Wednesday, 24 May 2023

ပခုက္ကူ -ရေစကြိုလမ်းမှာ Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တွေ ဖမ်းမိ၊ပျူရွာမှာ နေထိုင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့


ပခုက္ကူ -ရေစကြိုလမ်းမှာ Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တွေ ဖမ်းမိ၊ပျူရွာမှာ နေထိုင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့

မေ ၂၄၊၂၀၂၃


မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခုက္ကူ -ရေစကြိုကားလမ်းမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ပျူရွာတွေမှာ နေထိင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့တယ်လို့ Young Force (UG)က မနေ့က ထုတ်ပြန်ပါတယ်။


ပခုက္ကူ -ရေစကြိုကားလမ်းကို ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာ မေ ၁၈ရက် ညနေပိုင်းက ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ စစ်အုပ်စု လက်အောက်ခံဝန်ထမ်းတွေဖြစ်တဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။


"ထိန်းသိမ်းဖို့ခက်ခဲတာနဲ့ နေရာအခက်အခဲကြောင့် ဖမ်းမိတဲ့ Non CDM ဆရာ၊ဆရာမတွေကို သတိပေးဆုံးမပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကားသုံးစီးနဲ့ ဖုန်းတွေ သိမ်းယူခဲ့တယ်"လို့ Young Force (UG)ကဆိုပါတယ်။


ကားသုံးစီးနဲ့ပါလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရား လည်ပတ်စေဖို့ ပါဝင်ပေးနေတဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီးလူများတာရယ်၊ ထိန်းသိမ်းထားဖို့နေရာ အခက်ခဲကြောင့်ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တာပါ။


အဲဒီဆရာ၊ဆရာမတွေကို လက်ရှိ ဖြစ်ပေါ်နေတဲ့ မတရားအာဏာလုယူခံရမှုနဲ့ဆရာ ဆရာမတို့ထောက်ခံနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာ‌တွေကိုအကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်စီးနေကြောင်းကိုလည်း PDFတပ်ဖွဲ့ဝင်တွေက ရှင်းပြလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ CDM ဆရာ၊ဆရာမတွေကို ဖမ်းဆီးနှိပ်စက်ငွေညှစ်တာတွေပြုလုပ်နေကြောင်းနဲ့ နိုင်ငံရေးအသိပညာတွေကို ပြောဆိုဆုံးမပြီးတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကာကျောင်းသုံးဆက်စပ်ပစ္စည်းတွေနဲ့ ကားသုံးစီးကိုသိမ်းယူပြလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


"ကျောင်းသုံးဆက်စပ်ပစ္စည်းများကိုတော့ လိုအပ်တဲ့ စာသင်ကျောင်းတွေကို ပြန်လည် ခွဲဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ရွှေထည်ပစ္စည်းများ လုံးဝသိမ်းယူခဲ့ခြင်း မရှိဘူး "လို့ Young Force UGအဖွဲ့က ပြောပါတယ်။


ဖမ်းမိတဲ့စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းဆရာ ဆရာမတွေထဲမှာ ပျူရွာအဖြစ်သတ်မှတ်ထားတဲ့ ရွာတွေက ဆရာ ဆရာမတွေပါဝင်ပေမယ့် နောက်ဆုံးအကြိမ်အဖြစ် သက်ညှာပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


မတရားမှု့ကိုဆန့်ကျင်ပြီး CDM ပြုလုပ်လိုပါက စိစစ်လက်ခံနေဆဲဖြစ်ပြီး လက်နက် ခဲယမ်းတွေ ယူဆောင်လာနိုင်ပါက ထိုက်တန်တဲ့ ဆုငွေလည်း ပေးအပ်သွားမှာဖြစ်တယ်လို့ Young Force (UG) ပခုက္ကူမြို့နယ်(ပကဖ)က သိရပါတယ်။


 #SpringRevolution

#PVTV

#PVTVNews

#PVTV Telegram Channel -

https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။ 

ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို Solar power station များ လှူဒါန်း


ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို Solar power station များ လှူဒါန်း


ရန်ကုန်၊ မေ ၂၄


ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

KNU တပ်မဟာ ၅ နယ်မြေတွင် BGF နယ်ခြားစောင့် တပ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်မှု တပ်ခွဲမှူးစောဘာယို အပါအဝင် BGF ၅ ဦးသေဆုံးပြီး ကားတစ်စီးကို ရှင်းလင်းဖျက်ဆီး


KNU တပ်မဟာ ၅ နယ်မြေတွင် BGF နယ်ခြားစောင့် တပ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်မှု တပ်ခွဲမှူးစောဘာယို အပါအဝင် BGF ၅ ဦးသေဆုံးပြီး ကားတစ်စီးကို ရှင်းလင်းဖျက်ဆီး


ရန်ကုန်၊ မေ ၂၄ 


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ လက် အောက် ခံ BGF နယ်ခြားစောင့် တပ်စခန်းကို KNLA တပ်က တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ BGF ၅ ဦးသေဆုံးပြီး ကားတစ်စီးကို ရှင်းလင်း ဖျက်ဆီးနိုင် ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။ 


မေလ ၂၀ ရက်နေ့ ၊ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် KNU တပ်မဟာ ၅ နယ်မြေ တွင် KNLA တပ်ရင်း ၁၀၂ နှင့် တပ်ခွဲများ စုပေါင်းကာ ကတဲတိနှင့် ထီးက ဆောမဲ အကြားတွင်စခန်းချဆက်ကြေးတောင်းယူနေသည့် စစ်ကောင်စီ လက် အောက်ခံ BGF စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ BGF တပ်မှ ၅ ဉီး သေဆုံး ကြောင်း၊ သေဆုံးသူ ၅ ဦးတွင် BGF တပ်ခွဲမှူး စောဘာယိုပါဝင်ပြီး ၎င်းတို့ပိုင်သည့် ကားတစ်စီးကို လည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ 


စစ်ကောင်စီလက်အောက်ခံ BGF များက ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများရှိနေရာ မေလ ၁၉ ရက်နေ့နံ နက် ၁၀ နာရီ ၄၀ မိနစ်အချိန် BGF-1013တပ်ရင်းမှူး မောင်လှကြိုင်၏ အမိန့်ပေးစေခိုင်းချက်အရ ဖိုဃဲထာ ကျေးရွာအတွင်းသို့ အမြောက်ကျည်ဖူးများပစ်ချခဲ့ရာ အရပ်သားပြည်သူ အသက် ၂၁ နှစ်အရွယ် စောကျော်ခူ၏ညာဖက်ညို့သကြီးနှင့် ညာဖက်နို့အုံကို ထိမှန်ကြောင်း၊ လက်နက်ကြီးကျည်သည် စောဖါးကျော်နှင့် စောဖူးမယ်ပါး တို့၏ အိမ် ၂ လုံးကိုပါထိမှန်ပျက်စီးသွားကြောင်း သိရှိရသည်။


