Tuesday, 12 March 2024

မြ၀တီမြို့နယ်၊ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ရရှိ၊ စစ်တပ်က တစ်ညလုံး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်


မြ၀တီမြို့နယ်၊ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ရရှိ၊ စစ်တပ်က တစ်ညလုံး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၂ 

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ မြ၀တီမြို့နယ်ရှိ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း KNLA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း Cobra Column 2 VENOM သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖလူးစခန်းကို KNLA လက်အောက်ခံ Cobra Column 2 VENOM စစ်ကြောင်းက ဦးဆောင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Cobra စစ်ကြောင်း၏ မူအရ တိုက်ပွဲနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို စစ်ကြောင်းမှ မည်သူကမှ ပြောဆိုခွင့်မရှိဘဲ Cobra ၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာမှ သတင်းထုတ်ပြန်မှသာ အတည်ဖြစ်ကြောင်း၊ ထို့ကြောင့် Cobra ၏ သတင်းထုတ်ပြန်မှုကိုသာ စောင့်ဆိုင်းကြစေလိုကြောင်း Cobra Column 2 VENOM သတင်းရင်းမြစ်က ပြောဆိုသည်။  

"ဖလူးစခန်းကို တိုက်ချိန်က ၅မိနစ်သာသာပဲလို့ပြောရမှာပါပဲခင်ဗျာ။ ကော်ဘရာစစ်ကြောင်းမှာ မူချမှတ်ထားတာရှိပါတယ်။ အဲဒါ အသေးစိတ်အခြေအနေတွေကို ကော်ဘရာရဲ့ စာမျက်နှာကနေ သတင်းထုတ်ပြန်ပါမယ်။ ဒါကြောင့်မို့လို့ အဲဒါကိုပဲစောင့်ကြည့်ပါ" ဟုCobra Column 2 VENOM သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီက ဖလူးစခန်းကို ဆုံးရှုံးသွားပြီးနောက် မြ၀တီမြို့နယ်အတွင်းသို့ ယမန်နေ့ တစ်ညလုံး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဘက်မှပင် ပေါက်ကွဲသံများ ကြားသိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ 

"မနေ့က ည ၈နာရီ ၄၅ တစ်ကြိမ် ၊ ည ၉ နာရီ တစ်ကြိမ် လက်နက်ကြီးတွေ လက်ခတ်တောင်ဘက် စပစ်တယ်။ ည ၉နာရီ ၁၅ မိနစ်မှာ အနောက်ဘက်မှာ လက်နက်ကြီး ဒုံးကျည်လို့ ယူဆတဲ့ အရာ မြဝတီ မြို့လယ်ခေါင်က ဖြတ်သန်းပြီး ပေါက်ကွဲသွားတယ်။ ထိုင်း-မြန်မာနယ်စပ် သုည ဂိတ် သို့မဟုတ် အမှတ် ၃ ကျွန်းတော ဘက်မှာ ပေါက်ကွဲတယ်လို့ ယူဆပါတယ်။ မနေ့ညက မြဝတီ မြို့တွင်းလမ်းတွေပိတ်ထားတယ်။ တစ်မြို့လုံး မီးတွေ ဖြတ် ထားခဲ့တယ်။ ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကျဲတာတွေလည်း တောက်လျှောက်ပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင်လည်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူများ ထွက် ပြေးနေထိုင်ရပြီး တိုက်ပွဲများ ပြင်းထန်လာလျှင် သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ကြရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

Sunday, 10 March 2024

စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်းမှာ ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ရဲ ၄ ဦးစလုံး ဇီဝိန်ချုပ်ပြီး သေနတ် ၄ လက်နဲ့ ကား ၁ စီး သိမ်းဆည်းရရှိ



 ◼️စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်းမှာ ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ရဲ ၄ ဦးစလုံး ဇီဝိန်ချုပ်ပြီး သေနတ် ၄ လက်နဲ့ ကား ၁ စီး သိမ်းဆည်းရရှိ


၁၀ မတ် ||| နွေဦးအသံ ||| 


စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်း တနေရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲ ၄ ဦး လိုက်ပါစီးနင်းလာတဲ့ ကားတစီးကို စစ်ကိုင်း ပကဖ နဲ့ တောတွင်းတွတ်ပီ အဖွဲ့က မတ် ၁၀ ရက်၊ မနက် ၇ နာရီ ၅၀ မိနစ်မှာ ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးစလုံး ဇီဝိန်ချုပ်ပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အနီးကပ်တိုက်ခိုက်ခံရသဖြင့် ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ် ကြပ် ဇာနည်ထွန်း ၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုး နဲ့ ရဲတပ်သားတဦးတို့ နေရာတွင်ပဲ ဇီဝိန်ချုပ်ခဲ့ပြီး အဲဒီရဲတွေဟာ လမ်းမှာ သွားနေတဲ့ကားတွေကို ငွေကောက်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။


ပစ္စတို ၁ လက် နဲ့ ကျည်ဘောက် ၂ ခု၊ G-3 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ပူစီ ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၃၀၈ ကျည် ၂၆၉ တောင့်၊ 7.62 ကျည် ၂၄၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၂ ခု၊ ဖုန်း ၅ လုံး၊ ယူနီဖောင်း ၂ စုံ၊ ကား ၁ စီး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ Taw Twin Tup Pee Local PDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

မြန့်မာ့အရေး ရိုးရိုးလေးပဲစဥ်းစားပေးကြပါ


 မြန့်မာ့အရေး ရိုးရိုးလေးပဲစဥ်းစားပေးကြပါ


မြန်မာနိုင်ငံတဝန်း တော်လှန်ရေးဒေသတွေမှာ တိုက်ပွဲသံတွေကတော့ ဆက်ပြီးထွက်ပေါ်နေပါတယ်။ ကချင်မှာ ရခိုင်မှာ စစ်ကိုင်းမကွေးမှာ ပဲခူးရိုးမအရှေ့ခြမ်းမှာ တနင်္သာရီဘက်မှာ စသည်ဖြင့်ပေါ့။ တိုက်ပွဲသံ ရပ်စဲသလောက်ဖြစ်နေတဲ့ ရှမ်းမြောက်မှာတော့ တရုတ်ကြားဝင်မှုနဲ့ သဘောတူညီချက်တချို့ ရသလိုထင်ရပါတယ်။ တပြိုင် နက်လိုလိုပါပဲ ၄ ရက်နေ့က ရက္ခိုင့် တပ်တော်ရဲ့သတင်းစာရှင်းလင်းပွဲကို တွေ့မြင်လိုက်ရပြီး၊ နိုင်ငံတကာမှာတော့ မတ် ၂ရက်နဲ့၃ရက် မှာ ထိုင်းလွှတ်တော်က မြန်မာ့အရေးဆွေးနွေးပွဲနဲ့ မတ် ၄ရက်၊ ၅ရက်မှာ သြဇီမှာ တွေ့ဆုံကြတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲမှာလဲ မြန်မာ့အရေးပါဝင်နေပါတယ်။ တချို့ဒေသတွေမှာ ထိုးမယ့် ဆင်လို ပြင်ဆင်နေကြပုံရပြီး တလှိုင်းပြီး တလှိုင်း လာဖို့ကတော့ သေချာနေပါတယ်။


       ပြည်သူတချို့စိတ်ပူနေတာက ရှမ်းမြောက်အခြေအနေပါ။ တကယ်တော့ရှမ်းမြောက်ကိုကြည့်ရင် တရုတ်နဲ့ နယ်ချင်းဆက်နေတာက ကိုးကန့်တခုပဲရှိပါတယ်၊ တအာင်းတွေရဲ့ မန်တုံ၊ နမ့်ဆန် ဒေသတွေက အတွင်းပိုင်းမှာပဲရှိတာပါ။ ရက္ခိုင့်တပ်တော်(AA) ဆိုတာက အဝေးကြီး၊ အနောက်ဖက်အစွန်မှာရှိတာပါ။ နယ်မြေဒေသအရ အရေးကြီးတရုတ်အကျိုးစီးပွားတွေရှိနေပေမယ့် AAကို တိုက်ရိုက်ဖိအားပေးအကြပ်ကိုင်နိုင်တဲ့ အနေအထားမဟုတ်ပါဘူး။ ဒီကြားထဲမှာ အကြမ်းဖက်စစ်တပ်က တအာင်း TNLA သိမ်းပိုက်ထားတဲ့ သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဖြစ်တယ်။ အဓိပ္ပာယ်ကတော့ TNLA ကို ကိုးကန့်လို့ တရားဝင်အသိမှတ်ပြုမထားဘူးဆိုတာကို ပြောချင်တာပါ။ AA ခေါင်းဆောင်တဦးလဲ အခုဆွေးနွေးပွဲဟာ ရှမ်းမြောက်အတွက်သာဖြစ်ပြီး ရခိုင်ဒေသ အကျုံးမဝင်ဘူးလို့ပြောသွားတော့ လတ်တလောဆွေးနွေးပွဲရလဒ်ဟာ ကိုးကန့်ကိစ္စတခုကလွဲလို့ ခိုင်မာတိကျရှင်းလင်းတဲ့ အဖြေမထွက်ခဲ့ဘူးဆိုတာထင်ရှားပါတယ်။


