Friday 31 March 2023

မူဆယ်မြို့၊ သိန်းသန်းချီ ကားဝင်းဂိတ်အစောင့် စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မူဆယ်မြို့၊ သိန်းသန်းချီ ကားဝင်းဂိတ်အစောင့် စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ မတ် ၃၁ 


ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် သိန်းသန်းချီကားဝင်း အဝင်ဂိတ်စောင့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရ သည်။ 


မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မူဆယ်မြို့ သိန်းသန်းချီကား ဝင်း ဂိတ်တွင် ဂိတ်စောင့်နေကြသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အရပ်သား ၂ ဦးနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


"သိန်းသန်းချီကားဝန်း အဝင်ပေါက်မှာ ကင်းချထားတဲ့ ပြည်သူ့စစ်( စစ်တပ် လက် အောက်ခံအဖွဲ့) ၂ယောက်ကို ဝင်ပစ်သွားတာ။ တစ်ဦးကတော့ ထိုင်ခုံမှာ ထိုင်နေရင်း သေပါတယ်။ နောက်တစ်ဦးကလည်း သေသွားပြီ။ အရပ်သား ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး ကျည်မှန်တယ်။ မနှစ်က KBZ ဘဏ်စောင့်တဲ့ ပြည် သူ့ စစ် တွေပစ်ခံရတဲ့ ကားဝင်း မှာ ထပ်ဖြစ်တာပါ"ဟု မူဆယ်မြို့ခံတစ်ဦးက ရှင်းပြသည်။ 


လက်ရှိအချိန်အထိ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိ ရှိရ သေးဘဲ မူဆယ်မြို့တွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားကာ လူသေဆုံး မှုများလည်း မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
 

Mandalay,Myanmar


 

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှ ၃၈၅မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင်တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပေသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်ခဲ့သည်။ဓါတ်ပုံ - Wikipedia "Mandalay is the second-largest city in Myanmar, after Yangon. Located on the east bank of the Irrawaddy River, 631 km (392 miles) (Road Distance) north of Yangon, the city has a population of 1,225,553 (2014 census).Mandalay was founded in 1857 by King Mindon, replacing Amarapura as the new royal capital of the Konbaung dynasty. It was Burma's final royal capital before the kingdom's annexation by the British Empire in 1885. Under British rule, Mandalay remained commercially and culturally important despite the rise of Yangon, the new capital of British Burma. The city suffered extensive destruction during the Japanese conquest of Burma in the Second World War. In 1948, Mandalay became part of the newly independent Union of Burma.Today, Mandalay is the economic centre of Upper Myanmar and considered the centre of Burmese culture. A continuing influx of illegal Chinese immigrants, mostly from Yunnan, since the late 20th century, has reshaped the city's ethnic makeup and increased commerce with China.Despite Naypyidaw's recent rise, Mandalay remains Upper Myanmar's main commercial, educational and health center.Photo: Wikipedia

Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U township, was arrested on 26 March after his winning ticket went viral on social media in northwest Myanmar.


 Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U township, was arrested on 26 March after his winning ticket went viral on social media in northwest Myanmar.


Mr Kyi Hlah is from Aungchianthar block of Khin-U town in Sagaing region and will be facing imprisonment for supporting the opposition.

Thursday 30 March 2023

ရွှေကူမြို့နယ်တွင် စစ်တပ်က ဖုန်းလိုင်းများဖြတ်တောက်ပြီး တိုက်လေယာဥ် ဖြင့် ဗုံးကျဲကာ လှည့်ပတ် မီးရှို့နေ


 ရွှေကူမြို့နယ်တွင် စစ်တပ်က ဖုန်းလိုင်းများဖြတ်တောက်ပြီး တိုက်လေယာဥ် ဖြင့် ဗုံးကျဲကာ လှည့်ပတ် မီးရှို့နေ


ရန်ကုန်၊ မတ် ၃၀ 


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကို ဖုန်းလိုင်းများဖြတ် တောက်ပြီး အကြမ်း ဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့်ဗုံးကျဲစစ်ကူယူကာ လှည့် ပတ် မီးရှို့နေကြောင်း ရွှေကူ PDF ထံမှ သိရသည်။


ယနေ့ မတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ရွှေကူမြို့နယ်၊ မံဝိန်း ကျေးရွာ ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ နေအိမ် ၂ လုံး မီး လောင် ပျက်စီးခဲ့ပြီး အခြားနေအိမ်များလည်း ထပ်မံ ကူးစက်နိုင်ခြေရှိကြောင်း၊ မြေပြင်မှလည်း တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ ၊ ခလရ ၇၇ ၊ ခလရ ၈၈ တပ် သားများက ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း သိရှိ ရသည်။


"တိုက်လေယာဥ်နဲ့ ဗုံးကျဲမီးရှို့နေတာတော့ သိတယ်၊ တိုက်ပွဲလည်း ဖြစ်နေတယ်၊ဆုံးရှုံးထိခိုက်မှုတော့ မသိရသေးဘူး"ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများ သည် မံဝိန်း-စီမူ ကြီး ကုန်ထုတ်လမ်းရှိ လယ်တဲများကိုလည်း မီး ရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိ အချိန် အထိ တိုက်လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကျဲလမ်းကြောင်းရှင်းကာ စစ် ကြောင်း ထိုးချီတက်မီးရှို့နေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင် များက လည်း အပြင်းအထန်ခုခံကာကွယ်နေပြီး အထိအ ခိုက် တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

ရွာပေါင်းစုံ သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ


 ရွာပေါင်းစုံ သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ


ရန်ကုန်၊ မတ် ၃၀


ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ မတ်လ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Wednesday 29 March 2023

ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု


ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု

⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍


တကမ္ဘာလုံးက သတင်းဓာတ်ပုံဆရာတွေ၊ မှတ်တမ်းဓာတ်ပုံဆရာတွေ ဝင်ပြိုင်ကြတဲ့ World Press Photo ဆုတွေထဲက ဆုတစ်ခုကို လွိုင်ကော် ပီဒီအက်ဖ်အဖွဲ့က ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီနေ့ ကြေညာပါတယ်။ 

.