BGF နယ်ခြားစောင့်တပ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့က KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်အတွင်းရှိပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်နှင့်အမျှခိုးဆိုးလုယူစားသောက်ကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် လျက်ရှိကြောင်း၊ ခရိုင်အတွင်းရှိအပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ် စည်း စိမ် အားကာကွယ်စောင့်ရှောက်ရန်အတွက် KNLA ကရင်အမျိုးသား တပ်မ တော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများသည် အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ခါးပိုက်ဆောင်BGFတပ်များနှင့် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။ 

Tuesday, 23 May 2023

ပခုက္ကူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ပစ်ခတ် တိုက်ခိုက်၊ ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား


ပခုက္ကူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ပစ်ခတ် တိုက်ခိုက်၊ ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား


ရန်ကုန်၊ မေ ၂၃ 


မကွေးတိုင်း၊ ပခုက္ကူမြို့နှင့် အရှေ့ချောက်ကန်ကြား ယောင်းမစွန်းဆီဆိုင်အနီး၌ ဂိတ်ဖွင့်ကာ ဆတ်ကြေး ကောက်နေသော အကြမ်းဖက်စစ်သား ၄ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Chauk Guerill Force (CGF)မှ တာဝန်ခံဘကွန်းက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ မေလ ၂၂ ရက် နေ့လည် ၁ နာရီခွဲခန့်က ပခုက္ကူ- မြိုင်လမ်းမပေါ် ပခုက္ကူမြို့အထွက် လမ်းပေါ် တွင် ပြည်သူလူထုထံမှ မတရားအဓမ္မ ငွေကြေးတောင်းခံနေသော အကြမ်းဖက်စစ်သား ၄ ဦးကို အလစ် အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


“အနီးနားမှာရှိနေတဲ့ ၃ ဘီးဆိုင်ကယ်က စစ်ခွေးတွေအတွက် အကာအကွယ်ပုံစံမျိုးဖြစ်သွားတာ၊ အပြန် အလှန်ပစ်ခတ်မှုက ၈ မိနစ်လောက်ပဲ ကြာခဲ့တယ်၊ ပခုက္ကူမြို့နဲ့လည်းနီးတယ်၊ အနီးအနားမှာလဲ တပ်ရှိ တယ်၊ ကျနော်တို့ ဆုတ်လာပြီးတော့ စစ်ကူထပ်ရောက်လာတယ်လို့ သိရတယ်” ဟု Chauk Guerill Force (CGF)မှ တာဝန်ခံ ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကို King Fighter KF People Defence Force ၊ MRP Revolution Force (မြိုင်) နှင့် Chauk Guerilla Force -Chauk (ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့) တို့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲများနှင့် အနီးကပ်နေထိုင်သွားမပြုကြရန် မေတ္တာရပ်ခံထားသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း လှည်ပတ်မီးရှို့နေသော အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း Kanbalu Undergroung Warriors တပ်ဖွဲ့ထံမှ သိရသည်။


မေလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဇီးကုန်းတိုက်နယ်တအွင်းရှိ ဘုတ်ကုန်းရွာ၌ ယာယီအထိုင်ချ တပ်စွဲ ထားသော အင်အား ၁၅၀ ခန့်ပါ ခမရ ၃၆၈ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အလားတူ မေလ ၂၀ ရက် ဘုတ်ကုန်းရွာမှ ထွက်ခွာစဉ် နောက်ချန်အကြမ်း ဖက်စစ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်စဉ် အကြမ်းဖက်စစ်သားများ အထိနာပြီး ရှေ့ဆက်မတိုးတော့ပဲ ဘုတ်ကုန်းကျေးရွာအတွင်း ပြန်ဝင်ခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့ ၊ MPF-U 18၊ လင်း ယုန်နီ ၊ နယ်မြေခံ ပ က ဖ အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ထို့နောက် ဘုတ်ကုန်းကျေးရွာအတွင်း၌ အင်အားထပ်ဖြည့်ပြီး ဘုတ်ကုန်းရွာမှ ထပ်မံ ထွက်ခွာစဉ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာအတွင်းသို့ ထပ်မံပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ဘုတ်ကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မေလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် ဘုန်းကုန်းကျေးရွာမှ အနောက်တောင်ဘက်သို့ ထွက်ခွာ သွားပြီး မင်းရွာတောကျေးရွာ၌ ယာယီစခန်းချနားနေသည်ဟု ဆိုသည်။


ယင်းအကြမ်းဖက်စစ်သားများသည် မေလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် ကန့်ဘူမြို့နယ်၊ ကျန်ကျည်း ကုန်းရွာနှင့် ဆူးတပ်ရွာကို မီးရှိုခဲ့ပြီး ဘုတ်ကုန်းရွာအတွင်းဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မုံရွာတွင် သာစည် ရဲစခန်းမှ ကွမ်းယာ ထွက်ဝယ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး


မုံရွာတွင် သာစည် ရဲစခန်းမှ ကွမ်းယာ ထွက်ဝယ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး


ရန်ကုန်၊ မေ ၂၂


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် သာစည်ရဲစခန်းမှ ကွမ်းယာဝယ်ရန် ထွက်လာသည့် ရဲနှစ်ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးသွားကြောင်း ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၂၀ ရက် နေ့လည် ၁၂ နာရီခန့်က သာစည်ရဲစခန်းမှ အရပ်ဝတ်ဖြင့် ထွက်လာပြီး ကွမ်းယာဝယ်နေ သော ရဲနှစ်ဦးကို ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၁ ၊ မုံရွာခရိုင် တပ်ရင်း၂၅ တပ်ခွဲ ၄ တို့ပူးပေါင်းကာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲ တစ်ဦး ထိမှန်ပြီး ထွက်ပြေးသွားရာ ရဲစခန်းအရောက်သေဆုံးသွားပြီး ကျန်ရဲတစ်ဦးမှ ထိမှန်ခြင်းမရှိပဲ လွတ်မြောက် သွား ကြောင်း သိရသည်။


“ခွေးတွေက နေ့တိုင်းကွမ်းယာထွက်နေကျ၊ အရင်က အခုစားတဲ့ဆိုင်မဟုတ်ဘူး၊ အခုစားတဲ့ဆိုင်ရှေ့က ဆိုင်မှာ ဝယ်နေကြ၊ တစ်ယောက်ကတော့ အတိုပါတယ်ထင်တယ်၊ ကျနော်တို့လဲမြင်ရော သင်္ကာဖြစ်လို့ အစီအစဉ်မကျပဲပစ်ခတ်ခဲ့ရတာ၊ စခန်းကလည်းနီးနေတော့၊ ကျနော်တို့ပစ်လို့ ထိတဲ့တစ်ကောင်ဆိုရင် ကုန်းပြီးပြေးတာ၊ သိပ်တောင်မပြေးနိုင်ဘူး၊ စခန်းရောက်တော့ သေသွားတယ်” ဟု ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်မရှိ ပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပြီးနောက် ရွာထဲသို့ လှည့်ပတ်ဆဲဆိုသောင်း ကျန်းကာ ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ 

Monday, 22 May 2023

မိုင်းပွန် ခမရ ၅၁၇ တပ်မက ဗိုလ်ကြီး မျိုးသီဟ ကရင်နီပြည်နယ် တိုက်ပွဲမှာ သေဆုံး...


