Tuesday 28 November 2023

ရွှေပြည်အေးမြို့ကို တိုက်ခိုက်သိမ်းပိုက်


 တိုက်ပွဲသတင်းထုတ်ပြန်ချက် 


ရွှေပြည်အေးမြို့ကို တိုက်ခိုက်သိမ်းပိုက် 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့   


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၆) နာရီတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၂၂) ရက်၊ ညနေ (၆) နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်။ 


တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၈) ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ 


ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Saturday 25 November 2023

ရွှေပန်းကုံးရွာရဲစခန်းကို တိုက်ခိုက်ရာ စခန်းမှူးအပါ (၁၆) ဦး ဖမ်းဆီးရမိ


 ရွှေပန်းကုံးရွာရဲစခန်းကို တိုက်ခိုက်ရာ စခန်းမှူးအပါ (၁၆) ဦး ဖမ်းဆီးရမိ


          ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့မှ နိုဝင်ဘာလ (၂၁) ရက်တွင် စခန်းသိမ်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။  

          ၎င်းစခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၃) ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် (၁၆) ဦးအား ဖမ်းဆီးရမိခဲ့သည်။ ၎င်းစခန်းမှ ရန်သူ့လက်နက်ငယ် (၃၁) လက်၊ ကျည်မျိုးစုံ (၆၄၀၀) ကျော်၊ လက်ပစ်ဗုံး (၃၂) လုံး၊ မိုင်း (၆) လုံး၊ ကျည်အိမ် (၃၈) ခု၊ ငွေကျပ် (၉၀၀,၀၀၀) သိန်းကျော်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။

          ၎င်းစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ ၎င်းရဲစခန်းသို့ တံတားဦးမှ တက်လာသည့် ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ပြီး နမခမှ တက်လာသည့် Mi-35 (၁) စီးဖြင့် တည်တောကျေးရွာသို့ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ 


အမှတ် (၁) စစ်ဒေသ

Thursday 23 November 2023

ဖြူးမြို့နယ်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ ဦးကို လာဖမ်းသော ဒုရဲအုပ် နေဝင်းထွန်း အပါအဝင် ရဲ ၄ ဦး PDF များ၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ လက်နက်များ သိမ်းဆည်းရရှိ



 ဖြူးမြို့နယ်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ ဦးကို လာဖမ်းသော ဒုရဲအုပ် နေဝင်းထွန်း အပါအဝင် ရဲ ၄ ဦး PDF များ၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ လက်နက်များ သိမ်းဆည်းရရှိ


■ သေဆုံးသူ ဒုရဲအုပ် နေဝင်းထွန်းက PDF များနှင့် နိုင်ငံရေးသမားများကို စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက် ရက်စက်လေ့ရှိသူဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၂၃ 


ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တွင် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် တောင်ငူ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် နေဝန်းထွန်း အပါအဝင် ရဲ ၄ ဦးကို သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် အထူးကွန်မန်ဒိုတပ်ရင်း -တောင်ပိုင်းတိုင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 


နိုဝင်ဘာလ ၁၄ ရက်နေ့ ၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ‌ဆင်းမွတ်တောရွာအနီးတွင် ကင်းပုန်းဝပ်နေသည့် ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂ )စစ်ကြောင်း အဖွဲ့က စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးတို့ ဆိုင်ကယ် ၃ စီးဖြင့် လက်နက်များကိုင်ဆောင်လာစဉ် ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ထိတွေ့မှုဖြစ်စဉ်အတွင်း တောင်ငူအမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်နေဝင်းထွန်း အပါအဝင် ရဲ ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးလွတ်မြောက်သွားကြောင်း သိရှိရသည်။ 


ထို့ပြင် တိုက်ပွဲတွင် G-3 သေနတ် ၂ လက်၊ AK-47 သေနတ် ၁ လက်၊ ခြောက်လုံးပြူးသေနတ် တစ်လက်၊ 7.62mm ကျည် ၉၀ တောင့်၊ G-3 ကျည် ၃၁ တောင့်၊ ၃၈၀ မဂ္ဂနပ်ကျည် ၁၅ တောင့် ကျည်ကာတစ်ထည် ၊ မှတ်ပုံတင်နှင့် တပ်ဖွဲ့ဝင်ကဒ် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ထိ‌တွေ့တိုက်ပွဲအတွင်း ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂)စစ်ကြောင်း မှ ရဲဘော်တစ်ဦး နဖူးရှပ်ထိ(မစိုရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ 


"ဒုရဲအုပ် နေဝင်းထွန်းက စစ်ကြောရေးမှာ PDF တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အရမ်းနှိပ်စက်ညှဉ်းပန်းတဲ့သူပေါ့။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို ဇေယျာ၀တီမြို့ဘက်မှာ သွား ဖမ်းတုန်း ပစ်ခတ်ခံရပြီး သေသွားတာ။ နေဝင်းထွန်း နာရေးကို တောင်ငူ အမှတ် ၂ ရဲစခန်းထဲမှာ လုပ်ခဲ့တယ်" ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

Tuesday 21 November 2023

ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးဖမ်းမိ၊ လက်နက် ၂၄လက်ရဟု PDF Zoland ပြော


 ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးဖမ်းမိ၊ လက်နက် ၂၄လက်ရဟု PDF Zoland ပြော


▪️Non CDMများနှင့် စစ်သား၊ ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန် သတိပေး


မိုးမိုး/People’s Spring


ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၁၃ဦး အရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို PDF Zoland တပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၁ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ရာ ၂နာရီအကြာတွင် စခန်းကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ကျန်သူများထွက်ပြေး၍ လိုက်လံဖမ်းဆီးရာ ညနေပိုင်း၌ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း PDF Zoland ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။


"ဗိုလ်မှူး အပါအဝင် အားလုံး ၁၂ကောင် အရှင်ရတယ်။ တစ်ကောင်သေ။စုစုပေါင်း သုံးကောင်သေ၊ အရှင်ဖမ်းမိတာ ၁၃‌ ကောင်။ ရန်သူ့လက်နက် ၆၀ မမ အပါအဝင် သေနတ် ၂၄လက် ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းများ ၊ ကျည်ဆံအမြောက်အများ သိမ်းပိုက်ရရှိ"ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။


ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း PDF -Zoland ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်းလည်း အသိပေးထားသည်။


ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland) အနေဖြင့် ဌာနဆိုင်ရာ Non CDMများ CDM ဝင်ရန်၊ စစ်သားနှင့် ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဖိတ်ခေါ်ထားပြီး ယခုကဲ့သို့ဖိတ်ခေါ်သည့်ကာလ၌လာရောက်ခိုလှုံရန် PDF – Zoland ပြောရေးဆိုခွင့်ရှိသူက သတိပေးသည်။


"မဟုတ်ရင် စခန်းသိမ်း မြို့သိမ်း တိုက်ပွဲတွေလာတဲ့အချိန်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လာတော့မှာပဲဖြစ်ပါတယ်"ဟု PDF – Zoland ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။


ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီတပ်များစခန်းချထားသည့် နေရာများ၌ သတိထားသွားလာရန် PDF-Zoland တာဝန်ရှိသူက ပန်ကြားသည်။


(ဖမ်းဆီးရရှိသူများနှင့် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PDF - Zoland)

MNDAA က တုန်းရှမ်းဒေသ ကြွယ်ပါးနေရာရှိ တပ်စခန်းကို သိမ်းပိုက်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၅၈ ခု သိမ်းပိုက်ထား


 MNDAA က တုန်းရှမ်းဒေသ ကြွယ်ပါးနေရာရှိ တပ်စခန်းကို သိမ်းပိုက်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၅၈ ခု သိမ်းပိုက်ထား


နိုဝင်ဘာ ၂၁၊ ၂၀၂၃ 


ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်‌ MNDAA က တုန်းရှမ်းဒေသရှိ တပ်စခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး၊ ၁၀၂၇ စစ်ဆင်ရေး ၂၅ ရက်မြောက်နေ့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး စုစုပေါင်း ၁၅၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။ 


နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၅:၁၅ အချိန်ခန့်မှာ MNDAA တပ်ဖွဲ့က တုန်းရှမ်းဒေသ၊ တာကျူချင့်ရွာ အနောက်တောင်ကုန်း ကြွယ်ပါးနေရာရှိ စစ်ကောင်စီတပ်စခန်းကို ချဉ်းကပ်လာကာ ဝန်းရံပိတ်ဆို့ထားခဲ့တာပါ။ 


နိုဝင်ဘာ၂၀ ရက်နေ့ နံနက် ၇း၀၄ အချိန်ခန့်မှာ ၎င်းတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၈း၄၀ အချိန်မှာ‌ အပြီး သိမ်းယူနိုင်ခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။


ယမန်နေ့ နံနက် ၆ နာရီခန့်မှာ တာရွှေထန်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ကျော်ဟာ MNDAA သိမ်းပိုက်လိုက်တဲ့ ချောက်ပါးကျိုင့်စခန်းဟောင်းကို တန်ပြန်ထိုးစစ်ဆင်ရန် ကြံရွယ်ပြီးချီတက်လာခဲ့ပေမဲ့ MNDAA တပ်က နောက်ပြန်ဆုတ်အောင် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှာ အထိနာသွားပြီး တာရွှေထန်စခန်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။  


မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကိုးကန့် ရွှင်မာလင် နေရာတလျှောက်ရှိ စစ်ကောင်စီ တပ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။