ဆုရတဲ့ ဓာတ်ပုံကတော့ မနှစ်က ကရင်နီ (ကယား)၊ မိုးဗြဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း လွိုင်ကော်ပီဒီအက်ဖ် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ဒဏ်ရာရသူတစ်ဦးကို ထမ်းခေါ်လာတဲ့ ပုံပါ။ 

.

ဥရောပ၊ အလယ်ပိုင်းနဲ့ မြောက် အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဆိုပြီး နယ်မြေအလိုက် သတ်မှတ် ဆုပေးတဲ့အထဲမှာ မောက်ခမ်းဝါရဲ့ ဓာတ်ပုံက အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် ပေးတဲ့ ဆုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 

.

အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် Singles, Stories, Long-Term Project, Open Format နဲ့ Honorable Metion ဆိုတဲ့ ဆု ၅ ဆုကြေညာခဲ့ပြီး မောက်ခမ်းဝါက Singles ကဏ္ဍအတွက် ဆုရခဲ့တာ ဖြစ်ပါတယ်။ 

.

World Press Photo Award ဆိုတာကတော့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံသတင်းထောက်တွေ၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူတွေ အများဆုံး ဝင်ပြိုင်ကြတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆု တစ်ခုပါ။

.

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် World Press Photo အဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက နှစ်စဉ် ဆုပေးပွဲတွေကျင်းခဲ့တာဖြစ်ပြီး သတင်းဓာတ်ပုံလောကနဲ့ မှတ်တမ်းဓာတ်ပုံလောကထဲမှာ ပြောစမှတ်ပြုရ၊ အသိအမှတ်ပြုရတဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။ 

ကလေးမြို့ တာဟန်း ပင်မ သပိတ် ခံတပ် ဖြိုခွင်းခံရခြင်း ၂ ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟော‌ပြောပွဲ ပြုလုပ်


 ကလေးမြို့ တာဟန်း ပင်မ သပိတ် ခံတပ် ဖြိုခွင်းခံရခြင်း ၂ ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟော‌ပြောပွဲ ပြုလုပ်


ရန်ကုန်၊ မတ် ၂၉

ကလေးမြို့ ပင်မ သပိတ် အင်အားစုများက ဦးဆောင်ကာ ယနေ့ မတ်လ ၂၉ ရက်နေ့တွင် တာဟန်း ပင်မ သပိတ် ခံတပ် ဖြိုခွင်းခံရခြင်း ၂ ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟော‌ပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းတွင် စစ်သင်တန်းဆင်းပွဲနှင့်အတူ ဒရုန်းနှင့်လက်နက်များပါ တပ်ဆင်ပေးအပ်


 မကွေးတိုင်းတွင် စစ်သင်တန်းဆင်းပွဲနှင့်အတူ ဒရုန်းနှင့်လက်နက်များပါ တပ်ဆင်ပေးအပ်


ရန်ကုန်၊ မတ် ၂၉ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းကွပ်ကဲ ရေးရုံး က ဦးစီး၍ မကွေးတိုင်းတွင် စစ်သင်တန်းဆင်းပွဲနှင့်အတူ ဒရုန်းနှင့် လက် နက်များပါ တပ်ဆင်ပေးအပ်ပွဲ၊ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။ 

 

မတ်လ ၂၇ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ် စဉ် (၄) သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ အခမ်းအနားကို မကွေး တိုင်းတနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ဖတ် ကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ လက်နက်ပေးအပ်ခြင်း အစီအစဉ် များဆောင် ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ Drone နှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်း သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။ 


စစ်သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်း ကွပ် ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား များက တော်လှန်ရေး သီချင်းများ သံပြိုင်ရွတ်ဆိုခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများမှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များပြုလုပ်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ


ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ


ရန်ကုန်၊ မတ် ၂၉


ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ မတ်လ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦးသေဆုံး


 မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦးသေဆုံး


ရန်ကုန်၊ မတ် ၂၈


မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။


ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Tuesday 28 March 2023

သဉ္ဇာဟိန်း(၂၈.၃.၂၀၂၁)

အကောင်းအတိုင်း ပြန်လာမယ်လို့

အာမမခံနိုင်တဲ့ခရီးကို သွားရတဲ့အခါ..

