Thursday 31 October 2024

တော်လှန်ရေးတပ်များက အောင်ဇေယျစစ်ကြောင်းအား ခံစစ်မှ တိုက်စစ်ပုံစံပြောင်းတိုက်


 တော်လှန်ရေးတပ်များက အောင်ဇေယျစစ်ကြောင်းအား ခံစစ်မှ တိုက်စစ်ပုံစံပြောင်းတိုက်


▪️အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို KNLAပူးပေါင်းတပ် သိမ်းပိုက်


ဒီးဒီ/People's Spring


ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ခံစစ်အနေအထားမှ တိုက်စစ်ပုံစံပြောင်းလဲတိုက်ခိုက် နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။


အောက်တိုဘာ ၂၈ရက်တွင် ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


အဆိုပါ စခန်းနေရာအား အောက်တိုဘာ ၂၈ရက်တွင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၂၉ရက်တွင် နယ်မြေရှင်းလင်းခဲ့သည်ဟု ဆိုသည်။


"အောင်ဇေယျက တက်လာတဲ့အချိန်မှာ တိုးတာ။ အခုက KNUက ခံစစ်ကနေ တိုက်စစ်ပုံစံပြောင်းပြီး တိုက်တဲ့အနေအထားဖြစ်သွားပြီ။ စွယ်တော်ကုန်းက အင်အားလည်း အောင်ဇေယျဆီ အာရုံရောက်သွားပြီ။ အောင်ဇေယျက အရင်က ရင်ဆိုင်နေရတာထက် ခုက လေးငါးဆပိုများတဲ့ အင်အားနဲ့ ရင်ဆိုင်ရတော့မယ်။ ပွင့်လင်းရာသီလည်းရောက်ပြီဆိုတော့ ပွဲကကြည့်ကောင်းပြီ"ဟုကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 


အောက်တိုဘာ ၂၀ရက်ကလည်း အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 


အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး အလောင်း ခုနစ်လောင်း ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။


လက်ရှိတွင် တော်လှန်ရေးတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်းမှာ နောက်ပြန်ဆုတ်၍ မရတော့သည့် အခြေအနေမျိုးရောက်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။


အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခု သိမ်းပိုက်စဉ် ရရှိသော လက်နက်ခဲယမ်းများကိုလည်း ကော်ဘရာပူးပေါင်းတပ်အချို့က အသိပေးထားသည်။


"မြဝတီကို သွားတဲ့လမ်းကို ခုထိ ရှာမတွေ့သေးတဲ့ အောင်ဇေယျလေးကို ဗိုလ်ဒါဘောရဲ့သားများက လမ်းပြပေးလို့တဲ့ကျေးဇူးပြန်ဆပ်တဲ့ လက်ဆောင်တွေ အများကြီးပဲ။ လမ်းတော့ လမ်းပဲ ငရဲကိုသွားတဲ့လမ်း"ဟု ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)က သိမ်းရသော လက်နက်ခဲယမ်းများဖြင့် အသိပေးထားသည်။


ပြီးခဲ့သည့်ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် "အောင်ဇေယျစစ်ဆင်ရေး" ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။ 


လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။


အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။


ထို့အပြင် မြဝတီ - ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခုအား ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည်။


အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။


(အောင်ဇေယျစစ်ကြောင်းကို ဒေါနတောင်တွင် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေသော ကောဘရာမှ ဗိုလ်ဒါဘောနှင့် အတူအောက်တိုဘာ ၂၈ရက်က အောင်ဇေယျစစ်ကြောင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ - ၂)

Wednesday 30 October 2024

ဟားခါးမြို့အနီးရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ ဗိုလ်မှူး အပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 ဟားခါးမြို့အနီးရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ ဗိုလ်မှူး အပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၃၀ 


ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ Kiamtlang စစ်တပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF Hakha က သတင်းထုတ်ပြန်သည်။


အောက်တိုဘာလ ၂၈ ရက်နေ့က ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ် စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ဗိုလ်မှူး အပါအဝင် ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


ထို့အပြင် အကြမ်းဖက် စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၅ လက်၊ MA2 အမျိုး အစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၂ လက်၊ MA11 အမျိုးအစား သေနတ် ၁ လက်၊ ကျည်‌ဘောက် ၄၂ ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို Chinland Defense Force - Hakha နှင့် Chin National Army တို့ပူးပေါင်း ကာ Operation Rung အမည်ဖြင့် စစ်ဆင်ရေးတိုက်ပွဲ ဖော်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။


CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင် စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင် သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန် မေတ္တာရပ်ခံထားသည်။


လက်ရှိ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ယခင်ကထက် စစ်ကောင်စီက လုံခြုံရေးများ တိုးမြှင့်ထားကြောင်း၊ ဟားခါးအနီးရှိ စစ်ကောင်စီတပ်စခန်းများတွင်လည်း လေကြောင်းဖြင့် စစ်အင်အားဖြည့်ခြင်း၊ လက်နက်ခဲယမ်းများ ပိုမို ဖြည့်တင်းခြင်းများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက လက်လွတ်ဆုံးရှုံးမခံနိုင်သော နေရာများတွင် ချင်းပြည်နယ်စစ်ကောင်စီအဖွဲ့ အခြေစိုက်ထားသော ဟားခါးမြို့နှင့် မြို့နယ်လည်း အပါအဝင်ဖြစ်ကြောင်း နေပြည်တော် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Monday 28 October 2024

ဘေးနံများကို ကာရံ၊ အတွင်းပိုင်း ဒေသများကို ထိုးဖောက်


 ဘေးနံများကို ကာရံ၊ အတွင်းပိုင်း ဒေသများကို ထိုးဖောက်

…………………………………………………

ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေ နဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲထားတဲ့ မြို့တွေကို ကြည့်ရင် မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသရဲ့ ဘယ်ညာ ဘေးနံ ဒေသတွေမှာ အဓိကထား သိမ်းပိုက်ထားတာကို တွေ့နိုင်ပါတယ်။ ရွှေပြည်အေးမြို့၊ မြို့သစ်မြို၊ ခါမ်းပါတ်မြို့တို့ဟာ မြေပြန့် ဒေသ လို့ ပြောလို့ရတဲ့ စစ်ကိုင်းတိုင်း (အိန္ဒိယ နယ်စပ်ဒေသ) အနောက်ဘက်ခြမ်းမှာရှိပြီး မြေပြန့်ဒေသရဲ့ အရှေ့ခြမ်း မြို့တွေ ကတော့ မော်လူး၊ တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူး မြို့တို့ပဲ ဖြစ်ပါတယ်။ အတွင်းပိုင်း ဒေသ မြို့တွေကတော့ ပင်လည်ဘူး မြို့၊ တန့်ဆည်မြို့၊ ဒီပဲယင်းမြို့၊ ကနီ မြို့၊ နွားထိုးကြီးမြို့၊ တောင်သာ မြို့တို့ပဲ ဖြစ်ပါတယ်။ ဒီ စစ်ဆင်တိုက်ခိုက်ထားတဲ့ မြို့တွေကို ကြည့်ရင် ဘေးပတ်ချာလည် နှုတ်ခမ်းသား နယ်မြေကို အဓိကထား ခြေကုပ်ယူသိမ်းပိုက်ပြီး အတွင်းပိုင်း မြို့တွေကို တိုက်စစ်ဆင်နေတာ သိသာထင်ရှားပါတယ်။ 

အထက်ပါ ဖြစ်စဉ်တွေဟာ တော်လှန်ရေးစပြီး (၃) နှစ်ကျော် ကာလမှာ ဖြစ်လာတာဖြစ်ပါတယ်။ ယခုဆိုရင် မန္တလေးတိုင်းတွင်းမှာပါ မြို့သိမ်းတိုက်ပွဲဆင်နွဲနေနိုင်ပြီ ဖြစ်ပါတယ်။ မကြာခင် ကာလမှာ အောက်ပိုင်း ဒေသတွေ ဖြစ်တဲ့ မကွေးတိုင်း ဒေသ၊ ပဲခူးတိုင်း၊ နေပြည်တော် ဒေသတွေမှာပါ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်လာတော့မှာ ဖြစ်ပါတယ်။ မြေပြန့် ဒေသ ဘေးပတ်ချာလည် မြို့တွေကို သိမ်းယူခြင်းအားဖြင့် ရန်သူ့စစ်တပ်ကို အတွင်းပိုင်း ဒေသမှာ ပိတ်ဆို့ထားနိုင်ပြီးဖြစ်သလို ကိုယ့်အခြေခံဒေသအနီး မှာ ခြေကုပ် နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေ ထူထောင်နိုင်လိုက်ပါတယ်။ နွားထိုးကြီး၊ တောင်သာ၊ ကနီ မြို့တွေလို အတွင်းပိုင်း မြို့တွေကို တိုက်ခိုက်နိုင်မှုကို ကြည့်ရင် ခြေကုပ်နယ်မြေက အဝေးမှာရှိတဲ့ ဒေသ တွေမှာပါ စစ်ရေးလှုပ်ရှားနိုင်တာကို တွေ့ရပါတယ်။ 

အထက်ပါ မြို့တွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဓိက အားဖြင့် တိုက်ခိုက်ထားတဲ့ မြို့တွေ ဖြစ်ပြီး ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ ကရင်နီ နဲ့ ကရင် စတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ သိမ်းယူထားတဲ့ မြို့တွေ၊ နယ်မြေ မပါသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ မြို့သိမ်း၊ နယ်သိမ်းနိုင်မှု နဲ့ ဆက်စပ်ကြည့်လိုက်ရင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ နေပြည်တော် ဒေသတွေမှာလည်း မကြာခင် ကာလမှာ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ထွက်လာနိုင်တာ သိသာထင်ရှားပါတယ်။ လက်ရှိကာလမှာ မြန်မာနိုင်ငံ အထက်ပိုင်း အထူးသဖြင့် စစ်ကိုင်းအထက်ပိုင်း နဲ့ မန္တလေး အထက်ပိုင်း ဒေသမှာ ကြီးမားတဲ့ စိုးမိုးနယ်မြေ တရပ်ကို ပထမ အဆင့် အနေနဲ့ ထူထောင်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ တကောင်း၊ ကျွန်းလှ၊ ကလေးဝ အဖြောင့်မျဉ်းရဲ့ အထက်ပိုင်း ဒေသ လို့ ပြောလို့ရပါတယ်။ မကြာခင် ကာလမှာ အဲဒီမျဉ်းရဲ့ အောက်ပိုင်း ဒေသတွေမှာလဲ မြို့သိမ်းမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အထက်ပါ မျဉ်းဖြောင့် အထက်ပိုင်းဒေသကို ခိုင်မာတဲ့ စိုးမိုးနယ်မြေ ကြီးအဖြစ် ထူထောင်နိုင်ပြီး ဖြစ်လို့ပါ။ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စစ်မျက်နှာသစ် ဖွင့်လှစ်မယ်၊ စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေး ဆောင်ရွက်မယ်၊ နေပြည်တော်ကို ထိုးဖောက်မယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် က တရားဝင် ပြောကြားထားပြီးဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ ရေခံမြေခံတွေ အရ မကြာခင် ကာလမှာ နွားထိုးကြီး၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ထု မျဉ်းရဲ့ အောက်ပိုင်း ဒေသတွေမှာပါ တိုက်ပွဲကြီးတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်လာတော့မှာ ဖြစ်ပါတယ်။ 


 ဒီအခြေအနေကို အကြမ်းဖက် စစ်အာဏာရှင်တွေ သိရှိပေမယ့်လဲ တပ်အင်အား မလုံလောက်တာ၊ တပ်အသစ်တွေ တိုက်စွမ်းရည် မပြည့်ဝတာ၊ တပ်တွေ စိတ်ဓာတ်ကျဆင်းနေတာကြောင့် ခိုင်ခိုင်မာမာ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ ကာလမှာကို ပဲခူးရိုးမ နယ်မြေ မှာ စစ်ကြောင်း လိုက် အထိနာအောင် တိုက်နိုင်တာ၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း ဒေသမှာ စစ်ရေးလှုပ်ရှားနိုင်တာ၊ မကွေးတိုင်းထဲက လက်နက်စက်ရုံတွေကို ပုံမှန် တိုက်ခိုက်နိုင်တာတွေ တွေ့နေရပါတယ်။ ပထမ မျဉ်းကနေ ဒုတိယမျဉ်းဖြောင့် အောက်ဘက် ဒေသ မှာ စစ်ရှိန်မြှင့်လာတဲ့ အခါမှာ မြေပြန့် အတွင်းပိုင်း မြို့တွေကို ပိုမို တိုက်ခိုက်လာနိုင်မှာ ဖြစ်ပါတယ်။ ဘေးနံ ဒေသမြို့တွေကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့်လဲ နောက်ကျောလုံမှု နဲ့ ထောက်ပို့လမ်းကြောင်း ခိုင်မာမှုကို ရရှိထားပြီးဖြစ်သလို မြေပြန့် အတွင်းပိုင်း ဒေသတွေကို သွားရောက် စစ်ဆင်ရေး ပိုမိုလွယ်ကူသွားပြီ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