#Oway #ABFSU #MNDAA #AA #TNLA #Operation1027

Monday 20 November 2023

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်



 ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်


ရန်ကုန်၊ နိုဝင်ဘာ ၁၉


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့ကြောင်း KNU - မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။


နိုဝင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဖာပွန် ဒေသ အခြေစိုက် ခမရ-၃၄၀ တပ်ရင်းမှ တပ်သား ၂ ဦးသည် ၎င်းတို့ တပ်စခန်းကို စွန့်ခွာလာပြီး KNLA-အမှတ် ၅ တပ်မဟာထံ အလင်းဝင်လာကြောင်း သိရသည်။


အဆိုပါ တပ်သား ၂ ဦးသည် MA-2 ၁ လက်၊ MA-1 ၁ လက်နှင့် ကျည်ဘောက် ၈ ခု၊ ကျည် ၇၀၀ တောင့်တို့ ယူဆောင်လာကြောင်း သိရှိရသည်။


အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်မှ တပ်သား ၁ ဦးသည် M-16 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၅ ခုနှင့် ကျည် ၁၀၅ တောင့် တို့ယူဆောင်လာပြီး အလင်းဝင်လာကြောင်း သိရသည်။


စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ဖာပွန်‌ဒေသအခြေစိုက် ခမရ-၃၄၁ တပ်ရင်းမှ တပ်သား ၁ ဦးသည် MA-1 ၁ လက်၊ ကျည်ဘောက်၄ ခုနှင့် ကျည် ၁၄၀ တောင့် ယူဆောင်လာပြီး KNLA-အမှတ် ၅ တပ်မဟာထံ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ စစ်ကောင်စီ တပ်သား ၄ ဦးကို နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၂ ရက်နေ့တွင် တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့ပြီး ဘေးကင်း လုံခြုံရာ ပို့ဆောင်ထားကြောင်း သိရသည်။

Saturday 18 November 2023

တောင်ငူမြို့ ၊ ၄ မိုင်ရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ


 တောင်ငူမြို့ ၊ ၄ မိုင်ရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ


ရန်ကုန်၊ နိုဝင်ဘာ ၁၈ 


ပဲခူးတိုင်း၊ တောင်ငူမြို့ ၊ ၄ မိုင်အကွာရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က တိုက် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ လက်နက် ကြီးပစ်ကူများဖြင့်လည်း စစ်ကူပေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီကတည်းက တောင်ငူမြို့ နှင့် ၄ မိုင်အကွာရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသံများနှင့် ပစ်ခတ်သံများကို တစ်ညလုံး ကြားရကြောင်း၊ ယနေ့ နံနက်ပိုင်းအထိပါ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။ 


လက်ရှိတွင် စစ်တပ်က စစ်တောင်းတံတားပေါ်တွင် တပ်များ အလုံးအရင်းချထားလိုက်ပြီး တပ်စွဲထားကြောင်း၊ တောင်ငူမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခံရမည်စိုးရိမ်၍ တောင်ငူရှိ တပ်များအားလုံးကို မြို့ကို ကာကွယ်ရန် ပြင်ဆင် ထားကြောင်း သိရှိရသည်။ 


"တောင်ငူ ၄ မိုင်မှာ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။ စစ်ခွေးတပ်က တောင် ငူ စစ်တောင်းတံတားပေါ်မှာ အထိုင်ချလိုက်ကြတယ်။ တင့်ကားတွေနဲ့ စစ်တောင်းတံတားကို ပိတ်ထားတယ်။ စစ်တောင်းတံတားကနေ လက်ကကြီးတွေ ပစ်ကူပေးတယ်။ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ဗုံးကျဲနေတယ်။ မနေ့ည ၁၁ နာရီလောက်အထိ တောင်ငူမြို့ပေါ်ကနေ လက်နက်ကြီးသံတွေကြားရတယ်။ အခုတင်ကို Mi35 ရဟတ်ယာဉ်နဲ့ပစ်နေတယ်။ စစ်ကူတွေလည်း လွှတ်နေတယ်လို့ သိရတယ်" ဟု တောင်ငူမြို့ခံများက ပြောဆိုကြသည်။ 


လက်ရှိ တောင်ငူမြို့ပေါ်ကိုလည်း အထိုင်တပ်များက ခုခံစစ်ပြင်ဆင်နေကြပြီး မြို့ပတ်ပတ်လည်ကို လုံခြုံရေး အပြည့်ချထားကာ ကာကွယ်ရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။ 


ဓာတ်ပုံ- တောင်ငူမြို့နှင့် ၄ မိုင်အကွာရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်း ။

ကိုးကန့်ခရိုင်ရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထား


 ကိုးကန့်ခရိုင်ရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထား


ရန်ကုန်၊ နိုဝင်ဘာ ၁၈


ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထားကြောင်း MNDAA ၏ ပြန်ကြားရေးဖြစ်သော The Kokang က ထုတ်ပြန်ထားသည်။


နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ခုတ်ထန်တပ်စခန်းကို MNDAA က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် တွင် MNDAA က ကိုးကန့်ခရိုင်၊ ရှီးရှမ်း‌ဒေသရှိ ရှင်းဖောက်လုပ် တပ်စခန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


နိုင်ဝင်ဘာလ ၁၇ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်စခန်း ၁ ခုကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင် MNDAA က ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ တပ်စခန်း ကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆင်နွှဲနေသည့် ၁၀၂၇ စစ်‌ဆင်ရေး ဖော်ဆောင်ခဲ့သည့် ၂၂ ရက်မြောက်နေ့တွင် ကိုးကန့် MNDAA က တပ်စခန်း စုစုပေါင်း ၁၅၂ ကိုသိမ်းပိုက်နိုင်ခဲ့ကာ MNDAA ၏ အခြားစစ်ကြောင်းများလည်း စစ်ကောင်စီနှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ခမ်းပတ်မြို့၊ မြောက်စည်းရဲစခန်းနှင့် သီးဘွာလ်စခန်းတို့အား ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော အားဖြင့်တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး


 ခမ်းပတ်မြို့၊ မြောက်စည်းရဲစခန်းနှင့် သီးဘွာလ်စခန်းတို့အား ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော အားဖြင့်တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး 


ရန်ကုန် ၊နိုဝင်ဘာ ၁၇


၁၀၂၇ စစ်ဆင်ရေးမှ အစပြု၍ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ CNDF Special Operation (အထူးစစ် ဆင်ရေး)ကို မဟာဗျူဟာကျကျချမှတ်ရေးဆွဲခဲ့ပြီး ခမ်းပတ်မြို့၊ မြောက် စည်းရဲစခန်းနှင့် သီးဘွာလ် စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် - CNOက ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၃ ရက် နံနက် ၄ နာရီခွဲခန့်က ခမ်းပတ်မြို့ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတစ်ဦး သေဆုံးကာ MA2 သေနတ် ၃ လက်၊ M16 သေနတ် ၁ လက်၊ Short Gun သေနတ် ၂ လက်၊ကာဗိုင် သေ နတ် ၁ လက်၊ ၄၀ မမ - ၁ လက်၊ ၆ လုံးပြူး သေနတ် ၂ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို CNDF ၊ SR2 ၊TDA ၊RCDF၊ABSDF နှင့် တမူးခရိုင်တပ်ရင်း (MOD) ပူးပေါင်း တပ်ဖွဲ့များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးမရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။


ထို့နောက် ခမ်းပတ်မြို့ထဲရှိ ခလရ - ၂၂၈ တပ်စခန်းကို ဆက် လက်ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်လေတပ်မှ ထောက်ပံ့ပေးသော ကျည်သေတ္တာများကိုလည်း ကြားဖြတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင် စီတပ်သား ၅ ဦး ခန့်သေဆုံးပြီး CNDF မှ ရဲဘော် Salai Lal Pek Thanga က တိုင်းပြည်နှင့် လူမျိုးအတွက် အသက် ပေး ဆပ်ခဲ့ရကြောင်း သိရသည်။


အလားတူ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကလေးမြို့နယ်၊မြောက် စည်းရွာရှိ ရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၁၀ ဦးသေ ဆုံးကာ G3 သေနတ် ၆ လက်၊ G4 သေနတ် ၁ လက်၊ MAI သေနတ် ၁ လက်၊ MAT သေနတ် ၁ လက်၊ ၄၀ မမ - ၁ လက်၊ Uzi သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၂ လက်၊ ၅.၅၆ ကျည် - ၂၂၇၄ တောင့်၊ ၇.၆၂ ကျည် - ၄၂၀ တောင့်၊ ၆၀ ပို့ကျည် - ၁၀ တောင့်၊ ၉ မမ ကျည် - ၄၈ဝ တောင့်၊ ကျည် ဘောက် - ၁၉ ခု၊ နင်းမိုင်း - ၁၅လုံး၊ ရှေ့ထွက်မိုင်း - ၈ လုံး၊ လက်ပစ်ဗုံး - ၇ လုံးနှင့် အခြား စစ်အသုံး အ ဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို CNDF ၊ RKDE ၊ SR ၊ ကလေးမြို့ နယ် ပကဖ နှင့် ကလေးခရိုင် တပ်ရင်း တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး CNDF ရဲဘော် Salai Thawng Tha Cung (@Cungte နှင့် RKDF မှ ရဲဘော်နှစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရကြောင်း သိရသည်။


