယ်တွင် နှစ်လခွဲကျော်ကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း ၁၀၀ ကျော်ကို KIA က သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


မတ်လ ၇ ရက်နေ့မှ ယနေ့ မေလ ၂၃ ရက်နေ့အထိ စစ်ဆင်ရေးကာလအတွင်း KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စစ်ကောင်စီ၏ အဓိက စစ်စခန်းကြီးများအပါအဝင် စခန်းပေါင်း ၁၀၅ ခုကို သိမ်းပိုက်ရရှိထားကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့ ၊ ဆွမ်ပရာဘွမ်မြို့ အပါအဝင် မြို့များမှာလည်း KIO က အပြည့်အ၀ ထိန်းချုပ်ထားကြောင်း၊ ကချင်ပြည်နယ်အတွင်း ဆက်သွယ်ထားသော အဓိက လမ်းမကြီးများမှာလည်း KIA စိုးမိုးမှု လက်အောက်သို့ ကျရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။ 


"၀ိုင်းမော်မြို့နယ်မှာဆိုရင် ခလရ ၅၈ တပ်တစ်ခုတည်းကျန်တော့တယ်။ တိုက်ပွဲတွေက မြစ်ကြီးနားမြို့အနားထိ နီးလာပြီ။ တိုက်ပွဲတွေက ဆော့လော်၊ ဆွမ်ပရာဘွမ်၊တနိုင်း၊ပူတာအို၊ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား၊ ရွှေကူနဲ့ ဝိုင်းမော်မြို့နယ်တွေမှာဖြစ်နေတယ်။ မြို့တွေကို ထိန်းချုပ်ထားတာလည်းရှိတယ်။ အဓိက ဆက်သွယ်ရေးလမ်းမကြီးတွေကိုလည်း စိုးမိုးထားနိုင်ပြီ။ စစ်တပ်ဘက်မှာ သွားတိုက်ရင် ရှုံးတယ်၊ ထွက်ပြေးတယ်၊ အညံ့ခံတယ်နဲ့ လေယာဉ်နဲ့ ဗုံးကျဲတယ်။ အဲဒါပဲ သူတို့လုပ်နိုင်တော့တယ်" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ 


KIA ဦးဆောင်သော တော်လှန်ရေးတပ်များ၏ နှစ်လခွဲကျော်ကြာ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်း ၁၀၅ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ 

 

၁။ ခယာဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ

၂။ လဂတ်ကောင်စခန်း

၃။ ဟန်းကိုင်တောင်စခန်း ခလရ-၁၄၂ (လက်နက်ချ)

၄။ မလိယာန်တပ်စခန်း ခလရ-၄၆

၅။ ဘွမ်ရယ်ဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ

၆။ ပန်စွန်တပ်စခန်း

၇။ ဂေါ့ငူကောင်စခန်း

၈။မလိယာန်စခန်း

၉။ အင်လုံခတပ်စခန်း

၁၀။ အင်တပ်ဘွမ်တပ်စခန်း

၁၁။ ဖွန်းပြန်ဘွမ်တပ်စခန်း

၁၂။ တာပိန်မြစ်တံတားစခန်း

၁၃။ ရှဒန်ပါတပ်စခန်း

၁၄။ ကစဲန်ကောင်တပ်စခန်း

၁၅။ ခဂျလုတပ်စခန်း

၁၆။ နမ့်ဖတ်ခတံတားစခန်း

၁၇။ မြို့သစ်တံတားတပ်စခန်းနှင့် ကာကင်းများ

၁၈။ တာမခန်တပ်စခန်း ခမရ-၁၁၉

၁၉။ နောင်ရာဇင်ခန် တပ်စခန်း

၂၀။ ကသိုဏ်းတောင်တပ်စခန်း

၂၁။ တန် (၃၀၀၀)တပ်စခန်း

၂၂။ ဆိုင်းတောင်ရဲစခန်း

၂၃။ ဒါဆိုင်း ခလရ-၂၃၇ တပ်စခန်း

၂၄။ လီဆူပါဂျောင်တပ်စခန်း

၂၅။ လုံရော့ခ်တပ်စခန်း

၂၆။ ဘွမ်ဆေ(င်)တပ်စခန်း

၂၇။ ခလုန်ကရုန်တပ်စခန်း

၂၈။ ဆန်ဂန်တပ်စခန်း

၂၉။ မန်ဒါတပ်စခန်း

၃၀။ ဘွမ်ကပေါ်တပ်စခန်း

၃၁။ ဖကော်န်တပ်စခန်း

၃၂။ နမ့်ဂေါ်န်ရှိ ခလရ-၂၉၇ တပ်စခန်း

၃၃။ ခမရ-၄၃၈ ရှန်တုံတပ်စခန်း

၃၄။ နာဖော့ဗျူဟာတပ်စခန်းကြီးနှင့် ကာကင်းများ

၃၅။ (၆၆၇)တပ်စခန်း

၃၆။ ရင်ဆိုင်ကုန်းတပ်စခန်း

၃၇။ နွမ်းလန့်ရှိ ခမရ- ၄၃၈ တပ်စခန်း

၃၈။ ခမရ-၆၁၆ ဒုံးတပ်ရင်း

၃၉။ နောင်ဂေါန်ရှိ အမြောက်တပ် ခမရ-၃၇၀

၄၀။ မိုင်းခေါင်ရှိ ခလရ-၁၂၁ (စခန်းစွန့်ပြေး)

၄၁။ လွယ်ခမ်းဗျူဟာစခန်း (စခန်းစွန့်ပြေး)

၄၂။ ခမရ-၄၂၆ တပ်စခန်း (စခန်းစွန့်ပြေး)

၄၃။ ကုန်းလောရှိ ခမရ- ၃၈၇တပ်စခန်းကြီး

၄၄။ ခမရ- ၃၂၀ တပ်ရင်းဌာနချုပ်

၄၅။ စလောင်းကုန်းပင်မ တပ်စခန်းနှင့် ကာကင်းများ

၄၆။ လုံဂျာဘွမ်တပ်စခန်း

၄၇။ ယော်ယုံဗျူဟာတပ်စခန်းကြီး

၄၈။ ရှန်တိုင်တပ်စခန်း

၄၉။ ဖာလန်င်းတပ်စခန်း

၅၀။ ဘန်ယောင်တပ်စခန်း

၅၁။ လော့မွန်တပ်စခန်း

၅၂။ လော့ဒန်တပ်စခန်းကြီး

၅၃။ ငါ့ဂရန်တပ်စခန်း

၅၄။ ဂေါင်ငူကောင်တပ်စခန်း

၅၅။တိန်ရောင်တပ်စခန်း(စခန်းစွန့်ပြေး)

၅၆။ လွယ်ယိန်းတပ်စခန်း (စခန်းစွန့်ပြေး)

၅၇။ ဒွမ်ဘောင်ဘွမ်စခန်း (စခန်းစွန့်ပြေး)

၅၈။ ပန်ခရမ်တပ်စခန်း

၅၉။ ဝါလိုင်ပင်ယာတပ်စခန်း

၆၀။ ဗျင်ဝိုင်တပ်စခန်း

၆၁။ စိန်လုံ ဗျူဟာကုန်းစခန်း နှင် ကာကင်းစခန်းများ

၆၂။ ဒါဂေါ အထက် မိုင်ဆတ်ကောင်စခန်း

၆၃။ လွယ်ဂျယ်မြို့

၆၄။ မိုးမောက်မြို့အထက် ခဝမ်ဘန် ကျောက်စခန်း

၆၅။ မဒါ ဘွမ် စခန်း

၆၆။ ဗန်းမော် – မန္တလေး လမ်းပေါ်က ဟန်ထက် စစ်စခန်း

၆၇။ ဖားကန့် ဆယ်ဇင်း ရဲစခန်း

၆၈။ ကားမိုင်း – ဖားကန့် လမ်းပေါ်ရှိ နန့်ယား တပ်စခန်း

၆၉။ ဖားကန့် ဆယ်ဇင်း တပ်စခန်း နှင့် ရှမ်းနီ တပ်

၇၀။ ငါးမော်ဇွပ် တပ်စခန်း၊ ဆော့လော်

၇၁။ အင်ဂါဂါ ပယင်းတောင် (နွယ်ဂျယ်ဘွမ်)