ပုလဲနှင့် ရွှေဘိုတွင် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး အလင်းဝင်လာ



 ပုလဲနှင့် ရွှေဘိုတွင် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး အလင်းဝင်လာ


ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲနှင့် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၆ ရက်က ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်ကန့်ဒေါင့် အခြေစိုက်စခန်းမှ ရဲတပ်ကြပ်တစ်ဦး G-3 သေနတ်တစ်လတ်၊ကျည်အချို့၊လက်ပစ်ဗုံး တစ်လုံး ယူလာပြီး အလင်းဝင်လာကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောသည်။

အဆိုပါ ရဲတပ်ကြပ်အား ပအဖ၊ပကဖတို့မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀၊ မြို့နယ်လူသားစာနာမှ တစ်သိန်းကျပ်နှင့်အဝတ်အစားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာနေ ပျူစောထီးတစ်ဦးသည် နယ်‌မြေခံ ပကဖ Daung Mann ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်ပြီး အလင်းဝင်လိုကြောင်း ဆက်သွယ်လာ၍ နယ်မြေခံ ပကဖနှင့် ရွှေဘိုခရိုင် တပ်ရင်း (၄)တပ်ခွဲ (၃)မှ သွား‌ရောက်ခေါ်ဆောင်နိုင်ခဲ့ကြောင်း Snake Eyes-PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းက ကာဘိုင် သေနတ်တစ်လက်၊ ကျည် ဘောက် နှစ်ခု၊ ကာဘိုင်ကျည် ၁၆၀ ယူဆောင်ကာ PDF ထံ အပ်နှံခဲ့ကြောင်း သိရသည်။

"သူက သီလုံးရွာက စစ်တပ်နဲ့ပျူတွေက ဖိအားပေးလို့ ဒီနှစ်(ဒီနှစ်၂၀၂၄ ခုနှစ်)မှာ ပျူထဲဝင်ခဲ့ရတာပြောတယ်။"ဟု Snake Eyes-PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းနှင့်မကွေးတိုင်းတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အလင်းဝင်ရောက်မှု ပိုမိုများပြားလာနေသည်။ ပြည်သူ့ရင်ခွင်အစီအစဥ်ကလည်း အကြောင်းအမျိုးမျိုးကြောင့် အပြီးတိုင် CDM မလုပ်ဆောင်နိုင်သေးသည့် သတင်းပေး၊ အမာခံဖရဲသီး (Pre-CDM) အဖြစ် ပါဝင်လိုသူများကို ထပ်မံ ဖိတ်ခေါ်ထားသည်။

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ



 မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၈ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက် ၂ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်သည်။


ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးတွင် တော်လှန်ရေး တပ်ဖွဲ့ များက စိုးမိုးထားရာ အာရှလမ်းမကြီး၏ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြေင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ MA1 အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ၏ အောင်ဇေယျစစ် ကြောင်းမှာ သေဆုံးဒဏ်ရာရရှိမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှု များပြားသဖြင့် လက်နက်ကြီးပစ်ကူ၊ လေ ယာဉ်ပစ်ကူများ ဆက်တိုက်လုပ်‌ဆောင်နေကြောင်း သိရသည်။ 


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ရောင်နီ(တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့) ၊ Golden Eagle ဒရုန်းတပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၇ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။


"စစ်တပ်ဘက်က ဒီလောက် အထိနာနေတာကိုလည်း စစ်ကြောင်းနဲ့တက်လာနေတာပဲ။ ကြည့်ရတာ အခုတက်လာတာက စစ်မှုထမ်း သင်တန်းဆင်းတွေ ဖြစ်ဖို့များတယ်။ အဲဒါတွေနဲ့အင်အားဖြည့်ပြီး ပြန်တက်လာတယ်လို့ ပြောရမယ်" ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်သော လက်နက်ခဲယမ်းသိမ်းဆည်းရရှိပုံနှင့် ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသော အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်သည့် ဓာတ်ပုံမှတ်တမ်းများ။

အမ်း နပခအနီးတိုက်ပွဲဆက်လက်ပြင်းထန်


 အမ်း နပခအနီးတိုက်ပွဲဆက်လက်ပြင်းထန်


 ▪︎မြို့ခံများကို စစ်ကောင်စီ ပြင်ပထွက်ခွင့်မပြု


ဇော်ရမ်း/People's Spring 


အမ်းမြို့တိုက်ပွဲသည် အနောက်ပိုင်းတိုင်းစစ်ဌာ

နချုပ်(နပခ)အနီး၌ အပြင်းထန်ဆုံးဖြစ်နေပြီး စစ်ကောင်စီက မြို့ခံများကို ပြင်ပသို့ထွက်ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။


အမ်းမြို့နယ်အ‌ခြေစိုက် စစ်ကောင်စီတပ်ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)

တို့သည် နပခ၌ သွားရောက်ပူးပေါင်းနေပြီး အာရက္ခတပ်တော်(AA)က နပခကို အဓိကထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု မြို့ခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။


"တိုက်ပွဲက နပခနားရောက်နေတာ။ အရမ်းပြင်း

ထန်တယ်။ စစ်ကောင်စီက လေကြောင်းဆက်

တိုက်ပစ်တယ်။ ပုသိမ်ကရော၊ မကွေးကရော လာတာ။ဒေသခံ‌တွေအတွက်က လေကြောင်းရန် ပြ

ဿနာပါ" ဟု မြို့ခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။


တိုက်ပွဲပိုပြင်းထန်‌လာချိန်၌ စစ်ကာင်စီသည် မြို့ပေါ်ရပ်ကွက်များကို ပိတ်ဆို့လိုက်ပြီး ဒေသခံများအား ပြင်ပသို့မထွက်ခိုင်းတော့ကြောင်း သိရသည်။


" စစ်ကောင်စီက မြို့ကို အကာအကွယ်ယူတော့မယ်။ မြို့မှာက လူအများကြီးမကျန်ဘူး။ ဒါပေမယ့် ရှိတော့ရှ်ိနေသေးတယ်။ မြို့မှာ ကျန်နေသူတွေအတွက် လုံခြုံရေးပြဿနာရှိလာပြီ"ဟု လက်

ရှိတွင် အမ်းမြို့၌ရှိနေသူတစ်ဦးကပြောသည်။


အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်

တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး

နပခ၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်သော မဲတောင်ဗျူဟာနှင့် ရှေ့တန်းစခန်းများကိုအောက်

တိုဘာလ ၆ရက်ည‌နေ၊ ခမရ(၃၇၃)နှင့် အမြောက်ကုန်းဟု ဒေသခံများကခေါ်သည့်ကမ်းဒိတ်တောင်

စခန်းကို အောက်တိုဘာလ၁၁ ရက်နေ့ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။ 


AAက အမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် စက်တင်

ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ထားပြီး ယင်းနောက်ပိုင်း စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်၍ သီးခြားသတင်းမထုတ်ပြန်သေးပေ။စက်တင်ဘာလ ၂၇ရက်က ထုတ်ပြန်ရာ၌ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆

၊ ၃၇၂ ၊၃၇၃တပ်ရင်းများ စုပေါင်းထားသော စစ်

ကြောင်းနှင့် ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်း

ရမိခဲ့ကြောင်း ဖော်ပြထားသည်။စစ်ကောင်စီ

တပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။  


ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍ အောက်တိုဘာ၂၂ရက်က သတင်းထုတ်ပြန်ထားမှုတွင် အမ်း၊ မောင်တော၊ ကျိန္တလီနှင့် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။ 


ထိုအပြင် အာရက္ခတပ်တော်သည် အောက်တိုဘာ ၂၇ ရက်တွင် မောင်တောမြို့နယ် တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီ၏ နခခ (၅) ကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ရာတိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။စစ်ကောင်စီတပ်က လေကြောင်းမှပစ်ကူပေး၍ စခန်းမကျအောင် ခုခံနေကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ နခခ (၅)တွင် ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဖြစ်ပြီး ဘူးသီးတောင်အပါအဝင်ကျန်နယ်များမှ ထွက်ပြေးလာသောတပ်ရင်းများ နှင့် ဒေသခံတပ်များအပြင် စစ်ကူများစွာပေးပို့၍ စခန်းမကျအောင်ခုခံနေပြီး လေကြောင်း၊ရေကြောင်းအသုံးပြု၍ ပစ်ကူပေးကာခုခံနေခြင်းဖြစ်ကြောင်းသိရသည်။

Wednesday 23 October 2024

KIA ပန်ဝါမြို့သိမ်းယူပြီးနောက် တရုတ်ကမီးဖြတ်ပြီး မြေရှားတူးဖော်မှုရပ်တန့်


 KIA ပန်ဝါမြို့သိမ်းယူပြီး​နောက် 

တရုတ်ကမီးဖြတ်ပြီး ​မြေရှားတူး​ဖော်မှုရပ်တန့်


လူအေး/People's Spring


ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်

(KIA)တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်ကလျှပ်စစ်မီးဖြတ်​တောက်လိုက်ပြီး မြေရှားသတ္တုတူးဖော်၏လုပ်ကွက်များလည်းရပ်တန့်သွားကြောင်းစုံစမ်းသိရသည်။


KIA သည် ပန်ဝါမြို့မှ စစ်​တပ်စခန်း၊ပြည်သူ့စစ်စခန်းနှင့် နယ်ခြား​စောင့်တပ်စခန်းများကို အပြီး

သတ်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်အောက်

တိုဘာ ၁၈ရက် ညတွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။


ပန်ဝါမြိုကိုKIAကအပြီးသတ်သိမ်းပိုက်ပြီး​နောက်နယ်စပ်ဂိတ်ကို တရုတ်က ပိတ်လိုက်သလိုအောက်

တိုဘာလ၁၉ရက်နံနက်မှစ၍  လျှပ်စစ်မီးပါဖြတ်တောက်လိုက်ခြင်းဟု ပန်ဝါမြို့ခံများကပြော

သည်။


"လျှပ်စစ်မီးပါ ဖြတ်လိုက်ပြီ။ မြေရှားတူးတဲ့ဆိုက်တွေလည်း ရပ်ထားတယ်။ အခုလက်ရှိ လျှပ်စစ်မီးအတွက်ကို မီးစက်တွေမောင်းသုံးရတယ်" ဟု မြို့ခံတစ်ဦးကပြောသည်။


KIA ကမသိမ်းပိုက်ခင်စစ်ကောင်စီလက်အောက်

ခံ ကချင်ပြည်နယ် အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိမ်းခေါင်းဆောင်သည့် ကချင်ပြည်နယ်ကြားစောင့်တပ်(BGF) အုပ်ချုပ်ခဲ့သည့် ပန်ဝါမြို့၌ မြေရှားသတ္တုလုပ်ကွက်အများအပြားရှိသည်။


အဆိုပါ လုပ်ကွက်များကို တရုတ်နိုင်ငံသားများနှင့် BGFက စာချုပ်ချုပ်ဆိုပြီးအကျိုးတူ တူးဖော်ခြင်းဟု ဒေသခံများကပြောသည်။


ယခုအခါ ပန်ဝါမြို့ကို KIA က သိမ်းယူပြီးနောက် ဦးဇခုန်တိန့်ယိမ်းလည်း မြို့၌ မရှိတော့သလို BGF တပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြောင်း သိရသည်။ KIAသည် ပန်ဝါမြို့အုပ်ချုပ်ရေးအတွက်ဆောင်ရွက်နေပြီး လတ်တလောဒေသအခြေအနေ

၏လိုအပ်ချက်အရ ဦးဇခုန်တိန့်ယိမ်းနှင့် BGF ပိုင်အိမ်များကို ချိတ်ပိတ်ထားကြောင်း KIA ပြန်ကြား

ရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများအားဖြေကြားထားသည်။


တရုတ်ဘက်မှနယ်စပ်ဂိတ်ပြန်မဖွင့်သေးသလို လျှပ်စစ်မီးလည်း ဖြတ်တောက်ထား၍ ဒေသခံများအတွက် စားသောက်ကုန်ရရှိရေးအပါအဝင် အခက်အခဲများကြီးမားလာနိုင်ကြောင်း မြို့ခံအချို့ကပြောသည်။ 


 "ကျတော်ထင်တယ်။ မကြာခင်ပြန်ဖွင့်မယ်လို့။ အခု‌ မြေရှားဆိုက်တွေမှာ တရုတ်တွေပဲ ယောင်

လည်လည်ဖြစ်နေတယ်။ သူတို့က BGF နဲ့ စာချုပ်ချုပ်ထားတာဆိုတော့ ဒီတခါတော့ သူတို့ခံရတာ။  ဒီလုပ်ငန်းကို သူတို့အကြာကြီးမရပ်ရဲဘူးလို့ကျွန်