ထို့အပြင် နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ဖလမ်းမြို့နယ်၊ သီးဘွာလ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာ လက်နက်ကြီးများ၊ ဒရုန်းများ၊ လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး နိုဝင် ဘာ လ ၁၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက် စစ် ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် အချိန်တိုအ တွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ MAI သေ နတ် ၄ လက်၊ MA3 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း - ၂ လက်၊ RPG သီး - ၆၅ လုံး၊ ၄၀ မမ ဗုံးသီး အလုံး ၁၈ဝ ၊ ၆၀ မမ ဗုံးသီး - ၇၂ လုံး၊ အီနာဂါ အလုံး ၈၀ ၊ လက်ပစ်ဗုံး - ၆၃ လုံး၊ Drone Jammer- ၁ ခု၊ ၅.၅၆ ကျည် - ၁၆၂၅၂ တောင့်၊ ၇.၆၂ ကျည် - ၈,၁ဝဝ တောင့်၊ နင်းမိုင်း - ၅၁ လုံး၊ ရှေ့ထွက်မိုင်း - ၂၃ လုံးနှင့် အခြားစစ်အသုံး အဆောင် ပစ္စည်းများ သိမ်းဆည်းခဲ့ရကြောင်း၊ ထို့အပြင် ဂိုဒေါင်မှ ဆန်အိတ် ၆၁ အိတ်နှင့် စားသောက်ကုန်ပစ္စည်း များ၊ စခန်းအတွင်း မွေးမြူ ထားသော ကြက်၊ ဝက် များကိုလည်း သိမ်းဆည်းခဲ့ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါသီးဘွာလ်တပ်စခန်းမှ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းယူပြီးနောက် မနက် ၆ နာရီခွဲ အချိန်ခန့်တွင် ယင်းစခန်းအား မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ယင်းတပ်စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး CNDF မှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ရှိခဲ့ကြောင်း သိရသည်။

Friday 17 November 2023

လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း AA အပြီးသတ် သိမ်းပိုက်



 လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း AA အပြီးသတ် သိမ်းပိုက်


◼ စခန်းသိမ်းတိုက်ပွဲကနေ သုံ့ပန်း (၁၈) ဦး၊ လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာရရှိ


နိုဝင်ဘာ ၁၇၊ ၂၀၂၃


လက်နက်ချအညံ့ခံရန်ပြောထားပေမယ့်လည်း အညံ့မခံတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊မောင်တောအခြေ စိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း AAအပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။


နိုဝင်ဘာလ (၁၆) ရက်၊ မနက် (၁၀) နာရီခန့်မှာ ရက္ခိုင့်တပ်တော်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီနေ့ နိုဝင်ဘာလ (၁၇) ရက် နေ့လယ် (၁) နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။


အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းနေတဲ့ ကြားကနေ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦး၊ လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာနဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စခန်းသိမ်းတိုက်ပွဲအတွင်း AAဘက်က ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့ပြီးတော့ စခန်းသိမ်းတိုက်ပွဲကို ဦးဆောင်သူ၊ အကောင်အထည်ဖော် တပ်ဖွဲ့ဝင်တွေကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။


AAအနေနဲ့ ဆက်လက်ပြီးတော့လည်း လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက် စစ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


#SpringRevolution

#PVTV

#PVTVNews

#PVTV Telegram Channel -https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Tuesday 14 November 2023

ကျိုက်မရော ချောင်းနှစ်ခွ တံတားတွင် ကရင်အမျိုးသား အလံလွှင့်ထူပြီး လက်နက်ချ အညံ့ခံသော စစ်သားများကို အလေးပြုခိုင်း


 ကျိုက်မရော ချောင်းနှစ်ခွ တံတားတွင် ကရင်အမျိုးသား အလံလွှင့်ထူပြီး လက်နက်ချ အညံ့ခံသော စစ်သားများကို အလေးပြုခိုင်း


ရန်ကုန်၊ နိုဝင်ဘာ ၁၄ 


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် တံတားကို Lion Battalionစစ်ကြောင်းမှ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ထားခဲ့ရာ ယနေ့တွင် ချောင်းနှစ်ခွတံတားတွင် ကရင်အလံ လွှင့် တင်၍ လက်နက်ချ အညံ့ခံသော စစ်သားများကို အလေးပြုခိုင်းခဲ့ကြောင်း Lion Battalionစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ဂျီဖက်က ပြောဆိုသည်။ 


နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် တံတားထိပ် ကင်းစခန်းကို ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲများမှချောင်းနှစ်ခွတံတားကိုသိမ်းပိုက်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိစစ်ရေးအရအချက်ချာကြသော ချောင်းနှစ်ခွတံတားကိုဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်၍မဟာမိတ်ပူးပေါင်းတပ်ဖွဲများက အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင်ချောင်းနှစ်ခွကျေးရွာသိုစစ်ကြောင်းထိုးလာသောစစ်ကူအင်အားအမြောက် အမြားကိုတိုက်ခိုက်ချေမှု န်းနိုင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်မှလက်နက်ချအညံ့ခံခဲ့သော စစ်သားများအား စစ်ဥပေနှင့်အညီ ထိန်းသိမ်းထားပြီးထိခိုက်ဒဏ်ရာရသူများအား လူသားချင်းစာနာမှုဖြင့်ဆေးကုသပေးလျက်ကြောင်း၊ အရှိန်အဟုန်မြင့်မားလာသော မြန်မာနိုင်ငံစစ်ရေးအခြေအနေတွင်တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ပိုမိုပြင်းထန်သောတိုက်ပွဲများကိုဆင်နွှသွားမည်ဖြစ်ပြီးမြိုပြသိုထိုးဖောက်သောတိုက်ပွဲများအတွက် ပြည်သူလူထု၏ ဝိုင်းဝန်းအားဖြည့်ကူညီမှုများလည်းလိုအပ်နေကြောင်း ရဲဘော်ဂျီဖက်က ပြောဆိုသည်။ 


"ကျွန်တော်တိုရဲ့နောက်ခံအုတ်တံတိုင်းက ပြည်သူပဲရှိတယ်။"ဟု ဗိုလ်အယ်စေးဝါးက ပြောဆိုကြောင်း ရဲဘော်ဂျီဖက်က ရှင်းပြသည်။ 


နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ ၂၃ ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကြောင်း၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 


ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားတွင် ကရင်အမျိုးသားအလံတော် လွှင့်ထူပြီး လက် နက်ချ အညံ့ခံသော ၂၃ ဦးကို ကရင်အလံတော်ကို အလေးပြုခိုင်းကြောင်း ရဲဘော်ဂျီဖက်က ရှင်းပြသည်။

ရခိုင်တိုက်ပွဲများတွင် စစ်တပ်ဘက်မှု၂၄ ဦးသေဆုံးပြီး ခမရ ၃၄၄ မှ ဒုတပ်ရင်း မှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ ရဲ ၂၈ ဦး လက်နက်ချ အလင်းဝင်




 ရခိုင်တိုက်ပွဲများတွင် စစ်တပ်ဘက်မှု၂၄ ဦးသေဆုံးပြီး ခမရ ၃၄၄ မှ ဒုတပ်ရင်း မှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ ရဲ ၂၈ ဦး လက်နက်ချ အလင်းဝင်


ရန်ကုန်၊ နိုဝင်ဘာ ၁၄ 


ရခိုင်ပြည်နယ်တွင် ယမန်နေ့ စတင်လိုက်သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး ခမရ ၃၄၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ ရဲ ၂၈ ဦး လက်နက်ချ အလင်းဝင်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။


ယမန်နေ့ မင်းပြားမြိုနယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ ၂ ခု ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇင်ထွန်း ၊ ဗိုလ်ကြီး ဖြိုးဇေယျာလှိင် (တပ်စုမှူး) တိုအပါအဝင် စစ်သား ၁၀ ဦးကို စစ်သုံပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ မျက်မြင် (၁၀) ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချိုလည်းရှိခဲ့ကြောင်း သိရှိရသည်။ 


 နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို သည် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြိုနယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြိုနယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ၄င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ 


ထို့အတူ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော သင်္ဘောလှရွာအနီးတိုက်ပွဲတွင်လည်း သုံပန်းတစ်ဦး အပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး ရန်သူ့ဖက်မှ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် ကျဆုံးခဲ့ကာ ဒဏ်ရာရသူအချိုရှိခဲ့ကြောင်း သိရှိရသည်။ 


ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော် (၆) ဦးမှာ အကောင်အထည်ဖော်တိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရကြောင်း သိရှိရသည်။


ထို့ပြင် ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကလည်း အပေါက်ဝမြိုနယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ ဝင်(၂၂) ယောက်စလုံးသည်ရက္ခိုင့်တပ်တော် (AA) ထံသို လက်နက်များ နှင့်အတူ အသာတကြည် လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊ အခြားသောနေရာ ၂ ခုမှလည်း နောက်ထပ်ရဲ (၆)ဦး တိုသည်လည်း လက်နက်နှင့်တကွ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ 


နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်း အပါအဝင် စစ်တပ်က စခန်းပေါင်း ၄၀ နီးပါးကိုစွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင် လည်းကောင်း၊ ရဲစခန်း(၃) ခုအား တစ်ခုအဖြစ်စုပေါင်း၍လည်းကောင်း သွားရောက်ပူးပေါင်း သွားကြကြောင်း သိရှိရသည်။

