Wednesday, 7 February 2024

ကျောက်တော်၊ မြောက်ဦး ၊မင်းပြားမြို့များအား ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်


 ကျောက်တော်၊ မြောက်ဦး ၊မင်းပြားမြို့များအား

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်


▪︎AA သိမ်းပိုက်ထိန်းချုပ်နိုင်သောမြို့ အနည်းဆုံး ၅ မြို့ရှိလာ


 ဇော်ရမ်း/People's Spring 


ရခိုင်ပြည်နယ် ရှိ ကျောက်တော်၊ မြောက်ဦး ၊မင်းပြားမြို့များမှ စစ်ကောင်စီစခန်းများအားလုံးကိုရက္ခိုင့်တပ်တော်(AA) က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်ကြောင်း AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။


"သုံးမြို့စလုံးကို တပ်တော်က ရပြီ။ မကြာခင် လူကြီးတွေသတင်းထုတ်ပြန်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ ပြည်သူတွေကိုဝင်ခွင့်မပေးသေးဘူး။ လေကြောင်းအန္တ

ရာယ်ကြောင့်ပါ" ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကPeople's Spring သို့ပြောသည်။


မင်းပြားမြို့မှ စစ်ကောင်စီ၏ နောက်ဆုံးကျန်သောတပ်ရင်းဖြစ်သည့် အမှတ် ၃၇၉ ခြေမြန်တပ်ရင်း ( ခမရ -၃၇၉) ကို ရက္ခိုင့်တပ်တော်-AAဖေဖော်ဝါရီ ၅ရက်တွင်လည်းကောင်း၊ မြောက်ဦးမြို့ရှိ နောက်ဆုံးလက်ကျန်ရှိနေသည့် ခမရ (၃၇၇)နှင့် ကျောက်တော်မြို့ရှိအမှတ်(၉) စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ်(စကခ -၉)နှင့် ခမရ (၃၇၅) တပ်ရင်းတို့ကို ယနေ့( ဖေဖော်ဝါရီ ၇ရက်)‌ညနေတွင် အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့်နီးစပ်သောစစ်ရေးငတင်းရင်းမြစ်က ရှင်းပြသည်။


မြောက်ဦးမြို့ရှိ ခမရ (၃၇၇) စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီအရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ကျော် အရှင်ဖမ်းမိထားသည်ဟု သိရသည်။ 


ကျောက်တော်မြို့တိုက်ပွဲတွင် စစ်ကောင်စီက ဇက်ရေယာဥ် သုံးစီးသည် ကုလတန်မြစ်ကြောင်းအတိုင်း ဆုတ်ခွာထွက်ပြေးရာ AAက လိုက်လံတိုက်ခိုက်ခဲ့သောကြောင့် နှစ်စီးနစ်မြုပ်သွားကြောင်း ရခိုင်ဒေသအခြေစိုက် Border News Agency-BNA နှင့်Arakan Bay News( AB News) သတင်းဌာနတို့ကဖေည်ပြသည်။တိုက်ပွဲ အသေးစိတ်ကို People's Spring ကအတည်မပြုနိုင်သေးပေ။


မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များသည် တဆက်တည်းရှိသော မြို့များဖြစ်ပြီး AAက ရခိုင်ပြည်နယ်၌ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလကတည်းက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။  


AA က ပလက်ဝဒေသတစ်ခုလုံး ၊ပေါက်တောမြို့ညတို့ကို သိမ်းယူပြီးဖြစ်ကာ ယခုမြို့သုံးမြို့ထပ်မံ သိမ်းပိုက်ထိန်း လိုက်၍ အနည်းဆုံး ၅ မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။ထိုအပြင် မောင်းတော မြို့နယ်ရှိ တောင်ပြို (လက်ဝဲ ၊လက်ယာ)ကိုလည်း သိမ်းပိုက်ထားပြီး ကျန်နေသောစစ်ကောင်စီတပ်စခန်းများကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။


(AA သိမ်းပိုက်ထားသောမြို့များနှင့် အနီးဝန်းကျင်ဒေသများပြမြေပုံ)

Breaking News : စကစ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ၁၅ မိုင်အကွာက ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်အပါအဝင် စခန်းများကို KNLA, PDF, BPLA တို့ တိုက်ခိုက်သိမ်းပိုက်နေပြီး တိုက်ပွဲပြင်းထန်


 Breaking News : စကစ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ၁၅ မိုင်အကွာက ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်အပါအဝင် စခန်းများကို KNLA, PDF, BPLA တို့ တိုက်ခိုက်သိမ်းပိုက်နေပြီး တိုက်ပွဲပြင်းထန် 


ယနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၂ နာရီ ၄၀ ခန့်ကနေစတင်ပြီး  ပဲခူးတိုင်း ၊ ထန်းတပင် မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုးစခန်းတွေကို  KNLA တပ်မဟာ ၂ ၊ ၃ ၊ ၅ နဲ့ PDF , BPLA တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


လက်ရှိမှာတော့ သိမ်းပိုက်လိုက်တဲ့ နေရာတွေလည်း ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းများ လုပ်ဆောင်နေတယ်လို့ သိရပြီး နှစ်ဘက်အကျအဆုံးရှိတယ်လို့ ကနဦး သိရပါတယ်။ 


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

Tuesday, 6 February 2024

ဆိပ်ဖြူမြို့နယ်တွင် ဆီပေပါများ တင်လာသည့် စစ်ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ



 ဆိပ်ဖြူမြို့နယ်တွင် ဆီပေပါများ တင်လာသည့် စစ်ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူ လမ်းပိုင်းတွင် ဆီပေပါများ တင်လာသည့် စစ်ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Caf-Spupdf  ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဆိပ်ဖြူမြို့မှ ဆင်းလာသော ဆီပေပါများ တင်ဆောင်လာသည့် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ ကား ၁ စီးကို ဆိပ်ဖြူ -ဆောလမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားမှာ လမ်းဘေးထိုးကျသွားပြီး စစ်ကားပေါ် လိုက်ပါလာသည့် ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၂ ဦး သေဆုံးပြီး MA 3 သေနတ် ၁ လက်နှင့် G3 သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကားလာတဲ့အချိန်အရင်မိုင်းဆွဲပြီး ကားရှေ့ကနေ ဆီးပစ်တာပါ၊ အဲဒီကနေ ချောက်ထဲထိုးကျသွား တာပါ၊ လက်နက် ရပြီး  နောက်ပြန်ဆုတ်လာခဲ့တာ၊ မကြာခင်ပဲ စစ်ကြောင်းထိုးလာလို့ သတင်းတင် တာနောက်ကျသွားတယ်၊ ဆိပ်ဖြူကနေ ပကစ ၂၂ ပဲလား၊ ကုက္ကိုလ်လိမ်ပဲနေမလား၊ ဝင်ယူချောင်း ထဲမေမလား မသိဘူး၊ အဲလို တပ်တွေကြားထဲမှာ ကျနော်တို့အဖွဲ့က တိုက်ခိုက်ခဲ့တာပါ၊ ကားပေါ်ပါ တဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေပါတယ်” ဟု Caf-Spupdf  ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Caf -Spupdf ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ ၊ ပခုက္ကူရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၂ ၊ Yenathar Youth Force (YYF) နှင့် ဆိပ်ဖြူမြေလတ် ပကဖ အနောက်ပိုင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Monday, 5 February 2024

စစ်အာဏာရှင်အလွန် ပြည်ထောင်စုတည်ဆောက်ရေး တော်လှန်ရေးအဖွဲ့အားလုံး ညှိနှိုင်းဆွေးနွေးကြရန် KIO ဥက္ကဋ္ဌ ပြော


 စစ်အာဏာရှင်အလွန် ပြည်ထောင်စုတည်ဆောက်ရေး တော်လှန်ရေးအဖွဲ့အားလုံး ညှိနှိုင်းဆွေးနွေးကြရန် KIO ဥက္ကဋ္ဌ ပြော