နှောင်ကြိုးတွေကခွင့်လွှတ်ပေးပါ 

(သဉ္ဇာဟိန်း) ၂၈.၃.၂၀၂၁


ဒီကနေ့က မတ်လ ၂၈ ရက်ဟာ နွေဦးတော်လှန်ရေးကာလအတွင်း မုံရွာမြို့မှာ သူနာပြုဆရာမ သဉ္ဇာဟိန်း ကျဆုံးခဲတာ ၂ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ဆရာမ သဉ္ဇာဟိန်းကို စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် ကျည်ဆန်ထိမှန်ကျဆုံးခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာတော့ ဈာပနပြုလုပ်နိုင်ဖို့ ဇာတိဖြစ်တဲ့ ကနီနယ်ကို ပို့ဆောင် ခဲ့ပါတယ်။ အဲဒီလို ပို့ဆောင်ခဲ့ရာမှာ လမ်းတစ်လျှောက်က ပြည်သူတွေ နွေးဦးတော်လှန်ရေးရဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင် ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ် ။

မတ်လ ၃၀ ရက်မှာ သူမရဲ့ ဇာတိဖြစ်တဲ့ ကနီမြို့နယ်၊သလင်းကျေးရွာသုဿန်မှာ ပို့ဆောင်သဂြိုဟ်ခဲ့ ပါတယ်။

 

Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ


 Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ


ရန်ကုန်၊ မတ် ၂၈ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင် စီတပ်၏ အကြီးဆုံး စခန်းတစ်ခုတွင် အပါအဝင်ဖြစ်သော မယ့်ခါ ထာစခန်းကို KNLA တပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၄၀ ကျော်သေဆုံးသွားကြောင်း KNLA သတင်းရင်းမြစ်များက ပြောဆိုသည်။ 


မတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်၏ မယ့်ခါ ထာ စခန်း ကို KNLA တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်ပြီး KNU တပ်မဟာ ၅ က စစ်ကောင်စီ၏ မယ့်ခါထာ စခန်း တစ်ခုလုံးကို အောင်မြင် စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အရာရှိများ အပါအဝင် စစ်သား ၄၀ ကျော် သေ ဆုံး ပြီး KNU ဘက်မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။ 


"စခန်းကိုတော့ သိမ်းလိုက်ပါပြီ။ တိုက်ပွဲက မိနစ် ၅၀ လောက်ကြာပါတယ်။ သတင်းကလည်း ထိန်းထားလို့လည်းမရနိုင်ဘူး။ ထိုင်းဘက်မှာလည်း ရွာရှိ နေသလို စခန်းမှာဖြစ်ပျက်နေတာတွေကိုလည်း ဟိုဘက်ကမ်းက လှမ်းမြင် နေရတာပဲ။ ဒီမနက် ၆ နာရီ ၄၀ လောက်မှာ စခန်းကို သိမ်းပါတယ်။ ရန်သူ ဘက်က သေဆုံးသူ ၄၀ ကျော်ပါတယ်" ဟု KNLA သတင်းရင်းမြစ်က ရှင်းပြသည်။ 


KNU တပ်မဟာ ၅ က တိုက်ခိုက် သိမ်းပိုက်လိုက်သော မယ့်ခါထာစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား စုစည်းမှု အင်အား ရာဂဏန်းအထိရှိသော စစ် စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- KNU တပ်မဟာ ၅ ခေါင်းဆောင်လည်းဖြစ် KNLA ဒုတိယစစ်ဦးစီး ချုပ်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ။

Monday 27 March 2023

ရန်ကုန်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှုပြုလုပ် 


ရန်ကုန်၊ မတ် ၂၇ 


မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံနှင့် လူမျိုးပေါင်းစုံပြည်သူတစ်ရပ်လုံးက စုစည်းညီညွတ်စွာနှင့် ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်နိုင်ခဲ့သည့် ၇၈ နှစ်မြောက် သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည့် ယနေ့ မတ် ၂၇ ရက်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့)ကို ဂုဏ်ပြုသောအားဖြင့် DPNS/YNS ရဲဘော်တို့မှ ရန်ကုန်မြို့တစ်နေရာတွင် ''ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကိုကြိုကြ'' စာသားပါ ပိုစတာကမ်ပိန်းကို ပြုလုပ်ခဲ့သည်။
 

တပ်မတော်နေ့မှာ စစ်တပ်ယူနီဖောင်းကိုမီးရှို့ပြီး ဆန္ဒပြ


 တပ်မတော်နေ့မှာ စစ်တပ်ယူနီဖောင်းကိုမီးရှို့ပြီး ဆန္ဒပြ


မုံရွာ၊ မတ် ၂၇၊ ၂၀၂၃။


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းမှာ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ကဦးဆောင်ပြီး မတ်လ ၂၇ ရက်ဒီကနေ့မှာ စစ်ကောင်စီကို ဆန္ဒပြခဲ့ကြပါတယ်။


"ဖက်ဆစ်စနစ်သပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်" စာသားပါ ဘန်နာကိုကိုင်ဆောင်ပြီး တပ်မတော်ယူနီဖောင်းကို မီးရှို့ခဲ့ကြရာ မုံရွာလူငယ်များအစည်းအရုံးဝင်တွေကလည်း ပူးပေါင်းဝန်းရံခဲ့ကြပါတယ်။ 


"တပ်မတော်နေ့မှာ ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်း ယိုင်လဲလာပါပြီ။ အရေးနိမ့်လာပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်လက် တောင့်ခံခုခံပေးကြဖို့ တောင်းဆိုလိုပါတယ်" လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောပါတယ်။ 


အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ သူတို့ဒေသအတွင်း ဆန္ဒဖော်ထုတ်တာတွေအပြင် ပြည်တွင်း၊ပြည်ပ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး မီးဘေးသင့် ပြည်သူတွေကို မီးဖိုဆောင်သုံးပစ္စည်းတွေနဲ့ ဆန်နဲ့ဆီတွေကိုပါ လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။


သတင်း - ခန့်အောင်၊ စာတည်း - လင်း 

#မြေလတ်အသံ

*****************************************


On This Day in 2021


 On This Day in 2021


Residents of Insein in Yangon Region protested against the military regime around 2:30 AM on March 27, 2021 and set roadblocks to deter the advancement of the regime’s troops. Soldiers and police removed the barricades by forces.