လောက်ကိုင်တွင် ခမရ ၁၂၉ မှ တပ်ရင်းမှူး ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင်



 လောက်ကိုင်တွင် ခမရ ၁၂၉ မှ တပ်ရင်းမှူး ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင်


■ မိသားစု တစ်စုလျှင် ငွေကျပ် ၁၀ သိန်းနှင့် တစ်ဦးချင်းစီ ငွေကျပ် ၁ သိန်း ချီးမြှင့်၍ လုံခြုံရာပို့ဆောင်


ရန်ကုန်၊ နိုဝင်ဘာ ၁၄ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင် ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း MNDAA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ ညီနောင်မဟာမိတ် ၃ ဖွဲထံသို ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင် ဝင်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။


ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတစ်ဦးချင်းစီကို မြန်မာကျပ်ငွေ ၁၀ သိန်း ၊ ၎င်းတို့၏ မိသားစုဝင်တစ်ဦးချင်းစီကို တစ်ဦးလျှင် ၁ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ကျန်းမာရေးချိုယွင်း၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ထိုနောက် ၎င်းတို့သွားလိုရာနေရာများအသီးသီးသိုလည်း လုံခြုံစွာပိုပေးထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 


ခမရ ၁၂၉ မှ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦးပါဝင်ပြီး စစ်ဘက်အရပ်ဘက် စုစုပေါင်း ၂၆၂ ဦးတို၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်ကို မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။


"အလင်းဝင်လာသူတွေကို ကောင်းမွန်စွာ‌ စောင့်ရှောက်ထားတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသပေးတယ်။ သူတို့သွားချင်တဲ့နေရာတွေကို အန္တရာယ်ကင်းစွာ သွားအောင်ပို့ဆောင်ပေးတယ်။ စစ်သား ၁ ဦးကို ၁၀ သိန်း၊ မိသားစုဝင် ၁ ဦးကို ၁ သိန်း ချီးမြှင့်ပါတယ်" ဟု MNDAA ပြန်ကြားရေး လီကျားဝင်းက ပြောဆိုသည်။

Monday 13 November 2023

ရိခေါဒါရ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးနှစ်ဦးလက်နက်ချအညံ့ခံ



 ရိခေါဒါရ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးနှစ်ဦးလက်နက်ချအညံ့ခံ


ဖလမ်း - နိုဝင်ဘာ ၁၃၊ ၂၀၂၃။


ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNA/CNDF) ပူးပေါင်းတပ်ဖွဲ့က ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောသည်။


အိန္ဒိယ - မြန်မာနယ်စပ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယမန်နေ့ညနေ ၅ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနီးရှိစခန်းငယ်များကိုလည်း ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက The 74 Media ကို ပြောသည်။ 


“ရိခေါဒါရ်မှာက အဲဒီစခန်းနှစ်ခုပဲရှိတာ။ ကျန်တဲ့စခန်းမရှိတော့ပါဘူး။ စခန်းကြီးကတော့ ကျွန်တော်တို့ ဒီကနေ့ မနက် ၆ နာရီမှာသိမ်းတယ်။ ကျန်တဲ့ စခန်းငယ်ကတော့ ကျနော်တို့ ညနေ ၅ နာရီလောက်မှာ အပြီးသိမ်းတယ်။ အခုကတော့ ရိခေါဒါရ်မြို့ တစ်မြို့လုံးကို ကျွန်တော်တို့ထိန်းထားနိုင်တဲ့အနေထားမှာပေါ့နော်” ဟုဆိုသည်။


အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခုနှစ်ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း သူကဆက်ပြောသည်။


“ဒီစခန်းထဲမှာအလောင်းတွေ့တာကတော့ ငါးယောက်လောက်တွေ့တယ်။ တချို့လည်း လက်နက်ထားပစ်ခဲ့ပြီးတော့ တိမ်းရှောင်သွားကြတာရှိတယ်။ ဒေသခံတွေပြောကြတာတော့ အိန္ဒိယဖက်ကိုလည်း ခိုးပြီးတော့ ဝင်သွားတယ်လို့သိရတယ်။ ဒါပေမဲ့အဲဒါ စုံစမ်းဆဲပေါ့နော်” ဟုဆိုသည်။ 


ထိုတပ်စခန်းနှစ်ခုမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး အရေအတွက်အတိအကျကို စိစစ်နေဆဲဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။ 


စစ်ကောင်စီတပ်က စခန်းသိမ်းပိုက်ခံရပြီးနောက် တပ်စခန်းအနီးသို့ Mi 35 စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA) မှဦးဆောင်ကာ ချင်းဒေသကာကွယ်ရေးတပ် (CDF – Hulngoram) နှင့် CDF ထန်တလန်တို့က ပူးပေါင်းပါဝင်ခဲ့သည်။


ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း ရိခေါဒါရ်မြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။


သတင်း - Thu Ta

ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ (၂၂) စစ်ကြောင်းမှ (၂၃) ဦး လက်နက်ချ အညံ့ခံသည့် သတင်းမှတ်တမ်း


 ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ (၂၂) စစ်ကြောင်းမှ (၂၃) ဦး လက်နက်ချ အညံ့ခံသည့် သတင်းမှတ်တမ်း 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ 


၂၀၂၃၊ နိုဝင်ဘာလ (၁၃) ရက်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ (၂၂) လက်အောက်ခံ အင်အား (၅၀) ဦးပါ စစ်ကြောင်းမှ (၂၃) ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့သည်။ 


အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ (၁) ဦး အပါအဝင် (၁၄) ဦး သေဆုံး၊ အရာရှိ (၁) ဦး အပါအဝင် (၅) ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် (၈) ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။ 


ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ


 သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၃


ရှမ်းပြည်နယ်၊ သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။


နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့ စစ်ကောင်စီတပ်မှ သိန္နီဘက် ၁၂ မိုင်ကို စစ်ကူပို့ဆောင်ချိန် တအာင်းတပ်မတော် PSLF/TNLA က ပစ်ခတ် ဖြတ်ယူ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီးကို မီးရှို့ပြီးကာ စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦးနှင့် လက်နက် ၂ လက်ဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။


နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် PSLF/TNLA က ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။


အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီခန့်တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းမှ နမ့်ခမ်းမြို့တွင်း ရဲစခန်းနှင့် စာရေးတန်းရပ်ကွက်၊ ပတ္တမြားခန်းမဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပတ္တမြားခန်းမကို ထိမှန် မီးလောင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သာယာကုန်းရပ်ကွက်တွင် လူနေအိမ် ၃ လုံး ထိမှန်‌ မီးလောင်ခဲ့ကြောင်း၊ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ် တွင်လည်း မန်အောင်ကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်၊ ဆာလူကျေးရွာသို့ ၁ ကြိမ်၊ ဖာလင်ကျေးရွာသို့ ၁ ကြိမ်၊ မန်ဝေါကျေးရွာသို့ ၁ ကြိမ်၊ လွယ်ဟွမ်ကျေးရွာသို့ ၁ ကြိမ်နှင့် မန်လုံကျေးရွာဘက်တွင် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Sunday 12 November 2023

ဘုရားဖြူ စခန်းသိမ်းတိုက်ပွဲ သတင်းမှတ်တမ်း


 ဘုရားဖြူ စခန်းသိမ်းတိုက်ပွဲ သတင်းမှတ်တမ်း 


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ 


ဒီမောဆိုမြို့နယ် ဘုရားဖြူစခန်း သိမ်းပိုက်စဉ် ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက် ရရှိသော လက်နက်များနှင့်စစ်သုံ့ပန်းများ 


ကရင်နီ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ KA၊ KNDF၊ KNPLF၊ DMO- Local PDF၊ မြို့ပြပျောက်ကြားတပ်တို့နှင့်အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆိုနှင့် ရှမ်းတောင် PDF တပ်ရင်းများ ပူးပေါင်းဆင်နွှဲလျက်ရှိသည်။ 

 

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

လားရှိုးနဲ့ အနီးဆုံး အရေးပါ ဗျူဟာမြောက်တဲ့ ရေပူ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်


 လားရှိုးနဲ့ အနီးဆုံး အရေးပါ ဗျူဟာမြောက်တဲ့ ရေပူ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်

+++++++++++++++++++++++++++

နိုဝင်ဘာ၊ ၁၂ 


လားရှိုးမြို့ အနီးက ရေပူ အမြဲတမ်းစစ်ဆေးရေးဂိတ်ကို PLA တပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် လိုက်ပြီလို့ အသိပေး ထုတ်ပြန်လာပါတယ်။


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နဲ့ သိန္ဓီမြို့ကြားက စစ်ကောင်ရဲ့ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


အောက်တိုဘာ၂၇ရက်က စတင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းစုစုပေါင်း ၁၄၀နီးပါးကို တိုက်ခိုက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။


လက်ရှိ တိုက်ခိုက်မှု မှာ ပါဝင်နေတဲ့ PLA တပ်မတော်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဗ.က.ပ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့ လွတ်မြောက် ရေး တပ်မတော် (PLA) ကို ပြန်လည်တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်း စတင် အခြေစိုက်ခဲ့ပြီး ယခု ညီနောင် မဟာမိတ် အဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်လျှက်ရှိတာပါ။