၇၂။ လွယ်ဆိုင် တောင် တပ်စခန်း၊ တာဝါတိုင် (ကားမိုင်း- ကျခရောင် လွယ်ဆိုင် – မအူပင် ကြား) စခန်းစွန့်ခွာ ၇၃။ ဝလူဘွမ် တပ်စခန်း လီဒိုလမ်း

၇၄။ ခမရ ၁၁၆၊ ဆယ်ဇင်း တပ်စခန်း

၇၅။ အမှတ် ၁၄၁ ခြေလျင်တပ်ရင်းနှင့် ဆင်ဘိုမြို့

၇၆။ ဆွမ်ပရာဘွမ် မြို့နှင့် အမှတ် ၄၆ ခြေလျင် တပ်ခွဲ

၇၇။ ဆမားကောင် တပ်စခန်း ( ဗန်းမော် – မြစ်ကြီးနား ကားလမ်း)

၇၈။ ငါးဂရန်ဘွမ်တပ်စခန်း

၇၉။ ပုန်းလိမ်ကုန်း

၈၀။ဂမ်ဂယာစခန်း

၈၁။ အင်ခရမ်စခန်း

၈၂။ လိုင်ဖောင်စခန်း

၈၃။ဖောင်ဒေါ့

၈၄။လော့ခွမ်

၈၅။လော့ဖြိုး

၈၆။ ကဂမ်ဘွမ်

၈၉။ကဇူး

၉၀။ ဒဘတ်

၉၁။ဘင့်ပူကောင်

၉၂။ အောင်မြေ ၁ ၊ အောင်မြေ ၂ 

၉၃။ ဒိန်ဂါ

၉၄။အင်းလေး

၉၅။ခါးရှီ

၉၆။ ရွှေညောင်ပင် ခမရ ၃၂၁ 

၉၇။ တနိုင်း နမ်ဗျူစခန်း

၉၈။ ၀ထောင်ဘွမ်

၉၉။ ရတမ ၄၃၈ စခန်း

၁၀၀။ မိုးမောက်မြို့နယ်ရဲစခန်း

၁၀၂။ မံစီမြို့နယ်ရဲစခန်း 

၁၀၃။စင်းခန်းရွာစစ်တပ်စခန်း

၁၀၄။ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း) လုံခြုံရေးဂိတ်စခန်း

၁၀၅။စင်းခန်းနယ်မြေရဲစခန်း


ဓာတ်ပုံ- ယခုနောက်ဆုံး သိမ်းပိုက်ရရှိထားသော ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကြီး။

Wednesday 22 May 2024

မအလကိုပြုတ်ကျစေမယ့် စစ်ခေါ်သံ


 မအလကိုပြုတ်ကျစေမယ့် စစ်ခေါ်သံ

………………………………

မေလ ၁၇ ရက်နေ့က သတင်းတပုဒ်မှာ မကြာခင်ကာလအတွင်း မြေပြန့်ဒေသမှာ မဟာဗျူဟာထိုးစစ်စတင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးကပြောတာတွေ့ရပါတယ်။ မြန် မာတနိုင်ငံလုံးကိုရည်ညွှန်းတဲ့ သတင်းစကားကို မကွေးတိုင်းက NCO အကြပ်သင်တန်းဆင်းပွဲတခုမှာ ထည့်သွင်းပြောကြားသွားတာပါ။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေအရ မကြာခင်ကာလမှာ ထုအင်အားတည်ဆောက်ပြီး မြေပြန့်ဒေသထိုးစစ် စတင်တော့မှာဖြစ်တယ်။ ဒီလိုစစ်ရေးလိုအပ်ချက်တွေကို ပြင်ဆင်ဖို့အတွက် အခုလိုစစ်သင်တန်းတွေကိုနေရာအနှံ့မှာ ဖွင့်လှစ်နေတာဖြစ်တယ်လို့ ပြောသွားတာပါ။ ဒါကတော့ အလွန်ထူးခြားတဲ့ သတင်းစကားကို ထုတ်ပြောလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုထုတ်ပြောဖို့အတွက် နိုင်ငံရေး စစ်ရေးအခြေအနေတွေက ရင့်မှည့်နေလို့သာ တတိုင်းပြည်လုံးကိုအသိပေးလိုက်တာလို့ ယူဆရမှာပါ။


     တကယ်တော့ စစ်ရေး နိုင်ငံရေးအခြေအနေတွေက အထူးတလည်ရှင်းပြ တင်ပြနေစရာမလိုလောက်အောင် ကောင်းမွန်နေတာဖြစ်တယ်၊ နိုင်ငံတကာ သတင်းအေဂျင် စီတွေ ၊ USIP, CFR, ICG လို နိုင်ငံတကာ စစ်ရေးနိုင်ငံရေး သုံးသပ်နေတဲ့ အဖွဲ့ပေါင်းစုံရဲ့ အကဲဖြတ်ချက်တွေအရ စကစဟာ မကြာမီမှာ နယ်စပ် နယ်နမိတ်တွေအားလုံးလောက်ကို လက်လွှတ်ရတော့မယ်လို့ သုံးသပ်လာကြတာပါ။ နယ်စပ်တွေကို လက်လွှတ်ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်က စစ်ဦးဟာ ပြည်တွင်းကို လှည့်လာတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ စစ်ရေးတွေကိုကြည့်ရင် မြစ်ကြီးနားကိုတောင် မအလတို့ ခံစစ်ပြင်နေရပြီလို့သတင်းတွေမှာတွေ့ရတယ်။ မြစ်အရှေ့ဘက် လိုင်ဇာကနေ ဗန်းမော်အထိ၊ မြစ်ကြီးနားအနောက်ဘက် ဖားကန့်ကနေ တနိုင်းအထိ နေရာဒေသအများစုဟာ ကေအိုင်အေနဲ့ ပီဒီအက်ဖ်တွေ ထိမ်းချုပ်မှုအောက်မှာပါ။ အဲဒီကနေ အောက်ကိုဆင်းရင် ကောလင်း ကသာ ပင်လယ်ဘူးတို့ကနေ စစ်ကိုင်းတိုင်းထဲအထိ ဆက်စပ်ဧရိယာတွေအားလုံးလောက်ဟာလည်း အမှတ် (၁) စစ်ဒေသ လက်အောက်ခံတပ်တွေက ထိမ်းချုပ်ထားနိုင်တာပါ။ စစ်ကိုင်း မကွေးနဲ့ ချင်းပြည်နယ်ကိုတော့ အထူးပြောစရာမလိုတော့ပါဘူး၊ မွန် ကရင်နဲ့ ကရင်နီဒေသတွေက ပြသနာတချို့ရှင်းသွားတာနဲ့ အလှည့်အပြောင်း အကြီးကြီးအတွက် အသင့်ဖြစ်နေမှာပါ။ တနင်္သာရီဘက်မှာ စခန်းကြီးတွေသိမ်းပိုက်နိုင်တဲ့အထိ တိုးတက်လာကာ နပတ တောင်ခြမ်း ပဲခူးတိုင်းနဲ့ စစ်တောင်းလွင်ပြင်မှာ တောင်ပိုင်းတပ်တွေ ခြေကုပ်ပိုရထားနေတာလဲဖြစ်တယ်။ အနောက်ဖက်ခြမ်းက ရခိုင် ပြည်နယ် ရဲ့ မြို့နယ် (၁၇)ခုမှာ (၉)ခုက အေအေ ထိမ်းချုပ်မှုအောက်မှာ ရောက်နေပါပြီ၊ အေအေတပ်တွေက အမ်းကို ထိုးစစ်ဆင်နေတာ အတော်ခရီးရောက်နေပါပြီ။ အမ်းခံတပ်ဟာ အနှေးနဲ့အမြန်ကျသွားတော့မှာပါ။ ဒါဆိုရင်အနောက်ဘက်ခြမ်းစစ်မြေပြင်က အားလုံးပြီးသလောက်ဖြစ်သွားမှာပါ။ ဒီနေရာမှာတော့ မအလရဲ့စကား ဘာမဆိုလုပ်ရဲတယ်ဆိုတာက အမှန်ပဲဆိုတာလေးပြောချင်ပါတယ်။ အဲဒီစကားမှာ အရှက်မရှိဆိုတာလေးဖြည့်ပေးပြီး အရှက်မရှိဘာမဆို လုပ်ရဲတဲ့ မအလ နဲ့ စကစ အုပ်စုလို့ ပြောရပါမယ်။ အကြောင်းကတော့ ဘူးသီးတောင်နဲ့ မောင်တောမှာ အခြေအနေမကောင်းနိုင်တော့ဘူးဆိုတာနဲ့ သူတို့ ဗိုလ်နေဝင်းလက်ထက်ကတည်းက ဆွေစဥ်မျိုးဆက် မူဆလင်( သူတို့အခေါ် kလား )မုန်းတီးရေး လုပ်လာရာက တဆစ်ချိုးပြောင်းပြီး အဲဒီဒေသက လူငယ်တွေကို စစ်ထဲအတင်းဆွဲသွင်းတော့တာပါပဲ။ အရင်က ကမ္ဘာရန်ဆိုတဲ့ RSO တို့ ARSA တို့ ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ပြန်ပြီး လည်ပင်းဖက်လာကြပြန်တာပါပဲ။ အဲတော့ မအလရဲ့မူက အာဏာတည်မြဲရေးအတွက်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့မူပါပဲ၊ ထွေပြီးသားတံတွေးလဲပြန်မြိုမယ်၊ ထွက်ပြီးသားမစင်တောင် ပြန်ဟပ်မယ့်သဘောပါပဲ။