မိုင်းပွန် ခမရ ၅၁၇ တပ်မက ဗိုလ်ကြီး မျိုးသီဟ ကရင်နီပြည်နယ် တိုက်ပွဲမှာ သေဆုံး... 



မင်္ဂလာဆောင် အပြီး ၅ လအကြာ တိုက်ပွဲမှာ သေဆုံးခဲ့တာဖြစ်ပြီး အလောင်းပြန်မရ 

++++++++++++

မေ ၂၂ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ၅၁၇ တပ်က ဗိုလ်ကြီးမျိုးသီဟဟာ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲမှာ သေဆုံးသွားပြီး အလောင်း ပြန်မရဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ 


မေလ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲမှာ ဗိုလ်ကြီးမျိုးသီဟ သေဆုံးသွားတာဖြစ်ပြီး အလောင်းပြန်မရဘဲ နေအိမ်ကိုသာ စစ်တပ်က အကြောင်းကြားလာသလို ဗိုလ်ကြီး မျိုးသီဟဟာ အခုနှစ် ဖေဖော်ဝါရီလအတွင်း မင်္ဂလာဆောင်ခဲ့ပြီးနောက် ၅ လအကြာ မေလ ၂၀ ရက်နေ့မှာ တိုက်ပွဲကျတာဖြစ်တယ်လို့ သိရပါတယ်။ 


"သိရသလောက်တော့ မင်္ဂလာဆောင်ပြီးတော့ ခွင့်တောင် သိပ်မရလိုက်ဘူး။ ရှေ့တန်း ထွက်ခိုင်းတာလို့သိရတယ်။ အခု နာရေးကတော့ တပ်ထဲမှာ အလောင်း ပြန်မရဘူး။ မိုင်းပွန် ခမရ ၅၁၇ က ဗိုလ်ကြီးမျိုးသီဟ။ သူ့အမျိုး သမီးဆို ရင်တွေကွဲပေါ့။ မိုင်းပွန်နယ်မှာ အဲဒီ တပ်တစ်ခုပဲရှိတာ" လို့ မိသားစုနဲ့နီးစပ်သူ မိတ်ဆွေက ပြောပါတယ်။ 


လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းက တပ်များအားလုံးကို ကရင်နီပြည်နယ်ထဲရော၊ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်မှာပါ အင်အားအလုံးအရင်းနဲ့ ချထားကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပေမယ့် စစ်ကောင်စီတပ်ဘက်က သေဆုံးမှု အင်မတန်များပြားနေပြီး တပ်ရင်းမှူး၊ ဗျူဟာမှူးကစလို့ အရာရှိများအပါအဝင် စစ်သားများသေဆုံးနေကြတာဖြစ်တယ်လို့ သိရပါတယ်။ 

Breaking News- ဒဂုံဆိပ်ကမ်းမှ နာမည်ဆိုးဖြင့်ကျော်ကြားသော စစ် ကောင် စီ ခန့် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ) ဇော်လွင် နှင့်ရာအိမ် မှူး ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က ဒဂုံဆိပ်ကမ်းမြို့နယ်တစ်ခုလုံးကို ပိတ် ဆို့စစ်ဆေးနေ


 Breaking News- ဒဂုံဆိပ်ကမ်းမှ နာမည်ဆိုးဖြင့်ကျော်ကြားသော စစ် ကောင် စီ ခန့် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ) ဇော်လွင် နှင့်ရာအိမ် မှူး ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က ဒဂုံဆိပ်ကမ်းမြို့နယ်တစ်ခုလုံးကို ပိတ် ဆို့စစ်ဆေးနေ


ရန်ကုန်၊ မေ ၂၂ 


ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားသော စစ် ကောင် စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင်နှင့် ရာအိမ်မှူး ၂ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။


မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စစ်ကောင်စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင်နှင့် ရာအိမ်မှူး ၂ ဦးတို့ ကြက်တိုက်ရန်အသွားတွင် သေနတ်သမားများက ပစ်ခတ် ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေနတ်သံ အချက် ၂၀ ကျော် ထွက်ပေါ် ခဲ့ကြောင်း သိရှိရသည်။ 


"၈၈ ရပ်ကွက်ရဲ့ ၃ ဆက်မြောက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် တောက် တဲ့ ၎င်းအိမ်အနီးမှာ ပစ်ခတ်ခံရပါတယ်။ သူက ကြက်တိုက်ရတာ ဝါသနာပါတော့ ကြက်ဝိုင်းသို့ အသွား အပစ်ခံရတာ။ ပစ်ခံရတာမှာ သူနဲ့အတူ 

ရာအိမ်မှူး ၂ကောင်ပါ သေပါတယ်။ စုစုပေါင်း သေဆုံးတာက ၃ ဦးပါ။ ကျည် ဆန် အချက် ၂၀ကျော် ကြားရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


သေဆုံးသွားသော အုပ်ချုပ်ရေးမှူး တောက်တဲ့သည် သေနတ်ဖြင့် ပစ်ခံရ၍ သေသွားသော ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၈၈ ရပ်ကွက်၏ တတိယမြောက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အာဏာသိမ်းပြီး ပထမအုပ်ချုပ်ရေးမှူး ခင်ဦး၊ ဒုတိယ အုပ်ချုပ်ရေးမှူး သိန်းဇော်တို့ ၂ ဦးမှာလည်း သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံး သွားခဲ့ကြခြင်းဖြစ်သည်။ 


တောက်တဲ့(ခ) ဇော်လွင်သည် သေနတ်ဖြင့် အပစ်ခံခဲ့ရသော်လည်း လွတ် မြောက် ခဲ့ သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဇော်လွင်(ခ) တောက်တဲ့၏ နေအိမ်ကို ပျောက်ကျားတပ်ဖွဲ့တချို့က ဝင်ရောက် ပစ်ခတ်ရာ တောက်တဲ့(ခ) ဇော်လွင် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ 


