Tuesday, 7 March 2023

စစ်ကိုင်း၊ မကွေးအပါအဝင် စစ်မက်ဇုံများသို့ လုံးဝခရီးမသွားရန်နှင့် မန္တလေးသို့ အရေးတကြီးကိစ္စမရှိဘဲ ခရီးမသွားရန် ဗြိတိန်က သတိပေးချက်ထုတ်


 စစ်ကိုင်း၊ မကွေးအပါအဝင် စစ်မက်ဇုံများသို့ လုံးဝခရီးမသွားရန်နှင့် မန္တလေးသို့ အရေးတကြီးကိစ္စမရှိဘဲ ခရီးမသွားရန် ဗြိတိန်က သတိပေးချက်ထုတ်

−−−−−−−−−−−−−−−−

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဗုံးထောင်တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ မြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံသို့ ခရီးမသွားကြရန် ဗြိတိန်နိုင်ငံ Commonwealth and Development Office က မတ်လ ၆ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။


မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်ပြည်နယ်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းများသို့ ခရီးမသွားကြရန် ကြေညာချက်တွင် ပါရှိသည်။


မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရဘဲ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ဟုဆိုသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နှင့် နေပြည်တော် အပါအဝင် စစ်ကောင်စီထိန်းချုပ် အဆောက်အအုံများ၊ စစ်ဆေးရေးဂိတ်များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်များတိုက်ခိုက် ခံနေရသည်ဟု ကြေညာချက်တွင်ဖော်ပြသည်။


နိုင်ငံခြားသားများအကြာခဏ သွားရောက်လေ့ရှိသည့် ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ စသည်တို့လည်း တိုက်ခိုက်ခံရဖွယ်ရှိသည်ဟုလည်းဆိုသည်။


လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မြေမြှုပ်မိုင်းအန္တရယ်နှင့် လက်နက်ကိုင်တိုက်ပွဲငယ်များ အပါအဝင် နိုင်ငံအနှံ့အပြားတွင် ထင်ရှားသည့် အကြမ်းဖက်မှုများ ရှိနေသည်ဟုလည် ကြေညာချက်တွင် ဖော်ပြသည်။


ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းတို့သို့လည်း မသွားမဖြစ်မှသာ သွားလာကြရန် သတိပေးထားသည်။ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနှင့် ရခိုင်တောင်ပိုင်းတို့တွင် ရောက်ရှိနေပါကလည်း သတိကြီးကြီးထားရန်လိုသည်ဟု ဆိုထားသည်။


(ပုံစာ − ခရီးသွားများအတွက် အန္တရာယ်ရှိနေဒသများပြမြေပုံ, အနီရောင် အန္တရာယ်ရှိ ဒေသများ၊ အဝါရောင် သတိဖြင့် သွားလာကြရန်)

Monday, 6 March 2023

"အင်္ကျီတွေ လွှင့်ပစ်ပြီး အမြန်ပြေးတော့..."


 "အင်္ကျီတွေ လွှင့်ပစ်ပြီး အမြန်ပြေးတော့..." 


နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့မှာ ပထမဆုံး ကျဆုံးခဲ့သူ (၄)ဦး အတွက် YRF က ရဲဘော်တွေ လှုပ်ရှားမှုလုပ်နေတာကို မြင်လိုက်ရတဲ့ ပြည်သူတစ်ဦးက စိုးရိမ်စိတ်နဲ့ လှမ်းပြောလိုက်တဲ့ စကားသံပါ။ ဒီစကားသံကိုကြားလိုက်ရတော့ ပီတိဖြစ်ပြီး ပင်ပန်းနေတာတွေ ပျောက်သွားသလို၊ အင်အားတွေလည်း ရရှိခဲ့ပါတယ်။ 


ကျနော်တို့အနေနဲ့ ဒီလိုမျိုးလှုပ်ရှားမှုကို လုပ်ဆောင်ရတာ တကယ်မလွယ်ကူလှပါဘူး။ လှုပ်ရှားမှု လုပ်ဆောင်နေချိန်အတွင်း ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ရဲဘော်တွေအားလုံးကလည်း အဆိုးဆုံးကို ကြိုတင်တွေးတောလို့ စိတ်ကို ပြင်ဆင်ထားပြီး ကြိုးစားလုပ်ဆောင်ရတာပါ။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ အများကြီးရှိပါတယ်။ လှုပ်ရှားမှုကို အောင်မြင်အောင် လုပ်ဆောင်ပြီးတဲ့အချိန်မှာ ရဲဘော်တစ်ဦးကတော့ "ဆယ်တန်းစာမေးပွဲကို (၆) ဘာသာဂုဏ်ထူးနဲ့ အောင်သလိုကို ခံစားရတယ်" လို့ ဆိုပါတယ်။ 