       တကယ်တော့လဲ အိမ်နီးချင်းတနိုင်ငံက ဖိအားပေးဆောင်ရွက်လို့ ပြေလည်သွားလောက်အောင် မြန်မာ့နိုင်ငံရေးက လွယ်ကူနေတာမဟုတ်ပါဘူး။ ညီနောင်သုံးဖွဲ့အနေနဲ့လဲ မကင်းရာမကင်းကြောင်းတွေရှိခဲ့လို့သာ သည်းခံပီး လိုက်လျောပေးနေရတာ ဖြစ်ပုံရပါတယ်။ မြန်မာ့နိုင်ငံရေးဘယ်လိုလုပ်မှ ဖြေရှင်းသွားနိုင်မယ်ဆိုတာ မြန်မာပြည်သူတွေအသိဆုံးပါ။ သိတာမှ ကလေးကအစသိကြတာပါ။ သိကြဖို့ရာအတွက် သိပ်မြင့်မားတဲ့ နိုင်ငံရေး သီအိုရီတွေ လိုနေတာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ စစ်ပွဲတွေ ဆင်းရဲမွဲတေမှုနွံတွေနဲ့ စိတ်ဝမ်းကွဲပြားမှုတွေထဲ ကျရောက်အောင်လုပ်ခဲ့တာ ဘယ်အဖွဲ့အစည်းလဲဆိုတာသိရင်ရပါပြီ။ 


           ဒါကလည်း အိမ်နီးချင်းအားလုံးသိကြတာပါဘဲ။ သူတို့သာကိုယ်ကျိုးစီးပွားအခြေခံတဲ့ စိုးရိမ်မှုတွေနဲ့ မချဥ်းကပ်ကြ ရင် ပြသနာဟာ အလွန်လွယ်ကူသွားမှာဖြစ်ပါတယ်။ မြန်မာ့ပြဿနာကို နောက်တက်လာမယ့်သူတွေက အနောက်ကို ကပ်သွားမှာလား တခါ အရှေ့ကိုကပ်သွားမှာလားဆိုတဲ့ မျက်မှန်စိမ်းတွေ တပ်ပြီး ကြည့်နေသ၍ မှန်ကန်တဲ့ အမြင်ကို ရမှာမဟုတ်ပါဘူး။ ဒီအမြင်တွေကြောင့် ရိုးရှင်းတဲ့ ၊ ကလေးတောင်မြင်နိုင်တဲ့ အဖြေနဲ့ဝေးနေတာပါ။ မြန်မာနိုင်ငံဟာ ဒေသတွင်း လူမှုဘေးဒုက္ခတွေသယ်ဆောင်လာနေတာ ကပ်ဘေးဆိုးတွေကျရောက်နေတာတွေအတွက် ဖြေရှင်းရမယ့်နည်းလမ်းက ရိုးရိုးလေးပါ။ အနာဂါတ်မြန်မာနိုင်ငံတည်ဆောက်ရေးမှာ စစ်တပ်မပါဝင်ဖို့ပါပဲ။ စစ်တပ်ဟာ အရပ် သား အုပ်ချုပ်မှုအောက်မှာပဲရှိရပါမယ်။ ဒါမှသာ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုတည်ဆောက်နိုင်မှာဖြစ်တယ်။ ဒီလိုနိုင်ငံမျိုးကသာ အိမ်နီးချင်းများကို ဒုက္ခမပေးတဲ့ တာဝန်ယူမှုအပြည့်ရှိတဲ့ နိုင်ငံမျိုးဖြစ်လာမှာပါ။ တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံစလုံး စိတ်ပူစရာမလိုတာက အဲဒီ နိုင်ငံမျိုးပါပဲ။ 


နိုင်ငံတကာဆက်ဆံရေးတွေကို တာဝန်ယူစိတ်နဲ့ ဆောင်ရွက်မယ်။ လူ့အခွင့်အရေးကိုလေးစားမယ်။ အိမ်နီးချင်းများနဲ့အတူ ဒေသတွင်းဖွံဖြိုးရေးကို လျှောက်လှမ်းကြမယ်ဆိုတဲ့ နိုင်ငံမျိုးပါ။ နိုင်ငံတကာဆက်ဆံရေးမှာ အနောက်ရော အရှေ့ပါမယိမ်းတဲ့ ကြားနေ ဒေသတွင်းနိုင်ငံစစ်စစ် က ဒီလိုနိုင်ငံမျိုးပဲဖြစ်မှာပါ။ စကစ ဘယ်လောက်ပဲဆိုးဆိုး အနောက်မယိမ်းသ၍ ဆွဲထားရမယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပြီ။ မြန်မာ့နိုင်ငံရေးက ဘက်တဘက်က အသာရသွားတယ်ဆိုတဲ့နိုင်ငံရေးမျိုးမဟုတ်ပါဘူး။ ပြည်သူကိုအနိုင်ပေးတဲ့နိုင်ငံရေးပါ။ မြန်မာ့နိုင်ငံရေးကို ကူညီဖြေရှင်းကြမယ်ဆိုရင် ရိုးရှင်းစွာစဥ်းစားကြဖို့လိုပါတယ်၊ ပြည်သူသာအဓိကလို့ ပြောခဲ့ပီးသားပါ။ မြန်မာဟာ ကမ္ဘာလုံးချီ ပဋိပက္ခတွေနဲ့ ဝေးတဲ့နေရာမှာရှိပါတယ်။ နိုင်ငံကြီးတွေရဲ့ ထင်ရောင်ဝိုးဝါးအကဲဖြတ်မှုများကြောင့်သာ အဲ့လိုပဋိပက္ခတွေနဲ့ ထွေလုံးရစ်ပတ်ဖြစ်သွားနိုင်တာပါ၊ ထရမ့်ခေတ်ကအိမ်ဖြူတော်မှာ မြန်မာမှာ ခွဲခြားဆက်ဆံခံရတဲ့အကြောင်းတွေပြောကြတော့ သမ္မတထရမ့်ပြောတာလေးအမှတ်ရမိတယ်။ tell me where is the place exactly တဲ့ ဗမာပြည်ဘယ်နားရှိမှန်းတောင် အမေရိကန်သမ္မတ က မသိပါဘူး။ ဒါကြောင့် အိမ်နီးချင်းများအနေနဲ့ မြန်မာ့အရေးကို မြန်မာပြည်သူများလို ရိုးရှင်းစွာပဲ တွေးမြင် အကဲဖြတ်ကြဖို့လိုကြောင်းပါခင်ဗျာ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Saturday, 9 March 2024

တာမခန်ရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ


 တာမခန်ရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ


မြရာ/ဧရာ၀တီတိုင်းမ်

‌မတ် ၉ ရက်


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ မတ်လ ၉ ရက်နေ့ ညပိုင်းတွင် အပြီးတိုင် သိမ်းပိုက် ရရှိပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖားကန့်ရှိ စစ်ကောင်စီ၏ တာမခန်စခန်းကုန်း ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်နီးပါးအကြာတွင် စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ကချင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။


"အခုည ၈ နာရီ၀န်းကျင်လောက်မှ စခန်းကုန်းကိုရတာ။ ခုခံပြန်တိုက်တဲ့အပြင်၊ စစ်ကူတွေ ပါထပ်လွှတ်ထား စစ်ကောင်စီက။ အခုကျတော့ လက်ကျန်တပ်သားတွေက ထွက်ပြေး သွားတာ။ လက်နက်တွေလည်း ရထားတယ်။ မြေပြင်မှာရှင်းနေတုန်းပဲ" ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။


ယင်းစခန်းမကျစေရေးအတွက် စစ်ကောင်စီက လက်နက်ကြီးများအပြင် လေကြောင်း ပစ်ကူများအပါအ၀င် တပ်သားအင်အားများလည်း စစ်ကူအဖြစ် လေကြောင်းမှ ပို့ဆောင်၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


လက်ရှိတွင် အဆိုပါစခန်းမှ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကုန်းကို စွန့်ခွာ၍ ထွက်ပြေးသွားကြကြောင်း သိရသည်။


"သေတာတွေနဲ့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်။ ထွက်ပြေးတဲ့ကောင်တွေ ကိုလည်း ရှာဖွေရှင်းလင်းသွားမှာပါ"ဟု ၎င်းကဆိုသည်။


တာမခန်မြို့သစ်ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ထိုးစစ်စတင်သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ရက်ကတည်းက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ရဲစခန်းသိမ်းဆည်းရမိချိန် တွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ယင်း တာမခန်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှလည်း ထိခိုက်ကျဆုံးမှု များရှိခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ အဓိကအရေးပါသည့် တပ်စခန်း များနှင့် ဗျူဟာကုန်းများကို ဆက်လက်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

 


#ကချင် #ဖားကန့် #တာမခန် #စစ်ကောင်စီ #ဗျူဟာကုန်း #KIA #PDF #သိမ်းပိုက် #Ayeyarwaddy_Times

မြ၀တီ၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိ၊ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ကျော် သိမ်းဆည်းရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ



 မြ၀တီ၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိ၊ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ကျော် သိမ်းဆည်းရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ


ရန်ကုန်၊ မတ် ၉ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅ တပ်ရင်းကို တော် လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက အတည်ပြု​ ပြောဆိုသည်။ 


"လက်ရှိကသိရသလောက် ခမရ ၃၅၅ ရပြီ၊သင်္ဃန်းညီနောင်ရဲစခန်းရပြီ၊ လက်နက်ကြီး၊ လက်နက်ငယ် တစ်ရာကျော်သိမ်းဆည်းရမိထားတယ်၊ စစ်ကောင်စီ စစ်သားအားလုံးနီးပါး စခန်းစွန့်ခွာပြေးတာများတယ်၊ သေကြတာလည်း အတုန်းအရုန်းပဲ။  ဒေသခံ ပြည်သူတချို့ အထိအခိုက်ရှိတယ်"ဟု တော်လှန် ရေး သတင်းရင်းမြစ်က ဆိုသည်။ 


စစ်တပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှုများအတွင်း စစ်တပ်ဘက်မှ တပ်တချို့ ထိမှန် သေဆုံးမှုများရှိကြောင်း ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ 