တော်ထင်တယ်" ဟု ပန်ဝါဒေသခံတဦးကပြော

သည်။


ထိုအပြင် မြေရှားသတ္တုရရှိရေးသည် တရုတ်အတွက်အလွန်အရေးပါသည်။


ယူနန်ပြည်နယ််နှင့် ဆက်စပ်နေသော ချီဖွေ၊ပန်ဝါဒေသအပါအဝင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်‌ခဲ့​သော ကချင် အထူး​ဒေသ (၁) အတွင်းရှိ ဒေသများသည်  တရုတ်၏ မြေရှားသတ္တုလိုအပ်ချက်ကိုဖြည့်ဆည်းပေးနေပြီး  ဒေသထွက် မြေရှားသတ္တု၏၇၅ ရာခိုင်နှုန်းသည် တရုတ်သို့တင်ပို့သည်ဟု သိရသည်။ 


၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံမှ တရုတ်သို့ အမေရိကန်ဒေါ်

လာ သန်းခြောက်ရာ ကျော်တန်ဖိုးရှိသော မြေရှားသတ္တုတန်ချိန်၂၆,၈၉၂ တင်ပို့ခဲ့ကြောင်း  တရုတ်အစိုးရ၊ အကောက်အခွန်ဌာန (china custom) ၏ ပြီးခဲ့သည့်စက်တင်ဘာလကထုတ်ပြန်ထား

သည်။


ပြီးခဲ့သည့်  ဇွန်လ ၇ရက်က ဦးဇခုန်တိန့်ယိမ်းက စစ်မိန့်ဟုဆိုကာ သူ့လက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများ၊  ဒေသလက်နက်ကိုင် ပြည်သူ့စစ် ရဲဘော်များအား  သူKIA နှင့်PDF ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ချေ

မှုန်းရန် စစ်မိန့် ပေး‌ခဲ့သည်။ယင်း အမိန့်သည် " မထုတ်ပြန်သင့်သော စစ်မိန့်" ဟု KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က စက်တင်ဘာလ

၁၀ ရက်တွင် မှတ်ချက်ပြုပြောကြားပြီးနောက် ဦးဇခုန်တိန့်ယိမ်းထိန်းချုပ်ဒေသများကို ဆက်တိုက် ထိုးစစ်ဆင်သိမ်းယူခဲ့ခြင်းဖြစ်သည်။


KIA က ချီ​ဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်း ၊ ​ဆော့​လော်မြို့ကို ​အောက်တိုဘာ လဆန်းနှင့် ပန်ဝါမြို့ကို ​အောက်တိုဘာ ၁၈ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်လက်​အောက်ခံ ဦးစခုန်တိန့်ယိန်း၏ နယ်ခြား​စောင့်တပ် ၁၀၀၂ ၊ ၁၀၀၃ တပ်ရင်းတို့ကိုသိမ်းပိုက်ထိန်း ချုပ်ထားပြီး  မြန်မာ-တရုတ် နယ်စပ်ဖီ​မော်​ဒေသရှိ အမှတ် (၁၀၀၁ ) နယ်ခြား​စောင်းတပ်ရင်းသာ ကျန်ရှိ​တော့ခြင်းဖြစ်သည်။


(ကချင်ပြည်နယ်ရှိ​မြေရှားသတ္ထုလုပ်ကွက်များ။

ဓါတ်ပုံ-Global Witness / Maran)

Monday 21 October 2024

ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းများအတွက် လိုအပ်သော လက်နက် ၊ ခဲယမ်းများ တပ်ဆင်ပွဲအခမ်းအနားပြုလုပ်



 ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းများအတွက် လိုအပ်သော လက်နက် ၊ ခဲယမ်းများ တပ်ဆင်ပွဲအခမ်းအနားပြုလုပ်


ရန်ကုန်၊ အောက်တိုဘာ ၂၁


အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့်အညီ ဗျူဟာဖွဲ့စည်းခဲ့ကြသည့် ဂန့်ဂေါခရိုင် အမှတ် ၁၃၊၁၅၊၁၆၊၁၇၊၁၈ တပ်ရင်းများအတွက် လိုအပ်သော လက်နက် ၊ ခဲယမ်းများ တပ်ဆင်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် စုဖွဲ့မှု တစ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တရုတ် - မြန်မာနယ်စပ် ကန်ပိုက်တည်ဒေသရှိ နယ်ခြားစောင့်တပ် (၁၀၀၃)ဌာနချုပ်ကို KIA သိမ်းပိုက်



 တရုတ် - မြန်မာနယ်စပ် ကန်ပိုက်တည်ဒေသရှိ နယ်ခြားစောင့်တပ် (၁၀၀၃)ဌာနချုပ်ကို KIA သိမ်းပိုက်


▪️ကန်ပိုက်တည်မြို့ရှိ ခလရ(၁၅)စခန်းကိုလည်း သိမ်းပိုက်ပြီးဟုဆို 


ဟန်နွေ/People's Spring


တရုတ် - မြန်မာနယ်စပ်မြို့ ကန်ပိုက်တည်ဒေသရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် - BGF (၁၀၀၃)တပ်ရင်းကို ယနေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။


အောက်တိုဘာတတိယပတ်အတွင်းက BGF (၁၀၀၃)တပ်ရင်းဌာနချုပ် ကာကင်းစခန်း ၅ခုထက်မနည်းကို KIAက သိမ်းပိုက်ခဲ့ပြီး တပ်ရင်းဌာနချုပ်ကို ယနေ့ (အောက်တိုဘာ ၂၁ရက်) ညနေပိုင်တွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။


အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် ဌာနချုပ်(စင်ကြိုင်)နှင့် ကန်ပိုက်တည်မြို့ရှိ ရှေ့တန်းခလရ(၁၅) စခန်းအား အောက်တိုဘာ ၂၁ရက် ညနေ ၅နာရီတွင် သိမ်းပိုက်ခဲ့ဟု KIA၏ စခန်းသိမ်း တိုက်ပွဲအောင်မြင်မှု သတင်းများ

ပုံမှန်ဖော်ပြနေသည့် ကချင်စစ်ရေးသတင်းရင်းမြစ်ကလူမှုကွန်ရက်မှတဆင့် အသိပေးသည်။


စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း "တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တည်နဲ့ ဆဒုံးကြား စင်ကြိုင်ကျေးရွာအနားမှာ ရှိတဲ့ BGF ၁၀၀၃ တပ်စခန်းကို ဒီကနေ့ ညနေ ၅နာရီ ဝန်းကျင်မှာ ဝင်ရောက်ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ကနဦး သိရှိရတယ်။ အခုလောလောဆယ်က စင်ကြိုင်ကျေးရွာ အနီးမှာ ရှိတဲ့ BGF(၁၀၀၃)တပ်စခန်းဝန်းထဲကို နယ်မြေရှင်းလင်းရေးတွေ ဆက်လက်ဆောင်ရွက်နေဆဲလို့ ကျနော်တို့ သိရှိထားပါတယ်"ဟု ဦးဇော်ဆန်က ပြောသည်။


ကန်ပိုက်တည်မြို့ကိုလည်း ယနေ့ စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီး မိနစ်အနည်းငယ်ကြာ လာရောက်ဆင်းသက်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။


"ညနေပိုင်းတော့ ၂နာရီကျော်ဝန်းကျင်မှာ ဟက်စကီးတစ်စီးတော့ လာသွားတယ်။ ကျနော်တို့ ဘက်က အသေးစိတ်သိရှိနိုင်ခြင်းတော့ ဘာမှ တော့ သတင်းတက်မလာသေးဘူး အဲဒီရဟတ်ယာဉ်ကိစ္စနဲ့ ပတ်သက်ပြီးတော့"ဟု ဦးဇော်ဆန်က ပြောသည်။


ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီရဟတ်ယာဉ် ကန်ပိုက်တည်သို့ မိနစ်အနည်းငယ်ကြာ ဆင်းသက်စဉ် တရုတ်ဘက်က ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့သည်ဟု ပြောသည်။


"အလကား လျှောက်ပစ်တာ အဲဒီတရုတ်တွေ။ ပုံမှန်ပဲ။ ဒီဘက် KIA ထိန်းချုပ်တဲ့ နေရာမှာ ရဟတ်ယာဉ်လေယာဉ်လာတိုင်း လျှောက်ပစ်နေတာပဲ"ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ 


တိုက်ပွဲဖြစ်ပွားမှုကြောင့် ကန်ပိုက်တည်ဒေသခံမှာ မြို့မှစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြသည်။ 


စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၈ရက် ပန်ဝါမြို့ကို KIA သိမ်းပိုက်ခဲ့သည့် ညကလည်း KIA ဌာနချုပ်လိုင်ဇာအနီးကိုလေကြောင်းတိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံဘက်ကမီးကျည်ပစ်ဖောက်သတိပေးပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။


ယခု BGF(၁၀၀၃)တပ်ရင်းဌာနချုပ် သိမ်းပိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရေး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။


KIAသည် ပန်ဝါမြို့ရှိ (၁၀၀၂)တပ်ရင်းဌာနချုပ် အပါအဝင် ဒေသတွင်းရှိတပ်စခန်းများကို လည်း တိုက်ခိုက်သိမ်းပိုက်ပြီး ပန်ဝါမြို့ကို ထိန်းချုပ် ထားသည်။ 


ထို့ပြင် ဆော့လော်၊ ချီဖွေနှင့် ဆဒုံးမြို့များကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

ဇခုန်တိန့်ယိန်း အင်ပါယာနေဝင်ချိန်





 People's Spring:

▪︎ဆောင်းပါး


ဇခုန်တိန့်ယိန်း အင်ပါယာနေဝင်ချိန်


ယောနသံ/People's Spring 


" မထုတ်ပြန်သင့်သော စစ်မိန့်" လို့ KIO/KIA

ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သတိပေးပြီးတဲ့နောက် ကချင်ပြည်နယ်က စစ်ကောင်စီရဲ့ အကြီးဆုံးဒေါက်တိုင်ဦးဇခုန်တိန့်ယိန်းရဲ့ နေဝင်ချိန်ရောက်လာပြီလို့ ကချင်နဲ့မြန်မာ့နိုင်ငံရဲ့အသိုင်းအဝိုင်းမှာ လူပြောများလာပါတယ်။


သူပေးချင်နဲ့မက်ဆေ့တွေကို လူမှုကွန်ရက်ပေါ်ကတစ်ဆင့် လှပသေသပ်တဲ့လက်ရေးနဲ့ရေးထားတဲ့စာလေးတွေတင် အသိပေးလေ့ရှိတဲ့ KIC ဒုတိယဥက္ကဌ ဒုချုပ်ဗိုလ်ချုပ်ကြီးဂွန်မော်ကကချင်ပြည်

နယ် အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း ဇွန်လ ၇ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်မိန့်ကို " မထုတ်ပြန်သင့်သော စစ်မိန့်" လို့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မှတ်ချက်ပြုရေးသားခဲ့တာပါ။


ကချင်ပြည်နယ်မှာစစ်ကောင်စီရဲ့ ပြည်နယ်အစိုး

ရအဖွဲ့ထက်တောင် အာဏာရှိပေမယ့် သိုသိုသိပ်သိပ်နေတတ်တာကြောင့် သွေးအေးတဲ့ ခရိုနီအဖြစ် နာမည်ထွက်နေတဲ့ အသက် ၈၀ ကျော်အရွယ် ဦးဇခုန်တိန့်ယိန်းဟာ သူတူးနေတဲ့ မြေရှားသတ္တု

တွင်းတွေလို ကျင်းနက်နက်ထဲကို ဆင်းသွားပြီလို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုနေကြပါပြီ။


▪︎ဦးဇခုန်တိန့်ယိန်းစစ်မိန့်


၂၀၂၄ခုနှစ် ဇွန်လ ၇ရက်က ထုတ်ပြန်ခဲ့တဲ့ ဦးဇခုန်တိန့်ယိမ်းရဲ့စစ်မိန့်ဟာ ရက်စက်ကြမ်းကြုတ်သလို အတင်းအဖျင်းလည်းဆန်တယ်လို့ ကချင်မျိုးနွယ်စုတိုင်းရင်းသားတွေကိုယ်တိုင် မှတ်ချက်ပေးပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချလှုံ့

ဆော်ပြီး သူ့ရဲ့ နောက်လိုက် အဆင်ခြင်မဲ့ပြည်သူ့

စစ်တပ်ဖွဲ့ဝင်ကို သွေးဆာအောင် မြှောက်ပင့်ခဲ့တာလို့ ပန်ဝါမှာနေတဲ့ ကချင်မျိုးနွယ်စုဝင် လော်ဝေါ်တိုင်းရင်းသူတစ်ဦးက ပြောပါတယ်။