(Photo: CJ )

#WhatsHappeningInMyanmar

-------------------

Help The Irrawaddy Report the Truth from Myanmar

https://bit.ly/3btQYpR

မုံရွာခရိုင်တပ်ရင်းတစ်ခုသို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ နိုင်ငံရေး၊တော်လှန်ရေးအရွေ့ဆိုင်ရာဟောပြောမှုပြုလုပ်။


 မုံရွာခရိုင်တပ်ရင်းတစ်ခုသို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ နိုင်ငံရေး၊တော်လှန်ရေးအရွေ့ဆိုင်ရာဟောပြောမှုပြုလုပ်။

ကျွန်ုပ်တို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူလူထု၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအာ နိုင်ငံရေးအ‌သိပညာများမျှဝေလျှက်ရှိပါသည်။ ယနေ့တွင် မုံရွာခရိုင်တပ်ရင်းတစ်ခုအား မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ နိုင်ငံရေးလမ်းပြမြေပုံနှင့် COC 2ရပ်အား ဟောပြောပို့ချခဲ့ပါသည်။

အရေးတော်ပုံအောင်ရမည်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ခင်ဦးမြို့နယ်တွင် ကောက်စိုက်ပြည်သူများမှ ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်အာဏာရှင်အလိုမရှိ စစ်အာဏာရှင် ကျဆုံးပါစေ ဆိုပြီး သပိတ်မှောက် ကြွေးကြော်ပြီး NUGအစိုးရကို ထောက်ခံကြောင်း ဆန္ဒပြ


 ခင်ဦးမြို့နယ်တွင် ကောက်စိုက်ပြည်သူများမှ ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်အာဏာရှင်အလိုမရှိ စစ်အာဏာရှင် ကျဆုံးပါစေ ဆိုပြီး သပိတ်မှောက် ကြွေးကြော်ပြီး NUGအစိုးရကို ထောက်ခံကြောင်း ဆန္ဒပြ

=========

ခင်ဦး/၂၀၂၃/မတ်လ-၂၇


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ်တွင် ကောက်စိုက်ပြည်သူများမှ ယနေ့မတ်လ၂၇ရက်နေ့ နံနက်ခင်း ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်အာဏာရှင်အလိုမရှိ စစ်အာဏာရှင် ကျဆုံးပါစေ ဆိုပြီး သပိတ်မှောက် ကြွေးကြော်ပြီး NUGအစိုးရကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြပါသည်။


ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

Sunday 26 March 2023

ဘယ်တော့မှ မမေ့မယ့် နေ့တစ်နေ့..


 ဘယ်တော့မှ မမေ့မယ့် နေ့တစ်နေ့..


တစ်ပတ်တိတိ ငိုခဲ့ရ၊ ခံပြင်းခဲ့ရ၊ နာကြည်းခဲ့ရတဲ့နေ့၊ အသက် (၁၆) နှစ်သားလေးရဲ့ “သားမရတော့ဘူး” ဆိုတဲ့စကားသံတိုးတိုးဟာ ခုချိန်ထိ နားထဲမှာ ကြားယောင်မိနေဆဲပဲ..ခွင့်မလွှတ်ဘူး၊ အရှူံးမပေးဘူးဆိုတာ စကားမဖြစ်စေရ၊ အလုပ်ပဲဖြစ်ကိုဖြစ်နေရမယ်..


(၂) နှစ်ကြာပြီးနောက် … ငါတို့ ဒါကို အလုပ်နဲ့ သက်သေပြတယ်…


“ဝဋ်” လို့မခေါ်ဘူး…


ငါတို့ရဲ့ ရင်းခဲ့ရသမျှ၊ အတင်းလုယူခံရသမျှ၊ ငါတို့ရဲ့ တန်ကြေးကို ငါတို့ဖြည်းဖြည်းခြင်းပြန်စယူနေတာ ..


“မပြီးသေးဘူးနော်..ငါတို့အလှည့် ခုမှစတာ၊ အများကြီးကျန်သေးတယ်။ အကုန်ပြန်ယူမှာ”


#ငါတို့နိုင်မှာ

#ရှယ်ပလန်နဲ့ကြိတ်

#မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်


#မမများနဲ့ပွဲကမယ် 💃🏻💃🏻

အားလုံးစုစည်းနေရင်ဘာမှမဖြစ်


 #အားလုံးစုစည်းနေရင်ဘာမှမဖြစ်

မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ချီတက်

မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ချီတက်


ရန်ကုန်၊ မတ် ၂၆ 


မုံရွာသပိတ်တပ်ပေါင်းစုမှ မုံရွာမြို့​စျေးတစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ယနေ့ မတ် ၂၆ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။
 

Saturday 25 March 2023

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေညာ


 ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေညာ


ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အကြား စစ် ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွား လာ ခြင်း မပြုရန် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ကျော်သက်က အရေးပေါ် ကြေညာချက် ထုတ် ပြန်သည်။

"ယနေ့ ( ၂၅၊၃၊၂၀၂၃ ) ရက်နေ့မှ စ၍ ကရင်ပြည်နယ်  ကျုံဒိုးမြို့နယ် မှ မြဝတီ မြို့နယ်အတွင်း  စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူ လူထုအနေဖြင့် အဆိုပါ ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်း နှင့်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝ( လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်" ဟု ကျားဖြူ စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်က အရေး ပေါ် ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာဘက်ခြမ်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်