သံတောင်ကြီးမြို့နယ်တွင် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်



 သံတောင်ကြီးမြို့နယ်တွင် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ရန်ကုန်၊ နိုဝင်ဘာ ၁၂ 


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ 


ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာနှင့် မရောပိုလီရွာ အကြားရှိ တောင်ယာတဲအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Saturday 11 November 2023

ကရင်နီပြည်ရဲ့ ၁၁.၁၁ စစ်ဆင်ရေးမှာ စခန်း (၇) ခုသိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီ၏ လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့


 ကရင်နီပြည်ရဲ့ ၁၁.၁၁ စစ်ဆင်ရေးမှာ စခန်း (၇) ခုသိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီ၏ လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့

+++++++++++++++++++++++

နိုဝင်ဘာ၊ ၁၁ 


၁၁ ရက် ၁၁ လ စစ်ဆင်ရေး အဖြစ် ကရင်နီဒေသမှာ ဒီနေ့ တစ်ရက်တာအတွင်း စစ်အုပ်စုရဲ့ စခန်းပေါင်း ၇ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ အမျိုးအမည်မသိ တိုက်ခိုက်ရေး ဝေဟင်သုံး ယာဉ်တစ်စင်းလည်း ပျက်ကျစေခဲ့တယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေက တရားဝင် အသိပေး ထုတ်ပြန်လာပါတယ်။


အဆိုပါလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ “ကရင်နီငှက်ကင် အတည်ပြုပါတယ်" ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ၎င်းရဲ့ လူမှုကွန်ယက်မှာဖော်ပြထားပါတယ်။


စစ်ကောင်စီရဲ့ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားတဲ့ ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စသည့် ကျေးရွာဒေသများရှိ တပ်စခန်းများကို တော်လှန်ရေး အင်အားစုတွေက စစ်ကြောင်း ၃ခု ထိုးပြီး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။


စစ်ကောင်စီရဲ့ တပ်စခန်းများကို တိုက်ခိုက်နေစဉ်အတွင်ူ ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့တဲ့ ကြားက အထက်ပါ စခန်းတွေ ကိုသိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


စစ်ကောင်စီရဲ့ တိုက်လေယာဉ်(၁)စီးကို KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ဆင်ရေးတွေကိုတော့ ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြတဲ့ KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

Friday 10 November 2023

ကန့်ဘလူ မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ


 ကန့်ဘလူ မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၀


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင်ခန့် သေဆုံးပြီး လက်နက် အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ၁၀၀ ဝန်းကျင်ခန့်သေဆုံးကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


“စစ်ခွေး အကောင် ၁၀၀ ဝန်းကျင်သေတယ်ဗျို့။ ကြားဖြတ်တိုက်ခိုက်တာပါ။ အပြန်အလှန်တိုက်ပွဲဖြစ်တာ ၄ နာရီကျော်ကြာတယ် ပြောရမယ်။ သူတို့ စစ်ကြောင်းက ၃၀၀ ဝန်းကျင်ပါ။ ကောလင်းမြို့သိမ်းခံရတော့ ဝါသဝ က သူ့ပျူစောထီးစစ်ကြောင်းကို အင်အားပြတာလေ" ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။ 


အကြမ်းဖက်စစ်တပ်၏ အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ ၇ ရက်နေ့တွင် ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ ချီတက်လာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှ စ၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်မှ တိုက်ပွဲ ရပ်သွားခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်တပ်ဘက်မှာ သေဆုံးသူများအပြင် ထွက်ပြေးသွားသူများလည်း အများအပြားရှိကြောင်း Infinity Group မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိ၊ လောက်ကိုင်မြို့နယ်ရှိ စစ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်ထား


 ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိ၊ လောက်ကိုင်မြို့နယ်ရှိ စစ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်ထား


ရန်ကုန်၊ နိုဝင်ဘာ ၁၀


ရှမ်းပြည်နယ်၊ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။


၁၀၂၇ စစ်ဆင်ရေး Operation ၏ ၁၅ ရက်နေ့မြောက်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းအကြီးအသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၁၃၃ ခုကို အောင်မြင်စွာသိမ်းပိုက်ထားကြောင်း သိရသည်။


နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA သည် တုန်းရှမ်းဒေသ ၊ တာတုန်းနေရာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီ ၃၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းထဲရှိ စစ်ကောင်စီ တပ်သား များလည်း ထွက်ပြေးသွားကြောင်း သိရှိရသည်။


နံနက် ၈ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ရှီယွင်ကြည်ရွာအနီး၊ လောက်ချွင်ပုနေရာကို ရှေ့တိုးလာပြီး ထွက်ပြေးနေသော ကိုးကန့် ပြည်သူ့စစ်များကို ဝန်းရံတိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် လောက်ချွင်ပုစခန်းကိုလည်းသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။


အလားတူ နိုဝင်ဘာလ ၉ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုးကန့် စစ်ကြောင်းသည် လောက်ကိုင်ဝန်းကျင် ရှီယွင်ကြည်ရွာ၊ ရှီရှမ်ဒေသ ၊ တာရွှေထန်အုပ်စုနှင့် မန်လော်အုပ်စုရှိ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။


နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကိုးကန့် (MNDAA) တပ်ဖွဲ့ သည် ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်းကို လေကြောင်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်ပြီး တပြိုင်နက်တည်း ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် စစ်တပ် ဗျူဟာကုန်း၏ အနောက်တောင်ကုန်းရှိ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဟဲ့ဟုတ်တောင်ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး အဓိက စခန်းနှင့် တွဲဖက်စခန်းများကို တိုက်ခိုက်ကာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် အပြီးသိမ်းပိုက်ခဲ့ကြောင်းသိရသည်။


မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ကိုးကန့် ပြည်သူ့စစ် မင်ရှယ်ချန်အဖွဲ့ ၏ ရှီယွင်ကြည်ရွာအနီးရှိ စခန်းကို ထိုးစစ်တိုက်ခိုက်ကာ ၁၂ မိနစ် အကြာတွင် သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။


ယင်းနေ့ နံနက် ၇ နာရီခန့်ကလည်း ကိုးကန့် MNDAA တပ်ဖွဲ့သည် ယခင်ရက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ထားသော ရှောက်ထောင် ကျိုင့်ရွာ၏ ဘယ်ဘက်ခြမ်းရှိ အမည်မသိတောင်ကုန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ကြည်ရှမ်းရွာ၌ တပ်စွဲထားသော စစ်တပိစခန်းကို လက်နက်ကြီးအမြောက် ဖြင့်ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၃ နာရီ ၃၀ မိနစ်တွင် ခြေလျင်တပ်ဖြင့် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် ကြည်ရှမ်းစခန်းကို သိမ်းပိုက်ရရှိကာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃ သေဆုံးကာ ၁ ဦး ဖမ်းဆီရရှိကာ လက်နက် ခဲယမ်း တချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


အလားတူ ယင်းနေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ရန်ခန့်နေရာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး နံနက်အချိန်တွင် ခြေလျင်တပ်ဖြင့် ၁ ကြိမ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် လန့်ချောင်နေရာ၌ တပ်စွဲထားသော စစ်တပ် စခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ၇ ကြိမ်လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။


ကိုးကန့် MNDAA တပ်ဖွဲ့သည် နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရှောက်ပယ်အိုင်ရှိ စစ်တပ် စခန်းကို သိမ်းပိုက်ခဲ့ကြောင်း၊ ၎င်းစခန်းရှိ အကြမ်းဖက် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း၊ နံနက် ၉ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ဖုန်ချွေတောင်ဘက်ကို ချီတက်စဉ် ဟွာရှိပန်ဘက်မှ ရှောက်ပယ်အိုင်ကို လာရောက် စစ်ကူပေးမည့် ကိုးကန့် ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီ ၂၅ မိနစ်တွင် တိုက်ပွဲ ပြီးဆုံးပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ ကား ၃ စီး ဖျက်ဆီးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရှိကာ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Thursday 9 November 2023

နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို အပြီးသတ်ရှင်းလင်းစဉ် လက်နက်များနှင့်အတူ စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိ


 နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို အပြီးသတ်ရှင်းလင်းစဉ် လက်နက်များနှင့်အတူ စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၉


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို TNLA က အပြီးသတ်ရှင်းလင်းစဉ် လက်နက်များနှင့်အတူ စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ 


နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းမှစတင်၍ နမ့်ခမ်းမြို့တွင်၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကို တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ်ရှင်းလင်းလိုက်ကြောင်း၊ ထို့မြို့လယ်ဘုရားအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ထံမှ လက်နက်မျိုးစုံ ၂၈ ၊ ပစ္စတို ၁ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရခဲ့မိကြောင်း၊ ထို့ပြင် စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။


နမ့်ခမ်းမြို့ ပြည်သူများနှင့် အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က နမ့်ခမ်းမြို့နေရာအများစုတွင် စစ်တပ်နှင့်ရဲများ မရှိတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့များသာရှိတော့ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်း တော်လှန်ရေးတပ်များ ဝင်ရောက်လာချိန် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝန်ထမ်းများ ရုံးများမှ ထွက်ပြေးသွားကြကြောင်း၊ လက်ရှိ နမ့်ခမ်းမြို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ အပြည့်အ၀ ထိန်းချုပ်မှု အောက်ရောက်ရှိပြီဟု ဆိုနိုင်ကြောင်း ၊ စစ်တပ် တပ်စခန်းတစ်ခု ကျန်ရှိနေသေးပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ပြောဆိုသည်။