အရှက်မရှိ ဘာမဆိုလုပ်ရဲတယ်ဆိုတာ အဲဒါပါပဲ။


      တခုရှိတာကတော့ စစ်ရေးသတင်းတွေဟာ အလွန်လျှို့ဝှက်ဖို့လိုတယ်ဆိုတာပါပဲ။ ၁၀၂၇ ကစလို့ ဆင်နွှဲလာတဲ့ ERO တွေရဲ့ စစ်ဆင်ရေးတွေမှာ ဘယ်လိုခြေသံလုံခဲ့ကြသလဲဆိုတာ အတုယူကြရပါမယ်။ တိုက်ပွဲတိုင်းဟာ အဖွဲ့အစည်းနာမည်တခုထဲအောက်မှာ တိုက်ကြတာပါ။ ဘယ်တပ်ရင်း ဘယ်တပ်မဟာက တိုက်လိုက်တယ်ဆိုတာမျိုးတောင်ဖော်ပြလေ့မရှိပါဘူး။ တိုက်ပွဲတပွဲကို အဖွဲ့ပေါင်းစုံနာမည်တွေနဲ့ ဖော်ပြကြတာဟာ ဒေသလက္ခဏာ ၊ အသင်းအဖွဲ့ကလေးလက္ခဏာ ၊အစုအဖွဲ့လေးအစွဲအလမ်းတွေ ရှိနေတာကိုဖော်ပြနေတာပါ။


 အခု ဝန်ကြီးရဲ့မိန့်ခွန်းမှာပြောတဲ့ သင်တန်းတွေဟာ ဒီလိုလက္ခဏာတွေဖျောက်ပြီး အလံတခုတည်းအောက်မှာ တိုက်ပွဲဆင်တဲ့ တခုတည်းသောတပ်မတော် ဆိုတဲ့ စိတ်ဓါတ်ကိုသွတ်သွင်းနိုင် အောင်လုပ်တာပါ။ ထုတည်ဆောက်တယ်ဆိုတာ အလံတခုထဲအောက်မှာ အင်နဲ့အားနဲ့ တိုက်နိုင်ဖို့ လုပ်တာပါ။ မြေပြန့်ဒေသထိုးစစ်ဆိုတာ နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးအဆင့်ပါပဲ။


   နိုင်ငံရေးအရ နိုင်ငံတကာဆက်ဆံရေးနယ်ပါယ်အရပြောရင် စစ်အုပ်စုကို ရုရှားတနိုင်ငံကလွဲလို့ ဆေးဖော်ကြောဖက်လုပ်သူတောင်မရှိပါဘူး၊ NUG အပါအဝင် တိုင်းရင်းသားတပ်ဖွဲ့တွေကိုတော့ ပြင်သစ်၊ ချက်နဲ့ အီးယူတို့က လွှတ်တော်တွေက အသိအမှတ်ပြုဆက်ဆံနေကြပါတယ်။ အခုတလော ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်ဆံရေးထူထောင်လာပြီး မြန်မာအခြေအနေ မေးမြန်းစုံစမ်းတာတွေလုပ်လာကြပါတယ်။ ဒါတွေက ထူးခြားတိုးတက်လာတဲ့ ကိစ္စတွေပါပဲ၊ တရုတ်နိုင်ငံတောင်မှ NUG နဲ့ လျှို့ဝှက် တွေ့ဆုံတာ ရှိခဲ့ပုံရပါတယ်၊ ဒီအချက်တွေအားလုံးက မအလရဲ့ နောက်ဆုံးအချိန်နီးကပ်လာပြီဆိုတာကို ညွှန်ပြနေတာပါ။ ဒီလိုစစ်ရေးနိုင်ငံရေးအခြေအနေတွေအောက်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့ မြေပြန့်ဒေသအတွက်စစ်ခေါ်သံဟာ အချိန်ကိုက်ထွက်ပေါ်လာတာဖြစ်ပါတယ်၊ တဘက်ကပြောရင် ဒီစစ်ခေါ်သံဟာ ပြည်သူတရပ်လုံးရဲ့ စစ်ခေါ်သံပါပဲ။ ဒါကြောင့် တကယ်အဆုံးသတ်တိုက်ကြပြီဆိုတဲ့အခါမှာ ERO များ PDFများအပြင် ပြည်သူများကပါ ကျရာနေရာက ပါဝင်ကြမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုတဲ့ ကိစ္စဖြစ်ကြောင်းပါခင်ဗျာ ။ ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူ တော်မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းဟု AA စစ်ဦးစီးချုပ် ပြောဆို


 အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူ တော်မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းဟု AA စစ်ဦးစီးချုပ် ပြောဆို


ရန်ကုန်၊ မေ ၂၂ 


ရခိုင်အရေးနှင့်ပတ်သက်၍ ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူတော်မိတ်ဆွေများအနေဖြင့် ၎င်းတို့နှင့် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းလိုက်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန် ပြောဆိုလိုက်သည်။ 


ယနေ့တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ် သက်၍ အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းကောင်း၊ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးအင်အားစုတချို့နှင့် အရပ်ဘက်အဖွဲ့ ၁၉၄ ခုကလည်းကောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ပြီး ယင်းကြေညာ ချက်များတွင် ရခိုင်ပြည်မှ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇ ဝတ်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ပါဝင်လာခြင်းဖြစ်သည်။ 


AA စစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက် အလှူရှင်များအကြား မျက်နှာပြောင်တိုက်မှု အဖြစ် ညွှန်းဆိုထားပြီး ကြောင်သူတော် မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေး အနာဂတ်တွင် စံပျော်စေကြရန် ဆုတောင်းလိုက်သည်ဟု ရေးသားထားသည်။  


"‘ယေဓမ္မဟေတုပ္ပဘာဝါ’-ကြောင်းကျိုးဆီလျှော်သောအမှန်တရားထက် ၊ အလှူ့ရှင်များ အကြိုက်မျက်နှာ ပြောင်တိုက်ကြလေသောကြောင်သူတော်မိတ်ဆွေတို့အတွက်၊ သင်တို့နှင့်ထိုက်တန်သောနိုင်ငံရေးအနာဂတ်မှာစံပျော်ရပါစေကြောင်းဆုတောင်းလိုက်ပါသည်" ဟု AA စစ်ဦးစီးချုပ်က ရေးသားထား သည်။ 


လက်ရှိတွင် ရခိုင်ပြည်အတွင်း ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့မှုများ၊ သတ်ဖြတ်မှုများ ရှိနေသည်ဆိုသော စွပ်စွဲချက်များကို ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများက ဆက်တိုက်ဆိုသလို ထုတ်ပြန်လျက်ရှိနေသော်လည်း အဆိုပါ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ယုံကြည်ရသော မြေပြင်သတင်းရင်းမြစ်များ၏ အတည်ပြုမှု ရရှိထားခြင်းမရှိသေးပေ။

ကွတ်ခိုင်မြို့ပေါ်မှာ TNLA ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၆၅ က အင်အား ၁၀၀၀ ကျော် စစ်ရေးလေ့ကျင့်


 ◼️ကွတ်ခိုင်မြို့ပေါ်မှာ TNLA ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၆၅ က အင်အား ၁၀၀၀ ကျော် စစ်ရေးလေ့ကျင့်