လက်ရှိတွင် တော်လှန်ရေးတပ်များက  စစ်ကောင်စီတပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲနှင့်အောင်ပွဲ အသေးစိတ် အခြေအနေများကိုမူ  သက်ဆိုင်ရာ မကြာမီ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- သင်္ဃန်းညီနောင် ရဲစခန်း ပုံများနှင့် ခမရ ၃၅၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး  နေအိမ်လိုင်းခန်း။

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု


 မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု


ရန်ကုန်၊ မတ် ၉ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ယနေ့ တတိယနေ့အဖြစ် တိုက်ပွဲများ ဆက် လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ 


မတ်လ ၇ ရက်နေ့မှစတင်ပြီး ယနေ့ မတ်လ ၉ ရက်နေ့အထိ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံးတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ကာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုများကို မရပ်မနား လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


"လေယာဉ်တွေရော၊ ရဟတ်ယာဉ်တွေရော အကုန်လာတာ။ လာတဲ့ လေယာဉ်တွေမှာ အမျိုးအစားမသိတဲ့ အရမ်းကို ဆူညံတဲ့ အသံနဲ့ လာတဲ့လေယာဉ်တွေလည်းပါတယ်။ ဟိုးအရင်ခေတ်က တိုက် လေ ယာဉ်တွေထင်တယ်။ စစ်ရှောင်တွေလည်း တိုက်ပွဲနဲ့ ဝေးရာ ပြေးနေရပေမယ့် အသံတွေက တစ်ညလုံး တစ်မနက်လုံး ဆက်တိုက် ကြားနေရတုန်းပဲ" ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးကရှင်းပြသည်။ 


စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် သင်္ဃန်းညီနောင်တိုက်ပွဲတွင် ခမရ ၃၅၅ တပ်ရင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး ခမရ ၃၅၆ အပါအဝင် တပ်ရင်းများမှာ စိုးရိမ်ရေမှတ်ဖြစ်နေကြောင်း ရေးသားထားကြသည်။ 


"ကရင်ပြည်နယ်၊မြဝတီမြိုအနီးရှိ သင်္ဃန်းညီနောင် နယ်မြေရှိ ၃၅၅ တပ် ဆုတ်ထားလိုက်ရသည်။ယနေ့ နံနက် ၉:၄၈ အချိန်အထိ ၃၅၅ တပ် နဲ့ ၃၅၆ တပ်တိုသည့် ၃၅၇ တပ်နဲ့ ပြန်လည် ပူးပေါင်းထားရသည်။ကရင်ပြည်နယ်၊မြဝတီမြိုအနီးရှိ သင်္ဃန်းညီနောင် နယ်မြေ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေကြောင်း " ဟု စစ်တပ်လော်ဘီချန်နယ် People Media က ရေးသားထားသည်။ 


KNLA နှင့် တော်လှန်ရေး သတင်းရင်းမြစ်များကို ဆက်သွယ်မေးမြန်းရာ လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးအခြေအနေအရ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း၊ ခမရ ၃၅၅ နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဗီဒီယိုများ ထွက်ပေါ်ခဲ့ပြီးဖြစ်၍ ဗီဒီယိုတွင်ပါသည့်အတိုင်းပင် ဖြစ်ကြောင်း၊ သက်ဆိုင်ရာက အခြေအနေများ တည်ငြိမ်မှသာ တိုက်ပွဲရလဒ်နှင်အောင်ပွဲ သတင်းများ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးဘက်မှလည်း အထိအခိုက်နှင့်သေဆုံးမှုတချို့ရှိကြောင်း ပြောဆိုကြသည်။ 


လက်ရှိတွင်  ခလရ ၂၇၅ ၊ နဗဟ တို့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ၊ ယခုတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အထိနာနေကြောင်း သိရှိရသည်။


ဓာတ်ပုံ- သင်္ဃန်းညီနောင်  ခမရ ၃၅၅ မှ ရရှိထားသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။

Friday, 8 March 2024

AA က ရမ်းဗြဲမြို့ကို မသိမ်းနိုင်သေး၊ ကစဉ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းနေဟုဆို


 AA က ရမ်းဗြဲမြို့ကို မသိမ်းနိုင်သေး၊ ကစဉ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းနေဟုဆို


Salween Press 

မတ်လ ၈ ရက် ၂၀၂၄ 


ရခိုင်ပြည်တောင်ပိုင်းဒေသရှိ ရမ်းဗြဲမြို့အား ရက္ခိုင့်တပ်တော် AA မှ သိမ်းလိုက်ပြီဟု ယမန်နေ့က သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ 


ရမ်းဗြဲမြို့အတွင်းက လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA မှ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး ကစဉ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း AA မှ ယမန်နေ့ ညက သတင်းထုတ်ပြန်ထားသည်။ 


AA ၏ ထုတ်ပြန်ချက်အရ ရမ်းဗြဲမြို့အား အလုံးစုံမသိမ်းပိုက်နိုင်သေးကြောင်း တွေ့ရသည်။ 


အာဏာသိမ်းစစ်ကောင်စီကလည်း ရမ်းဗြဲမြို့အား စစ်ကူအင်အား ဖြည့်တင်းလျှက်ရှိနေရာ ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံကာကွယ်နေကြောင်း သိရသည်။ 


AA နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက " ရမ်းဗြဲမြို့မှာ သိမ်တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီ အင်အားအနည်းငယ်လောက်သာ ကျန်ပါတော့တယ်။ AA ကတော့ ဝိုင်းထားတယ်လို့ သိရတယ်။ အလုံးစုံတော့ မသိမ်းပိုက်နိုင်သေးဘူး။ တိုက်ပွဲက ၅ ရက်လောက် ငြိမ်ခဲ့တော့လေ အဲဒါကို ဒေသခံတွေက ရမ်းဗြဲမြို့ကို AA က သိမ်းလိုက်ပြီလို့ ကောက်ချက်ချလိုက်ကြတာထင်တယ်။ " ဟု ပြောသည်။ 


ရမ်းဗြဲမြို့ကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေခဲ့သည်။ 


အဆိုပါနေ့ကစ၍ ရမ်းဗြဲမြို့ရှိ လူဦးရေ ၃ သောင်းကျော်မှာ ဘေးကင်းရာနေရာများနှင့် ကျေးလက်ဒေသများသို့ အိုးစွန့်ခွာထွက်ပြေးနေရခြင်းဖြစ်သည်။ 


ထွက်ပြေးတိမ်းရှောင်နေရသူ ရမ်းဗြဲဒေသခံတစ်ဦးက " ဘယ်နေ့ အိမ်ပြန်ရမလဲ မသိဘူးပေါ့နော်။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေကြတုန်းပဲ။ ကျမတို့က အိမ်ပြန်ချင်နေပြီ။ ပြန်သွားရင်လည်း အိမ်ရှိပါ့မလားတော့ မသိတော့ဘူး။ စစ်ကောင်စီက ဗုံးကြဲလို့၊ လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်အမြောက်အများ မီးလောင်ပျက်စီးသွားပြီလို့တော့ သိထားတယ်။ " ဟု ပြောသည်။ 


၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တကျော့ပြန် ရခိုင်ပြည်တိုက်ပွဲကြောင့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့၏ အလွတ်သဘောအပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီဖြစ်သည်။ 


တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များတွင် ခန့်မှန်းခြေ လူပေါင်း ၁၄၈,၅၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင် နေရသည်ဟု UNOCHA ၏ မတ်လ ၃ ရက်နေ့ထုတ် သတင်းလွှာတွင် ပြောဆိုထားသည်။ 


ရက္ခိုင့်တပ်တော် AA မှာလည်း ပြည်နယ်မြို့တော် စစ်တွေနှင့် ပိုမိုနီးကပ်စွာ ချဥ်းကပ်လာနေပြီး ယင်းအခြေအနေသည် အရပ်သားများဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေးရေးဆိုင်ရာတွင် ကြီးစွာသော စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာလည်း ပိုမိုဆိုးရွားလာနေသည်။ 


စစ်တွေမြို့တွင်ရှိသော လူနေရပ်ကွက်အနီး စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးပစ်ခတ်မှုများ တိုးမြင့်လာကြောင်း သိရသည်။ 


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကဆိုလျှင် စစ်တွေမြို့မဈေးကြီးအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၂၁ ဦးထက်မနည်း သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု UNOCHA က ဆိုသည်။ 


ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် တကျော့ပြန်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးကာ ၄၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိနေပြီး လက်နက်ကိုင် နှစ်ဖက်စလုံးဖြင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ မတရားဖမ်းဆီးခံရသူလည်း ၇၀၀ ကျော်ရှိသည်ဟု UNOCHA ၏ သတင်းလွှာအရ သိရသည်။ 


ယင်းအပြင် ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ လက်နက်ကိုင်အစုအဖွဲ့ အားလုံးမှ အတင်းအကြပ် လူသစ်စုဆောင်းသည့် အန္တရာယ်သည် အထူးသဖြင့် ထိခိုက်လွယ်သော ရိုဟင်ဂျာများအတွက် အကာအကွယ်ပေးရေးဆိုင်ရာ အဓိက စိုးရိမ်ရသည့် ကိစ္စတစ်ရပ်ဖြစ်လာနေကြောင်းလည်း သိရသည်။ 


#Salweenpress

နှစ်ပွင့် ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်များနဲ့အတူ CDF-Hakha ဖမ်းဆီး


 နှစ်ပွင့် ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်များနဲ့အတူ CDF-Hakha ဖမ်းဆီး

===========================

၈၊ မတ်လ၊၂၀၂၄

Zalen


ချင်းပြည်နယ် ဟားခါးမြို့ပေါ် နတလ ကျောင်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ အကြမ်းဖက် စစ် ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ် တစ်ဦးအပါအဝင် ရဲ့တပ်ဖွဲ့ဝင် ၅ ဦးတို့ကို လက်နက်များနဲ့အတူ CDF-Hakha တပ်မဟာ ၄ က ဖမ်းဆီးရမိခဲ့တယ်လို့ မှတ်တမ်းဗီဒီယိုနဲ့တစ်ကွ ဒီကနေ့ ထုတ်ပြန်ပါတယ်။