▪️တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုများကို စစ်ရေးဖြင့်ဖြေရှင်းရန်ဆန္ဒမရှိဘဲ သမိုင်းကြောင်း အခြေခံပြီးဆွေးနွေးဖြေရှင်းရန် ဆန္ဒရှိဟု အသိပေး


▪️KIO/KIA ရဲဘော်များအပါအဝင် ကျဆုံးတော်လှန်ရေးရဲဘော်အားလုံးကို ဂုဏ်ပြု


ဟန်နွေ/People’s Spring


စစ်အာဏာရှင်ချုပ်ငြိမ်းရေးလက်တွဲရန် အရေးကြီးသည့် အချိန်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယနေ့ ပြောကြားလိုက်ပြီး စစ်အာဏာရှင်အလွန် ပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေးအဖွဲ့အားလုံး ညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းလိုက်သည်။


ယနေ့ ဖေဖော်ဝါရီ ၅ရက်တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့ဖြစ်သည့် (၆၃)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကချင်ဘာသာဖြင့် မိန့်ခွန်းပြောကြားချင်ကို KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘာသာပြန် ပြောပြသည်။


"စစ်ကောင်စီ အလွန်ပြည်ထောင်စုတည်ဆောက် ရေးအတွက် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက ညှိနှိုင်းဆွေးနွေးပြီးမှ ဒီမိုကရေစီ ပြည့်၀တဲ့ ကျနော်တို့ရဲ့ ပြည်ထောင်စုတွေကို ပြန်လည်တည်ဆောက်ဖို့ အကြောင်း ကျနော်တို့ KIO ဥက္ကဋ္ဌရဲ့ မိန့်ခွန်းထဲမှာ ပါတာဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။


လက်ရှိအချိန်သည် တော်လှန်ရေးအတွက် အလွန်အရေးကြီးသည့် အချိန်ဖြစ်ကြောင်းလည်း KIO ဥက္ကဋ္ဌကထည့်သွင်း ပြောကြားခဲ့သည်ဟုဆိုသည်။


"ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ ဘ၀ကနေ လွတ်မြောက်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသားတွေ နောက် ဗမာလူမျိုးတွေ ဗမာပြည်သူလူထုတွေကိုယ်တိုင် လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးလူမျိုးများရဲ့အင်အားစုတွေ အားလုံးပူးပေါင်းပြီးမှ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ ချုပ်ငြိမ်းဖို့ အတွက် ကျနော်တို့ အားလုံး လက်တွဲဖို့အရေးကြီးတဲ့ အချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကချင်လူငယ် လူရွယ်တွေအားလုံးက မိမိဆန္ဒနဲ့ ဒီတော်လှန်ရေးတာဝန်တွေကိုထမ်းဆောင်ဖို့ တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်တဲ့ အချက်တွေ ပါပါတယ်"ဟု ဗိုလ်မှူးကြီးနော်ဘူက KIO ဥက္ကဋ္ဌ၏ မိန့်ခွန်းပါ အချက်ကို ပြောပြသည်။


ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် တော်လှန်ရေးကာလ၌ နေရာတစ်ခုတည်း၌ ပူးပေါင်းပြီး နေထိုင်တော်လှန်နေသည့် ကာလဖြစ်၍ အချင်းချင်း ပွတ်တိုက်မှု ရှိခဲ့သည့် အခြေအနေအပေါ် KIO/KIA၏ သဘောထားကိုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေးခဲ့ကြောင်း ရှင်းပြသည်။


"အဲဒီ နေရာနဲ့ပတ်သက်လို့ ဒေသနဲ့ပတ်သက်လို့တော့ ကျနော်တို့ KIO အနေနဲ့တော့ နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်လို့ ကျနော်တို့ခိုင်မာတဲ့ သမိုင်းကြောင်းတွေ ရှိတဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းကို အခြေခံပြီးမှ ကျနော်တို့ဆွေးနွေးအဖြေရှာပြီးမှ ဖြေရှင်းဖို့ပဲ ကျနော်တို့ KIOက ဆန္ဒရှိပါတယ်။ စစ်ရေးပဋိပက္ခနဲ့ ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ KIOရဲ့ဆန္ဒ မရှိပါဘူး။ဒါကြောင့် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အားလုံး အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီးမှ သမိုင်းကြောင်း ခိုင်ခိုင်မာမာရှိတာကို အခြေခံပြီးမှ ဖြေရှင်းဖို့ ပဲ ကျနော်တို့ ဆန္ဒရှိတဲ့အကြောင်းတွေ ပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။


ထို့ပြင် ကျဆုံးတော်လှန်ရေးရဲဘော်များကို ဂုဏ်ပြုကြောင်းလည်း KIO ဥက္ကဋ္ဌ၏ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။


"ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ပြီးမှ ကိုယ့်တိုင်းရင်းသားတွေ ပြည်သူလူထုတွေ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ရဲ့အသက်ကို သမာဓိရှိရှိနဲ့ပေါ့နော် အသက်စတေးခံရတဲ့ ရဲဘော်တွေအားလုံးကိုလည်း ချီးကျူးဂုဏ်ပြုတဲ့ အကြောင်းတွေ ၊ ကျနော်တို့ KIO/KIA ရဲဘော်တွေသာမကဘူး အခြားသော တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှာ ပါဝင်ပြီးမှ အခုလိုမျိုးအသက်စတေးခံရတဲ့ ရဲဘော်တွေအားလုံးကိုလည်း ဂုဏ်ပြုတဲ့ အကြောင်းတွေ ပါပါတယ်"ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။


ထို့ပြင် မြန်မာပြည်သူများအပေါ် စစ်ကောင်စီက ရန်သူကဲ့သို့ ပစ်မှတ်ထား သတ်ဖြတ်၊ မီးရှို့၊နှိပ်စက်ခြင်းများ နှင့်ပတ်သက်ပြီး KIOက စိတ်မကောင်းဖြစ်ရကြောင်း ၊ ဝမ်းနည်းကြောင်း အသိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။


ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကို ၁၉၆၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယနေ့ ကျရောက်သည့် (၆၃)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ကို KIOအုပ်ချုပ်ရာဒေသရှိ စစ်ဘေးရှောင်စခန်းအသီးသီး၌ ပြုလုပ်ခဲ့သည်ဟု ဒေသ သတင်းရင်းမြစ်အချို့က ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြထားသည်။


(ယနေ့ ကျရောက်သည့် (၆၃)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ကို KIOအုပ်ချုပ်ရာဒေသ၌ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - Kachinnews)

မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို ငွေတောင်းခံ နှောင့်ယှက်နေသော စစ်သားတစ်ဦးနှင့်အပေါင်းတစ်ဦးကို PDF က ဖမ်းဆီးရာမှ စစ်သား သေ ဆုံး၊ အပေါင်းအပါကို လက်နက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထား


 မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို ငွေတောင်းခံ နှောင့်ယှက်နေသော စစ်သားတစ်ဦးနှင့်အပေါင်းတစ်ဦးကို PDF က ဖမ်းဆီးရာမှ စစ်သား သေ ဆုံး၊ အပေါင်းအပါကို လက်နက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထား


ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို ငွေတောင်းခံ နှောင့်ယှက်နေသော စစ်သားတစ်ဦးနှင့်အပေါင်းတစ်ဦးကို PDF က ဖမ်းဆီးရာမှ စစ်သားမှာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားကာ အပေါင်းအပါကို လက်နက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့  မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန် မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို အဓမ္မငွေတောင်းခံနှောင့်ယှက်နေသော စစ်ကောင်စီတပ်သားတစ်ဦးနှင့် အပေါင်းအပါတစ်ဦးတို့ ရှိနေကြောင်း ပြည်သူလူထုက သတင်းပေးပို့လာကြောင်း၊ ထို့ကြောင့်  မိုးညှင်း K-PDF တပ်ရင်းက  သွားရောက်ဖမ်းဆီးခဲ့ရာ စစ်သားက လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခုခံရန် ကြိုးစားကြောင်း၊ ထို့ကြောင့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လက်နက်မပါသော စစ်သား၏ အပေါင်းအပါကိုမူ  အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ကိုင်ဆောင်သော သေနတ်တစ်လက်နှင့်အတူ ၎င်းတို့ကိုင်ဆောင်သော ဖုန်းနှစ်လုံးကို မိုးညှင်း K-PDF တပ်ရင်းက သိမ်းဆည်းရရှိခဲ့ကြောင်း၊  မိုးညှင်းမြို့နယ်နေ ပြည်သူများအနေဖြင့် အကြမ်းဖ က်စစ်ကောင်စီနှင့် ပတ်သတ်သော သတင်းများကို မိုးညှင်း K-PDF တပ်ရင်းသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးကြရန် ၎င်းက မေတ္တာရပ်ခံသည်။

"ကျနော်တို့ အသေပစ်ဖမ်းရတာက စစ်သားကိုပါ။  လက်နက်မပါတဲ့ ကျန် စစ်သားရဲ့ အပေါင်းအပါ အရပ်သားကိုတော့ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်" ဟု မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မောင်တောမြို့၊ တောင်ပြို (လက်ယာ) စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေး


 မောင်တောမြို့၊ တောင်ပြို (လက်ယာ) စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေး 


■ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ဆွေးနွေးနေဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးပြောဆို 


ရန်ကုန်၊ ဖေဖော်ဝါရီ ၅ 


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြို(လက်ယာ)စခန်းကို ရက္ခိုင့်တပ်တော်AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း ၂ ခုကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တောင်ပြို (လက်ယာ) စခန်းကို ညနေ ၆ နာရီခန့်အချိန် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်၍ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ 


တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည်ဖြစ်ကြောင်း AAက သတိပေးလိုက်ပြီး တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း၊ AA ဘက်မှ လည်း တော်လှန်ရေး အာရက္ခစစ်သည်အချို့ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရကြောင်း သိရှိရသည်။ 


AA က တိုက်ခိုက် သိမ်းပိုက်လိုက်သော တောင်ပြို(လက်ယာ)စခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀ နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်၍ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း သိရှိရသည်။ 


AA အနေဖြင့် ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာနေသော စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ 


ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည် ပို့ဆောင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုသည်။ 


“သူတို့ကို အချုပ်ထဲမှာ ထားပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သူတို့တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်မလာသင့်ပါဘူး။ ” ဟု ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ပြောဆိုသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲများတွင် အရေးနိမ့် စစ်ရှုံးတိုင်း အိန္ဒိယ၊ တရုတ်နိုင်ငံများသို့ ထွက်ပြေးနေကြရာမှ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါထွက်ပြေး တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Sunday, 4 February 2024

ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နူန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်တပ်စခန်း ၂၄ ခုနဲ့ ရဲစခန်း ၁၂ ခုကို သိမ်းပိုက်ရရှိ


 ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နူန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်တပ်စခန်း ၂၄ ခုနဲ့ ရဲစခန်း ၁၂ ခုကို သိမ်းပိုက်ရရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၄


 ချင်းပြည်နယ်ရဲ့ နယ်မြေ ၇၅ ရာခိုင်နူန်းကို စစ်အာဏာသိမ်းတာ သုံးနှစ်ပြည့်မြောက်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းရေးရာ အဖွဲ့ချုပ် (ICA) ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။


စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်စခန်း ၂၄ ခုကို ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ကြပြီး ရဲစခန်း ၁၂ ခုကို စစ်ကောင်စီက စွန့်လွှတ်ခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) ကထုတ်ပြန်ပါတယ်။


ချင်းပြည်နယ်က ကန်ပက် လက်မြို့နယ်ထဲက မကွီအိမ်နူးရဲစခန်း၊ ထန်တလန်မြို့ရဲစခန်းနှင့် လုံလဲရ်တပ်စခန်း၊ ဖလမ်းမြို့နယ် ဗာရ်တပ်စခန်း၊ ရိခေါဒါရ်အမှတ်(၁) နှင့် (၂)တပ်စခန်း၊ သွီဘွာလ်တပ်စခန်း၊ ထင်းရှူးတပ်စခန်း၊ ခမ်းပတ်မြို့ရဲနှင့်တပ်စခန်း၊ တီးတိန်မြို့ နယ်ထဲက ကနေဒီ တောင်တပ်စခန်းနှင့် သိုင်းငင်းတပ်စခန်း၊ မတူပီမြို့နယ်ထဲက လိုင်းလင်းပီမြို့တပ်စခန်း၊ ရေဇွာတပ် စခန်း၊ ထယ်ဘွေ တပ်စခန်း၊ ဟားခါးမြို့နယ်ထဲက ဘုံဇုံးတပ်စခန်း၊ ပလက်၀မြို့နယ်ထဲက တရွန်အိုင်ဗျူဟာကုန်းတပ် စခန်း၊ နူံးဘူးဗျူဟာကုန်းတပ်စခန်း၊ ပွိုင့်(၃၇၇) ခ၀ဲဗျူဟာကုန်းတပ်စခန်း၊ ရှင်းလက်၀တပ်စခန်း၊ တောင်ရှည် ဗျူဟာတပ်စခန်း၊ ခလရ(၂၈၉) တပ်ရင်းဌာနချုပ်၊ ခန်ခတောင်ဗျူဟာတပ်စခန်း၊ မီး၀တပ်စခန်း နှင့် နှမဒါဗျူဟာတပ်စ ခန်းတို့ဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ဖော်ပြချက်အရသိရပါတယ်။


ဆူရ်ခွာမြို့ရဲစခန်း၊ နာရိန်းမြို့ရဲစခန်း၊ ဝန်းသိုတပ်စခန်း ၊ဆာဘောင်သဲရဲစခန်း၊ ဝေဘုလရဲစခန်း၊ ဒါရ်ခိုင်ရဲစခန်း၊ သံတောင်ရဲစခန်း၊ လုံငိုစခန်း၊ ရမ်းကြီးရဲစခန်း သီးကီးရ် စခန်း၊ မွောင်တလန်းရဲစခန်း၊ ကပ်သဲလ်စခန်း တွေကိုတော့ စစ်ကောင်စီက အလိုအလျောက်စွန်ခွာသွားကြတာဖြစ်တယ်လို့သိရပါတယ်။


ချင်းပြည်နယ်ရဲ့ မြို့ပေါ်တွေမှာပဲ စစ်ကောင်စီတပ်တွေရှိ တော့တာ ဖြစ်ပါတယ်။

 

" ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ သိုင်းငင်းစခန်းကိုသိမ်းလိုက်နိုင်တော့ ကြားစခန်းမရှိတော့ဘူး။ သိုင်းငင်းစခန်းဟာ နောက်ဆုံးကြားစခန်းပဲ" လို့ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။


ချင်းပြည်နယ်မှာ စစ်ကောင်စီကြားစခန်းမရှိတော့တာကြောင့် မြို့ပေါ်မှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဆီကို စစ်ကောင်စီအနေနဲ့ မြေပြင်လမ်းကနေ ဆက်သွယ်ဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။


ချင်းပြည်နယ် အနောက်မြောက်ပိုင်း ပလက်ဝနယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတော့ AA ကတိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ 


ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇန်မြို့နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ ZRA အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။

ပျက်ကျနေသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို AA တပ်ဖွဲ့ဝင်များက ရှာဖွေစိစစ်နေသည့် ဓာတ်ပုံများ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်


 ပျက်ကျနေသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို AA တပ်ဖွဲ့ဝင်များက ရှာဖွေစိစစ်နေသည့် ဓာတ်ပုံများ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်


ရန်ကုန်၊ဖေဖော်ဝါရီ ၄ 


အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျနေမှုကို AA တပ်ဖွဲ့ဝင်များက စိစစ်နေသည့် ဓာတ်ပုံများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ 