၂၂ မေ ||| နွေဦးအသံ |||


ရှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မြို့ပေါ်မှာ ပလောင်ပြည်နယ်လွတ်‌မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အပတ်စဥ် ၆၅ အခြေခံစစ်သင်တန်းက သင်တန်းသား၊ သင်တန်းသူ အင်အား ၁၀၀၀ ကျော် မေ ၂၁ ရက်မှာ အင်အားပြ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကွက်ခိုင်မြို့ပေါ်မှာ PSLF/TNLA ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၆၅ က အင်အား ၁၀၀၀ ကျော်ရှိတဲ့ သင်တန်းသား/သူတွေ အင်အားပြ စစ်ရေးလေ့ကျင်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Tuesday 21 May 2024

ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့မှ ပြည်သူများ စစ်ပွဲအန္တရာယ်ဇုန်မှ ဘေးလွတ်ရာ ပြောင်းရွှေ့ရန် AA က သတိပေး၊ သံတွဲကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်


 ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့မှ  ပြည်သူများ စစ်ပွဲအန္တရာယ်ဇုန်မှ ဘေးလွတ်ရာ ပြောင်းရွှေ့ရန် AA က  သတိပေး၊ သံတွဲကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်


ရန်ကုန် | မေ ၂၁

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်များတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေ၍ ပြည်သူများအနေဖြင့် စစ်ပွဲအန္တရာယ်ဇုန်အတွင်းမှ ဘေးလွတ်ကင်းရာနေရာများသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန် AA က ထပ်မံ သတိပေးလိုက်သည်။

စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သတိထားကြရန်နှင့် တိုက်ပွဲဧရိယာနှင့်နီးစပ်သည့် ဒေသများတွင် ဗုံးခိုကျင်းများ ကြိုတင်တူးထားကြရန်လည်း AA က ပြောသည်။

ထို့အပြင် အဆိုပါမြို့နယ်များအတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့သည်ရှိသော် AA ထံသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ဆိုသည်။

အရပ်သားပြည်သူလူထုနှင့် အရပ်သားပစ်မှတ်များ၊ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများ၊ ရပ်ရွာနှင့် မြို့များအတွင်းသို့ လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် မီးရှို့ဖျက်ဆီးခြင်း၊ တံတားများကိုဖျက်ဆီးခြင်းတို့ကို စစ်ကောင်စီက ဆက်တိုက် ပြုလုပ်လျက်ရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းများ ဘူးသီးတောင်နှင့် မောင်တောဒေသခံများကို အာရက္ခတပ်တော် AA က မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရန် သတိပေးခဲ့သော်လည်း တစ်ချို့ဒေသခံများက မြို့အတွင်းမှ မထွက်ဘဲ ဆက်လက် နေထိုင်မှုကြောင့်သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှု အချို့ ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း နှစ်ဖက် လက်နက်ကိုင်များက အရပ်သားနေထိုင်ရာများကို လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ရှိနေသလို ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ယခု ရက်ပိုင်းအတွင်း သေဆုံးမှုများ မြင့်တက်လာနေကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည် သံတွဲမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်ကို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားသည့်အပြင် လျှပ်စစ်မီးကိုပါ စစ်ကောင်စီက ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ငပလီမြို့အပါအဝင် သံတွဲမြို့နယ်တစ်ခုလုံး မေလ ၁၈ ရက်နေ့ကစ၍ လျှပ်စစ်မီး လုံးဝမရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" မေလ ၁၈ ရက် ညကတည်းက လျှပ်စစ်မီး မရတာ။ သံတွဲမြို့ကို ဝင်တဲ့ ရေစင်ရွာနားမှာရှိတဲ့ မီးကြိုးတွေဟာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ ပြတ်သွားတယ်။ အဲဒီနေ့ကနေ အခုထိ မီးက မရဘူး။ မတော်လို့ ထိသွားတာလား၊ တမင် ပစ်တာလား။ လျှပ်စစ်မီးမရလို့ မြို့သူမြို့သားတွေ တော်တော်လေး ဒုက္ခရောက်နေကြတယ်။ " ဟု ပြောသည်။

လျှပ်စစ်မီးမရ၍ ထမင်းချက်ပြုတ်စားသောက်ရာတွင် အခက်အခဲဖြစ်နေကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

" အရင်ကလို မဟုတ်တော့ဘူး။ အခုက လျှပ်စစ်မီးနဲ့ပဲ အားလုံးက အလုပ်လုပ်နေရတာ။ လျှပ်စစ်မီးမရတော့ အားလုံးတိုင်ပတ်ပြီပေါ့။ ထမင်းချက်တာ၊ ဖုန်းအားသွင်းတာ၊ တခြားအလုပ်တွေပေါ့။ အားလုံး အခက်အခဲဖြစ်သွားကြပြီ။ လျှပ်စစ်ရုံးကို မေးကြည့်တော့ တိုက်ပွဲပြင်းထန်နေလို့ ရေစင်ရွာနားကို သွားလို့ မရဘူးလို့ ပြောတယ်။ ပြင်ဖို့ ကြာအုံးမယ်လို့ ပြောတယ်။ " ဟု ပြောသည်။

သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ရွှေလှေတိုက်နယ်တစ်ဝိုက်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေပြီး တိုက်ပွဲဧရိယာက ကျေးရွာ ၁၀ ကျော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာ ၁၀ ကျော်ကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို ဖြတ်တောက်ထားခြင်းဖြစ်သည်။

သံတွဲတိုက်ပွဲကြောင့် ယမန်နေ့ မေလ ၂၀ ရက်နေ့အထိ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင် သံတွဲဒေသခံ ကမန်လူမျိုး ၁၁ ဦးနှင့် ရခိုင် ၁၄ ဦး စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၅ ဦးခန့်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ သံတွဲမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့အတွင်းက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေ သို့မဟုတ် AA ထိန်းချုပ်ရာနယ်မြေများသို့ သွားရောက်ခိုလှုံကြရန် AA က ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်မှ အပျက်အစီးများ။

သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်သားများ အကျအဆုံးများပြီး ရုပ်အလောင်းများ ချောင်းအတွင်းမျောပါနေ


 သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်သားများ အကျအဆုံးများပြီး ရုပ်အလောင်းများ ချောင်းအတွင်းမျောပါနေ

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *


ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြီး ရုပ်အလောင်းများ ချောင်းအတွင်းမျောပါနေ သည့်အပြင် ရွာအတွင်း၌လည်း သေဆုံးနေ၍ ရုပ်အလောင်းများမှာ အပုပ်နံ့ပင် ထွက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ(၁၃)ရက်နေ့ကစတင်၍ သံတွဲမြို့ လင်းသီရွာနှင့် ကျောင်းကုန်းတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သပြုချိုင်ရွာဘက် ချောင်းများတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများ မျောပါနေခြင်းဖြစ်ကြောင်း သိရသည်။


"သေတဲ့ စစ်ကောင်စီတပ်သားတွေ အများကြီးပဲ။ AA က အကုန်ချောင်းထဲဆွဲချထားတာ။ ချောင်းထဲမှာ မျောနေတာအများကြီးပဲ။ ဘယ်သူမှ အလုပ်ရှုပ်ခံပြီး ဆယ်နေမှာတော့ မဟုတ်ဘူးဗျ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။


ချောင်းအတွင်းမျောပါနေသည့် ရုပ်အလောင်းများအပြင် ကျေးရွာအတွင်းရှိ ကတုတ်ကျင်းများတွင်လည်း သေဆုံးနေသည့် စစ်ကောင်စီတပ် သားများလည်းရှိနေပြီး အပုပ်နံ့ပင်ထွက်နေပြီဟု ‌ဆိုသည်။


"သေလို့ မျောပါနေတဲ့အလောင်းတွေက သပြုချိုင်ဖက်ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ အခုလူတွေက ချောင်းထဲကိုမသွားသလောက်ရှိတဲ့အချိန်မို့လို့။ အရင်လိုပုံမှန် ငါးရှာရင် ဒီထက်အများကြီး ပိုတွေ့နိုင်သေးတယ်။ တချို့ပုန်းကျင်းထဲမှာလည်း စကစ အလောင်းတွေရှိတယ်။ မနေ့ကတောင် အိမ်အောက်က ပုန်းနေတာက ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်ကြားတယ်ဗျ။ ရွာထဲမှာတောင် တချို့နေရာတွေ အလောင်းတွေ ရှိသေးတယ်ပြောတယ်။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။


AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောင်းကုန်းရွာဘက်ခြမ်း တောင်ကုန်းများပေါ်တွင် နေရာယူထားသည့် စစ်ကောင်စီတပ်များနှင့် လင်းသီရွာအတွင်းရှိ စစ်ကောင်စီတပ်သားများ သေဆုံးသွားပြီဖြစ်ကာ လက်ရှိတွင် နေဗီနှင့် သံတွဲမြို့အထွက် ဘားတောင်မှ ကျေးရွာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများသာရှိသည်ဟု သိရသည်။


ပြီးခဲ့သည့် ရက်ပိုင်းကလည်း လင်းသီရွာဖက်တွင် စစ်ကောင်စီတပ် တပ်ရင်းလုံး ပျောက်သွားသဖြင့် တပ်ရင်းမှူးက ဒေသခံများအား ဖုန်းဆက်၍ ၎င်း၏တပ်အခြေအနေကို မေးမြန်းရသည့် အခြေအနေဖြစ်သည်ဟုလည်း စစ်တပ်အသိုင်းအဝိုင်းက Tachileik News Agency ကို ပြောဆိုထားသည်။


သံတွဲမြို့တွင် ခလရ(၅၅)၊ ခမရ(၅၆၆)တပ်များသာရှိသော်လည်း ဧရာဝတီတိုင်းရှိ တပ်ရင်းမှ ထုတ်နုတ်အင်အား တချို့ကိုလည်း သံတွဲသို့ ပို့ထားသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူက ဆိုသည်။


အာရက္ခတပ်တော် AA၏ ယမန်နေ့က သတင်းထုတ်ပြန်ချက်တွင် သံတွဲမြို့နယ် စစ်ဇုန်ရှိပြည်သူများ အမြန်ဆုံးပြောင်းရွှေ့ကြရန် တိုက်တွန်းထားသည်။


(စိတ်မချမ်းမြေ့ဖွယ်ပုံရိပ်များ ပါဝင်သဖြင့် အခြားသတင်းဓာတ်ပုံများကို Telegram Channel https://t.me/TachileikNewsAgency/50052 တွင် ကြည့်ရှုနိုင်ပါသည်)


#TachileikNewsAgency

Monday 20 May 2024

အောင်ဇေယျစစ်ကြောင်း ချီတက်လိုက် ၊လန်ကျလိုက်ဖြင့် ရှေ့မရောက်



 အောင်ဇေယျစစ်ကြောင်း ချီတက်လိုက် ၊လန်ကျလိုက်ဖြင့် 

ရှေ့မရောက်


▪︎"လောလောဆယ်တော့ အောင်ဇေယျလန်ဖြစ်နေတယ်။ တက်လိုက်၊ လန်လိုက်ပေါ့။ သူတို့ ကျတယ်။ ထိတယ်။ ထွက်ပြေးတယ်"- ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူ


▪︎"စကစက အပတ်စဥ်(၁)က ကလေးတွေကို စစ်မြေပြင်သင်တန်းဆိုပြီး လိမ်လွှတ်နေတာလို့ ပြောတယ်၊သူတို့ကို အောင်ဇေယျလို စစ်ကြောင်းမှာကို ပို့နေတာ"-ကရင်စစ်ရေးရင်းမြစ် 


ဒေါ်ဂျ/People's Spring 


ဒေါနတောင်ပေါ်၌ ရှေ့ဆက်မတိုးနိုင်ဘဲ တစ်လကျော်ကြာပိတ်မိနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ အထိနာ၍လန်ကျနေပြီး ရှေ့တိုး၊နောက်ဆုတ်လုပ်နေကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူက People's Springသို့ ပြောသည်။


"လောလောဆယ်တော့ အောင်ဇေယျလန်ဖြစ်နေတယ်။ တက်လိုက်၊ လန်လိုက်ပေါ့။ သူတို့ ကျတယ်။ ထိတယ်။ ထွက်ပြေးတယ်"ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဒေါနတောင်ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေပြီး ရဲဘော်များ ဘေးကင်းသည်ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထိခိုက်မှုများနေသော်လည်း ထိခိုက်မှုအရေအတွက်ကိုမူမသိဟု ၎င်းက ဆိုသည်။


မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့် "အောင်ဇေယျစစ်ဆင်ရေး"ဟုအမည်ပေး၍ အင်အားရာချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်ခဲ့သည်။ ၄ ရက်ဖြင့် မြဝတီ အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ရက် ၄၀ ကျော်ကြာသည့်တိုင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်

သည်။


မေလ ၁၆ရက်နှင့် မေလ ၁၇ရက်တွင် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 


အောင်ဇေယျစစ်ကြောင်း၏ အတွင်းသတင်းပေးချက်အရ အင်အား ၁,၂၀၀ခန့်ဖြင့် ချီတက်လာသော စစ်ကြောင်းမှာ တစ်လကျော်အကြာတွင် ၄၀၀ခန့်မှာ သေဆုံး၊ ဒဏ်ရာရထားသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ကြောင့် အောင်ဇေယျစစ်ကြောင်းမှာ အင်အား( ၈၀၀)ခဝန်းကျင်သာ ကျန်ရှိတော့ကြောင်း အထက်ပါစစ်ရေးရင်းမြစ်ထံမှသိရသည်။


ထို့အပြင် အောင်ဇေယျစစ်ကြောင်းတွင် စစ်မှုမထမ်းမနေရဥပဒေဖြင့် ဖိအားပေးခေါ်ယူစုဆောင်းခဲ့သော အပါတ်

စဥ်(၁)သင်တန်းဆင်းပြီးစ စစ်သားသစ်များလည်းပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်သားများမှာ ထိခိုက်သေဆုံးမှုများနေ၍ စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက People's Spring သို့ ပြောသည်။


စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူစုဆောင်းထားသော အပတ်စဥ်(၁)သင်တန်းဆင်းပြီးစ လူငယ်များအား မြေပြင်စစ်သင်တန်း ပေးရန်ဟု လိမ်လည်ပြောဆိုကာ ရှေ့တန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ဟု သတင်းရရှိထားကြောင်း People's Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


"သိရတာက စကစက အပတ်စဥ်(၁)က ကလေးတွေကို စစ်မြေပြင်သင်တန်းဆိုပြီး လိမ်လွှတ်နေတာလို့ ပြောတယ်။ သူတို့ကို အောင်ဇေယျလို စစ်ကြောင်းမှာကို ပို့နေတာ"ဟု ၎င်းက ပြောသည်။


အောင်ဇေယျစစ်ကြောင်းတွင် စစ်သားသစ်စုဆောင်းခံထားရသူများပါဝင်မှု အခြေအနေ၊သေဆုံးမှုအခြေအနေ ၊ထွက်ပြေးအလင်းဝင်သူအခြေအနေများကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။


ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က People's Springသို့ မေလဆန်းတွင်ပြောထားသည်။


အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ တပ်သားများ ရက္ခိုင်ပြည်နယ်တိုက်ပွဲသို့ စစ်ကူခွဲပေးပို့သည်ဟု သိရှိရကြောင်း အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။


မေလ ၁၂ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)တပ်ရင်းစစ်ကြောင်း(၂)မှ တပ်သား နှစ်ဦး လက်နက်နှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၄ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)၏ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။


စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။


ယင်းစစ်ကြောင်းတွင် တပ်မ (၂၂) ၊ တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ သေဆုံးဒဏ်ရာရသူများပြီး ဖွဲ့စည်းပုံပျက်လုနီးပါးဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။ စစ်ကြောင်းတွင် စစ်ကူများဆက်တိုက်တိုးပြီး စစ်ကောင်စီတပ်သားအင်အား ၁,၀၀၀ မှ ၁,၃၀၀ အတွင်းရှိနိုင်ကြောင်း စစ်ရေးရင်းမြစ်အချို့က ပြောသည်။


အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။


( တော်လှန်ရေးတပ်များကတိုက်ခိုက်၍ အောင်ဇေယျစစ်ကြောင်းမှ ပျက်နေသောစစ်ကားအချို့ နှင့် စစ်ကြောင်းကိုတိုက်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-လပြည့် ၊ CJ )

Sunday 19 May 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ် ထားတဲ့မြို့ပေါင်း ၅၅ မြို့