 မြန်မာဘက်ခြမ်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့် 


မတ် ၂၅၊ ၂၀၂၃


မြန်မာနိုင်ငံ၊ မြဝတီမြိုဘက်မှာ ဒီကနေ့တိုက်ပွဲ ဖြစ်ပွားတာကြောင့် မဲဆောက် မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်းက ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ထိုင်းဘက်ခြမ်းမှာလည်း နယ်စပ်မျဉ်းတလျှောက်မှာ လုံခြုံရေးကို တိုးမြင့်ချထားတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 


 #MyanmarLabourNews

Thursday 23 March 2023

ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာများလူထုသပိတ်


 23.3.2023 ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာများလူထုသပိတ် စစ်အကြမ်းဖက်အုပ်စု အမြစ်ပြတ်ရေး ကြွေးကြော်သံများဖြင့် ဆက်လက်ချီတက်ခဲ့

စစ်တပ် မီးရှိသဖြင့် ပြာကျသွားသောနေအိမ် ခြောက်သောင်းကျော်ရှိ ရွာမီးရှိခြင်းကို မဟာဗျူဟာမြောက် ကျင့်သုံးနေ



 စစ်တပ် မီးရှိသဖြင့် ပြာကျသွားသောနေအိမ် ခြောက်သောင်းကျော်ရှိ ရွာမီးရှိခြင်းကို မဟာဗျူဟာမြောက် ကျင့်သုံးနေ


20 March 2023 By MPA


စစ်ကောင်စီတပ်က မီးရှိဖျက်ဆီးခဲ့သည့် ပြည်သူ့နေအိမ် ခြောက်သောင်းကျော်ရှိပြီဖြစ်ကြောင်း Data for Myanmar က ယနေ့ထုတ်ပြန်သည်။


၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ အဖွဲအစည်းများက မီးရှိဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုးခဲ့ရကြောင်း သိရသည်။


မီးရှိဖျက်ဆီးခံရမှုများအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး အိမ်၄၇၇၇၈ လုံး ဖျက်ဆီးခံခဲ့ရသည်။ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး ၉၀၁၉ လုံး၊ ချင်းပြည်နယ်အတွင်း အိမ် ၁၄၈၅ လုံး နှင့် ကျန်ပြည်နယ်နှင့် တိုင်းတိုတွင် ၂၁၇၇ လုံး မီးရှိခံရကြောင်း Data for Myanmar က ဆိုသည်။


“မတ်လမှာလည်း ဆက်တိုက်ကို မီးရှိနေတဲ့အပြင် အခုနောက်ပိုင်း ကျနော်တို စစ်ကိုင်းတိုင်းထဲ စစ်ခွေးတွေ ရွာတွေထဲ ဝင်တာ ပြောက်ကျားပုံစံမျိုး အလစ်ဝင်လာလေ့ရှိတယ်။ မနက်အစောကြီးတွေ ဝင်လာတာမျိုးပေါ့။ ပြီးရင် မီးရှိ၊ လုယက် လူဖမ်းပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားလေ့ရှိတယ်”ဟု မုံရွာမြိုတွင်းနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်သည် မည်သည့်အကြောင်းမှမရှိဘဲ ရွာမီးရှိခြင်းကို မဟာဗျူဟာမြောက်ကျင့်သုံးနေပြီး နောက်ထပ်လည်း မီးဆက်ရှိဦးမှာ သေချာကြောင်း ၎င်းက ပြောသည်။


“အဓိကကတော့ ပြည်သူတွေ ဒုက္ခရောက်အောင်ပါပဲ။ စားရမဲ့သောက်ရမဲ့ အခြေအနေ ရောက်အောင်ကို အငြိုးတကြီးနဲ့ လုပ်တာ။ ပြီးတော့ မတော်လှန်ရဲအောင်။ တော်လှန်ရေး အတွက် ကူစရာငွေမရှိအောင်ပေါ့”ဟု ၎င်းကဆက်ပြောသည်။


စစ်ကောင်စီတပ်သည် ၂၀၂၁ခုနှစ်၊ မေလအတွင်း ပြည်သူ့နေအိမ် ၃ လုံး မီးရှိခြင်းဖြင့် ရပ်ရွာများ မီးရှိ ဖျက်ဆီးခြင်းအမှုကို စတင်ခဲ့ကြောင်း Data for Myanmar ၏မှတ်တမ်းက ဖော်ပြထားသည်။

Thai military raids Mae Sot hideout of supposed anti-regime forces


 Thai military raids Mae Sot hideout of supposed anti-regime forces


March 23, 2023


The Thai military raided a four-story building in Mae Sot occupied by anti-regime revolutionary forces from Myanmar on Wednesday, according to Thai news agencies. Some people were arrested, and military equipment, uniforms, drones and medicines were also seized. #WhatsHappeningInMyanmar

“တော်လှန်စိတ်နဲ့ အသံတိတ်စို့”


 “တော်လှန်စိတ်နဲ့ အသံတိတ်စို့”