စစ်ကောင်စီ၏ Mi17 ရဟတ်ယာဉ်ဟု ယူဆရသည့် ရဟတ်ယာဉ်ပျက်ကို နောက်ခံထား၍ AA တပ်ဖွဲ့ဝင်များ တန်းစီ ရပ်နေသည့် ဓာတ်ပုံ၊ ပျက်နေသည့် စစ်ရဟတ်ယာဉ်ကို AA တပ်ဖွဲ့ဝင်များက ရှာဖွေ စိစစ်နေပုံများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 


သို့ရာတွင် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် အဆိုပါ ရဟတ်ယာဉ်ပျက်ကျသည်(သို့မဟုတ်) ပစ်ချသည် ဆိုသော အသေးစိတ် အချက်အလက်များကို တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။ 


လက်ရှိတွင် တော်လှန်ရေးအဖွဲ့များက စစ်အာဏာသိမ်းချိန်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပစ်ချမှုများ လုပ်ဆောင်ခဲ့ကြောင်း၊   ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တစ်လတည်းတွင်ပင် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့် လေယာဉ် ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။ 


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းမှ  ဝိုင်းမော်မြို့နယ် နာဖော့စခန်းသို့ ရိက္ခာနှင့် လက်နက်များလာသည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း၈ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ ရုရှားနိုင်ငံထုတ် Mi17 ရဟတ်ယာဉ်တစ်စီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ  ၁၆ သန်း ဝန်းကျင်ရှိကြောင်း သိရှိရသည်။ 


အလားတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကျဲခဲ့သည့်  စစ်ကောင်စီ၏  တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ကြောင်း၊   တရုတ်လုပ် FTC 2000 G တိုက်လေယာဉ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ သန်းခွဲ တန်ကြေးရှိကြောင်း သိရှိရသည်။ 


ထို့အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီ၏  Eurocopter 365 ရဟတ်ယာဉ်တစ်စီး ကို   ကရင်ပြည် နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍  ပျက်ကျသွားခဲ့ကြောင်း၊ အဆိုပါ ရဟတ်ယာဉ်သည် အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကမှ တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရဟတ်ယာဉ် တွင် လိုက်ပါသော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် အရာရှိ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

Saturday, 3 February 2024

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက ယနေ့မှ အပြီးသတ် သိမ်းပိုက်ရရှိ


 ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက ယနေ့မှ  အပြီးသတ် သိမ်းပိုက်ရရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်း စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့တွင်မှ အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း KIA ၏ ထုတ်ပြန်ချက်နှင့်  KIA သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်  ဖားကန့်မြို့နယ် နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ နန့်တိန်း တပ်စခန်းကို ဇန်နဝါရီ လကတည်းက တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ် စခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့လင့်ကစား တော်လှန်ရေးတပ်များက စခန်းကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း  ယင်းနန့်တိန်းစခန်းတွင်ပင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင်မှ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

Friday, 2 February 2024

BBC Burmese အင်တာဗျုး ၏ "ရက္ခိတအိမ်မက်က ဒီတချီမှာတော့ ပြည့်မြောက်တော့မယ်ဆိုပြီး ယုံကြည်မှုရှိလား” မေးခွန်းအပေါ် ဖြေကြားချက်မှ ကောက်နှုတ်ချက်


 “စစ်မြေပြင်မှာ ဒုက္ခတွေကို ခါးစည်းခံနေတဲ့ ပြည်သူတွေကိုယ်၌က ငါတို့အိမ်တော့မီးလောင်သွားပြီ၊ ငါတို့ တရပ်ကွက်လုံးလည်း ရန်သူတွေက မီးရှို့ပလိုက်ပြီ၊ အဲ့တာကြောင့် အပစ်မရပ်ဖို့ပဲ လိုတယ်၊ လွတ်မြောက်ရေးရရင်ပြီးပြီ၊ တိုက်စရာရှိတာကို တိုက်ကြပါဆိုတဲ့ ဒီစည်းစည်းလုံးလုံးနဲ့ ခွန်အားအပြည့်နဲ့ ရပ်တည်နေတဲ့ကာလဆိုတော့ အရင်နဲ့စာမယ်ဆိုရင် မျှော်လင့်ချက်‌တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရင်ထက်ပိုပြီးမှ ခွန်အားတွေစိုက်ပြီးမှ အကောင်းဆုံးကြိုးစားနေတဲ့ အနေအထားဖြစ်ပါတယ်"


ဗိုလ်ချုပ် ထွန်းမြတ်နိုင်

စစ်ဦးစီးချုပ်

ရက္ခိုင့်တပ်တော် (AA)


BBC Burmese အင်တာဗျုး ၏ "ရက္ခိတအိမ်မက်က ဒီတချီမှာတော့ ပြည့်မြောက်တော့မယ်ဆိုပြီး ယုံကြည်မှုရှိလား” မေးခွန်းအပေါ် ဖြေကြားချက်မှ ကောက်နှုတ်ချက်


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

Thursday, 1 February 2024

မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရုံး၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့ရှိ စစ်တပ် တပ်ရင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်


 မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရုံး၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့ရှိ စစ်တပ် တပ်ရင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ရုံး၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သား များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့၊ ကားကြီးကွင်းအနီး၊ နတ်လူထိပ်ပန်ရပ် ကွက်ရုံး၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပြောက်ကျားစနစ်ဖြင့်အလစ်အ ငိုက်ဝင်ရော်ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ည ၁၁ နာ ရီ အချိန်တွင် ထပ်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား ၁ ဦးထပ်မံသေဆုံးသွားကြောင်း သိရ သည်။


“ရပ်ကွက်ရုံးမှာ အထိုင်ချတပ်စွဲထားပါ၊ အရင်ကတော့ ၁၀ ဦးလောက်ပဲရှိတယ်၊ မနေ့က မနက်က မှ အင်အား ထပ်ဖြည့်ထားတာ ၁၅ ကောင်လောက်တော့ရှိတယ်” ဟု Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအပြီး ထိခိုက်သေဆုံးဒဏ်ရာရ စစ်သားများကို နာရေးကားဖြင့် လာရောက် သယ်ဆောင်သွားပြီး အိမ်စီးကား ၂ စီးဖြင့် အနီးနားပတ်ဝန်းကျင်ကို လှည့်ပတ်ခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force – Monywa ၊ Ka Naung Min Tar Gyi(Monywa) ၊ ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့နှင့် မုံရွာဘီလူးမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မုံရွာမြို့တွင်း စစ်ဆင်ရေးများကို အရှိန်မြှင့်တင်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနေထိုင်ရာ အနီးပတ်ဝန်းကျင်မှ ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။


ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ခလရ ၂၅၆ ၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ရေစကြိုမြို့ရှိ အကြမ်းဖက်စစ် ကောင်စီ ၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ ၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းတို့ အတွင်း အီနာဂါဗုံး သီး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ် ၃ တပ်လုံးကို အပေါ်ကနေ ဒရုန်းလေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက် ခဲ့တာ၊ ၁၁ နာရီလောက်ကတည်းက စပြီးတော့ ဗုံးကျဲတိုက်ခိုက်တာ၊ နေ့လည် ၂ နာရီလောက်မှ ပြီး ခဲ့တာပေါ့၊ တပ်တစ်တပ်ကို အနည်း ၇ လုံး ၈ လုံးလောက်ချခဲ့တာ၊ အကုန်လုံးပေါင်းရင် အလုံး အစိတ် ၃၀ လောက်တော့ရှိမှာပေါ့၊ သေတာတော့မကြားသေးဘူး၊ မနေ့က ညနေပိုင်းမှာ ဒဏ်ရာရတဲ့သူတွေ ကို ပခုက္ကူပို့တယ်လို့ သိရတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ပြန်ပစ်တယ်၊ နောက်ပြီး တော့ ပွိုင့် ၅ နဲ့ပစ်တဲ့အသံတွေလည်းကြားရတယ်၊ ဒရုန်းကို ပစ်တာထင်တယ်” ဟု ရေစကြိုပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ နှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရင်းများ အတွင်းမှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Wednesday, 31 January 2024

ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရမ်းဗြဲတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်‌ကောင်စီ၏ အလောင်းများနှင့်လက်နက်များသိမ်းဆည်းရရှိ


 ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရမ်းဗြဲတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်‌ကောင်စီ၏ အလောင်းများနှင့်လက်နက်များသိမ်းဆည်းရရှိ


ရန်ကုန်၊ ဇန်နဝါရီ ၃၁ 


ရခိုင်ပြည်နယ်၊ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ 


ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီ၏ လေကြောင်း အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း ၊ မင်းပြားမြို အခြေစိုက် ခမရ ၃၈၀ တပ်ရင်းကိုလည်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ 


AA အနေဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြိုများမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ အားလုံးသော စခန်းများလည်း မကြာမီ အပြီး သတ်သိမ်းပိုက်ရယူရန် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း အခြေအနေကောင်းလျက်ရှိကြောင်း AA က ပြောဆိုသည်။ 


ထို့အတူ ရမ်းဗြဲမြိုတွင်မူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးကို ပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ရမ်းဗြဲမြို့ သို ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား ၁၂၀ ကျော်နှင့် လက်ကျန်တပ်ဖွဲ့ဝင်အချို့ ပူးပေါင်းသော စစ်ကြောင်းကို ရက္ခိုင့်တပ်တော်တို့ မြိုတွင်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး မိမိတိုဘက်မှ စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 


ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြိုရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ တစ်ရင်းမကျန် အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ယခုကဲ့သို ပြင်းထန်စွာ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း၊ AA အနေဖြင့် စစ်ကောင်စီ၏ တပ်ရင်းတစ်ခုပြီး တစ်ခု သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း AA က ထုတ်ပြန်ပြောဆိုသည်။ 


ဓာတ်ပုံ - မင်းပြားမြို့၊ ခမရ ၃၇၉ တပ်ရင်းထံမှ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ။

Tuesday, 30 January 2024

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့တဲ့ စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေ


 စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့တဲ့ စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေ


-People's Spring 


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်နေရာမှ ဒီနေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေပစ်ချခဲ့တာ အထောက်အထားအခိုင်အမာပြသနိုင်ခဲ့တာ ၅ စီး၊ပစ်ချနိုင်ကြောင်းအတည်ပြုထုတ်ပြန်ပေမယ့် အထောက်အထား မပြနိုင်သေးတဲ့ ၂ စီးအပါအဝင် ၇ စီးရှိပြီဖြစ်ပါတယ် ။ ၅ စီးကိုတော့ တော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့တာကိုဓါတ်ပုံ၊ဗီဒီယို မှတ်တမ်းအပါအဝင်အထောက်အထားတွေပြနိုင်ခဲ့ပါတယ် ။တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ကြောင်း တရားဝင်အတည်ပြုထုတ်ပြန်ပေးခဲ့ပေမယ့် လေယာဥ်နဲ့ ရဟတ်ယာဥ်ဟာစစ်ကောင်စီတပ် စိုးမိုးနယ်မြေမှာပျက်ကျပြီးအထောက်အထားမပြနိုင်သေးတာ ၂ စီးရှိပါတယ် ။ဒီ ၂ စီးဟာ ၂၀၂၃ ဖေဖော်ဝါရီ ၃ ရက် ရွှေပြည်အေးမြို့တိုက်ပွဲမှာPDF နဲ့ ပကဖ တပ်ပေါင်းစုကပစ်ခတ်ခဲ့တဲ့အတွက် ရဟတ်ယာဥ် ၁ စီး(အမျိုးအမည်အတိအကျမသိ) ပျက်ကျခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုခဲ့တဲ့ တစ်စီး နဲ့ ၂၀၂၃ ဇွန် ၃၀ မှာ ရွာသစ်မြို့အနီးမှာ ကလလတ (KNPLF)နဲ့ကရင်နီတပ်ပေါင်းစုက ပစ်ချခဲ့တယ်လို့ ကလလတ က အတည်ပြုထားတဲ့ K-8W အပေါ့စားတိုက်လေယာဥ် တို့ဖြစ်ပါတယ် ။ လူထုနွေဦးသတင်းဌာန က ၇ စီးလုံးပါတဲ့ အင်ဖိုဂရပ်ကို ထပ်မံဖော်ပြပေးလိုက်ပါတယ် ။


-People's Spring အင်ဖိုဂရပ်

စစ်ရဟတ်ယာဉ် ပစ်ချခံရ၍ ပျက်ကျမှုတွင် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်းကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း အတည်ပြု


 စစ်ရဟတ်ယာဉ် ပစ်ချခံရ၍ ပျက်ကျမှုတွင် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်းကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း အတည်ပြု 


■ရဟတ်ယာဉ်ပျံသန်းရောက်ရှိမည့်အချိန် ပေါက်ကြားမှုနှင့် ပျက်ကျသည့်ဓာတ်ပုံများ မီဒီယာထံရောက်ရှိမှု ဖရဲသီး ရှာဖွေ ဖော်ထုတ် အရေးယူရန် ညွှန်ကြား


ရန်ကုန်၊ ဇန်နဝါရီ ၃၀ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ပစ်ချခံလိုက်ရသော စစ်တပ်ရဟတ်ယာဉ် ပျက်ကျမှုတွင် ဗိုလ် မှူး ချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ် မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်း ကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း လေတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်တချို့က အတည်ပြုသည်။ 


ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် သင်္ဃန်းညီနောင် သို့ တပ်ချိန်းရန်ရောက်ရှိလာသော စစ်တပ်ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်မှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်တွင် လိုက်ပါသူ ၆ ဦးအနက်မှ ၅ ဦးသေဆုံးကြောင်း၊ ၁ ဦးမှာလည်း ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။ 


စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများတွင် 


၁-ဗိုလ်မှူးချုပ် အေးမင်းနောင် DSA-41 တပ်မမှူး တပ်မ(၄၄)  

၂-ဗိုလ်မှူး စိုးလွင်ထွန်း ယာယီတပ်ရင်းမှူး ခမရ(၉) 

၃- ဗိုလ်မှူး တိုးဦး လေယာဉ်မှူး 

၄-ဗိုလ်ကြီး တွဲဘက် လေယာဉ်မှူး

၅- ဗိုလ်ကြီး ဒရုန်းကျွမ်းကျင်အရာရှိ တို့ဖြစ်ပြီး စက်ပြင် တပ်ခွဲ တပ်ကြပ်ကြီး ၁ ဦးမှာမူ ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သိရှိရသည်။  


အဆိုပါရဟတ်ယာဉ် ပစ်ချခံရမှုသည် ရဟတ်ယာဉ်လာမည့်အချိန်နှင့် ပျံသန်းရောက်ရှိမည့် သတင်း ပေါက်ကြားမှုကြောင့်ဖြစ်ပြီး သတင်းပေါက်ကြားစေသည့် ဖရဲသီးကို ဖော်ထုတ်ရန်၊ ဖုန်းများကို စစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ ထို့ပြင် ရဟတ်ယာဉ်ပျက်ကျသည့် ဓာတ်ပုံများ သတင်းမီဒီယာများထံသို့ ပေါက်ကြားမှုများနှင့်ပတ်သက်၍ လည်း တပ်တွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

Monday, 29 January 2024

မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIAပူးပေါင်းတပ်သိမ်းပိုက်


 မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIAပူးပေါင်းတပ်သိမ်းပိုက်


ဆန်အောင်/People’s Spring


ကချင်ပြည်နယ် မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်

(KIA)က ယနေ့(ဇန်နဝါရီ ၂၉ )မနက်တွင်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခုကို KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေတပ်(KPDF)ပူးပေါင်းတပ်များက ဆက်တိုက် သိမ်းပိုက်လျက်ရှိရာ ယခုရက်ပိုင်းတွင် ကိုက်ထိပ်စစ်တပ်စခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