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်

ထားတဲ့မြို့ပေါင်း ၅၅ မြို့ 


-People's Spring 


တော်လှန်ရေးတပ်ဖွဲ့တွေက ဘူးသီးတောင်မြို့နဲ့ မြို့သစ်မြို့ ကို သိမ်းပိုက်ပြီးနိုင်တာကြောင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၅၅ မြို့ ရှိလာပြီဖြစ်ပါတယ်။ မေ ၁၁ ရပ်နေ့မှာ တမူးခရိုင်ထဲက မြို့သစ်မြို့ကို 

တမူးခရိုင်PDF တွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အာရက္ခတပ်တော်(AA) ကလည်း လပေါင်းများစွာထိုးစစ်ဆင်တိုက်ခိုက်အပြီးမှာ ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ် ဗျူဟာကုန်းတွေအပါအဝင် စစ်စခန်းအားလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့် ၂၀၂၃ ဇွန် ၂၄ ရက်မှာ ကရင်နီပြည် မယ်စဲ့ မြို့ကို ကရင်နီပူးပေါင်းတပ်တွေက ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တာကနေ စတင်ပြီးတော့ ၁၁ လအတွင်း ဒေသအနှံက မြို့တွေကို တော်လှန်ရေးတပ်တွေ ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်လာတာ ၅၅ မြို့ရှိပါပြီ ။ ဒါတောင် ကချင်ပြည်နယ်က မိုးမောက်မြို့ နဲ့ မံစီ မြို့တို့အခုစာရင်းမှာ မပါသေးပါဘူး ။KIA က မိုးမောက်မြို့နဲ့ မံစီမြို့တွေကို ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် မြို့ အနီးက စစ်ကောင်စီတပ်လက်ကျန်စခန်းတွေကိုအပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်တာမို့ စာရင်းမှာ မပါသေးတာပါ။ မိုးမောက် နဲ့ မံစီ မြို့တို့ကိုပါ စာရင်းမှာ ထည့်သွင်းတွက်ချက်ရင် ၅၇ မြို့အထိ့ရှိလာမှာဖြစ်ပါတယ်။ ဒါအပြင် AA က မောင်တော ၊ ကရင်နီတပ်ပေါင်းစုက ဖားဆောင်း၊

KIA ဦးဆောင်တဲ့တပ်တွေက မိုးမောက် ၊မံစီ စတဲ့ မြို့နဲ့ မြို့အနီးဝန်းကျင်က စစ်တပ်စခန်းတွေအပြီးသတ် သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်းထိုးစစ်ဆင်နေကြပါတယ်။

Saturday 18 May 2024

Breaking News- ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် ဗျူူဟာဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်


 Breaking News- ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် ဗျူူဟာဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်


ရန်ကုန်၊ မေ ၁၈ 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က ယနေ့ သိမ်းပိုက်လိုက်ပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ် ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။


ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) က   မေလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။ 


ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ  ၃၇၈ ၊ ခမရ 

 ၂၃၄ ၊ ခမရ  ၃၄၅ ၊ ခမရ  ၃၅၂  တပ်ရင်းများ၊  အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြောင်း၊  မေလ  ၁၄  ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ  ၃၅၃  ၊ ခမရ  ၅၃၅  ၊ ခမရ  ၂၆၃  နှင့် ခမရ  ၂၃၃  စသည့် တပ်ရင်း  ၄ ရင်းကို လည်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့တွင် နခခ  ၃  ကိုလည်းကောင်း၊ မေလ  ၁၆  ရက်နေ့တွင် နခခ (၈) စခန်းကိုလည်း ကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ 


AA က တပ်ရင်းများကို သိမ်းပိုက်လိုက်ပြီးနောက် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင် တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး AAကို တိုက်ခိုက်နေသော မွတ်စလင်များကို  လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း၊  ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်တွင် ဆက်လက်ဖြစ် ပွား လျက်ရှိကြောင်း သိရှိရသည်။


ထို့ကြောင့် စစ်ကောင်စီတပ်သားများမှာ  ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း "အထူး" သတိပေးအပ်ကြောင်း AA က ထုတ်ပြန်သည်။

Thursday 16 May 2024

တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


 တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၁၆ 


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တနိုင်းမြို့နယ် နမ့်ဗျူ ရွာရှိ ခလရ ၂၉၇ နှင့် ခလရ ၂၆၀ ၏ ရှေ့တန်းစခန်းကြီးကို အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ မေလ ၁၁ ရက်နေ့ကတည်းက ယင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နားလိုက်၊ တိုက်လိုက် ပုံစံဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"တပ်စခန်းကတော့ တပ်နှစ်ခုပေါင်းထားတဲ့ တပ်စခန်းကြီးလို့ပြောရမယ်။ လက်နက်တွေတော့အများကြီးရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ တိုက်လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ စစ်တပ်ဘက်က သေဆုံးမှု အခြေအနေ၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အတိအကျ မသိရသေးပါဘူး" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှစတင်ခဲ့သော KIA ၏ စစ်ဆင်ရေးများအတွင် စစ်ကောင်စီတပ်စခန်း ၉၀ ဝန်းကျင်ကို သိမ်းပိုက်ရရှိနေပြီဖြစ်သည်။

Monday 13 May 2024

ဖားဆောင်းမြို့၊ ခလရ ၁၃၅ တပ်ရင်း၏ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ


 ဖားဆောင်းမြို့၊ ခလရ ၁၃၅ တပ်ရင်း၏ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ


ရန်ကုန်၊ မေ ၁၃ 


ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၁၃၅ တပ်ရင်း၏ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကလလတ ဗျူဟာ ၁ က ထုတ်ပြန်သည်။


ယနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အဆိုပါ ကားကင်းစခန်းကုန်းကို သိမ်း ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ် သားများ အသုံးပြုသည့် MA ကျည် ၊ အီနာဂါကျည်၊ ၁၄ မိုင်း၊ ၁၆ မိုင်း ၊ ၁၈ မိုင်း ၊ လက်ပစ်ဗုံး၊ G3 ကျည် နှင့် MA ကျည်ဘောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ကလလတ ဗျူဟာ ၁ ၊ ၉၄၂၀ တပ်ရင်း ညွှန်ကြားရေးမှူးမှ ဦးဆောင်ကာ ၊ ကြယ်ဖြူ KNS Army နှင့် စစ်နည်းဗျူဟာ ၁ လက်အောက်ရှိ ၄၈၇၈ တပ်ရင်း ၊KA D-1Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့ ၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့အစရှိသော တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ယင်းအကြမ်းဖက်စစ်တပ်စခန်းကုန်း၌တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက အခိုင်အမာ နေရာယူ တပ်စွဲလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ ၊ ၁၃၅ တပ်ရင်းတို့ကို အနီးကပ်စောင့် ကြည့် ၍ သိမ်းပိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

Saturday 11 May 2024

တမူးခရိုင်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်



 ကနဦးတိုက်ပွဲသတင်းထုတ်ပြန်ချက် 


တမူးခရိုင်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်

၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့ 


စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်မြို့တွင် အခြေပြုနေသော အမှတ် (၂၂၈) ခြေလျင်တပ်ရင်း၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်အား အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေး တပ်တော် (NLA) တို့က ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့(တမူး-ပကဖ)မှ ထောက်ပံ့ပို့ဆောင်ရေး အနေဖြင့် ပါဝင်ခဲ့သည်။ 


၂၀၂၄ ခုနှစ်၊ မေလ (၇) ရက်နေ့၊ နံနက် (၅) နာရီမှ မေလ (၁၁) ရက်နေ့၊ နံနက် (၁၀) နာရီထိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 


တိုက်ပွဲအတွင်း စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်အပါအဝင် ရဲ (၂၁) ဦး အလံဖြူပြ လက်နက်ချအညံ့ခံခဲ့ပြီး ရန်သူ သေဆုံးနှင့် ဒဏ်ရာရစာရင်းကို စုံစမ်းနေဆဲဖြစ်သည်။  


ရန်သူ့တပ်ထံမှ လက်နက်ငယ် (၂၉) လက် အပါအဝင် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကနဦး အသိပေး ထုတ်ပြန်အပ်ပါသည်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Friday 10 May 2024

မတ္တရာမြို့နှင့် နှစ်မိုင်အကွာရှိ တောင်တံငါရွာ စစ်ကောင်စီ အထိုင်စခန်းငယ်အား မန္တလေး PDF သိမ်းပိုက်


 မတ္တရာမြို့နှင့် နှစ်မိုင်အကွာရှိ တောင်တံငါရွာ စစ်ကောင်စီ အထိုင်စခန်းငယ်အား မန္တလေး PDF သိမ်းပိုက်