ဦးဇခုန်တိန့်ယိန်းက သူ့လက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူး တွေနဲ့ ဒေသလက်နက်ကိုင် ပြည်သူ့စစ် ရဲဘော်တွေအနေနဲ့ သူတို့ပိုင်တဲ့ဒေသကို သတ်ဖြတ်၊ ဖျက်ဆီးဖို့ဝင်ရောက်တ််ိုက်ခိုက်လာတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို ယတိပြတ်ခုခံချေမှုန်းကြဆိုပြီး "စစ်မိန့်" ထုတ်ခဲ့တာပါ။နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ မြေတစ်လက်မတိုင်းကို ကာကွယ်ဖို့ ခုခံစစ်ဆင်၊တိုက်ခိုက်၊ချေမှုန်းကြရမယ်လို့ ဆိုထားပါတယ်။


" ကျွန်တော်တို့ ဒေသကိုဝင်ရောက်လာသည့် ရန်

သူမှန်သမျှကို တားဆီးချေမှုန်းကြရမည်။ အိမ်အ

တွင်း ဝင်ရောက်လာသော ရန်သူများ ပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ။ ရှေ့၊ နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြပါ။ ပြန်လည်ထွက်သွားခွင့်မပေးကြပါနှင့်" လို့ စစ်မိန့်မှာပါသလို တပ်ဖွဲ့ဝင်တွင်အနေနဲ့ သတ္တိကိုမှတ်တမ်းတင်ဖော်ထုတ်ဖို့၊ ငြိမ်းချမ်းသာယာမှုကိုလုံးဝ ဖျက်ဆီးမခံကြဖို့နဲ့ တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်ရဲ့သားကောင်းရတနာများသာဖြစ်ပြီး မိမိတို့ရဲ့မိဘများ၊ သားသ္မီးများကို ကာကွယ်တဲ့တိုက်ပွဲလို့လည်း အမိန့်ပေးထားတာပါ။


ဦးဇခုန်တိန့်ယိန်းဟာ ဆော့လော်၊ချီဖွေ၊ကံပိုက်တီနဲ့ ပန်ဝါ‌မြို့နယ်တွေလို ပြည်မနဲ့ အလှမ်းဝေးတဲ့ ဝေး

လံ ခေါင်ဖျားဒေသတွေမှာ ဓနအင်အား၊ လက်နက်အင်အားတွေကို သံကွန်ချာလိုအုပ်မိုးပြီးသြဇာ

အာဏာထူထောင်ထားသူဖြစ်ပါတယ်။သူ့မိသားစုပိုင်မြေရှားသတ္တုတူး‌ဖော်ရေးလုပ်ငန်းတွေ၊ ဘိန်းစိုက်ပျိုးထုတ်လုပ်တာတွေကနေရရှ်ိလာတဲ့ အ

ကျိုးအမြတ်တွေကိုကာကွယ်ဖို့ " စစ်မိန့်"ဆိုပြီး လူငယ်တွေကိုလှည့်စားခဲ့တာလို့ ဦးဇခုန်တိန့်ယိန်း လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ ပန်ဝါကနေ ထွက်လာခဲ့တဲ့ဒေသခံပညာတတ်သူငယ်တဦးကပြောပါတယ်။


"ဦးဇခုန်တိန့်ယိန်းက တဘို့သမားပါ။ ဒေသအပေါ် စေတနာရှိသူမဟုတ်ပါဘူး။ သူ အာဏာမြဲဖို့၊ သူ့မိသားစုချမ်းသာဖို့ပဲ လုပ်နေသူပါ။ မိုးတွင်းတုန်းက သူ့ပိုင်တဲ့ မြေရှားသတ္တုတွင်းတွေ ပြိုလို့ လူတွေသေတာကိုပဲကြည့်။ဒေသခံတွေ၊လူတွေရဲ့အသက်

ကို သူ့အကျိုးစီးပွားလောက် အာရုံမထားတဲ့သူပါ" လို့ အဆိုပါလူငယ်က ဆိုပါတယ်။


၂၀၂၄ ခုနှစ်ရဲ့မိုးတွင်း ဇွန်လ ၄ရက်နဲ့ ဇွန်လ ၁၉

ရက်က ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းမိသားစုပိုင်မြေရှားသတ္တုအတွင်းလုပ်ကွက် နဲ့ သူပိုင်မြေထဲ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေငှားရမ်းလုပ်ကိုင်တဲ့မြေရှားသတ္ထုတွင်းတွေပြိုကျခဲ့ပါတယ်။ တစ်ကြိမ်မှာသတ္တုတွင်းလုပ်သား ၅၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ လုံလောက်တဲ့လုပ်ငန်းခွင်လုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးကို မလုပ်ခဲ့တာကြောင့်အခုလိုတွေ မရှုမလှသေဆုံးခဲ့ရတာလို့ ဒေသခံအချို့ကပြောခဲ့ပါတယ်။


 ဒီဖြစ်ရပ်အတွက် " ဦးဇခုန်တိန့်ယိန်းက ဝမ်းနည်းကြောင်းစာတစောင်တလေတောင် မထုတ်ပြန်ခဲ့ပါဘူး။သူ့အာဏာနဲ့အကျိုးစီးပွားရေးထိပါးလာတော့

မယ့် အရိပ်အ‌ယောင်ကိုမြင်ချိန်ကျတော့ " ဦးဇခုန်တိန့်ယိန်းစစ်မိန့်ပေးပါသည်" ဆိုပြီး လူငယ်တွေကို စစ်မြေပြင်ရဲ့ရှေ့တန်းဆီ တွန်းပို့ခဲ့တာပါ။


▪︎ကချင်ခရိုနီရဲ့နောက်ကြောင်းရာဇဝင်


ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ခုနှစ် အရှေ့ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ အရာရှိငယ်တစ်ဦးဖြစ်ပါတယ်။ ၁၉၆၈မှာ တရုတ်အစိုးရရဲ့ စနက်ကြောင့် KIAကနေ ခွဲထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ ပူးပေါင်းခဲ့ပါတယ်။ဗကပ(၁၀၁)စစ်ဒေသရဲ့ စစ်ဒေသမှူးအနေနဲ့ ကန်ပိုက်တီး၊ ပန်ဝါဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့မှာ စစ်တပ်ကိုတော်လှန်တိုက်ခိုက်ခဲ့ပါသေးတယ်။


၁၉၈၉ ခုနှစ်မှာ ဗကပ ပြိုကွဲသွားခဲ့ပါတယ်။ ဦးဇခုန်တိန့်ယိန်းဟာ ၁၉၉၀မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ယခင် ဗကပ ၁၀၁ စစ်ဒေသကို ကချင်အထူးဒေသ (၁) အဖြစ် သတ်မှတ်ကြေညာပြီး စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်ဖြစ်လာခဲ့တာပါ။ သူရဲ့လမ်းမှားဟာ အဲဒီအချိန်ကနေစတင်ခဲ့ပါတယ်။


တိုင်းရင်းသားလက်လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေး စစ်အစိုးရရဲ့အစီအစဉ်နဲ့အတူ ဦးဇခုန်တိန့်ယိန်းက ၂၀၀၉မှာဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အမည်နဲ့ စစ်တပ်ခိုင်းတိုင်းလုပ်တဲ့ ကချင်ပြည်နယ်နယ်

ခြားစောင့်တပ်ဖြစ်လာပါတယ်။ 


ဒါ့အပြင် သူက ၂၀၁၉ခုနှစ်မှာ ဒီမိုကရေစီပါတီသစ် (ကချင်)ကို တည်ထောင်ပြီး ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်တွေမှာ ရွေး

ကောက်ပွဲဝင်ပြိုင်ခဲ့ပါသေးတယ်။ ပါတီမှာ သူက နာယကဖြစ်ပြီး သူ့သားဇခုန်ယိန်းဆောင်က ပါတီဒုတိယဥက္ကဌတာဝန်ယူထားတာပါ။ သူအပြည့်အဝထိန်းချုပ်ထားတဲ့ဒေသမှာ စိတ်တိုင်းကျစည်းရုံးပြီးရွေးကောက်ပွဲဝင်နိုင်တာကြောင့် လွှတ်တော်အမတ် အနေနဲ့ နေပြည်တော်မှာတောင်လွှတ်တော်တက်ခဲ့ပါသေးတယ် ။ ရွေးကောက်ပွဲမဲဆွယ်ကာလတွေမှာ ကြံ့ဖွံ့ပါတီကို သူ့ဒေသမှာစည်းရုံးခွင့်ပြုပေမယ့် NLD ပါတီက စည်းရုံးသူတွေကို သူ့လက်အောက်ငယ်သားတွေက ရိုက်နှက်အကြမ်း

ဖက်ခဲ့ပါသေးတယ်။သူထိန်းချုပ်တဲ့ ဒေသတွင်းမှာ တစ်ဖက်က လက်နက်ကိုင်၊ တစ်ဖက်က အာဏာနဲ့လုပ်ပိုင်ခွင့်ကို အမိအရဆုပ်ကိုင်ပြီး ခြယ်လှယ်ဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ လှုပ်ရှားနေတယ်လို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းကဆိုပါတယ်။


ဦးဇခုန်တိန့်ယိန်းနဲ့ သူ့မိသားစုဟာ သူတို့ထိန်းချုပ်ထားတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့

နယ်က ဒေသအချို့ပါဝင်တဲ့ ကချင်အထူးဒေသ

(၁)ထဲမှာ မြေရှားသတ္တုဖော်တဲ့လုပ်ငန်းတွေ၊ ပေါ်ပေါ်ထင်ထင်မဟုတ်တဲ့ ဘိန်းဖြူစိုက်ပျိုးတဲ့လုပ်

ငန်းတွေ၊ ဖျော်ဖြေရေးနဲ့ လောင်းကစားလုပ်ငန်းတွေနဲ့ နေ့ချင်းညချင်းအကျိုးစီးပွားဖြစ်ထွန်းလာကြတယ်လို့ အဲ့ဒီဒေသက အရပ်ဖက်အဖွဲ့‌တွေက ဆိုကြပါတယ်။


ဦးဇခုန်တိန့်ယိန်းမိသားစုဟာ ဒေသရဲ့ သယံဇာတကို မြေလှန်ခဲ့ပြီး ရရှိတဲ့အကျိုးအမြတ်ကို စစ်တပ်နဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်ခဲ့တာကြောင့် ဒေသဟာ ဖွဲ့ဖြိုးမှုနောက်ကျနေတယ်လို့ ဆိုကြပါတယ်။ ဒီမိသားစုရဲ့ မြေရှားသတ္တုဖော်တဲ့လုပ်ငန်းတွေနဲ့ဘိန်းဖြူစိုက်ပျိုးတဲ့လုပ်ငန်းတွေကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာဆိုရင် အရပ်ဖက်မူးယစ်ဆေးဝါတိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ ပက်ဂျိဆန်အဖွဲ့တွေကို အထူးဒေသ ၁ ထဲလာတာမှာ သူ့လက်အောက်ခံလက်

နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်ခဲ့ပါတယ်။ဒါကြောင့် ဇခုန်တိန့်ယိန်းမိသားစုကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြမှုတွေ ကချင်ပြည်နယ်ရဲ့မြို့

တော် မြစ်ကြီးနားမှာ ရက်အတန်ကြာဖြစ်ခဲ့ပါတယ်။


ပြည်မနဲ့ ဝေးပြီး ဆက်သွယ်ရေးခက်ခဲတဲ့ လူအဖွဲ့အစည်းရဲ့ မမြင်ကွယ်ရာအရပ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် သူ့မိဟားစု ဒေါ်လာသန်းကြွယ်သူဌေးဖြစ်နေပေမယ့် ဒေသကတော့ ဝဋ်နာကံနာ ဝေဒနာသည်လို ဆိုးဆိုးဝါးဝါးပျက်စီးနေပြီလို့ ‌ဆိုပါတယ်။ မြေရှားသတ္ထုတွင်းတွေကြောင့်ဒေသခံပြည်သူတွေတဲ့ ယာမြေတွေ ၊တောတောင်ရေမြေတွေပျက်စီးခဲ့ပေမယ့်သူတို့မိသားစုရဲ့ ဘဏ္ဍာရေးကပိုတောင့်လာပါတယ်။ငွေပိုရလာပေမယ့် လမ်းဖောက်တာ ၊မီးပေးတာစတဲ့ဒေသဖွံ့ဖြိုးရေးမလုပ်ပေးခဲ့ပါဘူး။


ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်ဆိုတဲ့ စစ်ဆေးမှုတွေဟာ မှားယွင်းကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်နေတယ်လို့ ဦးဇခုန်တိန့်ယိန်းရဲ့ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်က ၂၀၂၀

ခုနှစ် အောက်တိုဘာလအတွင်းမှာ ဧရာဝတီသ

တင်းဌာနကတဆင့် ဖြေရှင်းခဲ့ဖူးပါတယ်။


ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချီဖွေ နဲ့ ပန်ဝါဒေ

သအပါအဝင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်‌ဒေသဟာ တရုတ်ရဲ့ မြေရှားသတ္တုလိုအပ်ချက်ကို အ