“ဒီနေ့မနက် ၈နာရီခွဲမှာ ဗန်းမော်ခရိုင် မံစီ မြို့နယ် ကိုက်ထိပ် စကစ တပ်စခန်းကုန်းအားလုံးကို KIA+KPDF ပူးပေါင်းတပ်ဖွဲ့များ အပြီးအစီးသိမ်းပိုက်လိုက်ပါပြီ” ဟု 

စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။


အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးမှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။


"လက်နက်ရရှိမှုစရင်းမသိရသေး....ဂိုဒေါင်လိုပ်ကိုရတယ်လို့ပြောတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


မံစီမြို့နယ် မံဝိန်းကြီးဒေသရှိ စစ်စခန်းများကိုလည်း KIAက တိုက်ခ်ုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။


KIA အနေဖြင့် ဇန်နဝါရီ ၂၈ မနက်ပိုင်းကလည်း တနိုင်းမြို့နယ်ဒလူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။


 (KIA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်၏ ကိုက်ထိပ် ဒေသမှတပ်စခန်းတစ်ခုကို အပေါ်စီးမှတွေ့ရပုံ။ဓါတ်ပုံ-KIA)

Sunday, 28 January 2024

မြေပြန့် ထိုးစစ် စတင်ခဲ့သော်


 မြေပြန့် ထိုးစစ် စတင်ခဲ့သော်


မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသမှာ ကျယ်ပြန့်တဲ့ နယ်မြေတလျှောက် မြေပြန့်ထိုးစစ် ပေါ်ပေါက်လာရင် အကြမ်းဖက်စစ်တပ်တခုလုံး ပြိုကျသွားဖို့ ဒါမှမဟုတ် ချေမှုန်းခံရဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်း၊ ဧရာဝတီ နဲ့ ရန်ကုန်တိုင်းတွေမှာ မြေပြန့် မဟာဗျူဟာ ထိုးစစ် စတင်လာတယ်လို့ တွက်ယူကြည့်ပါ။ 


မြို့ပေါင်းများစွာ၊ နယ်မြေများပေါင်းများစွာမှာရှိတဲ့ စစ်စခန်း၊ ရဲစခန်း၊ ပြည်သူ့စစ်စခန်း နဲ့ စစ်ယာဥ်တန်းသွားလာမှု၊ စစ်ကြောင်းလှုပ်ရှားမှုပေါင်းများစွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)၊ ဒေသကာကွယ်ရေး အဖွဲ့ နဲ့ တချို့သော နယ်မြေတွေမှာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေက ထိုးနှက်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ အထက်ဖော်ပြပါ နယ်မြေတချို့မှာ တော်လှန်ရေး အင်အားစုတွေဟာ စခန်းသိမ်းတိုက်ပွဲတွေ ကို ‌ဖော်ဆောင်နိုင်နေကြပြီး တချို့ နယ်မြေတွေမှာ (ဥပမာ-ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း)တွေမှာ ဖော်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ ရန်ကုန်တိုင်းမှာဆိုရင် စစ်ရေးလှုပ်ရှားမှု ပုံစံဟာ မြို့ပြ ပြောက်ကျားစစ်ဆင်မှု ပုံစံ အဖြစ် ရှိနေပြီး ဆက်လက်ပြီးလဲ မြို့ပြ တိုက်ခိုက်မှု ပုံစံ အဖြစ် ရှိသင့်ပါတယ်။ တကယ်လို့ မြေပြန့်ထိုးစစ်သာ စတင်လာမယ်ဆိုရင် စစ်တပ်ဟာ နိုင်ငံရေး အရရော၊ စစ်ရေးအရပါ တော်တော်လေးကို အထိနာသွားမှာ ဖြစ်ပါတယ်။


မြေပြန့် ထိုးစစ် အလားအလာကို မကြည့်ခင် ၂၀၂၃ ခုနစ်တွင်း စစ်ရေး အခြေအနေတွေကို ပြန်လည် သုံးသပ်သင့်ပါတယ်။ ၂၀၂၃ ခုနစ် နှစ်စကာလ ဖေဖော်ဝါရီ နဲ့ မတ်လလောက်ကစတင်ပြီး အထက်အညာဒေသမှာရှိတဲ့ လေတပ်စခန်း၊ စစ်အခြေစိုက်စခန်း နဲ့ လက်နက်စက်ရုံပေါင်းများစွာကို တပြိုင်နက်တည်း တိုက်ခိုက်တဲ့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်တဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မဟာဗျူဟာမြောက် တည်ရှိနေတဲ့ ပဲခူးရိုးမထိုးဖောက်‌ရေး ပထမခြေလှမ်းအဖြစ် ရိုးမ နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းဒေသဆီကို ပေါက်တဲ့ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး စစ်ဆင်ရေး ပေါ်ထွက်လာပါတယ်။ အဲဒီကာလမှာ ရန်သူ အနေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချုပ် လိုင်ဇာဒေသကို စစ်ကြောင်းများစွာ နဲ့ ထိုးဖောက်ဝင်ရောက်လာပြီး ခုခံတော်လှန်စစ်ကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရန်သူ့ စစ်ဆင်ရေးဟာ အရှုံးနဲ့ပဲ ရင်ဆိုင် ရပ်တန့်သွားပါတယ်။ 


အဲဒီလို ဖြစ်ပေါ်နေတဲ့ ကာလမှာ 

- စစ်ကိုင်းအောက်ပိုင်း၊ မကွေးတိုင်း နဲ့ ပဲခူး အနောက်ခြမ်း ဒေသတွေမှာ ပြောက်ကျား စစ်ဆင်မှုတွေ၊ လက်နက်စက်ရုံတွေကို အလစ်အငိုက်ယူ ပစ်ခတ်တာတွေ၊ တချို့ နယ်မြေတွေမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်လာပါတယ်။ ဒီစစ်ရေးလှုပ်ရှားမှုတွေဟာ တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးနယ်မြေကို ချဲ့ထုတ်လိုက်မှုဖြစ်ပြီး အနာဂတ် ထိန်းချုပ်နယ်မြေတွေအတွက် ပနှက်ရိုက် လုပ်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ 

- ကရင် နဲ့ ကရင်နီ ဒေသ၊ တနင်္ဿာရီ ဒေသမှာလဲ တိုက်ပွဲတွေဟာ အဓိက ကုန်သွယ်ရေး လမ်းတွေ၊ မြို့ပြ ဒေသတွေထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

- ရန်ကုန်မှာလဲ မြို့ပြ စစ်ဆင်တိုက်ခိုက်မှုတွေကို စနစ်တကျ နဲ့ ထိရောက်မှု ရှိအောင်လုပ်ဆောင်နိုင်လာပါတယ်။ နေပြည်တော်၊ မန္တလေးစတဲ့ မြို့ကြီးတွေ နားထိ တိုက်ပွဲတွေ ရောက်ရှိလာခဲ့ပါတယ်။ 

- သိသာ ထင်ရှားဆုံးကတော့ ၁၀၂၇ စစ်ဆင်ရေး အောက်တိုဘာလအတွင်း ပေါ်ထွက်လာမှု ဖြစ်ပြီး ရှမ်းမြောက် နဲ့ ရခိုင်ဒေသတခုလုံး မှာ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်မှု သိသိသာသာ လျှော့နည်းသွားပါတယ်။ ရှမ်းမြောက်ဒေသ မြို့တွေ၊ စခန်းတွေ အများစုကို ညီနောင်မဟာမိတ် အဖွဲ့က ထိန်းချုပ်နိုင်လိုက်တယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကိုလဲ ထိန်းချုပ်နိုင်လိုက်ပြီလို့ ပြောလို့ရတယ်။ 