▪︎ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ အလောင်း ၁၂လောင်းနှင့် လက်နက်ခဲယမ်းများရ


ထားမြတ်/People’s Spring


မန္တလေးတိုင်း မတ္တရာမြို့အနီးရှိ စစ်ကောင်စီအထိုင်စခန်းငယ်တစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDFက သတင်းထုတ်ပြန်သည်။


ယနေ့( မေလ ၁၀ရက် )မနက် ၅နာရီတွင် မတ္တရာမြို့မြောက်ဘက် (၂)မိုင်အကွာရှိတောင်တံငါကျေးရွာဘုန်းကြီးကျောင်း

၌ တပ်စွဲထားသော စစ်ကောင်စီအထိုင်စခန်းငယ်အား စီး

နင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။


"တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်း မှာ ပုံမှန် တပ်စွဲတာက အင်အား ၃၀ လောက် ရှိတယ်ဗျ ။ဒီနေ့မနက်တိုင်ပွဲဖြစ်တော့ ကျွန်တော်တို့ ဘက်က အလောင်းသိမ်းဆည်းရရှိမှုကတော့ ၁၂ လောင်းရှိပါတယ်။ ထွက်ပြေးသွားတဲ့ သူတွေထဲမှာ ထိခိုက်ဒဏ်ရာနဲ့ ပြေးသွားသူတွေလည်းရှိခဲ့ပါတယ်"ဟု 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။


 တိုက်ပွဲအတွင်း Drone Jammer (၁)လတ် ၊ လက်နက်ခဲယမ်းအများအပြားနှင့် ဗိုလ်ကြီး(၁)ဦးအပါအဝင် ရန်သူ့အလောင်း (၁၂)လောင်းခန့်အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။ မန္တလေး PDF ရဲဘော် ၁ဦး ကျဆုံးခဲ့ဟုလည်း အသိပေးသည်။


ထို့ပြင် တိုက်ပွဲအတွင်း ရန်သူဘက်မှ ကစဉ့်ကလျားထွက်ပြေးသူ အများအပြားရှိခဲ့သည်ဟု ဖော်ပြသည်။


"တောင်တငါစခန်းက မတ္တရာကနေ ၂ မိုင်အကွာမှာပဲရှိတာမို့ 

ရန်သူ့ဘက်က စစ်ကူလမ်းကြောင်း မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်တာကြောင့်မို့ ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံခြေမှုန်းခြင်းတော့ မလုပ်ခဲ့ပါဘူးဗျ" ဟု ကိုအော်စမွန်က ရှင်းပြသည်။ဏ


 သိမ်းဆည်းရမိသည့် လက်နက်များအနက် စစ်ကောင်စီဗိုလ်ကြီး ချစ်ခိုင် ကိုင်ဆောင်သော ပစ္စတိုသည် ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ် ဖြစ်သည်ဟု ထုတ်ပြန်သည်။


 ယခု သိမ်းပိုက်ရရှိသည့် တောင်တံငါကျေးရွာ အထိုင်စခန်းငယ်သည် မတ္တရာမြို့မှ စဉ့်ကူးဘက်သို့ အထွက်တွင်တည်ရှိပြီး မတ္တရာမြို့နှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးများ ကောက်ခံနေသော စစ်ကောင်စီစခန်းဖြစ်သည်ဟု ဆိုသည်။


(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ ဗိုလ်ကြီး ချစ်ခိုင်ကိုင်သော ပလက်စတစ် ပစ္စတို နှင့် ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-MDY-PDF)

Wednesday 8 May 2024

သရက်ချောင်း၊ ပဲဒက်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီ တပ်သား ၂၀ ကျော်အရှင်ဖမ်းမိ


 သရက်ချောင်း၊ ပဲဒက်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီ

တပ်သား ၂၀ ကျော်အရှင်ဖမ်းမိ


▪︎စစ်တပ်ကကြည်း၊ရေ၊လေသုံးခုခံသော်လည်း ပဲဒက်စခန်းလက်အောက်ခံစခန်း သုံးခုစလုံးကိုတော်လှန်ရေးတပ်များသိမ်းပိုက်


ယောနသံ၊ ကျော်ဇော/People's Spring


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ စစ်ကောင်စီ၏ 

ပဲဒက်စခန်းကို စစ်တပ်ကကြည်းရေလေသုံးခုခံသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လေးရက်ကြာထိုးစစ်ဆင်ပြီးနောက် ယနေ့(မေလ ၈ရက်) နံနက်တွင် သိမ်းပိုက်ယူရရှိခဲ့သည်။


"မေလ ၅ ရက် မနက်ကစပြီး တိုက်တာ။ စတိုက်ကတည်းကလေကြောင်းကရောလက် နက်ကြီးပါ ပစ်ပြီးခုခံတာ။ လေယာဉ်နဲ့ ဗုံးအလုံး ၁၀၀ ကျော်အထိ ကြဲတာ။ အခုက စခန်းကို ရပါပြီ။စခတွေဘက်က သေဆုံးတာများသလို အရှင်ဖမ်းမိတာလည်းအများကြီးရှိပါတယ်" ဟု ကာကွယ်ရေးရဲဘော်များနှင့်နီးစပ်သောစစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။


ပဲဒက်တပ်စခန်းသည် သရက်ချောင်းမြို့၏ စစ်ကောင်စီအဓိကစခန်းဖြစ်သည်။စစ်‌ကောင်စီက K8W ဂျက်ဖိုက်တာနှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် လေးရက်ဆက် ဗုံးကြဲချတိုက်ခိုက်ခဲ့သလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။


"ဒီနေ့မနက်အထိ လေကြောင်းကနေလာပစ်နေတာပါ။ အဲဒီကြားထဲကနေ စခန်းကိုသိမ်း ပိုက်ခဲ့တာပါ" ဟု PDF တစ်ဦးက People's Spring သို့ပြောသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။


"ခရီးသွားပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေတဲ့ ပဲဒက်ခွေးခြံမှ အကောင်နှစ်ဆယ်ကျော်ထ္မင်းကျွေးပြုစုပြီး ကိုးကွယ်ဖို့. ပင့်ဆောင်"ဟု KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့် အသိပေးရေးသားထားသည်။


သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီလက် အောက်ခံ ကျောက်ဆည်ပျူစခန်း၊ ပဲဒက်တပ်စခန်းနှင့် စစ်တပ်တပ်စွဲထားသောဝင်းဝရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်များက မေ ၅ ရက်နေ့နံနက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် အဆိုပါ စစ်ကောင်စီလက်အောက် ခံ စခန်းသုံးခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်သုန့်ပန်းများအရှင်ဖမ်းမိခြင်း၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခြင်းများရှိခဲ့ကာ အခြေနေအသေးစိပ်ကို တောင်ပိုင်းစစ်ဒေသမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးမှူးတစ်ဦးက 

လူထုနွေဦးသို့ ပြောကြားသည်။


( ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စခန်းကို အပေါ်စီးမှမြင်တွေ့ရပုံ။ ဓါတ်ပုံ-ဒေဝ ၊CJ)

Tuesday 7 May 2024

မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို KIA က ယနေ့ နံနက်ပိုင်း တစ်ပြိုင်တည်း ဝင်တိုက်၊ ဗန်းမော်၊စင်းခန်းစခန်း ၊ရဲစခန်းနှင့်ကာကင်းများကို သိမ်းပိုက်ရရှိထား


 မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို KIA က ယနေ့ နံနက်ပိုင်း တစ်ပြိုင်တည်း ဝင်တိုက်၊ ဗန်းမော်၊စင်းခန်းစခန်း ၊ရဲစခန်းနှင့်ကာကင်းများကို သိမ်းပိုက်ရရှိထား


ရန်ကုန်၊ မေ ၇ 


ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ မံစံမြို့နှင့် ဗန်းမော်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက်ပိုင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး ဗန်းမော်မြို့ရှိ စင်းစခန်းကို တိုက်ခိုက်ပြီး နာရီပိုင်းအတွင်း သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ နံနက် ၅ နာရီမှစတင်ပြီး မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဗန်းမော်မြို့နယ်ရှိ စင်းခန်း စစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတားလုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေ ရဲစခန်းတို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။ 