ဒဂုံဆိမ်ကမ်းမြို့နယ်မှ အမှတ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့သည် လူငယ်များ၏ ဖုန်းကို လိုက်လံစစ်ဆေးပြီး နိုင်ငံရေးပို့စ်တွေ့ရှိပါက စစ်တပ်ထံ အပ်နှံခြင်းများ လုပ်ဆောင်ကြောင်း၊ ရပ်ကွက်တွင် ဧည့်စာရင်း ကြေး အလွန်မြင့် မားစွာတောင်းပြီး အိမ်ရှင်-အိမ်ငှားများထံမှလည်း အိမ်ငှား စာချုပ်တစ်စောင် လျှင် ငွေကျပ် ၅၀၀၀ မှ စတင်၍ တောင်းယူကြောင်း သိရှိရသည်။ 


"ရပ်ကွက် လူကြီး တောက်တဲ့က ဇူလိုင်လတုန်းက လူငယ်လေး ၂ ဦးရဲ့ဖုန်း ကိုစစ်ပြီး တစ်ယောက်ရဲ့ဖုန်းမှာ နိင်ငံရေး ပို့စ်တွေ‌ရှိလို့ဆိုပြီး စစ်တပ်လက်အပ် လိုက်ပါတယ်။ အဲဒါ ရိုက်နှက် ထိုးကြိတ်သေးတာ။ အိမ်ရှင်-အိမ်ငှားတွေကို အိမ်ငှား စာချုပ် လုပ်ခိုင်းပြီး တစ်စောင် ၅၀၀၀တောင်းတယ်။ အိမ်ငှား သမားတွေ ရဲ့ ဓာတ်ပုံ တောင်းတယ်။ ၅/ တွေ ဆို အိမ်ငှားစာချုပ်ကို တစ် စောင် ၂သောင်းတောင်းတယ်။ ဧည့်စာရင်းတိုင်ခဆိုရင်လည်း သူကြိုက် သ လောက် တောင်းတာ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။


လက်ရှိတွင် စစ်တပ်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ ၉၀ ရပ်ကွက်နှင့် ၉၁ ရပ်ကွက် အပါအဝင် မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

Sunday, 21 May 2023

စစ်ကိုင်းမြို့နယ်၊ ပဒူရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ရွာ ၈ ရွာမှ ပြည်သူထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေရ


စစ်ကိုင်းမြို့နယ်၊ ပဒူရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ရွာ ၈ ရွာမှ ပြည်သူထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေရ 


ရန်ကုန်၊ မေ ၂၁


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။


ယနေ့ မေလ ၂၁ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းတပ်မှ ၃၃ မှ အင်အား ၁၀၀ ခန့်ဖြင့် ပဒူကျေးရွာ ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို နံနက် ၁၁ နာရီခန့်မှ စတင်ပြီး ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ အပြင်းအထန်တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများ အပြားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ 


“တိုက်ပွဲက ပဒူရွာတောင်ဘက် ‌ရွှေတိဂုံဘုရားအနီးမှာ တိုက်ပွဲကဖြစ်ကြတာ။ ကျနော်တို့ဘက်ကနေ ခွေး တွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်၊ လက်နက် ငယ်တွေ နဲ့လည်း ထိပ်တိုက်ပစ်ခတ်တယ်။ ဝေဟင် က နေ လည်းဒရုန်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ခွေးတွေဘက်ကတော့ အထိခိုက်များနိုင်မယ်။အ‌ရေအ တွက် အတိကျတော့ မသိရသေးဘူး။ ကိုယ်ဘက်ကတော့ ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ တယ်။ အ ခု တော့ ဆေးကုသမှုပေးထားလို့ အခြေ အနေ တော်တော်သက်သာနေပြီ” ဟု ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ပဒူကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲ အတွင်းသို့ ပဒူနယ်မြေရဲ စခန်းမှလည်း စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှု ကြောင့် စစ်ကိုင်း မြို့နယ်မြောက် ခြမ်းရှိ ကျေးရွာများဖြစ်သော စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ကျောက် ပနန် ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပဒူကျေးရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခ အနောက်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရသည်။


ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ပဒူတိုက်နယ်မှ ထွက်ပြေးနေရသော စစ်ဘေးရှောင် ပြည်သူများ။ 


Photo- ပေးပို့။ 

ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး


 ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး


ရန်ကုန်၊ မေ ၂၁ 


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့ နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ 


ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြို့နယ် ပအဖ)၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ နှင့် LDF များက စစ်ကောင်စီ အကြမ်းဖက်အုပ်စုနှင့် မိသား စုများ၊ ၄င်းတို့၏ (ဒေါက်တိုင်) အကျိုးတူစီးပွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စစ်တပ် ထုတ် Dagon အမှတ်တံဆိပ် အရက်၊ ဘီယာများ သယ် ဆောင် လာသည့် ကား ၃ စီးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 


ကား ၃ စီးက တင်ဆောင်လာသော စစ်တပ် ထုတ် ကုန် အရက်ဘီယာများ စုစုပေါင်း ကာလ တန်ဖိုး သိန်း လေးရာ နှစ်ဆယ် လေးသိန်း ရှစ်သောင်းကျပ် တန်ဖိုးရှိသော စစ်တပ်ထုတ် ဘီယာ ဂျပ်ဖာပေါင်း ၅၄၀ ဖာ၊ ဗူးပေါင်း ၁၁၀၄၀ ဗူး၊ ပုလင်းပေါင်း ၇၈၀ ပုလင်း၊ သိမ်းဆည်းခဲ့ကြောင်း၊ ထိုသိမ်းဆည်းရမိ ပစ္စ ည်း များ အားလုံးကို တော်လှန်ရေးအင်အားစုများက အများပြည်သူရှေ့တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။ 


အကြမ်းဖက် စစ်ကောင်စီနှင့် မိသားစုများ၊ ၄င်းတို့နှင့် အကျိုးတူ စီးပွားဘက် ဖြစ်သော စစ်တပ်ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ ရရှိသော အမြတ် အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီး စေနိုင်သည့် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စစ်တပ် ထုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ၍ နှိုးဆော်တိုက်တွန်း ထားသည်။

Saturday, 20 May 2023

နတ်မောက်မြို့တွင် PDF တပ်ခွဲမှူးကို လာဖမ်းသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကောလင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၆ ဦးသေဆုံး


နတ်မောက်မြို့တွင် PDF တပ်ခွဲမှူးကို လာဖမ်းသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကောလင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၆ ဦးသေဆုံး