Chinland Defense Force – Hakha တပ်မဟာ ၄ တပ်ဖွဲ့ဝင်များက မတ်လ ၆ ရက်နေ့ မှာ ရုန်း စစ်ဆင်ရေးတစ် ခုဆင်နွဲခဲ့ရာ ပြည်နယ် နတလ ကျောင်းမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ကို ညနေ ၇ နာရီခွဲဝန်းကျင်မှာ လက်နက်များနဲ့အတူဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


“ပြည်နယ် နတလ ကျောင်းမှာလုံခြုံရေးယူနေကြတဲ့ နှစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ကို CDF-Hakha တပ်မဟာ ၄ က ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်၊သူတို့အိပ်ယာထဲကို ဝင်ပြီးတော့သွားဖမ်းတာ၊ ပစ်နေစရာ မလိုတာမို့ ကျည်ချွေတာတဲ့ အနေနဲ့ သေနတ်တစ်ချက်တောင် မဖောက်ဘဲနဲ့ဖမ်းဆီးထားတာ” လို့ CDF-Hakha တပ်မဟာ ၄ တာဝန်ရှိသူကပြောကြားထားပါတယ်။


ရဲတပ်ဖွဲ့ဝင်များဆီကနေ G3 သေနတ် ၅ လတ် နဲ့ ၆ လုံးပြူး တစ်လတ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။


CDF-Hakha က လူတွေကိုမတရားသတ်ဖြတ်တဲ့ တပ်ဖွဲ့မဟုတ်တာကြောင့် ဖမ်းဆီးထားသူများကို ကောင်း ကောင်းထိန်းသိမ်း သွားမှာဖြစ်ပြီး ထမင်းများလည်းကျွေးမွေးသွားပါမယ်။ ပြည်သူများရဲ့ ထောက်ပံ့မှုနဲ့ ဒီလို ကိစ္စတွေကိုဆောင်ရွက်နိုင်တာဖြစ်တဲ့ အတွက်ဆက်လက် ကူညီထောက်ပံ့ပေးကြဖို့ နဲ့ ယခုလိုသတင်းကောင်း များ ဆက်ကြားနိုင်ဖို့အတွက် ကြိုးစားသွားမယ် လို့တာဝန်ရှိသူက ဆိုထားပါတယ်။


သတင်း - Grace

Thursday, 7 March 2024

ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်၊ KIA ၏ ထိုးစစ်များ စတင်


 ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်၊ KIA ၏ ထိုးစစ်များ စတင်


ရန်ကုန်၊ မတ် ၇ 


ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


"ဒီမနက် ၆ နာရီမှာ ကချင်ပြည်နယ် မီုးမောက် နဲ့ ဝိုင်းမော် မြို့နယ် တွေမှာရှိတဲ့ စစ်တပ်စခန်း၊ တပ်နေရာ ၁၂ ခုကို တစ်ချိန်တည်း၊ တပြိုင်နက်တည်း KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေပါတယ်။ တိုက်ပွဲပြင်းထန် နေပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ထိုးစစ်ဆင်သော စစ်ကောင်စီတပ်စခန်း နေရာ ၁၂ ခုတွင် လိုင်ဇာအနီးရှိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ် တပ်စခန်း နှင့် အင်လုံခ တပ်စခန်း တို့လည်းပါဝင်ကြောင်း သိရှိရသည်။ 


လက်ရှိတွင် လိုင်ဇာအနီးရှိ တပ်စခန်းတစ်ခုကို သိမ်းဆည်းရရှိပြီသည်ဆိုသော ရှေ့တန်းသတင်းတချို့ ရောက်ရှိလာသော်လည်း ဆက်လက် အတည်ပြုရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း အရှင်ဖမ်းဆီးရရှိသည်ဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


"လိုင်ဇာအနီးက စခန်းတွေ အကုန်လုံးကို KIA က သိမ်းပိုက်နေပြီ။ ဘွမ်ရေဘွမ်၊ ခရဘွမ်။ ဖွန်ဘန်ဘွမ်။ လိုင်ဇာ ကို လက်နက်ကြီးနဲ့ပစ်တဲ့ စစ်တပ်တောင်ကုန်းစခန်းတွေကိုသိမ်းပိုက်နေပြီ" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။


ဓာတ်ပုံ- KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gunhtang Gam Shawng ရှေ့တန်းစစ်မျက်နှာကို သွားရောက်စစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။ )

Wednesday, 6 March 2024

စစ်ကောင်စီတပ်၏ လိမ်လည်အလုပ်ခေါ်စာမှ တပ်သားစုဆောင်းခံရသူတစ်ဦး မန္တလေး PDFထံ အလင်းဝင်လာ


 စစ်ကောင်စီတပ်၏ လိမ်လည်အလုပ်ခေါ်စာမှ တပ်သားစုဆောင်းခံရသူတစ်ဦး မန္တလေး PDFထံ အလင်းဝင်လာ 


" ဘာအတွက် တိုက်လို့တိုက်နေရမှန်းမသိဘူးလေ။ လစာလေးနှစ်ပဲခြောက်ပြားအတွက် တိုက်ရတာလား၊ မင်းအောင်လှိုင်အတွက် တိုက်ရတာလား၊တပ်မတော်အတွက်တိုက်ရတာလား၊ ပြည်သူ့အတွက်လည်းမဟုတ်ဘူး၊ အဘတွေကောင်းစားဖို့တိုက်နေရသလိုဖြစ်တော့ ဘယ်သူမှမတိုက်ချင်တော့ဘူး။" -အလင်းဝင်လာသောစစ်သား 


အင်ကြင်း/People's Spring


စစ်ကောင်စီတပ်၏ လိမ်လည်အလုပ်ခေါ်စာမှတပ်သားစုဆောင်းခြင်းခံရသူတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF) ထံ အလင်းဝင်လာခဲ့သည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်က MDY PDF ထံသို့ ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် အမှတ်(၉၀၈) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်သားသက်ဇော်ဦးဆိုသူသည် MA -3 တစ်လက် ၊ ကျည်ဘောက် သုံးခု၊ ကျည် ၂၅၀ တောင့် ယူဆောင်လာပြီး အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်။


၎င်းသည် စစ်မှုထမ်းသက် တစ်နှစ်နှင့်နှစ်လရှိပြီး လူမှုကွန်ရက်စာမျက်နှာ၌ စစ်ကောင်စီတပ်ကအလုပ်ခေါ်စာအတုဖြင့် အလုပ်ခေါ်မှုအား သွားရောက်လျှောက်ထားရာမှ တပ်သားသစ် စုဆောင်းခံရခြင်းဖြစ်ကြောင်း ၎င်းတပ်သားက ပြောသည်။


"တပ်ထဲရောက်လာတာကတော့ အညာခံရတာ။ စုဆောင်းရေးက Facebook ပေါ်မှာ Post တွေတင်တာ အလုပ်ခေါ်စာတို့။ အစိုးရအင်ဂျင်နီယာမှ ဝန်ထမ်းခေါ်ယူခြင်းတို့။ ကျွန်တော်က အပြင်မှာ ယန္တရားမောင်းတာကိုး။ ယန္တရားမောင်းတဲ့လက်မှတ် Certificate လိုချင်တော့ သူတို့က ခြောက်လတက်ရင် Certificate ထုတ်ပေးတယ်ဆိုတော့ သွားတက်လိုက်တာ။ တကယ်တမ်းရောက်သွားတာက ယန္တရားမောင်းသင်တန်းမဟုတ်ဘဲ စစ်အခြေခံသင်တန်းဖြစ်နေတယ်။ အဲဒီမှာတက်ပြီးတော့ စစ်ထဲရောက်သွားတာ ဘုမသိဘမသိနဲ့။"ဟု အဆိုပါ တပ်သားက ပြောသည်။


စစ်ကောင်စီတပ်သည် စစ်သားစုဆောင်းရာတွင်

အွန်လိုင်းမှတဆင့် အလုပ်အကိုင်ခေါ်စာများဖြင့် လိမ်လည်ခေါ်ယူခြင်း၊ ဘူတာရုံ၊ ကားဂိတ်များ၌လည်း အရက်သမား၊မူးယစ်ဆေးဝါးသမားများအား အဓမ္မခေါ်ဆောင်ခြင်း၊ ခိုးဆိုးလုနှိုက်သမားများအား ခေါ်ထားခြင်းများ ပြုလုပ်လေ့ရှိကြောင်း အဆိုပါတပ်သားက ပြောသည်။


 "သူတို့က ပိုက်ဆံပိုပေးတဲ့တပ်ကို ရောင်းတာ။ တရားဝင်လူကုန်ကူးတာ။ ဘယ်သူ့မှလည်း တိုင်လို့လည်းမရဘူး။ အလုပ်ခေါ်စာတွေတွေ့တိုင်းလည်း မယုံပါနဲ့လို့။"ဟု ၎င်းက အကြံပြုသည်။


၎င်းသည် သပိတ်ကျင်းမြို့၌ သင်တန်းတက်ပြီးနောက် စစ်တွေမြို့သို့ ပို့ဆောင်ခြင်းခံရသည်။


ထို့နောက် ၂၀၂၄ ဇန်နဝါရီ၁ရက်တွင် ပြင်ဦးလွင်မြို့၌ မိုင်းသင်တန်းလာတက်ပြီးနောက် ရှေ့တန်းသို့ ပါလာကာ သရက်ကုန်းရွာစခန်းကို ဇန်နဝါရီ၆ ရက်ညက ရောက်ရှိခဲ့သည်။ 