“ စစ်သားနဲ့ရဲတွေ နမ့်ခမ်းမြို့မှာ မမြင်ရတော့ဘူး။ မြို့သူမြို့သားတချို့ စစ်ဘေးရှောင်ရပေမယ့် မြို့ထဲမှာပဲ ဆက်နေသူလည်းရှိတယ်။ မြို့ထဲမှာတော့ တော်လှန်ရေးအဖွဲ့တွေ လုံခြုံရေးယူတာ မြင်ရတယ်။ မြို့သိမ်းတော့မယ့် အခြေအနေလို့ ပြောလို့ရတယ်။ စစ်တပ်စခန်းတစ်ခုတော့ရှိနေသေးတယ်။ တိုက်ပွဲလည်းဆက်ဖြစ်နေတယ်” ဟု နမ့်ခမ်းမြို့ ပြည်သူများနှင့်အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။


လက်ရှိတွင် TNLA တပ်များက စစ်ကောင်စီတပ်၏ တစ်ခုတည်း ကျန်ရှိနေသော နမ့်ခမ်းမြို့မှ စခန်းသစ်ကုန်းကို တိုက်ခိုက်လျက်ရှိပြီး အဆိုပါ စခန်းသစ်ကုန်းကို ရရှိပါက နမ့်ခမ်းတစ်မြို့လုံးကို သိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


(နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်မျာကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည့် ဗီဒီယို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/145056 တွင်ကြည့်ရှုနိုင်ပါသည်။)

Wednesday 8 November 2023

Breaking News- မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရရှိ၊ စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့


 Breaking News- မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရရှိ၊ စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့


ရန်ကုန်၊ နိုဝင်ဘာ ၇ 


ရှမ်းပြည်နယ်၊ မြောက်ပိုင်း မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် MNDAA ကိုးကန့်တပ်များက သိမ်းပိုက်လိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိကြောင်း MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်တွင် ဒရုန်းတပ်များ အပါအဝင် MNDAA ဦးစီးသော တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့မှုကြောင့် မုံးကိုးဗျူဟာစစ်စခန်းကုန်းကို ရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် သံချပ်ကာ ကား တစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားရရှိကြောင်း သိရှိရသည်။ 


"မုံးကိုးဗျူဟာကုန်းကို ဒီနေ့ နေ့လယ်မှာ သိမ်းပါတယ်။ မုံးကိုးမြို့ရဲ့ဘေးမှာ ထိုင်ထားတဲ့ ဗျူဟာကုန်း။သံချပ်ကာကားတစ်စီးရရှိပါတယ်။ ပန်လုံဗျူဟာကုန်းမဟုတ်ပါဘူး။ ပန်လုံဗျူဟာကုန်း မုံးကိုးရဲ့ အနောက်ဘက်မှာတည်ထားတဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတစ်ခုပါ" ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။  


MNDAA က မူလက သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီဖြစ်ရာ ယခု သံချပ်ကာကားပါ ထပ်မံပေါင်းပါက စုစုပေါင်း စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

Tuesday 7 November 2023

၁၀၂၇ စစ်ဆင်ရေးအဖြစ် ကရင်နီဒေသမှ ထိုင်းနယ်စပ်မြို့ မယ်စဲ့ရှိ စစ်စခန်းနှစ်ခုကို ထပ်မံသိမ်းယူ


 ၁၀၂၇ စစ်ဆင်ရေးအဖြစ် ကရင်နီဒေသမှ ထိုင်းနယ်စပ်မြို့ မယ်စဲ့ရှိ စစ်စခန်းနှစ်ခုကို ထပ်မံသိမ်းယူ


အက်စတာဂျေ / Myanmar Now

 

မြန်မာ-ထိုင်းနယ်စပ်၊ ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် ယနေ့ (နိုဝင်ဘာ ၇) တွင် ကရင်နီတပ်ပေါင်းစုက သိမ်းယူလိုက်ကြောင်း သိရသည်။


မယ်စဲ့မြို့သည် နိုင်ငံအရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်တွင် တည်ရှိပြီး လူဦးရေ ၆,၀၀၀ ကျော် နေထိုင်သည်။ ပြီးခဲ့သည့် ဇွန်လမှစတင်ပြီး စစ်ကောင်စီတပ်များကို တိုက်ထုတ်ခဲ့ပြီးနောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။


အဆိုပါ စခန်းနှစ်ခုမှာ နယ်ခြားစောင့်တပ် အပြင်ဘက်ရှိ စခန်းများဖြစ်ကြပြီး ယနေ့တိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းယူရရှိကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


“နယ်ခြားစောင့်စခန်းတော့ မရသေးဘူး။ အပြင်မှာရှိတဲ့ စခန်းတွေပါ” ဟု ၎င်းက ပြောသည်။


အဆိုပါ နယ်ခြားစောင့်စခန်းသည် စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၄ နယ်ခြားစောင့်စခန်းဖြစ်ပြီး ကလလတ၏ တပ်ရင်းအချို့ ပါဝင်ဖွဲ့စည်းထားသည်။


၂၀၂၃ ခုနှစ် ဇွန်လတွင် အဆိုပါစခန်းမှ ကလလတတပ်ဖွဲ့ဝင်များ စစ်ကောင်စီကို တော်လှန်ပုန်ကန်ကာ မိခင်တပ်ရင်းနှင့် ပြန်လည်ပူးပေါင်းခဲ့သည်။ ထိုစခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲကာ ရဟတ်ယာဉ်ဖြင့် လူ၊ လက်နက်ခဲယမ်း ချ၍ ပြန်လည်ရယူထားခြင်းဖြစ်သည်။


ဇွန်လ ၁၃ မှ ၂၄ ရက်နေ့အတွင်း ကလလတ ပါဝင်သည့် ကရင်နီတပ်ပေါင်းစုသည် မယ်စဲ့မြို့နယ်ရှိ စစ်တပ်စခန်း ၅ ခုနှင့် ရဲစခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ စစ်ကောင်စီတပ်က ထိုစခန်းများကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးပေ။


ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံထောက်ခံကြောင်း ကရင်နီအခြေစိုက် တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ) တို့က အသီးသီးထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးတွင် KNDF ကလည်း တပ်ရင်း ၆၀၆ အဖြစ် ပါဝင်တိုက်ခိုက်နေသည်။


#operation1027 #KNPLF #မယ်စဲ့

Monday 6 November 2023

ကိုးကန့်ဒေသနှင့် သိန္နီရှိ စစ်ကောင်စီ၏ တာဂန်ထန် ဗျူဟာစခန်း အပါအဝင် စခန်း ၄ ခု၊ စစ်ယာဉ်တန်းတို့ကို MNDAA က တိုက်ခိုက် သိမ်းပိုက်


 ကိုးကန့်ဒေသနှင့် သိန္နီရှိ စစ်ကောင်စီ၏ တာဂန်ထန် ဗျူဟာစခန်း အပါအဝင် စခန်း ၄ ခု၊ စစ်ယာဉ်တန်းတို့ကို MNDAA က တိုက်ခိုက် သိမ်းပိုက်


ရန်ကုန်၊ နိုဝင်ဘာ ၆ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသနှင့် သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ တာဂန်ထန်စခန်း အပါအဝင် စခန်း ၄ ခုနှင့် စစ်ယာဉ်တန်းတို့ကို ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ 


 နိုဝင်ဘာ ၄ ရက်နေ့ တွင် MNDAAက ကိုးကန့်နယ်မြေတွင် စစ်ကောင်စီ၏ မဟာဗျူဟာ စခန်းဖြစ်သော တာဂန်ထန်စခန်းကို တိုက်ခိုက်ခိုက်ရာ စစ်သားများ လက်နက်ကို စွန့်၍ ထွက်ပြေးကြကြောင်း၊ ကိုးကန့်တပ်ပေါင်းစုက နိုဝင်ဘာ ၄ ရက်မှ ၅ ရက်နေ့အထိ တာဂန်ထန်စခန်းကို ထိုးစစ်ဆင်ခဲ့ပြီး စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


စစ်တပ်က နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်သူများနေထိုင်သော ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲရာ ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။   


ထို့ပြင် နိုဝင်ဘာလ ၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအထိ တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် လားရှိုးနယ်မြေရှိ တပ်ရင်း ၅၀၇ ၊ တပ်ရင်း ၂၉၁ တို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီတွင် မဟာမိတ်တပ်ဖွဲ့က သိန္နီမြို့နယ်တွင် စစ်ကူတက်လာသော စစ်ယာဉ်တန်း ၅ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကားပေါ်မှ ၆၀ မမ မော်တာကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၁၅၀ လုံး၊ ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ကျည်ဆန်သေတ္တာ ၂၂ လုံးနှင့် ဆေးဝါးပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီမှ ၁၀ နာရီအထိ မဟာမိတ်တပ်ခွဲက ဒရုန်းများဖြင့် စစ်ကောင်စီ၏ တပ်ရင်း ၂၉၁ ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင် မုံးကိုးဒေသတွင်လည်း စစ်ကောင်စီတပ်၏ စခန်းတစ်ခုကိုယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