လွန်အမင်းဖြည့်ဆည်းပေးနေရတာပါ။ ဒေသထွက် မြေရှားသတ္တုရဲ့ ၇၅ ရာခိုင်နှုန်းဟာ တရုတ်ကို တင်ပို့တာဖြစ်တယ်လို့ စစ်တမ်းတွေကဆိုပါတယ်။


" မြေရှားသတ္တုရိုင်းကို တရုတ်တွေ စိတ်တိုင်းကျ ထုတ်ယူနေတာ ထင်ရှားပါတယ်" လို့ ၂၀၂၂ ခုနှစ်ဇွန်လက ထုတ်ခဲ့တဲ့ VOA ရဲ့သတင်းတစ်ပုဒ်မှာ ဆောင်းပါးရှင်က ရေးသားထားပါတယ်။


ဒီအခြေအနေတွေကနေ စစ်ကောင်စီနဲ့ ဦးဇခုန်တိန့်ယိန်း အကျိုးအမြတ်ရနေတယ်လို့ ကချင်တိုင်း

ရင်းသားတွေက ပြောပါတယ်။ ဒါကြောင့်ပဲ သူရဲ့ အမည်နဲ့ အကျိုးစီးပွားကို ကြောင်လက်သည်းဝှက်သလို ဝှက်ပြီး ကန့်လန့်ကာနောက်ကွယ်မှာနေတတ်တဲ့ ဦးဇခုန်တိန့်ယိန်းဟာ ‌ဒေသကို လက်


လွှတ်ရတော့မယ့် စိုးရိမ်မှုတွေနဲ့အတူ စစ်မိန့်ပြီး လူသိရှင်များထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဦးဇခုန်တိန့်ယိန်းအတွက် နောက်ကျသွားခဲ့ပြီလို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းကဆိုပါတယ်။


▪︎ရေခဲတောင်အနီးက KIAရဲ့တိုက်ခိုက်ရေးစွမ်းရည်


ဦးဇခုန်တိန့်ယိန်းရဲ့ စစ်မိန့်ဟာ " မထုတ်ပြန်သင့်သော စစ်မိန့်" လို့ KIA စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောကြားပြီးတော့နောက်ပိုင်းရက်တွေမှာပဲ ကချင်ပြည်နယ်အထူးဒေသ(၁)ထဲမှာရှိနေတဲ့ စစ်ကောင်စီစခန်းတွေ၊ နယ်ခြားစောင့်တပ်ရင်းတပ်ဖွဲ့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်က ဆက်တိုက်ထိုးစစ်ဆင်သိမ်းယူခဲ့ပါတယ်။ ဦးဇခုန်တိန့်ယိန်းရဲ့ စစ်မိန့်ဟာ သူရဲ့ တပ်ဖွဲ့ဝင်တွေအပေါ် လွှမ်းမိုးမှုလုံးဝမရှိခဲ့ဘဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ ပြည်

သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ စခန်းတွေကို အလွယ်

တကူလက်လွှတ်ပြီး ဆုတ်ခွာထွက်ပြေးကြတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။


အခုဆိုရင် KIA ရဲ့ ထိုးစစ်ဟာ ဦးဇခုန်တိန့်ယိန်းရဲ့ NDA-K ဌာနချုပ် ပန်ဝါမြို့ကိုပါအောက်တိုဘာ ၁၈ ရက်ညမှာ သိမ်းယူပေးတဲ့အထိ အောင်မြင်ခဲ့ပါပြီ။ချီဗွေ၊ဆော့လော် ၊ပန်ဝါမြို့တွေ အပါအဝင် နယ်ခြားစောင့်တပ်စခန်းတွေ ၊ပြည်သူ့စစ်စခန်းတွေ ၊ စစ်တပ်စခန်းတွေကို KIA ၊KPDF နဲ့ ပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်တာပါ။လက်နက်ခဲယမ်းအများပြားကိုလည်း KIA က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုဆိုရင် ကန်ပိုင်တီးမြို့၊ဂမ်ခွန်းကျေးရွာအနီး က အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIAက အပြီးသတ်သိမ်းပိုက်ဖို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။


တိုက်ပွဲတွေဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲစစ်ကောင်စီတပ်ရဲ့ ဒေါက်

တိုင်တွေကို အမြစ်ဖြတ်ရှင်းလင်း‌နေတဲ့တိုက်ပွဲဖြစ်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ထုတ်ဖော်ပြောကြားထားပါတယ်။ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင် လုပ်ဆောင်ပေးနေတဲ့ရန်သူကို တိုက်ခိုက်သွားမှာဖြစ်ပြီး ဒီတော်လှန်ရေးမှာ ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။


ဦးဇခုန်တ်ိန့်ယိန်းဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲပြီး လက်နက်နဲ့ ရာထူးပေးအပ်ပွဲကို ၂၀ဝ၉ခုနှစ်နိုဝင်ဘာလ (၈) ရက်မှာ NDAKရဲဲ့ ဌာနချုပ်ပန်ဝါမြို့ မှာကျင်းပခဲ့တာပါ။


လက်ရှိ စစ်ကောင်စီဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ အဲဒီအချိန်တုန်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးအဖြစ်နဲ့ တက်ရောက်ပြီး ဦးဇခုန်တ်ိန့်ယိန်းရဲ့ လက်ထဲကို လက်နက်တွေအပ်နှံပေးခဲ့တာပါ။ နောင်၁၅နှစ်အကြာ လက်ရှိအခြေအနေမှာတော့ ပန်ဝါကိုလည်း KIA က သိမ်းယူလိုက်သလို စစ်ကောင်စီရဲ့ ဒုတိ

ယခေါင်းဆောင်လည်း နိုင်ငံတော်အာဏာကိုသိမ်း

ယူခဲ့တဲ့ သူတို့ဖော်တဲ့ ဆေးသူတို့မနိုင်တော့ဘဲ ကျရှုံးနိုင်ငံရေးဝဲဂယက်မှာ အကျပ်ရိုက်နေပြီဖြစ်ပါတယ်


စစ်အာဏာရှင်ရဲ့ ပစားပေးမှုနဲ့အတူ ဩဇာကြီးလာတဲ့ ဦးဇခုန်တ်ိန့်ယိန်းလည်း သူတချိန်လုံး ကုတ်တွယ်ထားတဲ့ ဒေသတွေ၊ အကျိုးစီးပွားတွေနဲ့ ဩဇာအာဏာကို လက်လွတ်‌ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ယခုဆောင်းပါးအတွက် မေးမြန်းရန် ဦးဇခုန်တိန့်ယိန်း ဇွန်လ၇ရက်ကထုတ်ပြန်ခဲ့သည့် စစ်မိန့်ပါ ဖုန်းနံပတ်များကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရခဲ့ပေ။


 " ဇခုန်တိန့်ယိန်းက တရုတ်နဲ့ စစ်တပ်အလိုကျနေတဲ့ ပုတ်သင်ညိုတစ်ကောင်ပဲ။ အကင်းပါးတယ်။ သိုသိပ်တယ်။ နိုင်ငံရေးအမြင်ကတော့ KIA ခြေ

ဖျားကို မမီတော့ ဒီကနေ့ သူ့ကျဆုံးခန်းရောက်လာတာ" လို့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။ ။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈၅ မြို့


 တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့

မြို့ ၈၅ မြို့ 


-People's Spring 


ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကမြန်မာ

-တရုတ် နယ်စပ်မှာရှိတဲ့ ပန်ဝါမြို့ကို အောက်

တိုဘာ ၁၈ ရက်ညမှာအပြီးသတ်သိမ်းပိုက်လိုက်

ပါတယ်။ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈၅ မြို့ရှိလာပါတယ် ။ တရုတ်ဖိအားပေးနေတဲ့ကြားကပဲ KIA ကလည်း ချီဖွေ ၊ဆော့လော် ၊ပန်ဝါမြို့တွေ နဲ့ စစ်တပ်စခန်း ၊BGF နဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ ။ အခုဆိုရင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း အနည်းဆုံး ၁၂ မြို့

ရှိနေပြီဖြစ်ပါတယ် ။ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့ကိုလည်း KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားပါသေးတယ် ။


ဒါအပြင် တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထိန်း

ချုပ်ထားပေမယ့်သတင်းမထုတ်ပြန်တာကြောင့် People's Spring အင်ဖိုဂရပ်မှာ မပါသေးတဲ့မြို့တွေလည်းကျန်ရှိနိုင်ပါတယ် ။လက်တလောမှာ အာရက္ခတပ်တော်(AA)ကမောင်တော ၊အမ်း ၊ဂွမြို့နယ် ၊ PDF တွေက ထီးချိုင့်၊အင်းတော်မြို့ ၊KNU နဲ့ PDF တွေကဖာပွန်မြို့တွေက စစ်တပ်လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်

ပြီးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြပါတယ် ။


▪︎People's Spring Infographic

Sunday 20 October 2024

ပန်ဝါမြို့ပေါ်ရှိ BGF ဆိုင်းဘုတ်ဖြုတ်ချ၊မြို့ပေါ်နှင့် နယ်စပ်ဂိတ်အနီး KIA တပ်နေရာယူ



 ပန်ဝါမြို့ပေါ်ရှိ BGF ဆိုင်းဘုတ်ဖြုတ်ချ၊မြို့ပေါ်နှင့် နယ်စပ်ဂိတ်အနီး KIA တပ်နေရာယူ

 

▪︎မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများစွာရ၊ လက်နက်ဖွက် အရပ်ဝတ်လဲ တပ်ဖျောက်ထားခြင်းရှိ၍ လုံခြုံရေးဂရုစိုက်နေရဆဲဟု သတိပေး


ဟန်နွေ/People's Spring


ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က သိမ်းပိုက်ပြီးနောက် မြန်မာ-တရုတ်နယ်စပ်ဂိတ်အနီးနေရာနှင့်ပန်ဝါမြို့တွင်း KIA တပ်ဖွဲ့ဝင်များ နေရာယူထား

သကဲ့သို့ နယ်ခြားစောင့်တပ်(BGF)ဆိုင်းဘုတ်များ ဖြုတ်ချခဲ့သည်ကို ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ ဖော်ပြသည့် ရုပ်သံမှတ်တမ်း ၌တွေ့ရသည်။

 

KIAက ပန်ဝါမြို့ကိုသိမ်းပိုက်ပြီးနောက် အောက်

တိုဘာ ၁၉ရက်နေ့ အခြေအနေကိုဖော်ပြသည့် ရုပ်သံနှင့် ၁၀၀၂ နယ်ခြားစောင့်တပ် ဆိုင်းဘုတ် ဖြုတ်ချသည့် ရုပ်သံ လူမှုကွန်ရက်၌ ဖော်ပြလာခြင်းဖြစ်သည်။


"ပန်ဝါမြို့သိမ်းပြီးနယ်ခြားစောင့်တပ် ဆိုင်းဘုတ် ဖြုတ်နေတာကိုပန်ဝါနေ ပြည်သူတွေ ဝမ်းသာအားရ ဖြစ်နေပုံပါ" ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း BGF ဆိုင်းဘုတ်ကိုKIA တပ်ဖွဲ့ဝင်ကဖြုတ်ချနေသည်ကို ပြည်သူများဝိုင်းကြည့်နေသည့် ရုပ်သံကိုမျှဝေရင်းရေးသားထားသည်။


ပန်ဝါမြို့ကို KIA တပ်က အောက်တိုဘာ ၁၈ရက်ညပိုင်း၌ ဝင်ရောက်ပြီး အောက်တိုဘာ ၁၉ရက်မနက်တွင်အပြီးသတ် ရှင်းလင်းထားသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးသည်။


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံစစ်ဗျူဟာ(၁)ဗျူဟာမှူးနှင့် ရှေ့တန်းခလရ(၂၉) တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်များ အခြေစိုက်ရာ ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ရက် မနက် ၈နာရီတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်ကပြော

သည်။  


စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများစွာရရှိခဲ့ပြီး လုံခြုံရေး ဂရုစိုက်နေရဆဲဖြစ်သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။


"ပန်ဝါမှာ သေနတ် ဖွက် အရပ်ဝတ်လဲ(စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ ယူနီဖောင်းချွတ် အရပ်ဝတ်လဲ)ပြီး တပ်ဖျောက်နေတာတွေရှိနေသေးတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က လုံ

ခြုံရေးဂရုစိုက်ရသည့်အခြေအနေကိုရှင်းပြသည်။


အခြား သတင်းရင်းမြစ်တစ်ဦးကလည်း " စစ်သုံ့ပမ်းလည်း ဖမ်းမိတယ်။ ဒါပေမဲ့ ဘယ်လောက်ဆိုတဲ့ အရေအတွက်တော့ မပြောပြဘူး။ ပြီးတော့ လက်နက်ခဲယမ်းတွေလည်း အမြောက်အများရတယ်လို့ပြောတယ်။ ဒါပေမဲ့သူတို့ အဲဒါတွေလည်း အတိအကျ မပြောပြဘူး။" ဟုပြောသည်။