ဖေဖော်ဝါရီ၈ရက်တွင်မူ မန္တလေး PDFနှင့်ချိတ်ဆက်ပြီးအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ထိုတပ်သားက ရှင်းပြသည်။


စစ်ကောင်စီတပ်အတွင်း တပ်သားများ စိတ်ဓာတ်ပျက်ပြားနေပြီး တိုက်ခိုက်လိုစိတ်မရှိတော့ကြောင်းလည်း ၎င်းက ရင်ဖွင့်သည်။


"အာဏာရူးတဲ့ကောင်တွေ နည်းနည်းပါးပါးကလွဲရင်ပေါ့။ တိုက်ခိုက်လိုစိတ်က တော်တော်များများမရှိတော့ဘူး။ ဘာအတွက် တိုက်လို့တိုက်နေရမှန်းမသိဘူးလေ။ လစာလေးနှစ်ပဲခြောက်ပြားအတွက် တိုက်ရတာလား၊ မင်းအောင်လှိုင်အတွက် တိုက်ရတာလား၊တပ်မတော်အတွက်တိုက်ရတာလား၊ ပြည်သူ့အတွက်လည်းမဟုတ်ဘူး၊ အဘတွေကောင်းစားဖို့တိုက်နေရသလိုဖြစ်တော့ ဘယ်သူမှမတိုက်ချင်တော့ဘူး။"ဟု ၎င်းတပ်သားက ပြောသည်။


ထို့အပြင် ကျန်ရှိနေသော စစ်ကောင်စီတပ်သားများအား "အာဏာရူးနေတဲ့အဘတွေအတွက် ကိုယ့်အသက်ကိုစတေးပြီး တိုက်မနေပါနဲ့တော့လို့။ ပြည်သူကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းထဲကို ဝင်ပါ ဖိတ်ခေါ်ပါတယ်လို့။"ဟု ၎င်းက ပြောသည်။ 


ဖေဖော်ဝါရီ ၂၇ရက်ကလည်းထပ်မံ၍ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာခဲ့သေးသည်။ 


(လက်နက်အပ်နေသည့် အလင်းဝင်တပ်သားအား ဆုချီးမြှင့်နေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)

Tuesday, 5 March 2024

MOD နှင့် အညာဒေသအခြေပြု BLDF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


သတင်းထုတ်ပြန်ချက်


MOD နှင့် အညာဒေသအခြေပြု BLDF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်နေ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်သော ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်ဗမာ လွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF) တာဝန်ရှိသူများ လွတ်မြောက်နယ်မြေ တနေရာတွင် တွေ့ဆုံခဲ့ကြသည်။ 


ဆွေးနွေးပွဲတွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် (FDC) အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လက်ရှိ ကြားကာလ တော်လှန်ရေး အစိုးရ အဖြစ် အလေးအနက် အသိအမှတ်ပြု လက်ခံထားသည့် မူဝါဒ ရှိသည့် အလျောက် အမျိုးသားညီညွတ်ရေး အစိုးရ၏ ယန္တရားများ ဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို လက်ခံအသိအမှတ် ပြုပြီး တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။   


အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ထားသော စစ်သည်တော်ကျင့်ဝတ်များ (Code of Conduct) ကို တင်းကြပ်စွာ လိုက်နာသွားမည် ဖြစ်ပြီး အရပ်သားအစိုးရ၏ သြဇာကို အပြည့်အဝ ခံယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ 


BLDF အနေဖြင့် တော်လှန်ရေးအောင်မြင်စေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၏ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် လိုက်နာဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် တခုတည်းသော မဟာဗျုဟာ၊ တခုတည်းသော ကွပ်ကဲမှု (One Strategy, One Command) အောက်တွင် BLDF ၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ၏ တစ်စုံလုံးဆိုင်ရာ စစ်ရေးစီမံချက်များနှင့်အညီ ဟန်ချက်ညီ လိုက်ပါ ဆောင်ရွက် သွားမည် ဖြစ်သည်။ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) အား တော်လှန်ရေးအင်အားစု တခုအဖြစ် လက်ခံအသိအမှတ်ပြုပြီး လိုအပ်သော ထောက်ပံ့ကူညီမှုနှင့် ညှိနှိုင်းကွပ်ကဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။ 


ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

 

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ


 ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်


ရက္ခိုင့်တပ်တော်အနေဖြင့် အကြိမ်ကြိမ်ထုတ်ပြန်ပြီးသားဖြစ်သည့်အတိုင်း ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။


၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခစစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။


ပုဏ္ဏားကျွန်းမြို့ အား လက်လွှတ်လိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ညနေ (၄) နာရီ (၅၇) မိနစ်မှ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့သည်။


နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Sunday, 3 March 2024

တိုးပွားလာတဲ့ အလင်းဝင် CDM စစ်သားများ


 တိုးပွားလာတဲ့ အလင်းဝင် CDM စစ်သားများ


တော်လှန်ရေး စတင်ချိန်ကတည်းက စိတ်ဓာတ်အင်အားချင်း ကွာခြားနေခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေဟာ ကျရှုံးခန်းနားနီးလာလေ အလင်းဝင်လာတဲ့ CDM စစ်သားဦးရေ တိုးပွားလာလေပဲ ဖြစ်ပါတယ်။ 


လတ်တလောမှာ အလင်းဝင်လာတဲ့ဖြစ်ရပ်တွေကိုကြည့်ရင် 


🔺 ချင်းပြည်နယ်၊ မင်းတပ်မြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်အပြည့်အစုံ ယူဆောင်လာပြီး CDF-MINDAT ဆီကို အလင်းဝင်လာတာကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


🔺 ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့ မြိုင်ဟေဝန်ပန်းခြံမှာ တပ်စွဲထားတဲ့ ရဲတပ်သားတွေထဲက ရဲတပ်ကြပ်ကြီးတစ်ဦးဟာ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ ကျည်အတောင့် ၁၀၀ တိုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပကဖ)နဲ့ CDF ဟားခါး B2, C5(Gangaw) တို့ဆီကို အလင်းဝင်ရောက်လာခဲ့ပါတယ်။


🔺 အလားတူ ၂၉ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းမှာ ရောက်ရှိနေတဲ့ ဒုတပ်ကြပ်စစ်သားတဦးက မုံရွာခရိုင်၊ အမှတ်(၂၀)တပ်ရင်း BOB (Battalion of Budalin)အဖွဲ့ဆီကို ဆက်သွယ်ပြီး MA 1 max 2 တလက်၊ MA ကျည် ၄၂၀ တောင့်၊ MA ကျည်ဘောက် ၆ ခု၊ အီနာဂါ ၂ တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။


ဒါ့အပြင် ဖေဖော်ဝါရီလထဲမှာ အခြားဖြစ်စဉ်တွေအနေနဲ့လည်း 


🔺 တန့်ဆည်မြို့နယ်၊ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားတဦးဟာ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDF ထံကိုလက်နက် ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့ပါတယ်။


🔺 ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံကိုလည်း MA -11 (1)လက် ၊ ကျည်ဘောက် (၇) ဘောက် ၊ကျည် (၂၅၀) ၊ ဆိုင်ကယ်တစ်စီးနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပါတယ်။


🔺စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က SNA တပ်သား တပ်စိတ်မှူးရာထူးအဆင့်ရှိသူတဦးဟာ Ak-22 ဒင်ခေါက်တစ်လက် ၊ ကျည်ဘောက် ၂ ခု ၊ ကျည် အတောင့် ၁၅ တောင့်နဲ့အတူ ခန္တီးခရိုင် အမှတ် (၃)တပ်ရင်း(HPDF -124)ထံကို အလင်းဝင်ရောက်လာခဲ့ပါတယ်။ 


ဒီဖြစ်စဉ်တွေကိုကြည့်ရင် တော်လှန်ရေးရဲဘော်တွေအနေနဲ့ အလင်းဝင်ရောက်လာတဲ့ CDM တပ်သားတွေကို IHL/ IHRL စတဲ့ နိုင်ငံတကာဥပဒေများအရ လူ့အခွင့်အရေး ၊ စစ်သားဂုဏ်သိက္ခာတွေကို အပြည့်အဝပေးပြီး လက်ခံထားလျက်ရှိသလို ပါလာတဲ့ လက်နက်ခဲယမ်းများအတွက်လည်း ဆုကြေးငွေတွေ ချီးမြှင့်ပေးလျက်ရှိပါတယ်။


လတ်တလော အကြမ်းဖက်စစ်ကောင်စီတွေရဲ့ အောက်ခြေတပ်သားငယ်တွေဆီက အသံခပ်စိတ်စိတ်ထွက်လာတဲ့အထဲမှာ စစ်မတိုက်နိုင်တဲ့ စစ်သားအိုကြီးတွေကြောင့် ၎င်းတို့စစ်သားအငယ်တွေအနေနဲ့ နေရာတိုင်း အားကုန်သုံးနေရတာကြောင့် လူအင်အား စိတ်အင်အားပြုန်းတီးလာရတဲ့အကြောင်းတွေ ပါဝင်ပါတယ်။


ဒီပုံစံတိုင်းသာဆ်ို အကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်လာဦးမယ့် စစ်သားတွေ နိုင်ငံ့အနှံ့တိုးပွားလာဦးမှာဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

သုံးလစောင့်ကြည့်ပြီး ဆုချီးမြှင့်သွားမယ်လို့ BOB တပ်ဖွဲ့ပြော


 ◼️သုံးလစောင့်ကြည့်ပြီး ဆုချီးမြှင့်သွားမယ်လို့ BOB တပ်ဖွဲ့ပြော


၃ မတ် ||| နွေဦးအသံ ||| 


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းမှာ ရောက်ရှိနေတဲ့ ဒုတပ်ကြပ်စစ်သားတဦးက မုံရွာခရိုင်၊ အမှတ်(၂၀)တပ်ရင်း BOB (Battalion of Budalin)အဖွဲ့ထံသို့ ဖေဖော်ဝါရီ ၂၉ ရက်မှာ ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်က‌နေ အလင်းဝင်လာတဲ့ ဒုတပ်ကြပ်ဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီး MA 1 max 2 တလက်၊ MA ကျည် ၄၂၀‌ တောင့်၊ MA ကျည်ဘောက် ၆ ခု၊ အီနာဂါ ၂ တောင့် တို့ကိုပါ ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။