သင်္ကြန် နှင့်ပတ်သတ်လို့ တို့ပြည်သူများ စိတ်လွတ်ကိုယ်လွတ် မကြည်နူးမပျော်ပါးရသည်မှာ နှစ်အားဖြင့် ၃နှစ်လွန်ခဲ့ပါပြီ။၂၀၂၀မှာ ကိုဗစ်(နိုင်တင်း) ကပ်ရောဂါကူးစက်ပြန့်နှံ့မှုနှုန်း တဟုန်ထိုးမြှင့်တက်နေတာမို့ အတာင်္သကြန်ကို ခနထားလို့ ကူသူကကူ၊လှူသူကလှူ၊ဦးဆောင်သူက ဦးဆောင်ဖြင့် ဝိုင်းဝန်းဖေါ်ဆောင်ခဲ့ကြရင်း ရောဂါကပ်ကို ညီညွတ်မှုဖြင့် အောင်နိုင်ခဲ့ကြသည်။ ၂၀၂၁ခုနှစ်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ အာဏာလုယူဆဲကာလ အတာသင်္ကြန်တွင်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ရာ လူသတ်မှု၊စစ်ရာဇဝတ်မှု ကျူးလွန်မှု၊နေအိမ်များ မီးရိူ့ဖျက်ဆီးခံရမှုတွေနဲဘ စိတ်မချမ်းမြေ့ဖွယ်ရာအတိဖြစ်ခဲ့ရသည်မို့ ဘယ်မှာများ သင်္ကြန်၏ အနှစ်သာရတို့ လွှမ်းခြုံနေပါလိမ့်မလဲ။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ မြန်မာ့ရိုးရာအတာင်္သကြန်ကို အသုံးချလို့ မြန်မာပြည်သူတွေ ပျော်ရွှင်နေကြပါပြီ၊တိုင်းပြည်မှာ လုံခြုံနေပါပြီ၊သူတို့ အခြေအနေကို ထိန်းထားနိုင်ပြီ၊အုပ်ချုပ်နိုင်ပြီ စတဲ့ မိုးလုံးပြည့်မုသာဝါဒတွေ ကျူးလွန်ဖို့ အထူးအားခဲထားရသည့် ပွဲလည်း ဖြစ်နေသည်။

သို့သော်လည်း တိုင်းပြည်ဟာ နာရေးဖြစ်နေဆဲ၊လူ့အခွင့်အရေးဆိုတာ မသိရလောက်အောင် ဖိနိုပ်ညှင်းပန်းသတ်ဖြတ်ခံနေရဆဲ၊ထို့အပြင် ကလေးသူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်၊အမျိုးသမီးတွေကို မုဒိန်းကျင့် ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်၊ဒို့ပြည်သူ့မျက်ရည်တွေ၊ပြည်သူ့သွေးတွေ၊ပြည်သူ့ချွေးတွေနဲ့ သင်္ကြန် ရေမှာ ရောနှောလို့ ပေတရာမှာ ပေနေတဲ့ သွေးတွေကို ဆေးချင်နေကြပြန်ရဲ့။ ဒါ့ကြောင့် အာဏာဖီဆန်အံတုရေးဗျူဟာတွေထဲက သိပ်ထိမိ၊ချက်ကောင်းထိလှတဲ့ နည်းနာတစ်ခုက “ရန်သူက ပျော်စေချင်ရင် မပျော်နဲ့၊ရန်သူက သေစေချင်ရင် မသေအောင်နေ၊ရန်သူက ကြောက်စေချင်ရင် မကြောက်ကြနဲ့ ဆိုတဲ့ အံတုရေးလမ်းစဉ်ကို ဒို့ပြည်သူတွေ ပြတ်ပြတ်သားသားဆောင်ရွက်ကြမယ်ဆိုတာ အကြွင်းမဲ့ ယုံပါကြောင်းနှင့် အပြင်မထွက်ဘူး၊ရေမပက်ဘူး၊ရေပက်မခံဘူး၊သင်္ကြန် လုံးဝမလည်ဘူး ဆိုတဲ့ တော်လှန်စိတ် ကိုင်စွဲပြီး ဒို့ပြည်သူ့တွေရဲ့ သဘောထားကို ဖေါ်ထုတ်ကြဖို့၊အာခံကြဖို့ ဒီမိုကရက်တစ်လူငယ်ကောင်စီ မှ တိုက်တွန်းလိုက်ရပါသည်။


ဒီမိုကရက်တစ်လူငယ်ကောင်စီ

လူငယ်နိုင်ငံရေးအဖွဲ့အစည်း


#တော်လှန်သင်္ကြန်


#တော်လှန်စိတ်နဲ့_အသံတိတ်စို့

#democratic_youth_council

#RejectMilitaryCoup

Wednesday 22 March 2023

စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲအား သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လွှာ


 စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲအား သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လွှာ


မြန်မာ့ရုပ်ရှင်လောကမှ အနုပညာရှင်များနှင့် တတ်သိပညာရှင်များ ခင်ဗျာ....။ 


ယခုအချိန်ကာလတွင် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ရယူထားပြီး၊ အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကိုလည်း အကြမ်းဖက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်လျက်ရှိသည်။ ထို့အပြင် မြန်မာ့ရုပ်ရှင်လောကကို အစဉ်တစိုက် အားပေးခဲ့ကြသော ကျေးလက်ဒေသရှိ ပြည်သူများစွာတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်လျက်ရှိပြီး ကုန်းကောက်စရာ တစမှမရှိ၊ သဂြိုလ်စရာ အလောင်းပင်မရှိသည်အထိ အရက်စက်ဆုံး နည်းများဖြင့် စစ်ရာဇာဝတ်မှုများကို ကျူးလွန်နေပါသည်။ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ စသည်တို့မှ အနုပညာရှင်၊ အတတ်ပညာရှင်များကိုလည်း မတရားပုဒ်မများစွာဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ဖိနှိပ်ထားလျက်ရှိသည်။ 