ကျနော်တို့အနေနဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ဆောင်ပြီးချိန် အနီးနားမှာရှိတဲ့ ပြည်သူတွေက အခုလိုမျိုး စိတ်ပူပြီး ပြောတဲ့စကားသံတွေက ကျနော်တို့ ရဲဘော်တွေကို တကယ်ပဲ အင်အားရှိစေပါတယ်။ 


ကျနော်တို့တွေက ပြည်သူကပေးတဲ့ အင်အားတွေနဲ့ ရှေ့ဆက်နေရတာဖြစ်တဲ့အတွက် ဒီလိုမျိုးစိတ်ပူလို့ ပြောတဲ့စကားသံ​တွေကို ကြားရတဲ့အခါ မောပန်းတဲ့စိတ်၊ စိုးရိမ်စိတ်တွေပါ ပြေပျောက်သွားစေပါတယ်။ ပြည်သူတွေပေးတဲ့ ဒီအင်အားတွေကို အသုံးပြုပြီး ရှေ့ဆက် တိုက်ပွဲဝင်နေပါဦးမယ်။ ✊️


#yangonrevolutionforce 

#yrf

#WhatsHappeningInMyanmar

Sunday, 5 March 2023

Ko Min Ko Naing to Ko Jimmy


 “ဖက်လျှောက်ချင်ဆုံး သူ့ပုခုံးဆီ


မှန်းရည်ဦးညွှတ် လွမ်းပွင့်ဆွတ်ရုံ တတ်နိုင်တယ်……”


မင်းကိုနိူင်

Aung San Suu Kyi[Revo Voices]


 စိတ်ခိုင်တယ်နော် 

ကောက်ရိုးမီး ‌‌‌လောင်တဲ့

လူမျိုးမဟုတ်ဘူးနော်

ဒါဆို ကျွန်မကျေနပ်ပြီ

Min Ko Naing[Revo Voices]


 "အမေ့အိမ်မှာ သားချော့တေးနဲ့ မှေးချင်ကြသူချည်းပေါ့ဗျာ မီးလောင်ပြင်တရား၊ ဘယ်သူက ကန္တာရမျက်လုံးနဲ့ နာချင်ပါ့မလဲ"


"သွေးဆာနေလို့ စစ်ကိုရွေးကြသူတွေမဟုတ်

သွေးချောင်းစီးသ‌-တ်နေလို့ ထ, တော်လှန်နေကြတာ"


မသိချင်ယောင်မဆောင်ကြဖို့ပါ


#မင်းကိုနိုင်

3.3.23

Saturday, 4 March 2023

နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် "လွတ်လပ်ခါမှ အမျှဝေမယ်" ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချ


 နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် "လွတ်လပ်ခါမှ အမျှဝေမယ်" ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချ


ရန်ကုန်၊ မတ် ၄ 


နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် "လွတ်လပ်ခါမှ အမျှဝေမယ်" ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း ရုပ်ရှင်ပြသရေးနှင့် ရန်ပုံငွေရှာဖွေရေး အဖွဲ့များက ပြောသည်။ 


ကရင်နီ ဒေသတွင် အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းဖြစ်သော "လွတ် လပ် ခါမှ အမျှဝေမယ်" ရုပ်ရှင်ကို ဒါရိုက်တာ နှင့် ထုတ်လုပ်သူ စိန်သီး၊ အောင်သော်က ရိုက်ကူးထားပြီး မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်က ထောက်ပံ့ ကူညီပေးထားကြောင်း သိရှိရသည်။ 


ထိုင်းနိုင်ငံတွင် အဆိုပါ ရုပ်ရှင်ကို ပြသရန် KTJ Supporting Group ကတာဝန်ယူခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။ 


နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုပါ ရုပ်ရှင်ကို လာမည့် မတ်လ၁၂ ရက်နေ့   


Span Sports Complex

98 Phutthamonthon Sai 4 Rd. Krathum 9 Krathum fell. Sam phran

တွင် 


နံနက် ပွဲစဉ် ၁ -(နံနက် ၁၁ နာရီ)

ပွဲစဉ် ၂-( မွန်းလွဲ ၁နာရီ)