KIAသည် စစ်ကောင်စီ လက်အောက်ခံဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်

မြေမှ ချီဖွေမြို့ကို စက်တင်ဘာ လကုန်ပိုင်း၊ ဆော့လော်မြို့ကို အောက်တိုဘာလဆန်းက သိမ်းပိုက်နိုင်ခဲ့ပြီးပန်ဝါကို အောက်တိုဘာ တတိယပတ်တွင်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကန်ပိုက်တည် ဒေသရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(၁၀၀၃)၏ ကားကင်းစခန်းများကိုလည်း KIAက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိမ်း

ပိုက်ထားသည်။ 


ထို့ကြောင့် ကချင်အထူးဒေသ(၁)နယ်မြေအတွင် KIA၏ စစ်ဆင်ရေး ရက်ပေါင်း ၂၀ အကြာတွင် မြို့သုံးမြို့နှင့် တပ်စခန်း ကြီးငယ် ၂၀ကျော်ကို သိမ်းပိုက်ရရှိထားသည်။


(KIA တပ်ဖွဲ့ဝင်များက အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် (BGF 1002) ဆိုင်းဘုတ်ကိုဖြုတ်

ချစဥ််။ဓါတ်ပုံ-File photo)

Saturday 19 October 2024

Breaking News- ပန်ဝါမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းသို့ စစ်ကြောင်းဖြင့် ချီတက်ဝင်ရောက်


 Breaking News- ပန်ဝါမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းသို့ စစ်ကြောင်းဖြင့် ချီတက်ဝင်ရောက်


ရန်ကုန်၊ အောက်တိုဘာ ၁၉ 


ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို KIA နှင့် PDF များ ပါဝင်သော ပူးပေါင်းတော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပန်ဝါမြို့မှ ပြည်သူများနှင့် KIA စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ 


အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီအချိန်တွင် ပန်ဝါမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ ယနေ့ နံနက် ၁ နာရီအချိန်တွင် ပန်ဝါမြို့အတွင်းသို့ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ချီတက်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"မနေ့ ညနေ ၅ နာရီမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေလည်း အဝတ်အစားတွေလဲပြီး ထွက်ပြေးကြတယ်။ ည ၉ နာရီမှာ ပန်ဝါမြို့ ပတ်ပတ်လည်မှာ စခန်းတွေ အကုန်သိမ်းသွားတယ်။ စခန်းတွေ မီးလောင်နေတာမြင်ရတယ်။ ဒီမနက် ၁ နာရီမှာ KIA စစ်သားတွေ ချီတက် တန်းစီပြီးဝင်လာတယ်။ " ဟု ပန်ဝါမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။ 


KIA သတင်းရင်းမြစ်ကလည်း "စစ်ခွေးစခန်းကုန်ပြီ....မရှိတော့ဘူး။ ရှင်းလင်းရေးလုပ်ရဦးမယ်။ လေကြောင်းသတိထားရပါတယ်။ သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေများပါတယ်။ စစ်ခွေးနဲ့ ပြည်သူ့စစ်တွေ ထွက်ပြေးသွားတာလည်းရှိတယ်" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ပန်ဝါမြို့ကို ယခုအောက်တိုဘာလဆန်းပိုင်းတွင် KIA က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ပန်ဝါမြို့ကို သိမ်းပိုက်ရရှိခြင်းလည်းဖြစ်သည်။ 


ပန်ဝါမြို့မှ စစ်ဘေးရှောင်ကြသည့် ပြည်သူများမှာမူ တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ထားခြင်းကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် အနီးတွင် ဆက် လက် ပိတ်မိနေပြီး ရာချီသော ကားများမှာလည်း နယ်စပ်ဂိတ်တွင် တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခွင့်ရရှိရေး စောင့်ဆိုင်းနေကြဆဲဖြစ်သည်။ 


ပန်ဝါမြို့ကို စစ်တပ်လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင် အထူးဒေသ ၁ နယ်ခြားစောင့်တပ်များက ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ 


ဓာတ်ပုံ- ပန်ဝါမြို့အတွင်းသို့ ယနေ့ နံနက် ၁ နာရီ KIA ဦးဆောင်သော တော်လှန် ရေးတပ်များ ချီတက်၍ ဝင်ရောက်လာကြစဉ်။

Friday 18 October 2024

စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှပြန်လာတဲ့ အောင်ပွဲရရဲဘော်တွေကို ပြည်သူတွေက အောင်ပန်းနဲ့ကြိုဆို





 စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှပြန်လာတဲ့ အောင်ပွဲရရဲဘော်တွေကို ပြည်သူတွေက အောင်ပန်းနဲ့ကြိုဆို


ဧရာဝတိတိုင်းမ်

အောက်တိုဘာ ၁၈ ရက်


ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှပြန်လာတဲ့ အောင်ပွဲရရဲဘော်တွေကို ဒီကနေ့မှာ ပြည်သူတွေက အောင်ပန်းနဲ့ကြိုဆိုခဲ့ကြပါတယ်။


မနေ့က စွယ်တော်ကုန်းအမြောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းများအပြင် ၁၂၀-မမ လက်နက်ကြီး နှစ်လက်၊ ပွိုင့်ဖိုက်တစ်လက်၊ လက်နက်ငယ်များနဲ့ ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လိို့ KNU က ထုတ်ပြန်ထားပါတယ်။


အဲ့ဒီ စခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) ဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များပါဝင်ခဲ့ပြီး ၇ လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။


ဓာတ်ပုံ - Cobra Column 2 VENOM

#Ayeyarwaddy_Times

Thursday 17 October 2024

ပန်ဝါအနီးရှိ BGF စခန်းနှစ်ခု KIA ထပ်မံ သိမ်းပိုက်၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ


 ပန်ဝါအနီးရှိ BGF စခန်းနှစ်ခု KIA ထပ်မံ သိမ်းပိုက်၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ


ပန်ဝါ - အောက်တိုဘာ ၁၇၊ ၂၀၂၄။ 


ကချင်အထူးဒေသ (၁) ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ် (BGF) ကာကင်းစခန်းတစ်ခုနှင့် ကံပိုက်တည်ရှိ ကာကင်းစခန်းတစ်ခုတို့ကို KIA ပူးပေါင်းတပ်က ယနေ့နံနက် ၁၀ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 


KIA ပူးပေါင်းတပ်က ချန်ရင်းခူးကျေးရွာ ဒေသအခေါ် ခိုင်ဖာကျီးကျေးရွာရှိ BGF ကာကင်းသို့ ထိုးစစ်ဆင်လာသောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စခန်းကိုဆုတ်ခွာခဲ့ကြောင်း BGF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ 


“ဒီပန်ဝါကနေဆင်းသွားရင် ချန်ရင်းခူးအကျော် အဲဒီမှာငါတို့ ကာကင်းစခန်းရှိတယ်၊ ဒီကောင်တွေ အောက်ကနေ မနက်ခြောက်နာရီလောက်တက်လာလို့ တိုက်ပွဲစဖြစ်တော့တာလေ။ ဟိုဘက်က ဒရုန်းနဲ့ တွယ်တယ်၊ ငါတို့ဘက်က လက်နက်ကြီးတစ်လုံးတွယ်တယ်၊ အခုတော့ အဲဒီစခန်းကနေ ငါတို့ဆုတ်ခဲ့ပြီ” ဟုပြောသည်။ 


အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း BGF တပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်ဖြင့် သွားလာနေသည့် KIA တပ်ဖွဲ့ဝင်များကို စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် KIA တပ်ဖွဲ့ဝင် သုံးဦးခန့်သေဆုံးကာ နှစ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BGF တပ်ဖွဲ့ဝင်ပြောပြချက်အရ သိရသည်။ 


တိုက်ပွဲဖြစ်ပွားနေချိန် နံနက် ၁၁ နာရီခန့်တွင် ချန်ရင်းခူးကျေးရွာအတွင်းသို့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ကြောင်း ချန်ရင်းခူးဒေသခံတစ်ဦးကပြောသည်။


"ရွာလယ်ထဲမှာကို သေနတ်သံတွေကြားနေရတာ၊ အခုလည်း ဒရုန်းအသံတွေကြားနေရတာ ခေါင်းပေါ်မှာ ဝဲနေသလိုပဲ တဝီးဝီးနဲ့ကြောက်လိုက်တာ။ ရွာထဲမှာလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတာ၊ တပ်လန့်တာလားတော့ မသိဘူး။ တစ်ချက်၊ နှစ်ချက်ပစ်ပစ်နေတာ ပြီးတော့အိမ်ထဲက တန်ဖိုးရှိတာ အကုန်ယူဆိုပြီးတော့ အကုန်ပန်ဝါကိုပြောင်းခိုင်းနေတာ" ဟုပြောသည်။


ချန်ရင်းခူးကျေးရွာသည့် ပန်ဝါမြို့မှ ဆိုင်ကယ်ဖြင့် မိနစ်သုံးဆယ်ခန့် သွားရသည့်အကွာအဝေးတွင်ရှိပြီး လက်ရှိအချိန်တွင်လည်း ကျေးရွာအတွင်းပစ်ခတ်သံများကြားနေရကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကလည်း ဒေသခံပြည်သူများကို ပန်ဝါမြို့သို့ပြောင်းရွေ့ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။


ထို့အပြင် ကံပိုက်တည်ရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ကိုလည်း KIA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်နေပြီး ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိထားကြောင်း KIA မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။


“၁၀၀၃ နယ်ခြားစောင့်တပ်ကို ဒီနေ့မနက်ပိုင်းက သိမ်းဆည်းရရှိပြီ။ အင်အား ၅၀ ကျော်လောက်ရှိ ၁၀၀၃ ကာကင်းစခန်းကြီးပဲ ဟုတ်တယ်။ ကန်ပိုင်တည်ကို ထိန်းထားတဲ့စခန်းဟုတ်တယ်” ဟုပြောသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


ပန်ဝါမြို့နှင့် ၁၁ မိုင်ခန့်ကွာဝေးသည့် လုပိကျေးရွာ(လုပ်ပိ)ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) တပ်ရင်းဌာနချုပ် ၁၀၀၂ တပ်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းပြန်လည်ရရှိရေး စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းနေသောကြောင့် ယနေ့ထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။ 


သတင်း - Pan Soon၊ Dureng

ပုံ - လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ချန်းရင်းခူးကျေးရွာ

Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး


 Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး 


ရန်ကုန်၊ အောက်တိုဘာ ၁၇ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLAနှင့်PDF  သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း စစ်တပ်ဗျူဟာစခန်းကို KNLA ၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ရရှိကြောင်း၊ လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် စစ်သုံ့ပန်းများ၊ ၁၂၀ မမ လက် နက်ကြီးများ၊ ပွိုင့်ဖိုက်များ ပါဝင်ကြောင်း သိရှိရသည်။ 


"လေ့ကေ့ကော်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း ရန်သူဗျူဟာ စခန်းကို  KNLA နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက် မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများစု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစုသိမ်းဆည်းရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း ရရှိထားပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 


ယနေ့ သိမ်းပိုက်ရရှိသော စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစခန်းသည် ပြည်သူများနေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်နေသော စစ်တပ်၏ လက်နက်ကြီးစခန်းဖြစ်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၃ လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


(ခေတ်သစ်သတင်းဌာနသည် မျက်မှောက်ခေတ်နှင့် မိတ်ဖက်ဖြစ်ပါသည် )

Tuesday 15 October 2024

ရှမ်းမြောက်နဲ့ မန္တလေးတိုင်းစစ်ရေး အခြေအနေပြအင်ဖိုဂရပ်


 ရှမ်း​မြောက်နဲ့ မန္တ​လေးတိုင်းစစ်​ရေး

အ​ခြေအ​နေပြအင်ဖိုဂရပ်


-People's Spring 


TNLAက သီ​ပေါမြို့ကို ​အောက်တိုဘာ ၁၃ ရက်​နေ့မှာအပြီးသတ် သိမ်းပိုက်ခဲ့တာ​ကြောင့် ၁၀၂၇ စစ်ဆင်​ရေး ဒုတိယပိုင်း မှာ TNLA ဦး​ဆောင်သိမ်းပိုက်ခဲ့တဲ့မြို့ ၅ မြို့ရှိလာပါတယ် ။ TNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက ဇွန် ၂၅ ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေး ဒုတိယပိုင်းမှာ ​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊​ကျောက်မဲ နဲ့ သီ​ပေါမြို့တို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။MNDAA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက စစ်​ကောင်စီရဲ့

အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင်လားရှိုး မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က လည်း ၁၀၂၇ ဒုတိယလှိုင်းနဲ့တချိန်တည်းရှမ်းမန်းစစ်ဆင်​ရေးမှာစဥ့်ကူးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို မတ္တရာမြို့က စစ်စခန် ၃၀ ​ကျော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ တချိန်တည်းမှာပဲ PDF ​တွေ ၊ပကဖ​တွေနဲ့ ​ပူး​ပေါင်းတပ်​တွေကလည်း မန္တ​လေးတိုင်းက တ​ကောင်းမြို့နဲ့ သပိတ်ကျင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။