အလင်းဝင်လာတဲ့ ဒုတပ်ကြပ်တဦးဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ(၇၀၃)မှ ဖြစ်ပြီး BOB အဖွဲ့ရဲ့ မူဝါဒအရ ၃ လ စောင့်ကြည့်ပြီး ယခင် အလင်းဝင်လာသူများလိုပဲ ဆုချီးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ


 ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ


ရန်ကုန်၊ မတ် ၃ 


တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနှင့်ပျူစောထီး ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တနင်္သာရီ SOF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  


မတ်လ ၂ ရက်နေ့တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့နေထိုင်သောစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။ 


"စစ်သား အလောင်း ၁၂ လောင်း ရရှိပါတယ်။ လက်နက် ၁၂ လက်သိမ်းဆည်းရရှိပါတယ်။ စစ်သားနဲ့ ပျူစောထီးတချို့ ထွက်ပြေးပါတယ်။ စခန်းကို မီးရှို့ရှင်းလင်းပြီး နယ်မြေကို ထိန်းသိမ်းလိုက်နိုင်ပါတယ်" ဟု တနင်္သာရီတိုင်း SOF မှ တာဝန်ရှိသူက ရှင်းပြသည်။ 


အဆိုပါစစ်ဆင်ရေးကို တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ (T1) ၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ (T5 SOF) နှင့် (ပကဖ) ဥဩစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရဟတ်ယာဥ်ကို အသုံးပြုပြီး ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တနင်္သာ ရီ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ (T1) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

Saturday, 2 March 2024

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်


 မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ မတ် ၂


မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။


ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ထံ စစ်ကောင်စီ တပ်သား ၁ ဦး MA -11 ၁ လက် ၊ ကျည်ဘောက် (၇) ဘောက် ၊ ကျည် ၂၅၀ ၊ ဆိုင်ကယ် ၁ စီး ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် မန္တလေး PDF က ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ ပြည်သူလူထုဘက်ကို ရပ်တည်၍ အလင်းဝင်ရောက်လိုသော စစ်ကောင်စီတပ်သားများကို နွေးထွေးလုံခြုံစွာ လက်ခံလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ


 နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ


ရန်ကုန်၊ မတ် ၂ 


မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း ရန်ကုန်ခေတ်သစ်၏ စာရင်းဇယားများအရ သိရှိပြီး လက်တွေ့မြေပြင်တွင် ထိုပမာဏထက် ပိုမိုနိုင်ဖွယ်ရှိသည်။ 


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးချုပ် အဆင့်မှ ဗိုလ်မှူးအဆင့်အထိ စစ်အရာရှိ (၁၁)ဦး သေခဲ့ပြီး ဗိုလ်မှူးချုပ် ၁ ဦး ပျောက်ဆုံးနေကြောင်း၊ စစ်အရာရှိ ကြီး ၇ ဦးကို စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရရှိကြောင်း၊ထို့ပြင် အငယ်တန်းအရာရှိ အဆင့်ဖြစ်သော ဗိုလ်ကြီး ၇ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁၀ ယောက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ 


၁။ ဗိုလ်မှူး ချမ်းမြေ့အောင် ၊ ခလရ ၂၅၈ 

ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် 


ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်း ရေစကြိုမြို့ ခလရ ၂၅၈ တပ်အတွင်းမှ ရေစကြို မြို့ထဲ သို့ အိမ်စီးကားဖြင့် ပြန်လာသော မြို့နယ်စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြေ့အောင် အပါအဝင် ၅ ဦးကို ရေစကြိုမြို့အဝင် ဆိုင်းဘုတ် အနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ ဗိုလ်မှူး ချမ်းမြေ့အောင် အပါအဝင် နောက်လိုက် ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။


၂။ ဗိုလ်မှူးကြီး ဟိန်းထက်အောင် DSA-42 

ဟားခါး အခြေချဗျူဟာ ဗျူဟာမှူး


ဖေဖော်ဝါရီလ ၆ ရက်နေ့ ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရောဂါဖြင့် သေဆုံးခဲ့ပြီး စစ်ရှုံးသည့်အခြေအနေကို နေပြည်တော်က ဖိအားပေးရာမှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


၃။ ဗိုလ်မှူး ရန်လင်းအောင်၊ ခမရ ၂၀၅ ဘားအံ

 

ဖေဖော်ဝါရီလ ၇ ရက်နေ့ ရခိုင် မင်းပြား ကို တပ်ကူစေလွှတ်ခဲ့ရာ ဗိုလ်မှူး ရန်လင်းအောင် အပါအဝင် စစ်သား ၂၈ ယောက် သေဆုံးပြီး ၁၈ ယောက် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ 


၄။ ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တပ်မမှူး ၊ တပ်မ ၁၁ 


ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြောက်ဦးမြို့ အခြေစိုက် ခမရ ၃၇၇ တပ်ရင်းမှ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ကို AA က အသေ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။  


၅။ ဗိုလ်မှူးကြီး ၊ ဗျူဟာမှူး၊ ခမရ ၄၂၈ ဖရူဆို၊ ဒကစ လွိုင်ကော် 


ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကရင်နီ ရှားတော မြို့သိမ်း တိုက်ပွဲတွင် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


၆။ ဒု ဗိုလ်မှူးကြီး လှထက်ဝင်း၊ တပ်ရင်းမှူး ၊ ခလရ ၂၄၉ 


ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကရင်နီ ရှားတော မြို့သိမ်း တိုက်ပွဲတွင် ၄၀ မမ ထိမှန်သေဆုံးသည်။ 


၇။ ဗိုလ်မှူး ဘစိုင်း ၊အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်း နတ်မောက်


ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာ အကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဘစိုင်း သည် ပုဂံသို့ ရထားဖြင့် သွားရန် သားမျှား ဘူတာသို့ ဆိုင်ကယ် ဖြင့် ထွက်လာကြောင်း၊ ဂွေးကုန်းကျေးရွာ တောင်ဘက် တစ်ဖာလုံခန့် အကွာအရောက် တော်လှန်ရေးတပ်ဖွဲ့က အရပ်ဝတ်ဖြင့် သွားလာနေသော ဗိုလ်မှူးဘစိုင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။


၈။ ဗိုလ်မှူး ၊ ဟိုပုံးမြို့နယ်


ဖေဖော်ဝါရီလ ၂၅ ရက်နေ့ PNLA စစ်ကြောင်းကို ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် မနက် ၁၀ နာရီမှ ညနေ ၃း၄၀ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုနေရာကို PNLA စစ်ကြောင်းမှ ရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း (၁၆)လောင်း ကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူး အဆင့်ရှိသူ (၂)ဦး နှင့် ဗိုလ်ကြီး အဆင့်ရှိသူ (၃)ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။


၉။ ဗိုလ်မှူး ၂ ဦး 


PNLA စစ်ကြောင်းကို ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၄၀ မိနစ် အချိန် အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုနေရာကို PNLA စစ်ကြောင်းမှ ရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်း ကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူး အဆင့်ရှိသူ ၂ ဦး နှင့် ဗိုလ်ကြီး အဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။


၁၀။ ဗိုလ်မှူးကြီး အောင်ထွန်း ၊တပ်ရင်းမှူး ခမရ ၂၃၃  


ပလက်ဝဒေသမှာ AA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို CDF-DAAI က လိုက်လံ ရှင်းလင်း တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ လှိန်းရှိန်တောင်တွင် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ-၂၃၃ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း အပါအဝင် ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၂ ဦး တို့ကို အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


၁၁။ ဗိုလ်မှူး ၊ခမရ ၂၃၃  

ပလက်ဝဒေသမှာ AA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို CDF-DAAI က လိုက်လံ ရှင်းလင်း တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ လှိန်းရှိန်တောင်တွင် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ-၂၃၃ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း အပါအဝင် ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၂ ဦး တို့ကို အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


တိုက်ပွဲများအတွင်း ပျောက်ဆုံးနေသူမှာ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ဖြစ်ပြီး ၎င်းသည် ပလက်၀ အစြေခိုက် စကခ ၁၉ ၏ တပ်မမှူးဖြစ်ကြောင်း ၊ ပလက်ဝဒေသ အခြေစိုက် စကစ ၁၉၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် တိုက်ပွဲများအတွင်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ 


ထို့ပြင် စစ်အရာရှိကြီးများမှစ၍ အငယ်တန်းအရာရှိ ဗိုလ်ကြီးများမှာလည်း နိုင်ငံတစ်ဝန်း တိုက်ပွဲများ သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများကို ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် သေဆုံးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Friday, 1 March 2024

လူသိနည်းသည့် ခွန်အားကြီးသော တော်လှန်ရေး အားသာချက်များ


 လူသိနည်းသည့် ခွန်အားကြီးသော တော်လှန်ရေး အားသာချက်များ


"ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်း၊ Lion Battlion စစ်ကြောင်းဖြစ်ပြီး PDF စစ်ကြောင်းများဖြစ်တဲ့ ကျားဖြူ၊ SOF၊ တောင်ညို၊ ကျားသစ်နက်စသည့် စစ်ကြောင်းများသည် Social Media များပေါ်မှ ပြည်သူများရဲ့ အချစ်တော် စစ်ကြောင်းများ"