ပွဲစဉ် ၃-(မွန်းလွဲ ၃နာရီ) ၃ ကြိမ်ခွဲ၍ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ရုပ်ရှင်လက်မှတ်များကို KTJ Supporting Group တာဝန်ခံများထံ ပွဲစဉ်အလိုက် တိုက်ရိုက်ဆက်သွယ် ဝယ်ယူ အားပေးနိုင်ပြီး လက်မှတ် တစ်စောင် ၂၀၀ဘတ်နူန်းဖြင့် အားပေးနိုင်ကြောင်း၊ ရုပ်ရှင်ပြသမှုမှ ရရှိလာသည့် အမြတ်ငွေများကို MOD ကာကွယ်ရေးဝန်ကြီးဌာန နှင့် CDM အနုပညာရှင်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Friday, 3 March 2023

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုကျော်ရဲအောင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံ ရမှုကြောင့် ကျဆုံးခဲ့ရသော ကိုကျော်ရဲအောင်


အသက် ၃၈ ခန့်ရှိသည့် ကိုကျော်ရဲအောင်သည် ၂၀၂၁ ခုနှစ် စစ်ကိုင်း တိုင်း၊ မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်း ဖက် ဖြိုခွင်းခံ ရမှုတွင် ဒဏ်ရာ ရရှိပြီးနောက် မတ်လ ၁၁ ရက်နေ့တွင် ကျဆုံး ခဲ့ရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုမင်းခန့်ကျော်(ဖိုးသဲ)


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ဝမ်းဗိုက်သေနတ်ကျည်ထိကာ ကျဆုံးခဲ့ရသော ကိုမင်းခန့်ကျော် (ဖိုးသဲ)


ကိုမင်းခန့်ကျော် (ဖိုးသဲ) သည် ကျဆုံးချိန်တွင် အသက် ၁၇ နှစ်ရှိပြီး မုံရွာမြို့ ဂရုဏာ မြင့်မိုရ် ပရဟိတအသင်းမှ အသင်းသားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။


ကိုမင်းခန့်ကျော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် တက်တက် ကြွကြွ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူ လူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းရာ ဝမ်းဗိုက်၌ သေနတ်ကျည်ထိမှန်ကာ ကျဆုံးခဲ့သည်။ 


မတ်လ ၄ ရက်နေ့တွင် မြို့မသုသာန်၌ ဂူသွင်းသဂြိုဟ်ခဲ့ကြောင်းသိရပါသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုနိုင်ဝင်း


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံ ရမှုကြောင့် ဦးခေါင်းတွင် ကျည်ထိမှန်ကာ ကျဆုံးခဲ့ရသော ကိုနိုင်ဝင်း

ကိုနိုင်ဝင်းသည် အသက် ၄၅ နှစ်ခန့် ရှိပြီးဖြစ်ပြီး သပိတ်ဖြိုခွဲစဥ◌် ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ကျည်များ ထိမှန်ကာ ပွဲချင်းပြီး သေဆုံး ခဲ့ပါသည်။ 


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော မကျော့နန္ဒာအောင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ


============================

မုံရွာမြို့၊ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက် ဖြိုခွင်း ခံရမှုကြောင့် ဦးခေါင်းသေနတ်ကျည်ထိမှန်ကာ ကျဆုံးခဲ့ရ သော မကျော့နန္ဒာအောင်

 

မကျော့နန္ဒာအောင်သည် အသက် ၂၅ နှစ် အရွယ် ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရတစ်ဦး ဖြစ်သည်။၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင် စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူ လူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင် မကျော့ နန္ဒာအောင်မှာ ဦးခေါင်းသေနတ် ကျည်ထိမှန် ၍ ကျဆုံး ခဲ့သည်။


မကျော့နန္ဒာအောင် ၏မောင်ဖြစ်သူ ကိုလင်းထက် အောင်၏ ပြောကြား ချက်အရ သူမသည် ဤနွေဦးတော် လှန်ရေးတွင် သူငယ်ချင်းများနှင့်အတူ ဆန္ဒပြပွဲများ၌ တက်တက်ကြွကြွပါဝင်ပြီး အလှူ အတန်းများပြုလုပ်သူဟု သိရှိရသည်။ ကျဆုံးသည့်နေ့တွင် သူမသည် အိမ်မှ မထွက်မီ ဆိုင်ကယ်စီး ဦးထုပ် အပြင် လွယ်အိတ်ထဲတွင် ပတ်တီး၊ အရက်ပြန်၊ ဂွမ်း အစုံအလင် အပါအဝင် ရော်ဘာကျည် ကာလိုကာငြား သစ်သားပြားလေးပါ သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။ ကျည်ထိသွားချိန်တွင် နံဘေးရှိ လူများက ရပ်ကွက် အတွင်းသို့ သယ်ဆောင်ကာ ဝင်ပြေးသွားသော်လည်း အစ်မဖြစ်သူ ၏အသက် ကို မမီလိုက်ကြောင်းသိရှိရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုကံချွန်(ကိုဝေယံ)