ရန်ကုန်၊ မေ ၂၀


မကွေးတိုင်း၊ နတ်မောက်မြို့တွင် PDF တပ်ခွဲမှူးကို လာဖမ်းသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း နတ်မောက် ဂဠုန် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးလမ်းဆုံ ဖူးပွင့်ဝေစားသောက်ဆိုင်တွင် ခေါက်ဆွဲကြော်လာစားသည့် နတ်မောက် ဂဠုန် PDF တပ်ခွဲမှူး ဗိုလ်အောင်ဒင်ကို အကြမ်းဖက် စစ်တပ်က လာရောက်ဖမ်းဆီးစဥ် ဆိုင်ကယ်ထဲရှိ ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ 


"ခွေးအုပ်စုက လာဝိုင်းတာ။ တပ်ခွဲမှူးက လွတ်အောင်ပြေးထွက်န်ိုင်ခဲ့ပြီး တပ်ခွဲမှူးဆိုင်ကယ်ကို ဝိုင်းနေတုန်း တပ်ခွဲမှူးက ဆိုင်ကယ်ထဲက ဆွဲမိုင်းကို ခွဲလိုက်တာ ။ လူလွတ်သွားလို့ ဆိုင်ကယ်ကိုဝင်စစ်ချိန် တပ်ခွဲမှူးက ခွဲလိုက်တာ။ သေတာက စုတ်ပြတ်သွားတယ် ပြောတယ်။အောင်သူနဲ့ ဇော်မျိုးလို့သိရတယ်။ သူတို့ရာထူးတွေတော့ မသိဘူး။ အခုထိ လာတောင် မသယ်သေးဘူး ကြားတယ်။ ၄ ကောင်တောင်တဲ့ သေတာ။အခုလောလောဆယ် ခြေတွေ အတော်ရှုတ်နေတယ် ခွေးတွေ"ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ 


ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကောလင်း-ကိုးတောင်ဘို့ လမ်းမကြီးတစ်နေရာ၌ မေလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Kawlin Revolution-KR မှ သိရှိရသည်။


တိုက်ခိုက်မှုကို THE SECRET WARRIOR KAWLIN ၊ KB2 ပ.က.ဖ နှင့် ကောလင်းမြို့နယ် ပ.က.ဖ အဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မိုင်းဆွဲပြီးချိန်တွင် စစ်ကောင်စီဝင်များမှ စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း Kawlin Revolution-KR ထံမှ သိရှိရသည်။ 

ရေးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားနေ၊ မြိုင်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်


ရေးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားနေ၊ မြိုင်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်


ရန်ကုန်၊ မေ ၂၀


မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားနေကြောင်း Albino Tiger Company-1 ထံမှ သိရသည်။


မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ ခန့်တွင် ရေးမြို့နယ် မြောက်ပိုင်း ဝါဘသဲကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ကျားဖြူစစ်ကြောင်း ၂ ၊ နယ်မြေ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များ အကြား တိုက်ပွဲ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။ 


ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၁၉ ရက်နေ့ ၉ နာရီဝန်းကျင် ခန့်တွင် စက်မှု ၂ စစ်တပ်ကို လျှပ်စစ်ပေးနေသည့် ဓာတ်အားလိုင်းအား ပြင်ဆင်ရန်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို သရက်ကန် ပျူစောထီးစခန်းနှင့် တွင်းမ ပျူစောထီးစခန်း အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားမှာ ပျက်စီး ရပ်တန့်သွားပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။


အဆိုပါ လမ်းပိုင်းသည် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့လမ်းကြောင်းဖြစ်ပြီး လမ်းပိုင်းမှာလဲ ပျက်စီးသွားကြောင်း၊ စစ်တပ်၏ ထောက်ပို့လမ်းကြောင်း ဖြစ်သောကြောင့် စစ်ကြောင်းအကာအကွယ်ဖြင့် လုံခြုံရေးယူကာ ချက်ချင်း ပြန်လည် ပြင်ဆင်သွားကြောင်း သိရသည်။


ယင်း တိုက်ခိုက်မှုကို မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ › တပ်ခွဲ-၁ ၊ တပ်ခွဲ - ၂ (ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့(မြိုင်) ၊ KMDF(ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့) ၊ ဘီလုံးငှက်တပ်ဖွဲ့ စသည့် ပကဖ ပူပေါင်းတပ်ဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

Friday, 19 May 2023

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စနိုက်ပါ အထူး လက်ဖြောင့် မွန်းမံ သင်တန်း အောင်မြင်စွာ ပြီးစီး


 အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စနိုက်ပါ အထူး လက်ဖြောင့် မွန်းမံ သင်တန်း အောင်မြင်စွာ ပြီးစီး 


ရန်ကုန်၊ မေ ၁၉ 


KNU တပ်မဟာ ၆ နယ်မြေအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စနိုက်ပါ အထူး လက်ဖြောင့် မွန်းမံသင်တန်းကို ယနေ့ မေလ ၁၉ ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။


အထူးလက်ဖြောင့် မွန်းမံ သင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ MSRF မှ အတွေ့အကြုံရှိ ထူးချွန် စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍ စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံ၊ ပုံစံမျိုးစုံကို အချိန်တစ်လ ကြာသည်အထိ လက်တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ပြီး တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။


မွန်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ဖက်ဆစ်စစ်တပ်လက်အောက်ခံ မတရားရုံးမှ ထောင်ဒဏ် အနှစ်(၂၀) ထပ်မံချမှတ်၊ စုစုပေါင်း (၅၂) နှစ်ထိ ရှိလာ


မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ဖက်ဆစ်စစ်တပ်လက်အောက်ခံ မတရားရုံးမှ ထောင်ဒဏ် အနှစ်(၂၀) ထပ်မံချမှတ်၊ စုစုပေါင်း (၅၂) နှစ်ထိ ရှိလာ

=================================


မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖက်ဆစ် စစ်တပ် လက်အောက်ခံ မတရားရုံးမှ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် နောက်ထပ် ထောင်ဒဏ် နှစ်(၂၀) ချမှတ်လိုက်ကြောင်း သိရပါသည်။


ပုဒ်မ ၅၀၅-က ဖြင့် ငါးမှု - (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇ တို့ဖြင့် အနှစ် (၂၀) မတရား ချမှတ်ထားရာ ယခု ပုဒ်မ ၁၂၂ ဖြင့် အနှစ် (၂၀) ဆိုလျှင် စုစုပေါင်း (၅၂) နှစ်ထိ ရှိလာပြီ ဖြစ်ပြီး မတရားစွပ်စွဲထားသည့် လူသတ်မှုမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။


"နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၂ ကို ဥပဒေ ရှုထောင့်အရ ဖြစ်စေ၊ နိုင်ငံရေး ရှုထောင့်အရ ဖြစ်စေ မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ အမှန်တကယ် ဖောက်ဖျက်ကျူးလွန်သည်မှာ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင်များသာ ဖြစ်ပါသည်။"