- ရခိုင်ဒေသမှာဆိုရင် အိန္ဒိယ နယ်စပ် ပလက်ဝ မြို့နယ်တခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်လိုက်သလို ရခိုင်မြောက်ပိုင်းဒေသမှာလဲ စစ်ရေးလှုပ်ရှားမှုတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်။ 

- စစ်ကိုင်းအထက်မှာရှိတဲ့ ခရိုင်အဆင့်မြို့ ကောလင်းကိုလဲ ပြည်သူ့တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး ဧရာဝတီမြစ်ဘေးမှာရှိတဲ့ အချက်အခြာ ကျတဲ့ ထီးချိုင့်မြို့ကိုလဲ ဝန်းရံ တိုက်ခိုက်နိုင်ခဲ့တယ်။

 ၂၀၂၃ ခုနစ် တွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒီစစ်ရေး အောင်ပွဲတွေက ပြသတာကတော့ စစ်တပ်ရဲ့ ထိန်းချုပ် လှုပ်ရှားမှု နယ်မြေဟာ နယ်စပ်တောင်တန်း ဒေသမှာ သေးကျုံ့သွားပြီ၊ စစ်တပ်ဟာ တိုက်စွမ်းရည် မရှိသလို အင်အား လုံလောက်မှု မရှိတော့ဘူးဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ 


တောင်တန်း ဒေသ စစ်ရေးအောင်ပွဲတွေ ပေါ်ထွက်လာပြီးတဲ့နောက်မှာ လိုအပ်နေတာကတော့ မြေပြန့်ဒေသ ထိုးစစ်ဆင် တိုက်ခိုက်မှုပဲ ဖြစ်တယ်။ ပထမ အဆင့်ဖြစ်တဲ့ နယ်စပ်တောင်တန်းဒေသမှာ စစ်အုပ်စုကို ချေမှုန်းစိုးမိုးရေးဆိုတဲ့ ရည်မှန်းချက်ပြည့်ဝသွားပြီ ဖြစ်ပါတယ်။ မြေပြန့်ဒေသမှာ ကျယ်ပြန့်တဲ့ စစ်ဆင်တိုက်ခိုက်မှု ပေါ်ထွက်လာရင် စစ်တပ်ဟာ လက်ရှိထက် ပိုပြီး အထိနာမှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ စစ်တိုင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ တပ်ရင်းဌာနချုပ်၊ လေတပ်စခန်း၊ လက်နက်စက်ရုံ၊ ထောက်ပို့ ယာဥ်တန်းပေါင်းစုံဟာ ပုံမှန် နှောင့်ယှက်ပစ်ခတ်ခံရမှာဖြစ်ပါတယ်။ ဒီလို မြေပြန့် ဒေသ စစ်ဆင်တိုက်ခိုက်မှုဟာ တောင်တန်း ဒေသမှာ ရရှိထားတဲ့ စစ်ရေး အောင်ပွဲ နဲ့ နယ်မြေတွေ တည်တန့်ခိုင်မြဲရေး၊ အခိုင်အမာ ပေါ်ထွက်လာစေရေး အတွက်လဲ အထောက်အကူ ပေးပါတယ်။ တောင်တန်း ဒေသကို သွားရောက်မယ့် ရန်သူ့ စစ်အင်အားကို လှမ်းပြီး ထိန်းထားနိုင်မှာ ဖြစ်တယ်။ ဒီလို လုပ်ဆောင်မှုကြောင့် စစ်ဘောင် ကို နယ်ကျယ်ကျယ် ဖြန့်ထုတ်ရခြင်း ဆိုတဲ့ အချက် နဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။ ပေါ်ထွက်လာတဲ့ စစ်နယ်ကျယ် ဝန်းမှု နဲ့ အတူ အရပ်သားတွေ အပေါ် ရန်သူ ရဲ့ ဖိနိုပ်မှု၊ သတ်ဖြတ်မှု တွေလဲ ပေါ်ပေါက်လာနိုင်တဲ့ အတွက်၊ ပြည်သူလူထု ‌ဘေးကင်းရေး၊ အန္တရာယ် အနည်းဆုံး ဖြစ်ရေးကိုလဲ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။


🔺မြေပြန့် ထိုးစစ်ဟာ လက်နက်ကြီး နဲ့ ခဲယမ်း ထောက်ပို့ပိုင်း လိုအပ်ချက် ရှိနေမှာဖြစ်တဲ့ အတွက် ခဲယမ်းအမြောက်အမြားလိုအပ်တဲ့ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလို့မဖြစ်ပါဘူး။ အောင်ပွဲရမှာ သေချာမှ ခဲယမ်းပြန်လည် သိမ်းပိုက်မှု တွက်ချေကိုက်မှ စခန်းသိမ်းပွဲ ဖော်ဆောင်သင့်ပါတယ်။ 

🔺မြေပြန့်ထိုးစစ်ရဲ့ အရေးကြီးတဲ့ အချက်ကတော့ အောင်ပွဲ မလောရန်၊ ရန်သူကို ကျယ်ပြန့်တဲ့ နယ်မြေတလျှောက် ဖိအားပေး၊ နှောင့်ယှက်ပြီး အားနည်းပင်ပန်းစေရန် တို့ပဲ ဖြစ်ပါတယ်။ မြေပြန့်ထိုးစစ်ရဲ့ စစ်ရေးလမ်းညွှန်ဟာာ ပြောက်ကျားစစ် ပါရဂူ မော်စီတုန်း ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ အမာရှောင် အမွတိုက် ဆိုတဲ့ လမ်းညွှန် အတိုင်းရှိသင့်ပါတယ်။ လူအင်အား အနည်းငယ်နဲ့သွားလာနေတဲ့ စစ်ကြောင်းငယ်တွေ၊ စစ်ယာဥ်တန်းတွေ၊ မြို့ပြ ဒေသတွင်းမှာ သေချာတဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ ပုံစံ ပဲဖြစ်သင့်ပါတယ်။

🔺လက်တွေ့ မြေပြန့် ထိုးစစ်ပေါ်ထွက်လာရင် အကျိုးကျေးဇူး (၃) ချက် ရရှိနိုင်ပါတယ်။ နံပတ် (၁) ကတော့ မြေပြန့်ဒေသမှာပါ စိုးမိုး နယ်မြေကြီးတခု ထူထောင်နိုင်ခြင်း၊ စစ်တပ် လှုပ်ရှားသွားလာနိုင်တဲ့ နယ်မြေကို ချုံ့လိုက်နိုင်ခြင်း၊ နံပတ် (၂) ကတော့ တောင်တန်းက စစ်ရေးအောင်ပွဲတွေကို ခိုင်မာစေရန် သွယ်ဝိုက် ပံ့ပိုးပေးနိုင်ခြင်း၊ နံပတ် (၃) အချက်ကတော့ စစ်အုပ်စုက ဘက်ပြောင်းလိုသူများ လက်တကမ်း အကွာမှာ ဘက်ပြောင်းနိုင်တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံမှု များပြားလာနိုင်ခြင်းတို့ ဖြစ်ပါတယ်။ 


🔺မြေပြန့် ထိုးစစ်သာ စတင်မယ်ဆိုရင် နေပြည်တော်၊ မန္တလေး၊ ရန်ကုန် ကဲ့သို့ မြို့ကြီးတွေ နားထိပါ တော်လှန်ရေး တပ်တွေ အလုံးအရင်း နဲ့ ဝန်းရံ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ 🔺လက်တွေ့မှာ မြေပြန့်ထိုးစစ် စတင်နိုင်ပြီဆိုရင် နိုင်ငံတကာရဲ့ အမြင် အထူးသဖြင့် အိမ်နီးချင်း တရုတ် နိုင်ငံရဲ့ တော်လှန်ရေး အပေါ်ထားရှိတဲ့ အမြင်၊ စစ်အုပ်စု ရဲ့ နိုင်ငံထိန်းချုပ်နိုင်မှု အပေါ် အမြင် သိသိသာသာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတည်ငြိမ်မှု နဲ့ နိုင်ငံကို လက်တွေ့ ထိန်းချုပ်ထားတာ တော်လှန်ရေး အင်အားစုတွေပဲဆိုတာ ငြင်းမရအောင် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီလက်တွေ့ အခြေအနေအောက်မှာ နိုင်ငံတကာ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေး အင်အားစုတွေကို ပိုမို အသိအမှတ်ပြုတာ၊ ထိတွေ့ဆက်ဆံတာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်တွေ့ မြေပြင်စိုးမိုးမှုကနေ တရားဝင် အသိအမှတ်ပြုမှုကို မဖြစ်မနေ ပေးအပ်ရမှာ ဖြစ်တယ်။ 