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ကျည်ထိကာ ကျဆုံးခဲ့ရသော ကိုကံချွန် (ကိုဝေယံ)။


၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ကျည်ထိမှန်ကာ ကျဆုံးခဲ့ပါသည်။ ပစ်ခတ်ခံရပြီးနောက် ကိုဝေယံနှင့် ကိုကေဇဝင်းတို့ နှစ်ဦး၏ ခန္ဓာ ကိုယ်ကို ရဲနှင့်စစ်သားများမှ အချုပ်ကားပေါ် တင်ဆောင် သွားခဲ့သည်။ ကျဆုံးရုပ် အလောင်း ကို မိသားစုဝင်များက မုံရွာဆေးရုံကြီးရင်ခွဲ ရုံတွင် သွားရောက ထုတ်ယူ ခဲ့ရသည်။“ညနေ ၄နာရီလောက်မှာ ပုံတွေ့တော့ သူမှသူပဲဆိုတာ ကျွန်တော် တန်းသိတာနဲ့ ဆေးရုံကို သွားကြည့်ကြတာ။ မနက်၆နာရီမှ လာထုတ်ပါဆိုလို့ ခုမနက်မှ ထုတ် ခဲ့ရတယ် “ဟု ကိုဝေယံ၏ သူငယ်ချင်းဖြစ်သူက ပြောသည်ဟုလည်း သိရသည်။


ကိုဝေယံ၏ ရုပ်အလောင်းကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မီးသဂြိုဟ် ခဲ့ပါသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကဗျာဆရာ ကေဇဝင်း(ကိုချမ်းသာဆွေ)


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


မုံရွာမြို့၊ ဘုရားနီအနီးလူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် နားအနောက်ဘက် ဦးခေါင်းကျည်ထိကာ ကျဆုံးခဲ့ရသော ကဗျာဆရာ ကေဇဝင်း (ကိုချမ်းသာဆွေ)

ကိုချမ်းသာဆွေသည် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းရွာ ဇာတိ ဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် ကဗျာဆရာတစ်ဦးဖြစ်သည်။


၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင် စုလမ်း၊ ဘုရားနီအနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်း ဖက်ဖြိုခွင်းခဲ့ရာ နားအနောက်ဘက် ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံး ခဲ့သည်။ အပစ်ခံရပြီးချိန်တွင် ရဲနှင့်စစ်သားများက ဒရွတ်တိုက်ဆွဲကာ ကားပေါ်သယ်ဆောင်သွားပြီး နောက်တစ်ရက် မတ်လ ၄ ရက်နေ့မှ အလောင်းပြန်ရခဲ့သည်။ ထိုနေ့မှာပင် ဆားကျင်းသုသာန်၌ သဂြိုလ် ခဲ့ကြောင်းသိရသည်။ 


သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ယခင် ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်တွင်လည်း မတရား ဖမ်းဆီးခံခဲ့ ရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

[English]

Poet K Za Win (Ko Char Thar Swe) who was killed by a bullet in the head behind the ear due to the violent suppression

of a public strike at Bayarni road in Monywa City.After he was shot, the police and soldiers dragged him to the car,

and the body was returned the next day on March 4. On the same day, he was buried in the Salt Pit Cemetery.

Ko Chan Thar Swe is a 39-year-old poet from Leppan Taung Village, Sar Lin Gyi Township.