ယနေ့ နံနက်ပိုင်း ကိုးကန့်ဒေသတွင်ပင် စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို ထပ်မံ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

Saturday 4 November 2023

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ရှိသည့်အနက် ၆ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချ အညံ့ခံ၊ ၄ ဦးထွက်ပြေးသွားပြီး သေနတ် ၁၇ လက်သိမ်းဆည်းရရှိ



 ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ရှိသည့်အနက် ၆ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချ အညံ့ခံ၊ ၄ ဦးထွက်ပြေးသွားပြီး သေနတ် ၁၇ လက်သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၄ 


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိမှုတွင် အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ရှိသည့်အနက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း၊၁၁ ဦး လက်နက်ချ အညံ့ခံပြီး ၄ ဦးထွက်ပြေးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ 


နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှ မနက် ၁၀ နာရီခန့်အချိန် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်၊မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁/၇/၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၁ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး (၄) ဦး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ 

 

တိုက်ပွဲအပြီးနောက် အဆိုပါ မင်းရွာ ရဲကင်းစခန်းမှ 


(၁) G-3 သေနတ်(၁၁)လက်

(၂) G-4 သေနတ်(၁)လက်

(၃) MA-1 သေနတ်(၁) လက်

(၄) MA- 3 သေနတ်(၁)လက်

(၅) MA-4 သေနတ်(၁)လက်

(၆) 40မမ (၁)လက်

(၇) 60မမ (၁)လက်

(၈) ခြောက်လုံးပြူး သေနတ် (၂)လက်

(၉) G3 ကျည် (၃၇၇၀) တောင့်

(၁၀) MA ကျည် (၂၀၃၀)တောင့် 

(၁၁) (၆၀)မမ ဗုံးသီး (၃၂)လုံး

(၁၂) နင်းမိုင်းကြီး (၁၀) လုံး

(၁၃) နင်းမိုင်းသေး(၁၀)လုံး

(၁၄) လက်ပစ်မိုင်း (၆)လုံး

(၁၅) တိုက်မိုင်း (၁၀)လုံး

(၁၆) G3 ကျည်ဘောက် (၂၂) 

(၁၇) MA2 ကျည်ဘောက်(၁)ခု 

(၁၈) (၄၀မမ)ဗုံးသီး (၁၉) လုံး

(၁၉) MA ကျည်ဘောက်(၁၁)ခု

(၂၀) Bluetooth Box (၁) လုံး

(၂၁) ဟန်းကော (၁၁)လုံး

(၂၂) သံခမောက် (၁၂)လုံး

(၂၃) ပွိုင့်ဖိနပ် (၃)ရံ

(၂၄) ဓာတ်မီး (၁)လက်

(၂၅) စားဆီ (၁၀) ပိဿာ

(၂၆) TV (၁)လုံး 

(၂၇၀ Air cooler (၁)လုံး

(၂၈) ထမင်းအိုး (၁)လုံး

(၂၉) ငွေသား (၄၆၅၇၀၀) ကျပ်

(၃၀) ရေခဲသေတ္တာ (၁) လုံး

(၃၁) ဓားချွန် (၅)လက်

(၃၂) ဓားရှည် (၃)လက်

(၃၃) တူ (၃)လက်

(၃၄) ဖုန်း(၈)လုံး

(၃၅) ကင်မရာ (၁)လုံး

(၃၆၀ နာရီ(၄)လုံး

(၃၇) ရွှေလက်ကောက် (၄)ကွင်း

(၃၈) လက်စွပ်(၁)ကွင်း

(၃၉) နားဆွဲ(၁)ခု

(၄၀) Icon အထိုင်စက် (၂)လုံး

(၄၁) Icon TYT (၁)လုံး

(၄၂) Equipment (၁၁) ထည် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၊ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မင်းရွာရဲကင်းစခန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လားရှိုးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိ၊ သေနတ် ၇၈ လက်နှင့် မူးယစ်ဆေးဝါးများလည်း သိမ်းဆည်းရရှိ



 လားရှိုးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိ၊ သေနတ် ၇၈ လက်နှင့် မူးယစ်ဆေးဝါးများလည်း သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၄


ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။


နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူစစ် စခန်းကို ဝင်ရောက် သိမ်းပိုက် ရှင်းလင်းခဲ့ကြောင်း သိရသည်။ 


ဂျာယန် ပြည်သူစစ် စခန်းသည် စစ်ကောင်စီ၏ ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုထားသည့် စခန်းတစ်ခု ဖြစ်ပြီး စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထောက်ပို့လုပ်ငန်းများ မပြုလုပ်ရန် PSLF/TNLA မှ ပထမအကြိမ် သတိပေးခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် ကာလ၌ စစ်ကောင်စီ၏ နောက်ခံထောက်ပို့ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခဲ့သည့်အတွက် ဂျာယန်စခန်းကို ဝင်ရောက် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ စခန်းကို ဝင်ရောက် ရှင်းလင်းစဥ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိပြီး စခန်းတာဝန်ရှိသူ ဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင် ၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင် နှင့် ဆေးမှူး ဗိုလ်ဦးတောင်ဂျုံ တို့ ၄ ဦးအား ထိန်းသိမ်းထားကာ ကျန်တပ်ဖွဲ့ဝင် ၃၄ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။


ယင်း စခန်းအတွင်း လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ၊ ၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံးနှင့် ယာမ ဆေးပြား ၃၉ ထုတ်ကျော် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Friday 3 November 2023

စစ်ကိုင်းနှင့်မကွေးတိုင်းရှိ မြို့နယ် ၈ ခုမှ စစ်တပ်စခန်း ၇ ခု၊ ရဲစခန်း ၃ ခု နှင့် အကျဉ်းစခန်း ၂ ခုတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့


 စစ်ကိုင်းနှင့်မကွေးတိုင်းရှိ မြို့နယ် ၈ ခုမှ စစ်တပ်စခန်း ၇ ခု၊ ရဲစခန်း ၃ ခု နှင့် အကျဉ်းစခန်း ၂ ခုတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့


■ ရာဇဂြိုလ် အကျဉ်းစခန်း ၁ မှ ရဲနှင့် အကျဉ်းဝန်ထမ်း ၂၀ ခန့် ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး အကျဉ်းစခန်း ၁ နှင့် ၂ တို့ကို သိမ်းပိုက်နိုင်


ရန်ကုန်၊ နိုဝင်ဘာ ၃ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အမှတ် ၁ စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အပါအဝင် စုစုပေါင်းမြို့နယ် ၈ ခုရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ နှင့် အကျဉ်းစခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။ 


နိုဝင်ဘာလ ၂ ရက်နေ့နှင့် နိုဝင်ဘာလ ၃ ရက်နေ့တို့တွင် စစ်တပ် တပ်စွဲထားသော အထိုင်စခန်းများ၊ ရဲစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ် ရေးအဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူး ပေါင်း လက်တွဲလျက် တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆက်တိုက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။ 


နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်တပ်တပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင်တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းများကို တမူးခရိုင်တပ်ရင်း ၁ ၊ တမူးခရိုင်တပ်ရင်း ၂ ၊ အထူးလှုပ်ရှားတပ်ရင်း ၂ နှင့် မဟာမိတ် ABSDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်တပ်စခန်းကို ကလေးခရိုင်တပ်ရင်း ၄ ၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းနေ့ မွန်းတည့် ၁၂ နာရီ ၁၆ မိနစ်ဝန်းကျင်တွင် စစ်တပ်က Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အမှတ် ၂၂၈ ခြေလျင်တပ်ရင်း၊ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က Drone (၅) စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


ထို့အတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း ၁ ၊ ၂ တို့ကို အထူးလှုပ်ရှားတပ်ရင်း ၂ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းစခန်း၂ ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့နောက် အကျဉ်းဦးစခန်း ၁ မှ စစ်ကောင်စီခန့် ရဲ၊ ဝန်ထမ်း ၂၀ ဦးက ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး အကျဉ်းစခန်း ၁ ကိုပါ မိမိတို့ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စစ်တပ်၏ တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်းကို ကောလင်းခရိုင်ကွပ်ကဲရေးတပ်စိတ်၊ ကောလင်းခရိုင်တပ်ရင်း (၁)၊ ကောလင်းခရိုင် (၂)၊ ကောလင်းမြို့နယ်ပကဖနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ပြင်ဦးလွင် ရပ်ကွက်ရှိ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။ 


ဆက်လက်၍ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ကောလင်းခရိုင်တပ်ရင်း ၄၊ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


ထို့အတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁)၊ ကျွန်းလှမြို့နယ်ပကဖတို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။  


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ဂန့်ဂေါခရိုင်တပ်ရင်း(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ABSDF စစ်ကြောင်း (၃) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျောက်ထုအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ အပြစ်မဲ့ပြည်သူ (၂) ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းအတွက် စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်း ၅ သေတ္တာလုံးကို TNLA က ပစ်ခတ်ဖြတ်ယူနိုင်ခဲ့


 လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းအတွက် စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်း ၅ သေတ္တာလုံးကို TNLA က ပစ်ခတ်ဖြတ်ယူနိုင်ခဲ့


ရန်ကုန်၊ နိုဝင်ဘာ ၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းအတွက် စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်း ၅ သေတ္တာလုံးကို TNLA က ပစ်ခတ်ဖြတ်ယူနိုင်ခဲ့ကြောင်း TNLA က ပြောသည်။ 