တိုင်းပြည်နှင့် အနုပညာဟူသည် ရေကန်နှင့် ကြာကဲ့သို့ တည်ရှိသည်ဖြစ်ရာ ခေတ်အဆက်ဆက် စစ်အာဏာရှင်လက်အောက်တွင် အနုပညာ၏အဆင့်အတန်းသည်လည်း နိမ်ပါ့ယိုးယွင်းနေခဲ့ရသည့် အခြေအနေကို ရုပ်ရှင်လောကသားများ အသိဆုံးပင်ဖြစ်ပါသည်။ အနုပညာ၏ အခြေခံအကျဆုံးဖြစ်သော လွပ်လပ်စွာထုတ်ဖော်ပြသခွင့်များကို ဖိနှိပ် ပိတ်ပင်ထားပြီး၊ ရုပ်ရှင်ချစ် ပရိသတ်ပြည်သူများကို ညှဥ်းပန်းသတ်ဖြတ်နေသည့် စစ်ကောင်စီမှ ကျင်းပလာမည့် သွေးစွန်းသည့် အကယ်ဒမီပေးပွဲသည် ရုပ်ရှင်လောက၏ အနုပညာအဆင့်အတန်းကို မှတ်ကျောက်တင် အကဲဖြတ်ပေးနိုင်မည်ဟု ယုံကြည်ဖွယ်ရာ၊ လက်ခံဖွယ်ရာ မရှိဟု မိမိတို့မှ ယုံကြည်ပါသည်။


သို့ဖြစ်ရာ အနုပညာရှင်အပေါင်းတို့ကို ခုတုံးလုပ်၊ ရုပ်ရှင်လောကသားများ အမြတ်တနိုးတန်ဖိုးထားရာ အကယ်ဒမီရွှေစင်ရုပ်တု၏ ဂုဏ်သရေကို ညှိုးလျော်စေရန် ကြံရွယ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပေးပွဲအား သပိတ်မှောက် မတက်ရောက်ကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။ ပြည်သူ့ရင်မှ ပေါက်ဖွားသော၊ ပြည်သူ့မေတ္တာ ပြည်သူ့လက်ခုပ်သံဖြင့် ရှင်သန်ရပါသော အနုပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့်လည်း ပြည်သူ့ဘက်သို့သာ တည့်တည့်ရပ်တည်၍၊ ပြည်သူ့အကျိုးကိုသာ ရှေးရှု၍ အကြမ်းဖက်စစ်ကောင်စီ၏ သွေးစွန်း အကယ်ဒမီပေးပွဲအပါအဝင် ဝါဒဖြန့်ချိရေးလုပ်ငန်းစဥ်များတွင် မပူးပေါင်း၊ မပါဝင်ကြရန် အနူးအညွှတ်မေတ္တာရပ်ခံတိုက်တွန်းလိုက်သည်။


“ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်၊ ပြည်သူမုန်းလျှင် ပျောက်ပျက်သုန်းမည်”


စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု

ကရင်ပြည်နယ်၊ လူသောမြို့နယ်အတွင်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီးပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ


 ကရင်ပြည်နယ်၊ လူသောမြို့နယ်အတွင်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီးပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ


ရန်ကုန်၊မတ် ၂၂


ကရင်ပြည်နယ်၊ KNU -ကရင်အမျိုးသားအစည်းအရုံးထိန်း ချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟို KNU က ထုတ်ပြန်ထား သည်။


မတ်လ ၂၀ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ဖာပွန်မြို့အခြေ စိုက် အကြမ်းဖက်စစ်တပ်က လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ(အနောက်ဘက်ကမ်း) ကျေး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၄၅ နှစ်အရွယ် စောအေဘို ဝမ်းဗိုက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရသည်။


အလားတူ မတ်လ ၂၀ ရက် ည ၇ နာရီ ၂၇ မိနစ်ကလည်း ဖာပွန် အခြေစိုက် အကြမ်းဖက်စစ်တပ်မှ ထူမောဒဲရွာနှင့် အနီး အနားတစ်ဝိုက်သို့ လက်နက်ကြီး ကျည် ၉ လုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရသည်။


မတ်လ ၂၀ ရက် နံနက် ၃ နာရီ ခွဲခန့်က KNU တပ်မဟာ (၃) မူးမြို့နယ်၊ နတ်သံကွင်း တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်က ဥသျှစ်ကုန်းကျေးအတွင်းနှင့်အနီးတဝိုက်သို့ လက်နက်ကြီး ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ရေတွင်းကုန်းကျေး ရွာအတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ၆၇ လုံးပစ်ခတ်ရာ ဥသျှစ်ကုန်းကျေးရွာအတွင်းသို့ ၁၀ လုံး၊ အုန်းပင်စုရွာအတွင်းနှင့်အနီး တစ်ဝိုက်သို့ ၅၇ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


ယင်းအကြမ်းဖက်စစ်သားများသည် ဥသျှစ်ကုန်းကျေးရွာအ တွင်းသို့ ဝင်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ရေလဲကျေးရွာအတွင်းသို့ ဒရုန်းဖြင့် လက်နက်ကြီး ၆ လုံးကျဲချတိုက် ခိုက်ခဲ့ကြောင်း၊ ပြည်သူ ၂၂ ဦးကိုလည်းဖမ်းဆီးခဲ့ပြီးကြိုးနှင့်တုတ်ကာ စစ်ကြောင်းထိုးလမ်းကြောင်းတလျှေက် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။