ဒါ​ကြောင့် ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ စစ်​ကောင်

စီတပ်ဟာ မူဆယ်မြို့၊နမ့်လန်မြို့ ၊ မိုင်းရယ်မြို့ မှာနဲ့ ​နောင်ချိုမြို့နယ်ထဲက တောင်ခမ်းအ​မြောက်တပ်စခန်းအချို့ပဲကျန်​တော့တာဖြစ်ပါတယ်

သီပေါတိုက်ပွဲ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံ ၁၇၀ကျော်ရဟု TNLA အသိပေး





 သီပေါတိုက်ပွဲ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံ ၁၇၀ကျော်ရဟု TNLA အသိပေး


▪️စစ်ကောင်စီ၏ အရပ်ဘက်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ဦး သေဆုံး၊ ၈၀ ဒဏ်ရာရ


ထားမြတ်/People’s Spring


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)ကို အောက်တိုဘာ ၁၃ ရက်တွင် သိမ်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ပြီး တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ငယ်မျိုးစုံ ၁၇၀ကျော်ရရှိခဲ့ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။


သီပေါမြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း ဇူလိုင် ၂၀ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ (၂)လကျော်အကြာတွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။


သီပေါမြို့သည် ပဉ္စမမြောက်အလုံးစုံထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။


 ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်သည့် ဇွန်လ ၂၅ရက်မှ အောက်တိုဘာ ၁၃ရက်အတွင်း နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟုလည်း TNLAက အသိပေးသည်။


တိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၇၄ လက်ထက်မနည်း သိမ်းရခဲ့ဟု အသိပေးသည်။


ထို့အပြင် မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီးဖြစ်ကြောင်း ဖော်ပြသည်။


စစ်ကောင်စီ၏ သီပေါမြို့တပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ ၃၃ဦး သေဆုံးပြီး ၈၀ဦး ဒဏ်ရာရကာ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်သည်။


ထို့အပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဉီးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသောအားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။ TNLA အနေဖြင့် ခမရ(၅၀၄)နှင့် ခမရ(၅၀၃)မှ တပ်မိသားစုဝင် ၁၉၀ ကျော်ကို လူသားချင်းစာနာမှုအရ အောက်တိုဘာ၁၂ရက်တွင် လွှတ်ပေးခဲ့ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။


(သီပေါမြို့တိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)

ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA က တိုက် ခိုက် သိမ်းပိုက်၊ ပန်ဝါမြို့ကို ရရှိရန် လက်တစ်ကမ်းအလို ရောက်ရှိဟုဆို


 ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA က တိုက် ခိုက် သိမ်းပိုက်၊ ပန်ဝါမြို့ကို ရရှိရန် လက်တစ်ကမ်းအလို ရောက်ရှိဟုဆို


ရန်ကုန်၊ အောက်တိုဘာ ၁၅ 


အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 


အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ပန်၀ါမြို့နှင့် ၅မိုင်ကျော်သာ ကွာဝေးသော အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ အများအပြားရရှိကြောင်း၊ စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူများပေးခဲ့ကြားမှ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"အဲဒီအမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို လုပြည်လို့ ခေါ်တယ်။ အဲဒါက ပန်ဝါနဲ့ ၁၀ မိုင်အောက်ပဲ ဝေးတယ်။ ပန်ဝါနဲ့ လမ်းတစ်ကမ်းအလိုကိုတော့ ရောက်ပြီ။ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရထားတယ်။ စစ်တပ်က ဒရုန်းတွေ၊ လေကြောင်းပစ်ကူတွေနဲ့ စစ်ကူပေမယ့် လုပြည်ကတော့ ရထားပါပြီ။ စစ်တပ်ဒရုန်းတစ်စီးပျက်ကျတယ်။ ဒရုန်းမှာ ဗုံးတွေပါတယ်" ဟု KIA သတင်းရင်းမြစ်ကရှင်းပြသည်။ 


လက်ရှိတွင် ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက်အောက်ရှိ အမှတ် ၁၀၀၁ ၊ အမှတ် ၁၀၀၂ နှင့် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းများအားလုံးကို KIA က သိမ်းပိုက်ရရှိထား သိရှိရသည်။ 


ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ အမှတ် ၁၀၀၂ BGF ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ကာကွယ်ထားသော စခန်းဖြစ်ရာ စစ်အရေးအရ အလွန်အရေးပါသည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။ 


ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဦးဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် ပြည်နယ်အထူးဒေသ ၁ တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်ကြောင်း သိရှိရသည်။ 


 KIA ပူးပေါင်းတပ်များက အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁ မိုင် BGF စခန်းကိုလည်းကောင်း၊ အောက်တို ဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကိုလည်းကောင်း သိမ်းပိုက်ခဲ့ပြီးနောက် အမှတ် ၁၀၀၂ ဗျူဟာတပ်ရင်းဌာနချုပ်ကို အောက်တို ဘာလ ၁၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။ 


စစ်ကောင်စီဘက်တော်သား ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။ အဆိုပါဒေသများသည် မြေရှားသတ္တုကို အဓိက ထုတ်လုပ်နေသော ဒေသများအဖြစ် လူသိများ ထင်ရှားသည်။

Saturday 12 October 2024

AA အမ်းနပခ အနီးရှိစစ်စခန်းနှစ်ခုကိုထပ်သိမ်း


 AA အမ်းနပခ အနီးရှိစစ်စခန်းနှစ်ခုကိုထပ်သိမ်း


လူအေး/People's Spring 


ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်

ဌာနချုပ်(နပခ)၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်သော မဲနယ်တောင်ဗျူဟာကို သိမ်းယူပြီးနောက်၅ ရက်အကြာတွင် အာရက္ခတပ်တော်(AA)က ခမရ(၃၇၃)နှင့်အမြောက်ကုန်းကိုပါ ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၇၃)နှင့် အမြောက်ကုန်ဟု ဒေသခံများက ခေါ်သည့် ကမ်းဒိတ်တောင်စခန်းကိုအောက်တိုဘာ

လ၁၁ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟု သိရသည်။


"စစ်တက်ဘက်က ဆုတ်သွားတာ။ AAက အဆက်

မပြတ် ပစ်နေတာ။ ၃၇၃ နဲ့ ကမ်းဒိတ်တောင်စခန်းကို မ‌နေ့က ရတာပါ။ လေကြောင်းကနေ စစ်တပ်က ပစ်တယ်။ ဒီနေ့အထိ ပစ်တယ်" ဟု ဒေသခံစစ်ရေးသတင်းမြစ်တစ်ဦး အောက်တိုဘာလ၁၂ရက် နေ့လည် ၁၂နာရီခန့်တွင် လူထုနွေဦးသို့ပြော

သည်။


ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ

သည် အမ်းမြို့ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ထဲသို့သွားရောက် ပူးပေါင်းနေကြောင်း သ

တင်းရရှိသည်။


အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်

တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး မဲနယ်တောင်တောင်ဗျူဟာကို အောက်တိုဘာလ ၇ ရက်ည‌နေတွင်သိမ်းပိုက်ခဲ့သည်။ 


သို့သော်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်၍ AA က သတင်းမထုတ်ပြန်သေးပေ။အမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ခဲ့ရာ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက်

တင်ဘာလ ၂၆ရက်နှင့် ၂၇ရက် နံနက်၌တိုက်ပွဲဖြစ်ခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။ထိုကြောင့် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ပါရှိသည်။


AAသည် ဂွမြို့နယ်ရှိ စစ်ကောင်စီစခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်

လက်ပြင်းထန်နေကြောင်း ဒေသခံများကပြော

သည်။


"တိုက်ပွဲတွေထဲမှာ အရပ်သားပိတ်မိနေတာတွေရှိတယ်။ကြိုတင်ရှောင်ခိုင်းပေမယ့် မရှောင်တဲ့သူတွေပိတ်မိနေတယ်" ဟု ဂွမြို့ဒေသခံတဦးကပြောသည်။


ဂွမြို့နယ်မှ တိုက်ပွဲများနှင့်ပတ်သက်၍လည်း AAက စက်တင်ဘာလ၂၇ရက်တွင် နောက်

ဆုံးသတင်းထုတ်ပြန်ထားပြီး ထိုနောက်ပိုင်းမထုတ်ပြန်သေးပေ။ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင် စက်တင်ဘာလ (၂၄) ရက်နေ့က နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။ဂွမြို့နယ်ရှိ ကုလားပြင်တပ်စခန်းကိုအောက်တိုဘာလပထမလဘက်အတွင်း AAက တိုက်ခိုက်သိမ်းလိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။


ဂွမြို့နယ်သည် ဧရာဝတီတိုင်းနှင့် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီစခန်းများကို AAက ထိုးစစ်

စတင်တိုက်ခိုက်မည်ဖြစ်၍ တိုက်ပွဲများပိုမိုပြင်း

ထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ 


ဂွမြို့နယ်ကိုဧရာဝတီတိုင်းဘက်မှာဝင်ရောက်သည့်ဝင်ပေါက်လမ်းများအား စစ်ကောင်စီကပိတ်ဆို့ထားသည်။ ဒေသခံအများအပြားသည်ဧရာဝတီ

တိုင်း၊ငါးသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတမြို့များသို့ နည်းမျိုးစုံဖြင့် တိမ်းရှောင်လာကြသည်။


(AA က အမ်းမြို့နယ်ရှိ မဲတောင်ဗျူဟာကို အောက်တိုဘာ ၇ ရက်ကညနေပိုင်းကသိမ်းပိုက်ပြီးနောက်တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)

Friday 11 October 2024

ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ရဲတပ်ကြပ် ရန်ရှင်းခွာ အလောင်းကို ရဲစခန်း နောက်ပေါက်မှ ခိုးထုတ် သဂြိုလ်


 ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ရဲတပ်ကြပ် ရန်ရှင်းခွာ အလောင်းကို ရဲစခန်း နောက်ပေါက်မှ ခိုးထုတ် သဂြိုလ်  


ရန်ကုန်၊ အောက်တိုဘာ ၁၁ 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့သည့် ရဲတပ်ကြပ် ရန်ရှင်းခွာ အလောင်းကို ရဲစခန်း နောက်ပေါက်မှ ခိုးထုတ်၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြေမြုပ် သဂြိုလ် လိုက်ကြောင်း Kanbalu Underground Warriors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ရဲတပ်ကြပ် ရန်ရှင်းခွာကို Kanbalu Underground Warriors အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုက်ပွင့်၍ သေဆုံးကြောင်း သိရသည်။


သေဆုံးသွားသော ရဲတပ်ကြပ် ရန်ရှင်းခွာ၏ အလောင်းကို အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇီးကုန်းမြို့ပေါ် ရဲစခန်း နောက်ပေါက်မှ ခိုးထုတ်၍ မြေမြုပ် သဂြိုလ် လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။


"ကျွန်တော်တို့ ဝင်ပစ်တဲ့ အချိန်မှာ သိမ်းဆည်းရမိတာတော့မရှိပါဘူး။ လက်နက်မပါခဲ့ပါဘူး။ ရဲခွေး အလောင်းကို မြေမြုပ်တာက ၉ ရက်နေ့ မွန်းလွဲပိုင်းကလို့ သိရတယ်။ စခန်းရှေ့ပေါက်ကနေ မထုတ် ရဲလို့ နောက်ပေါက်က နေခိုးထုတ်ပြီး မြေမြုပ် သဂြိုလ်လိုက်တယ်လို့ သိရတယ်" ဟု Kanbalu Underground Warriors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Wednesday 9 October 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၂ မြို့


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့

မြို့ပေါင်း ၈၂ မြို့


▪︎PDF တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ


-ဒီပ/ People's Spring 


ပင်လည်ဘူးမြို့ကို PDF တွေနဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက်မှာ အပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေသိမ်းပိုက် ထိန်းချုပ်ထားတဲ့မြို့ ၈၂ မြို့ရှိလာပြီဖြစ်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန နဲ့ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှု နဲ့ PDF တွေနဲ့ပူးပေါင်းတပ်တွေဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၊ လေကြောင်းကနေစစ်ကူအကြိမ်ကြိမ်ပို့မှုတွေကြားကနေ ၅၃ ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။ဒါကြောင့် စစ်ကိုင်းတိုင်းမှာ PDF တွေတိုက်ခိုက်သိမ်းပိုက်တဲ့မြို့ပေါင်း ၅ မြို့ရှိလာပြီဖြစ်ပါတယ် ။ခမ်းပါတ် ၊ရွှေပြည်အေး ၊ မော်လူး ၊မြို့သစ်မြို့တွေနဲ့ အခုနောက်ဆုံးပင်လည်ဘူးမြို့တို့ဖြစ်ပါတယ် ။ဒါအပြင်မန္တလေးတိုင်းမှာလည်း