"မံစီကတော့ မြို့မရဲစခန်းအနားထိ တိုက်ပွဲဖြစ်နေတယ်။ မိုးမောက်မြို့မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ စစ်ရေးကတော့ အားသာနေတယ်။ ဗန်းမော်၊ စင်းခန်းရွာနားမှာရှိတဲ့ စခန်းတွေအားလုံးတော့ ရပြီ။ စင်းခန်းရွာစစ်စခန်းနားက စစ်တပ်က ၁ နာရီ လောက်ပဲ ပစ်ခတ်ပြီးတော့ အကုန်ထွက်ပြေးကြတာ။ နယ်မြေရှင်းလင်းရေးတွေလည်း လုပ်နေပြီ" ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။ 


ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်၏စခန်းပေါင်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း KIA က တိုက်ခိုက်သိမ်းပိုက်ရရှိသည့် စင်းခန်း ကျေးရွာမှ စစ်ဆေးရေးဂိတ်စခန်းတစ်ခု။

မေလ (၅) ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီထံမှ သိမ်းယူထားတဲ့မြို့ ၅၆ မြို့


 မေလ (၅) ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီထံမှ သိမ်းယူထားတဲ့မြို့ ၅၆ မြို့


၂၀၂၄ ခုနစ် မေလမှာတော့ တော်လှန်ရေးကာလ ၃ နှစ်နဲ့ ၃ လ ရှိခဲ့ပါပြီ။ ဒီအချိန်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီထံမှ သိမ်းယူထားတဲ့မြို့ စုစုပေါင်းဟာလည်း ၅၆ မြို့ ရှိခဲ့ပါပြီ။ 


တကယ်တော့ ရန်သူဟာ

- အရပ်သား ပြည်သူတွေပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေ ပူးပေါင်းပါဝင်ပြီး  

- တနိုင်ငံလုံးအတိုင်းအတာ ဟန်ချက်ညီစစ်ဆင်ရေးတွေကို ဒီကာလတိုအတွင်း ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံ မရပါဘူး။


သို့ပေမယ့် လက်တွေ့မှာတော့ လက်ရှိသိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၅၆ မြို့ဟာ သက်သေတည်နေခဲ့ပြီ ဖြစ်ပါတယိ။ ဒီမြို့တွေကို အသေးစိတ် သိရှိနိုင်ဖို့ မြေပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်ခင်ဗျာ။ 


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Monday 6 May 2024

တန့်ဆည်၊ ကျွန်းလည်ပျူစောထီးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ


 တန့်ဆည်၊ ကျွန်းလည်ပျူစောထီးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၆ 


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျွန်းလည်ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။ 


မေလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန် တန့်ဆည်မြို့နယ်မြောက်ပိုင်း၊ ကျွန်းလည်ပျူစောထီးကျေးရွာမှ စစ်ကောင်စီကင်းစခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံးကြောင်း ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


"တိုက်ပွဲက သူပစ်၊ကိုယ်ပစ် အနီးကပ်တိုက်ပွဲဖြစ်ကြတာ။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး နေရာတင်‌သေဆုံးတယ်။ ကိုယ့်ဘက်ကလည်း PDF ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦးဒဏ်ရာရရှိတယ်။ သေဆုံးရဲဘော် ၁ ဦးက တန့်ဆည်ပကဖ ရဲဘော်တစ်ဦးပါ။ကျွန်တော်တို့ စခန်းသိမ်းပြီးတာ့ ရန်သူဘက်က စခန်းစွန့်ခွာ ပြေးသူတွေလည်းရှိတယ်။ စစ်တပ်ရဲ့ MA1 တစ်လက်၊ G3 တစ်လက်၊ ကာဘိုင် ၃ လက်၊ ပြောင်းချော ၇ လက်၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ ကျည်မျိုးစုံနဲ့ ရန်သူ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်" ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။ 


တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့သော ကျွန်းလည်ရွာစစ်စခန်းမှ စစ်သားများနှင့်ပျူစောထီးများသည် အနီးပတ်ဝန်းကျင် ကေးျရွာများကို အနိုင်ကျင့် ပစ်ခတ် လုယက်မှုများ ပြုလုပ်ခြင်း၊ ရွာများကို မီးရှို့ခြင်းများ လုပ်ဆောင်နေသော ကျေးရွာ စစ်စခန်းဖြစ်ကြောင်း သိရှိရသည်။ 


ကျွန်းလည်ကျေးရွာစစ်စခန်း သိမ်းတိုက်ပွဲကို တန့်ဆည်မြို့နယ် ပကဖ တိုက် ခိုက် ရေးတပ်ဖွဲ့များနှင့် ရွှေဘိုခရိုင် တပ်ရင်း ၂၅ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Sunday 5 May 2024

မော်လိုက်ခရိုင်ရှိ ရောင်းဟီးရွာသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီအဖွဲ့အား အောင်မြင်စွာတိုက်ထုတ်ခဲ့


 မော်လိုက်ခရိုင်ရှိ ရောင်းဟီးရွာသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီအဖွဲ့အား အောင်မြင်စွာတိုက်ထုတ်ခဲ့

မေလ (၅) ရက်

          စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာသို့ ခမရ-၃၆၈ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈၀) ခန့်တို့ မေလ (၅) ရက်၊ နံနက် (၅) နာရီခွဲမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းစကစအဖွဲ့အား မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂) အဖွဲ့တို့မှ နံနက် (၁၁) နာရီခွဲတွင် အောင်မြင်စွာ တိုက်ထုတ်ခဲ့ကြသည်။ 

          စစ်ကောင်စီဘက်မှ အလောင်း (၇) လောင်းရရှိပြီး ၆၀ မမ ပြောင်းတို (၁) လက်၊ MA-1 (၄) လက်၊ MA ကျည် (၁၅၁၂) တောင့်၊ ၄၀ မမ ဗုံးသီး (၁၉) လုံး၊ ၆၀ မမ ဗုံးသီး (၈) လုံး၊ RPG-7 ဒုံးသီး (၅) လုံး၊ MA ကျည်အိမ် (၂၆) ခု၊ စကားပြောစက် (၁) ခု၊ ကျည်ကာဦးထုပ် (၁) ခု၊ ဖုန်း (၃) လုံး၊ ဆေးပစ္စည်းအစုံနှင့် စကားပြောစက်ဓာတ်ခဲအပို (၂) ခု သိမ်းဆည်းရမိသည်။

အမှတ် (၁) စစ်ဒေသ

မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


 မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ မေ ၅


ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။


မေလ ၄ ရက်နေ့ ညနေပိုင်း၌ အောင်ဇေယျစစ်ကြောင်းတွင် လိုက်ပါလာသော တပ်မ ၅၅ မှ စစ်သား ၃ ဦးသည် သေနတ် ၃ လက် ယူဆောင်လာပြီး တောင်ပိုင်းတိုင်း၊ အမှတ် ၃၁ ဗျူဟာထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသော စစ်သား ၃ ဦးကို တောင်ပိုင်းတိုင်း၊ အမှတ် ၃၁ ဗျူဟာမှူး က ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာစစ်စခန်းကြီးကို KIA က အပြီး သတ်တိုက် ခိုက်သိမ်းပိုက်


 ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာစစ်စခန်းကြီးကို KIA က အပြီး သတ်တိုက် ခိုက်သိမ်းပိုက်


ရန်ကုန်၊ မေ ၅ 


ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းကြီးကို ယနေ့ နံနက်အစောပိုင်းတွင် KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မေလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာတပ်ရင်းစခန်းကြီးကိုသိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ၂ လအကြာတိုက်ခိုက်ပြီးနောက် ယင်းသို့ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"မနေ့ညက တစ်ညလုံး စစ်ကောင်စီတိုက်လေယာဉ်တွေနဲ့ ပစ်ကူပေးတဲ့ကြားကနေ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာပါ။ ကျန်ရှိသေးတဲ့ စစ်ခွေးတွေက အကုန်ထွက်ပြေးကုန်ကြပြီ။ အဲဒီဗျူဟာတပ်ရင်းစခန်းမှာ အင်အား ၂၅၀လောက် ရှိတယ်။ ဆွမ်ဘရာဘွမ်မြို့ကိုလည်း ထိန်းချုပ်ထားပြီ။ အခုတော့ ဝိုင်းမော်- ဆမားလမ်းမှာတော့ တိုက်ပွဲ ပြင်းထန်နေပါတယ်" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ 


KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်းတွင် စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...