🔺စီးပွားရေးပိုင်းအရဆိုရင်လဲ အရေးပါတဲ့ ကုန်ထုတ်နယ်မြေတွေ၊ စိုက်ပျိုးရေး နယ်မြေတွေ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ အားလုံးနီးပါးကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး စစ်အုပ်စုရဲ့ ဝင်ငွေ ရင်းမြစ် ထိထိသာသာ ယိုင်လဲသွားမှာဖြစ်ပြီး တော်လှန်ရေး အင်အားစုရဲ့ အခွန် ရရှိရာ နယ်မြေ ကျယ်ပြန့်လာမှာဖြစ်တယ်။ 


🔺🔺တကယ်လို့ မြေပြန့် ထိုးစစ်သာ ပေါ်ပေါက်လာမယ်ဆိုရင် စစ်အာဏာရှင် နဲ့ စစ်အုပ်စု ပြိုလဲရေးဟာ ဝေးတော့မှာ မဟုတ်ပါဘူး။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် များက ထိုးစစ်ဆင်နေသော်လည်း ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက ဆက်လက် သိမ်းပိုက်ထားဆဲ


 စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် များက ထိုးစစ်ဆင်နေသော်လည်း ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက ဆက်လက် သိမ်းပိုက်ထားဆဲ


ရန်ကုန်၊ ဇန်နဝါရီ ၂၈ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ဆီဆိုင်မြို့ကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသော်လည်း PNLA နှင့်မဟာမိတ်တပ်များက မြို့ကို ဆက်လက် သိမ်း ပိုက်ထားဆဲဖြစ်ကြောင်း သိရှိရသည်။ 


ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဆီဆိုင်မြို့နယ်ရှိ ခမရ ၄၂၄ တပ်ကို ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်ခဲ့ပြီး လက် နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆီဆိုင်မြို့ပေါ်ရှိ ရဲစခန်း ၊ ထွေ/အုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးကို PNLA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။


"အခုထက်ထိတော့ စစ်တပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်ပေမယ့် တော်လှန်ရေးတပ်တွေက ဆီဆိုင်မြို့ကို ဆက်လက် သိမ်းပိုက်ထားပါတယ်" ဟု PNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။   


ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ စစ်ကောင်စီက သထုံႏပေႏ (ဆီဆိုင်) မြို့ နှင့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း PNLA က တရားဝင် သတင်းထုတ်ပြန်ထားသည်။

Saturday, 27 January 2024

မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ KIA က သိမ်းပိုက်ခဲ့သော စခန်းကုန်းများနှင့် မြို့ရွာများကို KIA စစ်ဦးစီးချုပ်နှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည် စစ်ဆေ



 မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ KIA က သိမ်းပိုက်ခဲ့သော စခန်းကုန်းများနှင့် မြို့ရွာများကို KIA စစ်ဦးစီးချုပ်နှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည် စစ်ဆေး


ရန်ကုန်၊ ဇန်နဝါရီ ၂၇


ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ သိမ်းပိုက်ရရှိသော စခန်းကုန်းများနှင့် မြို့ရွာများကို KIA စစ်ဦးစီးချုပ်နှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။


ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ စခန်းကုန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ ဦးဆောင်ကာ လှည့်လည် စစ်ဆေးခဲ့ကြောင်းသိရှိရသည်။


သိမ်းပိုက်ရရှိသော စခန်းကုန်းများ၊ မြို့ရွာများနှင့် စစ်လက်နက်ပစ္စည်းများကို အဆိုပါ ခရီးစဥ်အတွင်း စစ်ဆေးခဲ့ပြီး ဖမ်းဆည်းရမိသော စစ်သုံ့ပန်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုံထားသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ သိမ်းပိုက်ရရှိသော စစ်လက်နက်ပစ္စည်းများကို ပြည်သူ့တော်လှန်ရေးရဲဘော်များအား တပ်ဆင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ယောချောင်းဗျူဟာကုန်းကို AAထပ်မံ သိမ်းပိုက်


 ယောချောင်းဗျူဟာကုန်းကို AAထပ်မံ သိမ်းပိုက်


ဇန်နဝါရီ-၂၇


ရခိုင်ပြည်နယ် မြေပုံမြို့က ယောချောင်းဗျူဟာကုန်းကို ရခိုင့်တပ်တော် AAက သိမ်းဆည်းပြီး အနီးနားရှိ စခန်းကုန်းတွေက ၁၂၂မမ ဟောက်ဝစ်ဇာအမြှောက်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


အဲဒီဗျူဟာကုန်းကို ရခိုင့်တပ်တော်AAက မနေ့ ဇန်နဝါရီလ၂၆ရက် နံနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တာလို့ AAက ဆိုပါတယ်။


အဲဒီဗျူဟာကုန်သိမ်းခံရပြီးနောက် စစ်တပ်တပ်ဖွဲ့ဝင်တွေက စစ်သင်္ဘောနှစ်စီးနဲ့ ထွက်ပြီးခဲ့ပြီး AAက လိုက်ခံချေမှုန်းခဲ့တာကြောင့် စစ်တပ်တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ကိုးကန့်နဲ့ တအောင်းဒေသတွေမှာ လတ်တလော စစ်ရေးအခြေအနေအရ တိုက်ပွဲတွေ ကြီးကြီးမားမား မရှိပေမယ့်လည်း ရခိုင်မှာတော့ တိုက်ပွဲတွေ ဆက်လက်မြင့်တက်လျက်ရှိတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။


ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နဲ့  ရမ်းဗြဲမြို့နယ်တွေမှာလည်း AAက ဆက်လက်ထိုးစစ်ဆင်နေပြိး တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Friday, 26 January 2024

ထားဝယ်မြို့နယ်၊ ကျောက်ထု တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


 ထားဝယ်မြို့နယ်၊ ကျောက်ထု တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၆


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ ကျောက်ထုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိကာ စိန် ပြောင်းလက်နက်များအပါအဝင် လက်နက် ၁၈ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။


ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ အ ကြမ်းဖက်စစ်ကောင်စီ၏ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၇၃ မှ ခြေ ကုပ်ယူတပ်စွဲထားသည့် ကျောက်ထု စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ၇ ဦးဖမ်းဆီးရရှိခဲ့ကာ စခန်းကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။


ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း MA1 သေနတ် ၄ လက်၊ MA2 သေနတ် ၂ လက်၊ MA3-သေနတ် ၆ လက်၊ MA4 သေနတ် ၁ လက်၊ MA5 သေနတ် ၁ လက်၊ ငါးကြင်းမြီး သေနတ် ၁ လက်၊ RPG7-၁ လက်၊ 60mm ကွန်မန်ဒိုစိန်ပြောင်း- ၂ လက်၊ 60mm ကျည်- ၁၆ လုံး၊ RPG7 ကျည်-၅ လုံး၊ 40 mm ကျည်- ၄၂ လုံး၊ ၅.၅၆ ကျည်- ၃၀၉၀) တောင့်၊ ၇.၆၂ ကျည်- ၁၁၀၀ တောင့်၊ လက်ပစ်ဗုံး၊ အီနာဂါဗုံး၊ရှေထွက်မိုင်း၊ တိုက်မိုင်း၊ နင်းမိုင်း၊ စကားပြောစက်များ နှင့်ဆက်စပ်ပစ္စည်းများ စွာတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ ၊တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၂၇ ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...