စဥ့်ကူးမြို့နယ် ၊သပိတ်ကျင်းမြို့နယ်နဲ့တကောင်း

မြို့တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး နဲ့ ဒေသခံPDF ခရိုင်တပ်ရင်းတွေ ၊ပကဖ တွေအပါအဝင် ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါကြောင့် PDF တွေအဓိကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်တဲ့မြို့ပေါင်း ၈ မြို့အထိရှိလာတာပါ ။


စစ်ကောင်စီအတွက်တော့ တော်လှန်ရေးတပ်တွေသိမ်းသွားတဲ့မြို့တွေ ကိုပြန်ထိုးစစ်ဆင်သိမ်းပိုက်မယ် ကြုံးဝါးနေတဲ့ကြားက မြို့တမြို့ ထပ်သိမ်းခံရတာလည်းဖြစ်ပါတယ် ။စစ်ကောင်စီကတန်ပြန်

ထိုးစစ်လုပ်မယ့် ဆိုပေမယ့်နေ့စဥ် နိုင်ငံတဝန်း ပြည်သူတွေကိုလေကြောင်းကနေ ဗုံးကြဲ သတ်

ဖြတ်မှုတွေကိုသာလုပ်နေတာဖြစ်ပါတယ် ။ တချိန်တည်းမှာ အာရက္ခတပ်တော် (AA) ရဲ့မောင်တော၊အမ်း ၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ၊TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ သီပေါမြို့ပြင်ကလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၃ စခန်းသိမ်း

တိုက်ပွဲ နဲ့ တောင်ခမ်းတိုက်ပွဲတွေဟာပြင်းထန်နေပါတယ် ။တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် သတင်းမထုတ်ပြန်သေးတာကြောင့် People's Spring ရဲ့အခုအင်ဖိုဂရပ်ဖစ်မှာ မပါသေးတဲ့မြို့တွေလည်း ကျန်ရှိနိုင်ပါသေးတယ် ။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်း ဝင်သူများကို လက် နက် ၄၀၀ ကျော်၊ ဘိန်းဖြူ ၈၀ ထုပ်ဝန်းကျင်နှင့်အတူ ဖမ်းဆီးရရှိထားဟု စစ်ကိုင်းပကဖ ထုတ်ပြန်





ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်း ဝင်သူများကို လက် နက် ၄၀၀ ကျော်၊ ဘိန်းဖြူ ၈၀ ထုပ်ဝန်းကျင်နှင့်အတူ ဖမ်းဆီးရရှိထားဟု စစ်ကိုင်းပကဖ ထုတ်ပြန်


ရန်ကုန်၊ အောက်တိုဘာ ၉ 


စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်းဝင်သူများကို လက်နက် ၄၀၀ ကျော်၊ ဘိန်းဖြူ အထုပ် ၈၀ ဝန်း ကျင် နှင့်အတူ ဖမ်းဆီးရရှိထားကြောင်း စစ်ကိုင်းတိုင်းပကဖက သတင်းထုတ် ပြန်သည်။


ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ပင်လည်ဘူးမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ရက်အကြာ တိုက်ပွဲများနေ့စဥ်ဆင်နွှဲပြီးနောက် တမြို့လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချဆုတ်ခွာခွင့်တောင်း ဆုတ်ခွာသွားသဖြင့် ပင်လည်ဘူးမြို့ကို အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက အလုံးစုံ ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်း ပင်လည်ဘူးရဲစခန်းနှင့် စစ်ကူလာရောက်သော ဘဏ်ကုန်းရှိ စကစတပ်ဖွဲ့ဝင်များက ဒဏ် ရာရသူများ၊မိသားစုဝင်များနှင့် ရိက္ခာပြတ်လပ်ခြင်းကြောင့် လက်နက်ချ ဆုတ်ခွာခွင့်ပြုပါရန် ခွင့်တောင်းခံလာသဖြင့် ချက်ချင်း စီစဥ်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပင်လည်ဘူး မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်မှ လက်နက်ချသူများသည် ဝန်းသိုမြို့သို့ဆုတ်ခွာခွင့်ပြုခဲ့ပြီး အခြား ဖမ်းဆီရမိသုံ့ပန်းများကိုကောင်းမွန်စွာ ထိန်းသိမ်းထားရှိလျက်ရှိကြောင်း ၊ ပင်လည်ဘူးတွင် ခမရ ၃၀၁၊ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA တပ်ရင်း ၆၁၄၊ရဲတပ်ဖွဲ့တို့ ပါဝင်ပြီး စစ်ကောင်စီတပ်ဘက်မှ စစ်ကူ ၄ ကြိမ်ပေးခဲ့ကြောင်း၊ စစ်ကူတပ်ရင်းများမှာ ခမရ ၃၆၃၊ ခမရ၁၆၊ ခမရ၃၆၈၊ခမရ ၈၇ စုစုပေါင်းတပ်ရင်း ၁၁ရင်းခန့်ရှိကြောင်း သိရှိရသည်။


စစ်ကောင်စီက မြို့မကျစေရေးအတွက် လေယာဉ် စီးရေ ၁၃၀ ကျော်ဖြင့် ပေါင် ၅၀၀၊၃၀၀၊၂၀၀ စုစုပေါင်းအလုံးရေ ၃၀၀၀ ကျော် ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိလည်း လေကြောင်းမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဆဲဖြစ်ကြောင်း၊ 

 စစ် ဆင် ရေးကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းတစ်ခုလုံးကိုချေမှုန်းဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိကာ လာရောက်အလင်းဝင်ပူးပေါင်းသည့် စကစတပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရှိရသည်။ 


ထို့ပြင် ပင်လည်ဘူး ရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေ ၈၀ ဝန်းကျင် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆင်ရေးကာလအတွင်း အမှတ်၁စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်မတော်KIAမှတပ်ဖွဲ့ဝင်များ ၊ အမှတ်၁စစ်ဒေသ စစ် ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ (ပကဖ )လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ ၊ ကန့်ဘလူခရိုင်'ပကဖ)လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့များ၊ ရွှေဘိုခရိုင် (ပကဖ )ဒရုန်းတပ်ဖွဲ့နှင့်တိုက် ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံ ကောလင်းခရိုင်(ပကဖ)လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ(ကောလင်း၊ဝန်းသို၊ပင်လည်ဘူး မြို့နယ် ပကဖတပ်ဖွဲ့ဝင်များ) ပြည်သူ့ လုံခြုံရေး အဖွဲ့ (ပလဖ)များ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။
 

Tuesday 8 October 2024

ဘူးသီးတောင်တွင် ARSA တပ်စခန်းကို AA သိမ်းပိုက်ရရှိ၊ ပြည်သူ ၂ ဦးပျောက်ဆုံးနေ၍ ရှာဖွေစဉ် ARSA ၏ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး



 ဘူးသီးတောင်တွင် ARSA တပ်စခန်းကို AA သိမ်းပိုက်ရရှိ၊ ပြည်သူ ၂ ဦးပျောက်ဆုံးနေ၍ ရှာဖွေစဉ် ARSA ၏ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး 


ရန်ကုန်| အောက်တိုဘာ ၈ 


စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဘူးသီးတောင်ဒေသတွင် လက်နက်ကိုင်အဖွဲ့ ARSA တပ်စခန်းတစ်ခုကို အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီခန့်က သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ 


AA သိမ်းပိုက်ထားသော ARSA တပ်စခန်းမှာ ဘူးသီးတောင်မြို့နယ် ရွှေထား ရွာ၏ အနောက်ဘက်၌ စခန်းချနေထိုင်နေသာ တပ်စခန်းဖြစ်သည်။ 


ARSA တပ်စခန်းက လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AA က ဆိုသည်။ 


မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ကလေးငယ်များအပါအဝင် အရပ်သား ၄ ဦးကို ARSA လက်နက်ကိုင်အဖွဲ့က စက်တင်ဘာလ ၃၀ ရက်တွင် ဖမ်းဆီးသွားပြီး AA က လိုက်လံရှာဖွေနေသည်။ 


ဖမ်းဆီးခံရသည့် အရပ်သားများမှာ ဦးဆိုင်ဝင်း (၄၅) နှစ်၊ ၎င်း၏သားများ ဖြစ်ကြသော မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ၎င်း၏ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့ ဖြစ်သည်။ 


၎င်းတို့အားလုံးမှာ ချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ်အတွင်း ARSA က ဖမ်းဆီးသွားခြင်းဖြစ်သည်။ 


မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော AA တပ်ဖွဲ့ဝင်များနှင့် RSO တို့ AA သိမ်းပိုက်ထားသော "လိပ်ရစခန်း" အနီးတွင် အောက်တိုဘာလ ၆ ရက် နေ့လယ် ၁၂ နာရီ (၅၅) မိနစ် အချိန်တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ 


မောင်တောမြို့ခွဲ တောင်ပြိုမြို့က စားသောက်ကုန်ပစ္စည်းများ ဝယ်ယူပြီး ပြန်လာသော ယာဉ်မောင်အပါအဝင် အရပ်သား ၆ ဦးပါ တေဘာကားတစ်စီးကို အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီကျော်အချိန်တွင် ARSA လက်နက်ကိုင်အဖွဲ့က လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


ARSA တိုက်ခိုက်မှုကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦး သေဆုံးပြီး နောက်ထပ် အရပ်သား ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ 


ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ သေနတ်ဒဏ်ရာများပြားကြောင်း သိရသည်။ 


လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးနှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးကို ဆေးကုသပေးလျှက်ရှိကြောင်း AA ကဆိုသည်။ 


မောင်တောဒေသတွင် အကြမ်းဖက် ARSA အဖွဲ့အပါအဝင် အခြားသော RSO, ARA စသည့် လက်နက်ကိုင်အဖွဲ့များသည် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ ဓါးမြတိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ 


လက်ရှိတွင် ARSA, RSO, ARA တို့သည် စစ်ကောင်စီစစ်တပ် (မြန်မာစစ်တပ်) ပူးပေါင်းကာ အာရက္ခတပ်တော် AA အား ဘူးသီးတောင်၊ မောင်တောဒေသတွင် တိုက်ခိုက်နေပြီး AA နှင့် ၎င်းတို့သည် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြသည်။ 


ARSA ၊ RSO တို့ ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းအများစုမှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ကပစ စက်ရုံထုတ် လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။ 


ARSA, RSO မွတ်လဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့် နေထိုင်ကြရန်နှင့် မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် AA က သတိပေးတိုက်တွန်းထားသည်။ 


ထို့ပြင် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၈ နာရီခန့်အချိန်တွင် အာရက္ခဒေသ၊ ဘူးသီးတောင်မြို့ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသောဦးစံရွှေမောင် (အသက် ၆၇) နှစ် နှင့် ဦးမောင်မြအောင် (အသက် ၆၅) နှစ် တို ၂ ဦးသည် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြိုနယ် ဂုံးနားကျေးရွာဘက်သို ဝါးခုတ်ရန် ထွက်သွားခဲ့ကြောင်း၊ ၎င်းတိုနှစ်ဦးသည် နေ့လယ်အချိန်အထိ အိမ်ပြန်မရောက်လာသဖြင့် ဘူးသီးတောင်မြိုနယ်၊ ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲထံသို့ အသိပေး အကြောင်းကြားလာသောကြောင့် AA လုံခြုံရေးတပ်ဖွဲဝင် ၃ ဦးတို့က ပျောက်ဆုံးနေသူနှစ်ဦးအားရှာဖွေရန် ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ထွက်လာခဲ့ကြကြောင်း သိရှိရသည်။ 


ယင်းနောက် ပျောက်ဆုံးသူများကို ရှာဖွေရန် ထွက်လာအပြီး ၅ မိနစ်အကြာ၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် ဘူးသီးတောင်မြိုနယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝအနီးသို ရောက်ရှိချိန်၌ ARSA လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်ခံရာ AA လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စီးနင်းလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှိဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။ 


ARSA အဖွဲ့ ၏ ခြုံခိုတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ကျဆုံးခဲ့ရသောသူမှာ အသက် ၄၁ နှစ်အရွယ် ဦးဇော်မြင့်ဦး (ခ) ချက်ဖား ဖြစ်ပြီး အုတ်တောင်ကျေးရွာဇာတိဖြစ်ကြောင်း သိရှိရသည်။ 


ခြုံခိုတိုက်ခိုက်ခဲ့သော ARSA လက်နက်ကိုင်အဖွဲ့ကို AA အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များနှင့် အာရက္ခတပ်တော်တို့က လိုက်လံဖမ်းဆီးလျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသူ ရွာသားနှစ်ဦးကိုလည်း ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

 မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် ရန်ကုန်၊ နိုဝင်ဘာ ၁၀  မကွေးတိုင်းတွင် အကြမ်းဖက် စစ်တပ်၏...