********************************** 


ရန်နိုင် 


နွေဦးတော်လှန်ရေးကာလအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များ ဆိုသည်က မတရားမှုကို မကျေနပ်ကျလွန်း၍သာ သူပုန်ထသည့်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်တခုကို အမြစ်ပြတ်အောင် ချေမှုန်းခြင်သည့် စိတ်တခုတည်းနဲ့ တိုက်ပွဲဝင်နေကြခြင်းလည်းဖြစ်သည်။ နှစ် ၈၀ နီးပါး ပြည်သူ့ဘဏ္ဍများစွာဖြင့် လက်နက်အင်အား အပြည့်အစုံတပ်ဆင်ကာ ပြည်ပရန်ကိုတိုက်ထုတ်ဖို့ တည်ဆောက်ထားသည် စစ်တပ်ကို အံတုဖို့ဆို သည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။


နီးစပ်ရာလက်နက်ကိုင်အဖွဲ့ဝင်များဆီမှာ စစ်ပညာသင်ကြားပြီး အခြေစိုက်စခန်းများ တည်ဆောက်ကာ အကြမ်းဖက်စစ်တပ်၏ စခန်းငယ်များကို တိုက်ပွဲများဖော်ဆောင်ကြရသည်။ ထိုမှတဆင့် စစ်ဆင်ရေးအားကောင်းလာခဲ့ပြီး စိုးမိုးနယ်မြေများဖန်တီး နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင်အခြေပြုသည့် KNU/KNLA တပ်ဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် နယ်မြေအသီးသီးမှာ စစ်ကြောင်းများဖွဲ့စည်းကာ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်း တိုက်ခဲ့နေကြသည်။ ဖွဲ့စည်းထားသည့် PDF စစ်ကြောင်း အားလုံးသည် ကာကွယ်ရေး ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ministry of Defence (MOD) ကို ကိုယ်စားပြုထားပါသည်။


အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်ရပေမယ့် တိုက်ပွဲဝင်အတွေ့ကြုံနည်းပါးသည့်အချိန်မှာ ပြောက်ကျား စနစ်ကိုအခြေခံသည့် တိုက်ပွဲများအသွင်တိုက်ခိုက်ကြရသည်။ လက်နက်အင်အား မပြည့်စုံမှုကြောင့် လက်နက်အင်အား လူအင်အားဖြည့်ဆည်းနိုင်ရန် ပူးပေါင်းစစ်ကြောင်း များအသွင်ဖြင့် တိုက်ပွဲဝင်ကြသည်။ နယ်ခံမဟုတ်သည့် ပူးပေါင်းတပ်များအနေဖြင့် ပူးပေါင်းစစ်ဆင် ရာတွင် ပစ်ပိုင်နယ်မြေ သတ်မှတ်ထားပေမယ့် မထင်မှတ်သည့်နေရာမှ ရန်သူကဝင်လာတတ်တာ ကြုံရသလို၊ နယ်ခံလက်နက်ကိုင်အဖွဲ့များနှင့် အချိတ်အဆက်မမိချိန်များတွင် တပ်နုပ်နောက်ကျသည့်အတွက် ပိတ်ဆို့ချေမှုန်းခံရခြင်းများ ကြုံခဲ့ရကြောင်း တိုက်ပွဲဝင်ရဲဘော် တယောက်မှသူ၏ အတွေ့အကြုံကို ပြောပြခဲ့ဖူးပါသည်။


ယခုအချိန်တွင်တော့ KNLA, PDF ပူးပေါင်း စစ်ကြောင်းများ၏ ထိုးစစ်ကြောင့် မြဝတီမြို့တဝိုက် စစ်ကောင်စီရဲ့နယ်စပ် ဗျူဟာကုန်းများကို တဖြည်းဖြည်းချင်း သိမ်းယူလာနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ အစောပိုင်း ကတည်းက KNLA , PDF ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် လက်ခတ် တောင်ဗျူဟာကုန်း သည်ထင်ရှားသည့် သိမ်းပိုက်ရရှိမှုဖြစ်သည်။ မြဝတီမြို့၊ ကော့ကရိတ်မြို့များကို တော်လှန်ရေးပူးပေါင်းတပ်များက ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ကြောင်း တိုက်ပွဲဝင်နေသည့် SOF စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ယောက် က ၂၀၂၄၊ ဖေဖော်ဝါရီ ၂၉ ရက်နေ့က အသိပေးပြောကြားထားသည်။


ပြောက်ကျားအားပြု တိုက်ပွဲများဖြစ်ခြင်းကြောင့် တိုက်စစ်သာအားပြုပုံဖော်လေ့ရှိပြီး တိုက်ယူရရှိသည့် နယ်မြေများကို ထိန်းထားနိုင်ခြင်းမရှိသည်ကို တွေ့မြင်ရသည်။ တိုက်စစ်အရှိန်မြှင့်နေသည် ဆိုပေမယ့် တော်လှန်ရေးပူးပေါင်းတပ်များအားလုံး အထိခိုက်အကျဆုံးနည်းသည့် ပုံစံဖြင့်စစ်ဆင်ရေး လုပ်နေကြောင်း SOF စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားထားသည်။ 


ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ယခုအချိန်ထိ ထိတွေ့တိုက်ပွဲများ တောက်လျောက်ရှိနေပြီး၊ လက်ရှိ ကော့ကရိတ်မြို့ပတ်ဝန်းကျင်ကတော့ ကျားဖြူစစ်ကြောင်းမှ ထိန်းချုပ်ထားသည့် ဧရိယာတွေများကြောင်း ကျားဖြူစစ်ကြောင်း တပ်ရေးတာဝန်ခံ ရဲဘော်သံချောင်းမှ ပြောထားပါသည်။ စစ်ရေးမှာ စွမ်းဆောင်ရည်ကောင်း ပြသထားနိုင်သလို တယောပညာရှင်၊ ကဗျာဆရာ၊ သီချင်းများကို ရေးစပ်သီဆိုနိုင်တဲ့ အနုပညာရှင်များစွာဖြင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်စုံလှသည့် စစ်ကြောင်း ဖြစ်သည်။


ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်မြို့များကို ထိန်းချုပ်ထားနိုင်သည့် စစ်ကြောင်းများတွင် ထင်ရှားသည့် စစ်ကြောင်းများကတော့ ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်း၊ Lion Battlion စစ်ကြောင်း ဖြစ်ပြီး PDF စစ်ကြောင်းများဖြစ်တဲ့ ကျားဖြူ၊ SOF ၊ တောင်ညို၊ ကျားသစ်နက်စသည့် စစ်ကြောင်းများသည် Social Media များပေါ်မှ ပြည်သူများရဲ့ အချစ်တော် စစ်ကြောင်းများ ဖြစ်ကြသလို စစ်ကောင်စီလော်ဘီများမှ အတိုက်ခိုက်ခံရဆုံး စစ်ကြောင်းများလည်း ဖြစ်သည်။ ပြည်သူလူထုမှလဲ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများ၊ ရခိုင်ပြည်နယ် တိုက်ပွဲများဖြင့် နှိုင်းယှဉ်ကာ ဖိအားပေးခံနေရသည့် စစ်ကြောင်းများလည်းဖြစ်နေပါသည်။


ကရင်ပြည်နယ်မှာ အခြေစိုက်သည့် တောင်ပိုင်းစစ်ကြောင်း အတော်များများသည် Social Media များပေါ်တွင် လူအတော်အာရုံစိုက် အားပေးခံရသည့် စစ်ကြောင်းများဖြစ်သည်။ ပြည်သူလူထုရဲ့ အချစ်တော် တော်လှန်ရေးရဲဘော်များ၏ နေထိုင်မှုဘဝအစုံကို အားလုံးက စိတ်ဝင်စားချစ်ခင်ကြသလို တော်လှန်ရေးရဲဘော်များကလည်း မိမိတို့ရှင်သန်နေထိုင်သည့််ဘဝကို ပွင့်လင်းစွာဖော်ပြကြသည်က ပုံမှန်ဘဝတခုလိုဖြစ်နေခဲ့သည်။ အချို့စစ်ကြောင်းများတွင် အနုပညာရှင်များစွာ ပါဝင်ကြ သလို အနုပညာဖန်တီးမှုများ ချပြတတ်ကြပါသည်။


Social Media အပေါ်အားပြုလွန်းသည့်အတွက် တိုက်ပွဲနှင့်မဆိုင်သည့် မှတ်တမ်းတင် ရိုက်ကူးမှုပုံများစွာဖြင့် ပြည်သူကိုအားတက်စေခဲ့သည် များလည်းရှိပါသည်။ Campaign များဖန်တီးကာ ဘဏ္ဍာရှာဖွေနေရသလို တိုက်ပွဲများဖော်ဆောင်ရင်းဖြင့် ခဲယမ်းများ ကုန်ဆုံးနေကာ ပြည်သူများကို အားမလို အားမရဖြစ်စေခဲ့သည်များလည်း ရှိသည်။ မည်သို့ပင်ဆိုစေ တော်လှန်ရေးကာလ (၃) နှစ်ခန့်အချိန်အတွင်း စိုးမိုးနယ်မြေများစွာ ရရှိအောင် စွမ်းဆောင်ပြထားနိုင်သလို၊ အရေးကြီးသည့် ကုန်သွယ်ရေးလမ်းပိုင်းများကိုလည်း ထိန်းချုပ်ထား နိုင်ခဲ့ပါသည်။ 


တနိုင်ငံလုံးကိုလည်း တော်လှန်ရေးတွင်အုံကြွပါဝင်လာအောင် ဦးဆောင်ကာ တိုက်ပွဲများ ဖော်ဆောင်ပြသထားနိုင်သည့် ကရင်ပြည်နယ်တဝိုက် တောင်ပိုင်းတိုင်း PDF စစ်ကြောင်းများ၏ လှုပ်ရှားမှုများဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် အစရှိသည့် မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့အား စစ်ကောင်စီတပ်ဖွဲ့များကို ရဲရဲတင်းတင်း တိုက်ထုတ်ဖြစ်အောင်၊ ပြည်သူများမှ တော်လှန်ရေး တပ်ဖွဲ့များကို မျက်ခြေမပျက် အားပေးဖြစ်အောင် တော်လှန်ရေးတိုက်ပွဲဝင်စိတ် နှိုးဆွပေးနိုင်သည့် တောင်ပိုင်းတိုင်းစစ်ကြောင်းများရဲ့ လူသိနည်းသည့် အားသာချက်များဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။ 