ဖက်ဆစ်စစ်တပ် လက်အောက်ခံ တရားရုံးများမှ နိုင်ငံရေး အကျဥ်းသားအားလုံးအပေါ် ယခုကဲ့သို့ မတရားစွပ်စွဲ အမိန့်ချမှတ်နေခြင်းကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါသည်။ 


တော်လှန်ရေးကာလအတွင်း ဖက်ဆစ်စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ တရားရုံးများ အပါအဝင် စစ်တပ်နှီးနွယ် အဖွဲ့အစည်းများကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထု အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးအတွက် တရားမျှတမှု ဆောင်ကြဥ်းပေးနိုင်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးသည် အလွန်အရေးကြီးသည့် နိုင်ငံရေးလုပ်ငန်းစဥ်(ဝါ) အသွင်ကူးပြောင်းရေး လုပ်ငန်းစဥ်အဖြစ် ခိုင်ခိုင်မာမာ တည်ရှိနေရမည် ဖြစ်ပါသည်။


"ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေး အကျဥ်းသားအားလုံး ချက်ချင်းလွှတ်"


#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ 

KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ် စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ


 KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ်  စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၁၉ 


KNU တပ်မဟာ ၃ စစ်ရေးနယ်မြေအတွင်း၌ ဒဏ်ရာရ အ ကြမ်း ဖက်စစ်သားများကို ကားဖြင့် သယ် ဆောင်နေစဉ် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း Royal Peacock Column ထံမှ သိရသည်။


ဧပြီလ ၂၂ ရက် နေ့လည် ၁၂ နာရီခန့်က စစ်ရေးနယ်မြေအ တွင်းသို့ ထိုးဖောက်ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရ စစ်သားများကို အရပ် သားသုံး Like Truck ကားဖြင့် သယ်ဆောင်နေစဉ် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးထိမှန်ပြီး တစ်ဦးထွက် ပြေး သွားကာ ယင်းကားပေါ်မှ MA 3 ၂ လက်၊ MA 4 ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၀၀ ခန့်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။


စနိုက်ပါဖြင့် ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိကာ ထွက်ပြေးသွားသော အကြမ်း ဖက် စစ်သားကို လိုက်လံ ချေမှုန်းစဉ် နောက် ထပ် တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ကြောင်း Royal Peacock Column က ထုတ်ပြန်ထား သည်။

တောင်ငူထောင်တွင် သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက ထောင်တံခါးကို ခြေဖြင့်ကန် တိုးထွက် သေနတ်လုယူ ထွက် ပြေးခဲ့ပြီး ၉ ဦး လွတ်မြောက် နယ်မြေ ရောက်ရှိ


 တောင်ငူထောင်တွင် သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက ထောင်တံခါးကို ခြေဖြင့်ကန် တိုးထွက် သေနတ်လုယူ ထွက် ပြေးခဲ့ပြီး ၉ ဦး လွတ်မြောက် နယ်မြေ ရောက်ရှိ


■ ထောင်ဖောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ၁ ဦး ပြန်ဖမ်းမိပြီး သေဆုံး


ရန်ကုန်၊ မေ ၁၉


ပဲခူးတိုင်း၊ တောင်ငူထောင်တွင် စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိခဲ့သော တောင်ငူထောင် ဖောက်ပြေးခဲ့သော သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ အပါအဝင် အကျဉ်းသား ၁၀ ဦး အနက်မှ ၉ ဦး လွတ်မြောက်နယ်မြေရောက်ရှိကြောင်း နယ်မြေခံ တော်လှန်ရေး သတင်းရင်းမြစ်များက ပြောသည်။


မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်းမှ အချုပ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦး၊ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦး ၊ သေဒဏ်ကျ နိုင်ငံရေး အကျဉ်းသူ ၂ ဦး တို့က ရုတ်တရက် အချုပ်ခန်းတံခါးကို ခြေထောက်ဖြင့် ကန် အတင်းတိုးထွက်ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်များ လုယူ ထွက်ပြေးခဲ့ကြကြောင်း ၊ ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ် ၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။


စစ်တပ်က ထွက်ပြေးသွားသော အကျဉ်းသား ၁၀ ဦးကို လိုက်လံဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး မောင်မျိုး သေဆုံးပြီး တပ်သား ၁ ဦး၏ ကာဘိုင် ၁ လက်၊ မောင်းပြန် သေနတ် ၁ လက် ထပ်မံပါသွားကြောင်း သိရှိရသည်။


"၉ ဦးကတော့ လွတ်မြောက်နယ်မြေ ရောက်ရှိသွားပြီ။ ၁ ဦးကတော့ ပြန်ဖမ်းမိပြီး သေဆုံးသွားပါတယ်" ဟု နယ်မြေခံသတင်းရင်းမြစ်က ပြောသည်။


တောင်ငူထောင်တွင် ဒုအရာခံ ရွှေဗျိုင်းက ဦးဆောင်ပြီး ပျူစောထီးများနှင့် ပြည်သူ့စစ်များက စစ်တပ်နှင့်အတူပူးတွဲ လုံခြုံရေး ယူနေခြင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကို ချုပ်နှောင်ထားသော ထောင်တစ်ခုဖြစ်ကြောင်း၊ စစ်တပ် အင်အား မရှိ၍ ပြည်သူ့စစ်နှင့် ပျူစောထီးများ၊ စစ်သားဟောင်းများကို တာဝန်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။


"လွတ်မြောက်သူတွေက စစ်တပ်က အကြမ်းဖက်ဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူတွေဖြစ်ပါတယ်" ဟု ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

Thursday, 18 May 2023

Breaking News- သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အကျဉ်းသား များအပါအဝင် ၁၀ ဦးလွတ်မြောက်


 Breaking News- သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အကျဉ်းသား များအပါအဝင် ၁၀ ဦးလွတ်မြောက်


■ လက်နက် ၄ လက် ယူဆောင်နိုင်ခဲ့ပြီး ပစ်ခတ်မှုတွင် စစ်သား ၁ ဦး သေဆုံး


ရန်ကုန်၊ မေ ၁၈ 


သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အကျဉ်းသား များအပါအဝင် အကျဉ်းသား ၁၀ ဦးလွတ်မြောက်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။ 


 မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်း တရားရုံးထုတ်၍ အချုပ်ခန်းချိန်းစဉ် အကျဉ်းသား ၁၀ ဦးက ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ် 

၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။ 


စစ်တပ်က ထွက်ပြေးသွားသော အကျဉ်းသား ၁၀ ဦးကို လိုက်လံဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး မောင်မျိုး သေဆုံးပြီး တပ်သား ၁ ဦး၏ ကာဘိုင် ၁ လက်၊ မောင်းပြန် သေနတ် ၁ လက် ထပ်မံပါသွားကြောင်း သိရှိရသည်။ 