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ဆရာမ ဒေါ်မြင့်မြင့်ဇင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


မုံရွာမြို့၊ ဘုရားနီအနီးလူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် ရင်ဘတ် သေနတ်ကျည်မှန်ကျဆုံးခဲ့ရသော ဆရာမဒေါ်မြင့်မြင့်ဇင် (ဒေါ်ကြည်လင်အေး)


ဆရာမ ဒေါ်မြင့်မြင့်ဇင်သည် အသက် ၃၄ နှစ်ရှိပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်နေထိုင် သူ တစ်ဦးဖြစ်သည်။ ၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဆရာမ ဒေါ် မြင့် မြင့်ဇင် မှာ ရင်ဘတ်သေနတ်ကျည်မှန်၍ ကျဆုံးခဲ့သည်။ သူမ၏လက်တွင် သွေးအမျိုး အစား၊ ဖုန်းနံပါတ်နှင့်တကွ ခန္ဓာကိုယ်အားလှူဒါန်းကြောင်းစာကို မင်နီဖြင့်ရေးထားခဲ့ ကြောင်းသိရသည်။


ဒေါ်မြင့်မြင့်ဇင်သည် ဘော်ဒါဆောင်ဖွင့်ထားစဥ်က ကျောင်းသားတွေအပေါ် စေတနာ ကောင်းသော ဆရာမဖြစ်ပြီး ငွေကြေးမတတ်နိုင်သောကလေးများကိုလည်း ပညာဒါန ပြုခဲ့သူလည်းဖြစ်ကြောင်းသိရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုဇော်သိန်းအောင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


မုံရွာမြို့၊ ဘုရားနီအနီးလူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရသူတဦးအား ကယ်ဆယ်ရင်း ဦးခေါင်းအားကျည်ထိမှန် ကျဆုံးခဲ့ရ သော ကို‌ဇော်သိန်းအောင်


ကိုဇော်သိန်းအောင်သည် အသက် (၂၀) နှစ်ခန့် လူငယ်တဦး ဖြစ်ပြီး ဖြစ်ပြီး food panda (မုံရွာ) တွင် ပို့ဆောင်သူ အဖြစ် လုပ်ကိုင်သူဖြစ်သည်။ မတ်လ (၃) ရက်နေ့ တွင် ဆန္ဒထုတ်ဖော်ပွဲသို့ သွားရောက်ရင်း ဒဏ်ရာ ရရှိသွားသူ အမျိးသမ္မီးတဦး အား ကယ်ဆယ်ရန် ကြိုးစားစဥ◌် ဦးခေါင်းအား ကျည်ထိမှန်ပြီး ကြွေလွင့်ခဲ့ရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုမိုးအောင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံ ရမှုကြောင့် သေနတ်ကျည် ပေါင်တွင်ထိမှန်ကာ ကျဆုံးခဲ့ရသော ကိုမိုးအောင်


ကိုမိုးအောင် သည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်နေ အသက် ၂၃ နှစ်အရွယ် ကျူရှင်ဆရာတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းတခု၏ ဝန်ထမ်းလည်း ဖြစ်ခဲ့ဖူးပါသည်။


၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းရာ ကိုမိုးအောင် သည် ပေါင်၌ သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ပါသည်။ မတ်လ ၄ ရက်နေ့တွင် ကိုမိုးအောင်၏ ဈာပန မီးသဂြိုဟ်ခြင်းကို အခြားကျဆုံး သူရဲကောင်းငါးဦး နှင့်အတူ ဆားကျင်း သုသာန်၌ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

မုံရွာမြို့ ဘုရားနီလမ်း ဖြိုခွင်းခံရမှု 2 နှစ်ပြည့်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ( ၂ ) နှစ် ပြည့်ခဲ့ပြီ 


'' 

ပုံမှန်အတိုင်းဘဲ ကျွန်တော်တို့ ၉ နာရီ လူစုပြီးတော့ သလ္လာ ဘက်ခြမ်းကနေပြီး စုလာတယ်။ ကျောက္ကာ လမ်းကို ဖြတ်တက်လာကြပြီး လမ်းကြားတွေထဲကနေ ယခု အာဇာနည်လမ်းခေါ် ဘုရားနီလမ်းကို ရောက်တယ်။ ဘုရားနီ လမ်းထိပ် နဲ့ တဖက်ကတချပ်က ပြည်ထောင်စုလမ်း။ အဲ့ဒီလမ်းထိပ်ကို ကျွန်တော်တို့ ရောက်တဲ့အခါမှာ တဖက်ကနေ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ထား တယ်။ ထုံးစံ အတိုင်း အကိုတို့ကို လူစုခွဲဖို့ ပြောတယ်။ ပြောနေတုန်း စစ်ကားတွေပါရောက် လာတယ်။ စစ်ကောင်စီတပ်တွေနဲ့ ကျွန်တော်တို့ လူထုနဲ့ ထိပ်တိုက်တွေ့ကြတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာဘဲ ရေကားက စဖြိုခွင်းတော့တယ်။ ရေကားကို စသုံး တယ်။ရေကားနဲ့ အပြိုင် ခဏလေးအတွင်းဘဲ လူထုကို ရက်ရက်စက်စက် မျက်ရည်ယိုဗုံးတွေ၊ကျည် အစစ် တွေနဲ့ပါ ပစ်ခဲ့တယ်။ အဲ့ဒီနေ့မှာကိုးယောက်ထိ ကျခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရသူ တွေလဲ များခဲ့ပါတယ်။ '' - ဘုရားနီလမ်းအတွင်း ဖြစ်ရပ်အား ကိုခန့်ဝေဖြိုး ‌မှ ဖြေကြားချက်။ 