Photo : Aung San Shar (S.O.F) - Facebook 


#RedNewsAgency

https://rednewsagency.com/news/13942

https://t.me/rednewsagency/5788

https://www.youtube.com/@rednewsmm/community

ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က အကြမ်းဖက်စစ်တပ်ရဲ့ Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို TNT ချိန်ကိုက်မိုင်း အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်


 ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က အကြမ်းဖက်စစ်တပ်ရဲ့ Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို TNT ချိန်ကိုက်မိုင်း အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက် 

မတ် ၁၊ ၂၀၂၄


ရန်ကုန်မြစ်အတွင်းက MEC ထီးတန်းဆိပ်ကမ်းကို ဆိုက်ကပ်ပြီးဆီချဖို့ စောင့်ဆိုင်းနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို ရေငုပ်အထူးတပ်ဖွဲ့က TNT ချိန်ကိုက်မိုင်း အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်တယ်လို့ ရန်ကုန်တိုင်း ပကဖ က PVTVကို ပြောပါတယ်။


" ဒီသင်္ဘောက လွန်ခဲ့တဲ့ ၂ရက် လောက်တည်းက မြစ်ဝရောက်နေတာ။ အရင်က သီလဝါကိုပဲ ကပ်နေတဲ့ လေယာဥ်ဆီတင်တွေ ထီးတန်းဘက် လာကပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါကြောင့် သင်္ဘောရောက်လာကတည်းက အချိန်ယူပြင်ဆင်ပြီး ရေငုပ်ကျွမ်းကျင်ရဲဘော်တွေနဲ့ မစ်ရှင် ဖော်ဆောင်ခဲ့တာပါ။ သင်္ဘောပေါ်တက် ချိန်ကိုက်မိုင်း TNT 1Kg ကို အငွေ့ကန်နား ထားနိုင်ခဲ့ပါတယ်။ လုံခြုံရေးတွေ သတိမပြုမိအောင်ရယ် ကိုယ့်လူတွေ safety ဖြစ်အောင်ရယ် အချိန်ကြာကြာ timer ပေးခဲ့တာပါ။ ဆီကန် ၇ ကန်ရှိတဲ့အထဲက အငွေ့ကန်ကို ကပ်နိုင်အောင် ပညာရှင်တွေနဲ့သေချာတိုင်ပင်ပြီး ခက်ခဲစွာ ကြိုးစားခဲ့ရတဲ့ မစ်ရှင်ဖြစ်ပါတယ် "လို့ ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၂၉ ရက် ည ၈နာရီမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ခက်ခဲစွာနဲ့ မစ်ရှင်ကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။


အခုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဟာ အထိနာခဲ့ရပြီး လေယာဉ်ဆီ ပြတ်လပ်မှု ဖြစ်သွား နိုင်တယ်ဆိုတာနဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ လုပ်စရာရှိတာတွေကို အားစိုက်လုပ်ကြဖို့ အတွက်လည်း ရန်ကုန်တိုင်း ပကဖ က တိုက်တွန်းထားပါတယ်။


ဒါအပြင် အကြမ်းဖက်စစ်တပ်က မီးလောင်ပေါက်ကွဲသွားတဲ့ သင်္ဘောကို ဒီနေ့မနက် ၄ နာရီကျော် မှာ တွန်းသင်္ဘောအသုံးပြုပြီး ရန်ကုန်မြစ်ဝဘက်ကို သယ်ကာ အစဖျောက်ထားတယ်လို့ ဆိုပါတယ်။


သတင်းထုတ်ပြန်မှုက မစ်ရှင်ဆောင်ရွက်တဲ့ ရဲဘော်တွေ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်မှသာ ပြုလုပ်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


#SpringRevolution

#PVTV

#PVTVNews

#PVTV Telegram Channel -https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။း

ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)က ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းနှင့် အခြားအရာရှိ ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ ၁၃ ဦးတို့ကို အရှင် ဖမ်းဆီးရမိ



 ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)က ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းနှင့် အခြားအရာရှိ ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ ၁၃ ဦးတို့ကို အရှင် ဖမ်းဆီးရမိ


ဧရာဝတီတိုင်းမ်

(ပလက်ဝ)၊ မတ် ၁ ရက်


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလကစစ်ဆင်ရေးပြုလုပ်နေစဉ် တပ်ရင်း၊ တပ်မဟာအလိုက် ထွက်ပြေး လာခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကခ(၁၅)၊ ဘူးသီးတောင်အခြေစိုက်လက်အောက်ခံ ခမရ-၂၃၃ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းအပါအဝင် ဗိုလ်မှူး တစ် ဦးနှင့် ဗိုလ်ကြီး နှစ် ဦးတို့ကို အသေဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ထို့အပြင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး သုံး ဦး၊ ဗိုလ်ကြီး ကိုး ဦး၊ ဗိုလ်တစ် ဦးနှင့် တပ်ကြပ် ၁၃ ဦးအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၉ ဦးတို့ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။


ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်ဘက်မှ တပ်ရင်း၊ တပ်မအလိုက် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ မတူပီမြို့နှင့် မကွေးတိုင်းဘက်သို့ ပြန်ဝင် ရန်ကြိုးစားနေပြီး ထွက်ပြေးလာ‌သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းအမျိုးသား တပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) တို့ကလည်း ဖမ်းဆီးမှုများရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)ထံက သိရသည်။


“ကျွန်တော်တို့ဘက်လာနိုင်တာကို တွက်ချက်ပြီးတော့ စောင့်တဲ့ချိန်ကျတော့ တကယ်လည်း လာတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်တယ်။ တချို့ကတော့ တပ်ဆုတ်လာတာကြောင့်မလို့ တခါထဲ လက်နက်ချတဲ့ဟာလည်းရှိတယ်။ တချို့အဖွဲ့ နဲ့တော့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပြီးတော့မှ ‌သေသွားတဲ့ဟာတွေလည်း ရှိတာပေါ့ နော်။ အခုကျွန်တော်တို့ ဖမ်းမိတဲ့ထဲမှာဆိုရင် တိုက်ပွဲဖြစ်ပြီးမှ အညံ့ခံပြီး ဖမ်းမိတာက ပိုများတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ချတာကတော့ ၂၃ ယောက်ပဲရှိတာပေါ့နော်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)မှ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။ 


ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်ဘက်မှ တပ်ဆုတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားရှိပြီး နယ်မြေရှင်းလင်းမှုများပြုလုပ်နေသေးသည့်အတွက် လက်နက်ခဲယမ်း သိမ်းဆည်းမှုနှင့် ပတ်သက်၍ သေချာစွာ မစိစစ်ရသေးကြောင်းသိရသည်။


ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)သည် မည်သည့်လက်အောက်ခံမှမရှိဘဲ သီးခြား လွတ်လပ် သော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မတူပီ၊ မင်းတပ်၊ ကန်ပလက်နှင့် ပလက်ဝ မြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြောင်းသိရသည်။


ချင်းလူမျိုးစု(ဒိုင်)သည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) အသီးသီးတို့တွင်လည်း တော်လှန်းရေးတာဝန်ထမ်းဆောင်နေသူများရှိနေပြီး မြို့နယ် တချို့တွင် ဒိုင်ကိုယ်စားပြုတပ်ရင်း ခွဲထွက်မှုများ လည်းရှိကြောင်းသိရသည်။


“လက်ရှိစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားတွေက စိတ်ဓာတ်လုံးဝပြတ်ပြားပြီး နိုင်တယ်ဆိုတဲ့ဟာကို လုံးဝမရှိတော့ဘူး။ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရဆိုရင် သူတို့နိုင်တယ်ဆိုတာ မရှိတော့ဘူး။ ဘယ်ချိန်သေမလဲဆိုတာ စောင့်နေရတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘယ်နေရာပဲနေနေ ပြည်သူတွေနဲ့ ပူးပေါင်းကြပါ။ ကျွန်တော်တို့က တကယ် တိုက်ခိုက်ပြီးမှ လက်နက်ချတာမျိုးကတော့ မလွယ်ဘူးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ လာမတိုက်ခင်၊ သွေးထွက်သံယိုမဖြစ်ခင်မှာပဲ လက်နက်ချတာ ပိုကောင်း မယ်လို့ ပြောချင်ပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)၊ တာဝန်ခံက ဆက်လက် ပြောဆိုသည်။


ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ကို ပြင်းပြင်း ထန်ထန်တော်လှန်တိုက်ခိုက်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)သည် ပလက်ဝမြို့ နယ်တွင် အဓိကလှုပ်ရှားနေပြီး ပလက်ဝမြို့နယ်၏ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ် ထားကြောင်းသိရသည်။


ယခုလက်ရှိရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်ရင်းနှင့် မြို့တော်များကို ဆက်လက်သိမ်းပိုက်မှုကြောင့် ချင်းကာကွယ်‌ရေးတပ်ဖွဲ့(ဒိုင်)၏ ထိန်းချုပ်နယ်မြေထဲသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။


ပုံစာ-CDF-Daaiမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။


#ချင်းကာကွယ်ရေးတပ်ဖွဲ့ဒိုင် #ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း #စစ်တပ်အရာရှိ၃ဦး #အသေဖမ်းဆီရမိ #စစ်တပ်အရာရှိ၁၃ဦး #အရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...