တောင်ငူထောင်တွင် ဒုအရာခံ ရွှေဗျိုင်းက ဦးဆောင်ပြီး ပျူစောထီးများနှင့် ပြည်သူ့စစ်များက စစ်တပ်နှင့်အတူပူးတွဲ လုံခြုံရေး ယူနေခြင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကို ချုပ်နှောင်ထားသော ထောင်တစ်ခုဖြစ်ကြောင်း၊ စစ်တပ် အင်အား မရှိ၍ ပြည်သူ့စစ်နှင့် ပျူစောထီးများ၊ စစ်သားဟောင်းများကို တာဝန်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"လွတ်မြောက်သူတွေက စစ်တပ်က အကြမ်းဖက်ဥပဒေနဲ့ မတရားဖမ်းဆီးထားသူတွေဖြစ်ပါတယ်။ အခု လွတ် မြောက်သူတွေကို ဓာတ်ပုံတွေ နာမည်တွေနဲ့ ဖြန့်ကျက်ပြီး ရှာဖွေနေတာမို့ အမြန်ဆုံး လွတ်မြောက်အောင် ရှောင်ကြဖို့ တိုက်တွန်းချင်ပါတယ်" ဟု ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

NUG အမျိုးသားညီညွတ်ရေးအစိုးရက ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး အသုံးပြုရန် AA ထံသို့ သိန်း ၁၀၀၀ လှူဒါန်း




 NUG အမျိုးသားညီညွတ်ရေးအစိုးရက ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး အသုံးပြုရန် AA ထံသို့ သိန်း ၁၀၀၀ လှူဒါန်း


■ KIO က သိန်း ၃၀၀၀ နှင့် MNDAA ကိုးကန့်တပ်ဖွဲ့က သိန်း ၁၀၀၀ စီလှူဒါန်း


ရန်ကုန်၊ မေ ၁၈ 


ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သော အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှု ကြီးမားနေသော ရခိုင်ပြည်သူလူထု ပြန်လည် ထူထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က AA ထံသို့ သိန်း ၁၀၀၀ လှူဒါန်းကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 


NUG အစိုးရက ရခိုင်တွင် ကြုံတွေ့နေရသည့် မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လူသားချင်းစာနာထောက်ထားမှုဖြင့် လှူဒါန်းလာသည့် ငွေကျပ် သိန်း ၁၀၀၀ ကို ကောင်းမွန်စွာ လက်ခံရရှိကြောင်း၊ ရခိုင်ပြည်သူများ ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေ ပီသစွာ ပံ့ပိုးကူညီမှုများအပေါ် ရခိင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်တင်ရှိကြောင်း AA စစ်ဦးစီးချုပ်နှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာတွင် ရေးသားထားသည်။ 


အလားတူ ကေအိုင်အိုက ငွေကျပ် သိန်း ၃၀၀၀ နှင့် MNDAA ကိုးကန့်က ငွေကျပ် သိန်း ၁၀၀၀ စီ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ ပြန်လည် ထူထောင်ရေး လှူဒါန်းမှုအတွက် များစွာ ကျေးဇူးတင်ကြောင်း AAက ထုတ်ပြန်ထားသည်။

မြဝတီမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ထံမှ သေနတ် ၁ လက် သိမ်းဆည်း ရမိ၊ မော်လိုက်တွင် ၅ ရက်ကြာ တိုက်ပွဲပြင်းထန်နေ


 မြဝတီမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ထံမှ သေနတ် ၁ လက် သိမ်းဆည်း ရမိ၊ မော်လိုက်တွင် ၅ ရက်ကြာ တိုက်ပွဲပြင်းထန်နေ


ရန်ကုန်၊ မေ ၁၇


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်တပ်ထံမှ သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထံမှ သိရသည်။


ယနေ့ မေလ ၁၇ ရက်နေ့၌ မြဝတီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က နံနက် ၃ နာရီ ၃၆ မိနစ်မှ နံနက် ၃ နာရီ ၄၀ မိနစ် အထိ လေကြောင်းဖြင့် ၃ ကြိမ် တိုက်ခိုက်မှု ပြုခဲ့ပြီး ၁၂၀ မမ လက်နက်ကြီး၊ ၁၂၂ မမလက်နက်ကြီးတို့ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။


တော်လှန်‌ရေးပူးပေါင်း တပ်ဖွဲ့များ ဖြစ်သည့် တပ်မဟာ ၆ KNU/KNLA၊ ကော်ဘရာ စစ်ကြောင်း ၁ ၊ ကျားသစ်နက် ၊Golden Eagle၊ Federal Wings တို့ လုံခြုံရေး ယူထားသော နယ်မြေများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးတက်လာခြင်းကြောင့် ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ MA1 ၁ လက်၊ MA ကျည်ဘောက် ၅ ဘောက်၊ ကပစကျည် ၁၀၅ တောင့်၊ အီနာဂါ ၁ လုံး၊ 60 mm ၃ လုံး တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်အင်ကျေးရွာအနီးတွင် ၅ ရက်ကြာတိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မော်လိုက်မြို့နယ်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၁၂ ရက်နေ့စတင်၍ ကလေးမြို့မှ တက်လာသော အကြမ်းဖက်စစ်သားများနှင့် မော်လိုက်မြို့နယ် တွင်းရှိ ကင်းတပ်၊ ဇီးကုန်းစသည့် ပျူစောထီးများနှင့် ပူးပေါင်းထားသော အကြမ်းဖက်စစ်ကြောင်းသည် မော်လိုက်မြို့နယ်၊ တောင်တွင်းကျေးရွာနှင့် တောင်အင်းကျေးရွာကြားသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ မော်လိုက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်ပူးပေါင်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ ၅ ကြာတိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။


“မိုခါမုန်တိုင်းမစခင်ကတည်းက ဖြစ်နေတာ၊ ဒီနေ့အထိဖြစ်နေတုန်းဗျ၊ မြေပြင်အခြေအနေက စစ်ခွေး တွေဘယ်လောက်ကျတယ် ဆိုတာတော့ အတိအကျစုံစမ်းလို့မရဘူးဗျ၊ မနက်ကတည်းက စဖြစ်တာ၊ အတော်လေးပြင်းထန်တယ်၊ ဒီနေ့ ညနေ ၂ နာရီ ၃ နာရီလောက်မှာ လက်နက်ကြီးနဲ့ ထုတာ၊ ရွာသူ၊ ရွာသားတွေကတော့ ကြောက်လန့်ပြီး ပြေးလွှားနေကြရတယ်၊ နောက်နေ့တွေလည်း တိုက်ပွဲက ဆက် တိုက်ပြင်းထန်ဖို့ပဲရှိနိုင်တယ်၊ ဒီကောင်တွေက မဆုတ်သေးဘူးဆိုတော့” ဟု မော်လိုက်မြို့နယ်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