နိုဝင်ဘာလ ၃ ရက်နေ့ TNLA က ဆောင်ရွက်လျက်ရှိသော စစ်ဆင်ရေးများအတွင်း ယင်းသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


 ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်က ယနေ့ နံနက်ပိုင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက် ခဲယမ်းနှင့် ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစည်းများ သိမ်းဆည်းရခဲ့မိကြောင်း၊ ထို့ပြင် မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီ၏ ခွန်ခါတပ်စခန်းကို နိုဝင်ဘာလ ၃ရက်နေ့ နံနက်ပိုင်း တွင် တအာင်းတပ်မတော် PSLF/TNLA မှ သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအတွင်း စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရခဲ့မိကြောင်း သိရှိရသည်။ 


အလားတူ မန်တုံမြို့တွင် စစ်ကောင်စီ+ ပ.သ.စ စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ယနေ့ နံနက်ပိုင်း သွားရောက်တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မန်တုံမြို့တွင် စစ်ကောင်စီ ရဲစခန်းကိုလည်း တအာင်းတပ်မတော် PSLF/TNLA က ယနေ့ နံနက်ပိုင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ခွန်ခါတပ်စခန်း သိမ်းယူအပြီး မြေပြင်ဓါတ်ပုံတွေကို ထုတ်ပြန်


 ◼️ခွန်ခါတပ်စခန်း သိမ်းယူအပြီး မြေပြင်ဓါတ်ပုံတွေကို ထုတ်ပြန်


၃ နိုဝင်ဘာ ||| နွေဦးအသံ ||| 


၁၀၂၇ စစ်ဆင်ရေး၊ ၈ ရက်မြောက်မှာ မိုးမိတ်မြို့နယ်ရှိ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ခွန်ခါတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က နိုဝင်ဘာ ၃ ရက်၊ မနက် ၄ နာရီမှာ စီးနင်းသိမ်းပိုက်ခဲ့စဉ် သိမ်းဆည်းရရှိခဲ့တဲ့ စခန်းမြေပြင်ဓါတ်ပုံတွေကို အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

ရွှေလီကြိုးတံတားရှိ ခမရ ၄၂၃ တပ်ရင်း၏ ရှေ့တန်း တပ်စခန်း၊ မန်တုံရဲစခန််းနှင့် ပြည်သူ့စစ်စခန်း၊ နောင်ချိုမြို့နယ် ကွန်ခါ စစ်တပ်စခန်းတို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်


 ရွှေလီကြိုးတံတားရှိ ခမရ ၄၂၃ တပ်ရင်း၏ ရှေ့တန်း တပ်စခန်း၊ မန်တုံရဲစခန််းနှင့် ပြည်သူ့စစ်စခန်း၊ နောင်ချိုမြို့နယ် ကွန်ခါ စစ်တပ်စခန်းတို့ကို TNLA က တိုက်ခိုက်သိမ်းပိုက် 


ရန်ကုန်၊ နိုဝင်ဘာ ၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွှေလီကြိုးတံတားရှိ ခမရ ၄၂၃၏ ရှေ့တန်း တပ်စခန်း၊ မန်တုံရဲစခန်းနှင့် ပြည်သူ့စစ်စခန်း၊ နောင်ချိုမြို့နယ် ကွန်ခါ စစ်တပ်စခန်းတို့ကို တအာင်းTNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 


ယနေ့ နံနက် ၆ နာရီ ၅၅ မိနစ်အချိန် ၁၀၂၇ စစ်ဆင်ရေးအဖြစ် နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ ခမရ ၄၂၃ တပ်ရင်း ၏ ရှေ့တန်း စစ်စခန်းကို တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက် ၄ လက်၊ 60MM ဗုံးသီး ၃၀ လုံး၊ RPG အသီး ၈ လုံး၊ လက်ပစ်ဗုံး ၅၀ လုံး၊ ကျည်ဆန်များစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိကြောင်း၊ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ 


အလားတူ ယနေ့ နံနက် ၅ နာရီအချိန် မန်တုံမြို့တွင် စစ်ကောင်စီ ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် မန်တုံမြို့တွင် စစ်ကောင်စီနှင့် ပ.သ.စ စခန်းကို တအာင်းတပ်မတော် PSLF/TNLA က သွားရောက်တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။


ထို့အတူ ယနေ့ နံနက် ၄ နာရီအချိန် နောင်ချိုမြို့နယ်ရှိ၊ စစ်ကောင်စီ၏ ကွန်ခါတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီက နောင်ချိုမြို့နယ်ရှိ၊ ဟိုခိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မည့်သည်လက်နက်ကိုင်မှ မရှိဘဲ စစ်ကောင်စီတပ် က ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်း ပေါင်် ၅၀၀ ဗုံးဖြင့် ယမန်နေ့ည သန်းခေါင်ယံ ၁၂ နာရီ ၃၀ မိနစ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၃ လုံး ပျက်စီးသွားကြောင်း သိရှိရသည်။ 


ထို့ပြင် ယနေ့ နံနက်အစောပိုင်း နမ့်ခမ်းမြို့နယ်ရှိ၊ လွယ်အင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ/ မည့်သည်လက်နက်ကိုင်မှ မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး ထိမှန်ပြီး၊ ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

Thursday 2 November 2023

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၉၂ ခုကို သိမ်းယူထားပြီး မြို့ ၄ ခုကို အပြီးသတ် မ်းပိုက်ထား၊ ဟုန်နီထန် စစ်ကောင်စီတပ်စခန်းကို ရရန် ၁၂ မိနစ်သာ တိုက်ခိုက်ရ


 ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၉၂ ခုကို သိမ်းယူထားပြီး မြို့ ၄ ခုကို အပြီးသတ် မ်းပိုက်ထား၊ ဟုန်နီထန် စစ်ကောင်စီတပ်စခန်းကို ရရန် ၁၂ မိနစ်သာ တိုက်ခိုက်ရ


■ စစ်တပ်စခန်းများကို သိမ်းယူရာတွင် မိနစ်ပိုင်းမှ နာရီအနည်းငယ်သာ တိုက်ခိုက်ရပြီး စစ်တပ်ဘက်မှ ထွက်ပြေးသူများပြားလာ


ရန်ကုန်၊ နိုဝင်ဘာ ၂ 


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်း ၉၂ ခုကိ သိမ်းယူထားပြီး မြို့ ၄ ခုကို အပြီးသတ် ထိန်းချုပ် သိမ်းပိုက်ထားကြောင်း သိရှိရသည်။ 


၁၀၂၇ စစ်ဆင်ရေး စတင်သော အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ယနေ့ နိုဝင်ဘာလ (၂) ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်စခန်း သိမ်းယူရရှိမှုအနေဖြင့် စုစုပေါင်း ၉၂ ခုရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ 


၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသတွင် ရန်သူ့သံချပ်ကာကား (၁) စီးအား ထပ်မံ သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး ၆ ရက်တာကာလအတွင်း သံချပ်ကာစုစုပေါင်း (၆) စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ် အချိန် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)သည် ကိုးကန့်ခရိုင်၊တုန်ရှမ်းဒေသ ရှမ်းထုတ်ကျိုင့်ရွာနှင့် ဟုန်နီထန်ရွာ အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူခဲ့ကောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ပြီး စစ်လက်နက်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်း ၊ နံနက် ၄ နာရီခန့်တွင် ကိုးကန့်(MNDAA)သည် ရှမ်းထုတ်ကျိုင့်ရွာအနီးတွင် အခြေချသောစစ်ကောင်စီတပ် စခန်းများကို ထိုးစစ်တိုက်ခိုက်လာပြီး နံနက် ၆ နာရီအချိန်တွင် ၎င်းစခန်းများကို အမြစ်ပြတ်သိမ်းယူနိုင်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီအဖွဲ့ဝင် ၆ ယောက်ကို ချေမှုန်းနိုင်ခဲ့ပြီး ရိုင်ဖယ် ၇ လက် ၊ ၁၀၀ မမစိန်ပြောင်း ၃ လက် ၊ 12.7 mm စက်လက် ၃ လက်၊ Grenade Launcher ၃ လက်၊ MG3 စက်လက် ၃ လက် ၊ ၆၀မမ စိန်ပြောင်း ၁ လက်စသည် စစ်ရေးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ တပ်ပြေးများကိုလည်း ထပ်မံ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ 


အလားတူ ယနေ့ နံနက်၇ နာရီ ၃၀ မိနစ်အချိန် ကိုးကန့်(MNDAA)သည် ဟုန်နီထန်ရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းကို စတင် ထိုးစစ် တိုက်ခိုက်လာခဲ့ပြီး တိုက်ပွဲမှာ ၁၂ မိနစ်အချိန်သာ ဖြစ်ပွားကာ ၎င်းစခန်းကို အောင်မြင်စွာသိမ်းယူခဲ့ကြောင်း စစ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


ထို့အတူ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန် ကွမ်းလုံအနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို ထိုးစစ်တိုက်ခိုက်လာပြီး ၁၁ နာရီ ၀၅ မနစ်အချိန် သိမ်းယူနိုင်ခဲ့ကြောင်း၊ မူပန်(သိန္နီ)ဘက်တွင်လည်း မိုင်းတင်လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...