===============================

အာဇာနည်လမ်းက သွေးတွေမခြောက်သေးပါ


မတ်လ ၃ ရက်နေ့သည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မုံရွာမြို့တွင် ပထမဆုံး သွေးမြေ ကျခဲ့ရသောနေ့ ဖြစ်ပြီး အဆိုပါနေ့တွင် ကျဆုံးခဲ့သူ ဦးရေ ၉ ဦးထိ ရှိခဲ့ပြီး မုံရွာမြို့တွင် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ကျဆုံးခဲ့ရသော နေ့ရက်များ အနက် သေဆုံးမှု အများဆုံး နေ့ရက်လည်း ဖြစ်ခဲ့သည်။ 


ယနေ့ ဆိုလျှင် ( ၂ ) နှစ် တိတိတိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ ပြစ်မှု ပြစ်ဒဏ်များကို ကျူးလွန်ခဲ့သူ စစ်ရာဇဝတ်သားတို့သည် ယနေ့အချိန်ထိ ကျူးလွန်ခဲ့သော ပြစ်မှု ၊ ပြစ်ဒဏ်မှ ကင်းလွတ်နေဆဲဖြစ်သလို ဆက်လက်၍ အပြစ်မဲ့ပြည်သူများအပေါ် စာနာမှုကင်းမဲ့သော စစ်ရာဇဝတ်မှုများ ကျူးလွန်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့်ပင် မတ်လ ၃ ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည် ကိုးဦးနှင့်တကွ ကျဆုံးအာဇာနည်များအားလုံးအတွက် တရားမျှတမှုအား ပြန်လည်ရှာဖွေနိုင်ရန်ရန် စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းသည့်အထိ တိုက်ပွဲဝင်ရဦးမည် ဖြစ်ပါကြောင်း .....။ 


တူမီးတော်လှန်ရေးစာစဥ်် 

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

Thursday, 2 March 2023

သမိုင်းထဲက ဒီနေ့



 သမိုင်းထဲက ဒီနေ့

On This Day in History.Shameful History.


မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ဦးဆောင်မှုဖြင့်လူအင်အား အများအပြားဖြင့် ချီတက်ခဲ့ကြ


 လူအင်အား အများအပြားဖြင့် ချီတက်ခဲ့ကြ။


မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများ အဖွဲ့ချုပ်) နှင့် မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တ်ို့ ပူးပေါင်း၍ စစ်ရေးအခြေအနေတင်းမာမှုများကြားမှပင် လူထုအားကို ဗဟိုပြုကာ အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ တွင် အောင်မြင်စွာ ချီတက်ခဲ့ကြပါသည်။ 


မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

Wednesday, 1 March 2023

အားလုံးအတူတူလွတ်မြောက်ဖို့ အရေးကြီးပြီ


ခေတ်က တကယ်ရိုက်ပုတ်တဲ့အခါ

လူနည်းနည်းလေးကပဲ တောင့်ခံတွန်းလှန်ကြတာပါ။

ခေတ်က စီးဆင်းတဲ့အခါတော့

အားလုံးဟာ လှိုင်းနဲ့အတူလိုက် လှေနဲ့အတူစီးကြတာပါ။ကျေးဇူးတင်ပါတယ်။ကြေကွဲစွာဖြင့်ပေါ့လေ။

Aမွန်

When the era really kicks in

Only a few are pushing back.


When the era flows by

Everybody just rides the wave and the boat.


Thank you.


With a broken heart, of course.


Amon



သမ္မတကြီး ဒူဝါလရှိးလ


 စပြီးတဲ့ ဇာတ်လမ်းကို ဆုံး‌အောင် ကကြရမယ်

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...