မော်လိုက်မြို့အနောက်ဘက် ဒီပင်္ကရာဘုရားတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ၈ ချက်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ မေလ ၁၆ ရက်နေ့ကလည်း ကလေး မြို့မှ အကြမ်းဖက်စစ်ကား ၃ စီးဖြင့် အမျိုးသမီးစစ်သည်မေများပါ စစ်ကူလာခဲ့ကြောင်း၊ ထို့ပြင် ရဟတ် ယာဉ်ဖြင့် လာရောက် ပျံဝဲကြည့်ရှုသွားခဲ့ပြီး ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း သိရသည်။


အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်တွင်းရွာ၊ မှန်ပြင်ရွာ၊ တောင်အင်အစရှိသည့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Wednesday, 17 May 2023

ဒီးမော့ဆိုတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ တနင်္သာရီတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်


 ဒီးမော့ဆိုတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ တနင်္သာရီတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်


ရန်ကုန်၊ မေ ၁၇ 


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း KNDF တပ်ရင်း ၅ ထံမှ သိရသည်။


မေလ ၁၄ ရက် နေ့က အကြမ်းဖက်စစ်သားများ အခြေအနေ ကင်းထောက်ရင်း သေးဆူလဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အလားတူ ယမန်နေ့ မေလ ၁၆ ရက် နေ့ကလည်း သေးဆူလဲကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိကာ KNDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။


ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ၄၃၃ တောင်ကြားတွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။


ယနေ့မေလ ၁၇ ရက် နံနက် ၉ နာရီခန့်က တနင်္သာရီမြို့နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာဘက်မှ ရမ်းဖိုရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုး လာစဉ် ၄၃၃ တောင်ကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အလားတူ ယနေ့ မေလ ၁၇ ရက် နံနက် ၈ နာရီခန့်ကလည်း သကျက်ရွာဘက်ကနေ သိန္ဓောရွာဘက်သို့ တက်လာသော အကြမ်းဖက် စစ်တပ်ခြေလျင်စစ်ကြောင်းကို ဘန်းပြည့်ကျေးရွာ အနောက်ဘက် အင်း ချောင်း၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု၊ တကူကျေးရွာအုပ်စုနှင့် ဘန်းလမွတ်ကျေးရွာအုပ်စုများတွင် အင်တာနက်ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် မုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ရှောင်တဲများကို PRF တပ်ဖွဲ့မှ ရဲဘော်များက ပြန်လည် ရှင်းလင်း တည်ဆောက်ပေး



 ပေါက်မြို့နယ်တွင် မုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ရှောင်တဲများကို PRF တပ်ဖွဲ့မှ ရဲဘော်များက ပြန်လည် ရှင်းလင်း တည်ဆောက်ပေး 


ရန်ကုန်၊ မေ ၁၇


မကွေးတိုင်း ပေါက်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်ဘေးရှောင်များ၏ ယာယီတဲများ ပြိုကျပျက်စီးဆုံးရှုံးရမှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ ရဲဘော်များမှ ဝိုင်းဝန်းကူညီရှင်းလင်း ပြန်လည် တည်ဆောက်ပေးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။ 


ဒေသပြည်သူများသည် အကြမ်းဖက်စစ်တပ်၏ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာများအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုကြောင့် နေရပ်မှ ထွက်ပြေးတိမ်းရှောင် စစ်ဘေးရှောင်ကာ တောတောင်ထဲတွင် ယာယီနေအိမ်တဲတိုက်များ ဆောက်လုပ်နေထိုင်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


“ နေအိမ် ၄၀ ၊ ၅၀လောက်ကူညီပေးဖြစ်ပါတယ်။ မိုခါမုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားတဲ့ အိုးအိမ်အဆောက်အအုံတွေကို ရှင်းလင်းပေးတာတွေ၊ အသုံးဆောင်ပစ္စည်းစုစည်း၊ ခွဲခြမ်းစိတ်ဖြာနေရာချပေးတာတွေ ပြုလုပ်ပေးနေပါတယ်။ နောက်ထပ် အဓိကတစ်ခုကတော့ လူထုရဲ့ စိတ်ပေါ့။‌ စစ်‌မီးဘေးသင့်လို့ စစ်ရှောင်နေရချိန်မှာပဲ အခုလို ရေဘေးသင့်တော့ ဒုက္ခမျိုးစုံကို ခါးစည်းခံ‌နေရတဲ့ အဖိနှိပ်ခံပြည်သူလူထု စိတ်ဓာတ်မကျအောင် အားပေးစကားပြောပြီး အလုပ်လုပ်ရင်း ကူညီပြီး နှစ်သိမ့်ပေးနေတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ 


မုန်တိုင်းကြောင့် စစ်ရှောင်ပြည်သူများ၏ ယာယီတဲများပြိုကျပျက်စီးရုံသာမက ဒေသထွက်စိုက်ပျိုးသီးနှံများ၊ သိုလှောင်ရိက္ခာအချို့နှင့် အသုံးအဆောင်ပစ္စည်းများစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း သိရှိရသည်။ 


ပြည်သူ့တော်လှန်ရေးတပ်ဦး PRF မှ ရဲဘော်များအနေနှင့် ပြည်သူ့ ဒုက္ခ ကိုယ့်ဒုက္ခမှတ်ယူ၍ နိုင်ရာ ဝန်ထမ်းကာ ပြိုကျပျက်စီးသွားသည့် ပြည်သူ့နေအိမ်များကို ဝိုင်းဝန်းရှင်းလင်း ကူညီပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ ပြောကြားသည်။ 


“ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတဲ့အခါမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရလို့ ဘေးလွတ်ရာ တိမ်းရှောင်‌နေရသလို စစ်မီးအကြွင်းအကျန် ကျန်ရှိတာလေးနဲ့ ရပ်တည်နေထိုင်နေကြတာကိုမှ အခုလို မိုခါ လေဘေးရိုက်ခတ်ခံရတော့ ဒီဒေသက ပြည်သူလူထုအနေနဲ့ လူရောကိုယ်ပါဒုက္ခမျိုးစုံ ခံစားနေရပါတယ်”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ 


အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးကာ နေအိမ်များကို မကြာခဏ မီးရှို့မှုကြောင့် စစ်ဘေးသင့်ခဲ့ရပြီး မုန်တိုင်းကြောင့်လည်း ရေဘေး လေဘေးသင့်ခဲ့ရသည့် ပြည်သူများမှာ လူဦးရေ ၈၀၀ ဝန်းကျင် ရှိပြီး အိမ်ခြေ ၁၀၀ ကျော်လောက် အခက်အခဲတွေ့နေရခြင်းဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ထံမှ သိရှိရသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...