အကြမ်းဖက်စစ်သားများသည် ပြည်သူလူထုနေထိုင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူ သားဒိုင်းအဖြစ် အသုံး ပြုခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေမှုကြောင့် မူးမြို့နယ် အတွင်းရှိ ကျေးရွာ ၇ ရွာမှ ပြည်သူ ၄၁၅၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မတ်လ ၂၀ ရက်နေ့က နော်သယူဖောဆိုသူ၏ ဖုန်း ၃ လုံးနှင့်ငွေကျပ် ၇ သိန်းကို အတင်းအဓမ္မသိမ်းဆည်းသွားကြောင်း သိရသည်။

စစ်ရေးပိုမို ပူးပေါင်းနိုင်ရန် CNA နှင့် ယော PDF နားလည်မှုစာချွန်လွှာ ရေးထိုး



စစ်ရေးပိုမို ပူးပေါင်းနိုင်ရန် CNA နှင့် ယော PDF နားလည်မှုစာချွန်လွှာ ရေးထိုး



ဧရာဝတီ ၊ မတ် ၂၂ ၊ ၂၀၂၃


အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရာ၌ စစ်ရေး ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန် ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားတပ် (CNA) နှင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) တစောင်ကို ယမန်နေ့က လက်မှတ်ရေးထိုးလိုက်ကြောင်း YPDF ထံမှ သိရသည်။


ချင်းအမျိုးသားတပ်ဦး (CNF) ၏ လက်နက်ကိုင်တပ်ဖြစ်သည့် CNA နှင့် YPDF တို့အကြား နွေဦးတော်လှန်ရေး အစပိုင်း ကတည်းက ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း  ပိုမိုခိုင်မာစေရန် ယခုကဲ့သို့ တရားဝင် MOU ရေးထိုးလိုက်ခြင်းဖြစ်ကြောင်း YPDF ဘက်က ဆိုသည်။


YPDF ၏ ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက “နယ်မြေချင်းကလည်း ထိစပ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်ဖွဲ့ချင်းကလည်း ရင်းနှီးနေတာဖြစ်တဲ့အတွက် ပူးပေါင်း ဆောင်ရွက်မှပဲ ရနိုင်မယ်ပေါ့။ အထူးသဖြင့် မြေအနေအထား တွေမှာ အတွေ့အကြုံရှိတဲ့ ERO တခုနဲ့ပူးပေါင်းဆောင်ရွက်မှပဲ ရမယ်ဆိုတဲ့ အနေအထားဖြစ်လာတယ်။ အဲဒါကြောင့် သူတို့နဲ့ ယုံယုံကြည်ကြည် လက်တွဲပြီးတော့ ဆောင်ရွက်ဖို့ လက်မှတ်ထိုးလိုက်တာပါ” ဟု ဆိုသည်။


MOU ကို CNA ထိန်းချုပ်နယ်မြေတနေရာတွင် လက်မှတ်ထိုးလိုက်ခြင်းဖြစ်ပြီး CNA ဘက်က ကာကွယ်ရေးဌာန အကြီးအကဲများ တက်ရောက်သလို YPDF ဘက်က ဗဟိုဦးဆောင်ကော်မတီဥက္ကဌနှင့် တပ်ပိုင်းဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း YPDF ထံမှသိရသည်။


YPDF နှင့် CNA တို့ MOU ထိုးလိုက်သဖြင့် မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ ယောဒေသတွင် CNA က ကြီးကြပ်ကွပ်ကဲ သည့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုတွေ့မြင်လာရဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက ဆိုကြသည်။


YPDF သည်ဂန့်ဂေါမြို့နယ်တွင် အခြေစိုက်လှုပ်ရှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် မရှိပေ။YPDF သည် မကြာသေးသည့် မတ်လ ၁၉ ရက်က စစ်ကောင်စီ၏ အမှတ် (၅၀) ခြေလျင် တပ်ရင်းမှ စစ်ကား ၄ စီးအား ဂန့်ဂေါမြို့တောင်ဘက်ရှိ ရှောက်ပင်ရွာနှင့် ခေါက်ခူရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ကြောင်း YPDFထံမှသိရသည်။


ဓာတ်ပုံ-Yaw Revolution Army


#WhatsHappeningInMyanmar

#RejectMilitaryCoup

သမိုင်းထဲက ဒီနေ့ On This Day in 2021(ရေဦးမြို့၊စစ်ကိုင်းတိုင်း)


 သံဃာတော်များ၊ အင်ဂျင်နီယာများ၊ ဆရာ၊ ဆရာမများ၊ အရပ်ဘက် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ပါဝင်သည့် သပိတ်စစ်ကြောင်းသည် မြန်မာစစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြရန် စစ်ကိုင်းတိုင်း ရေးမြို့၌ မတ်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ဖမ်းဆီးခံထားရသော ခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး စစ်တပ်အာဏာသိမ်းမှုကို ပယ်ချကာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခြင်းဖြင့် သပိတ်မှောက်ရန် အစိုးရဝန်ထမ်းများကို တောင်းဆိုခဲ့ကြသည်။ (Photo: Phyo Min Ko)

On This Day in 2021 Buddhist monks, engineers, teachers, civil servants, students and residents took to the streets in Ye-U Township, Sagaing Region, on March 22, 2021 to protest against Myanmar's military regime. They called for the release of detained leaders, rejected the military coup and urged civil servants to strike by joining the civil disobedience movement. (Photo: Phyo Min Ko)

သမိုင်းထဲက ဒီနေ့ (မုံရွာမြို့)


သမိုင်းထဲက ဒီနေ့

စစ်ကိုင်းတိုင်းတွင် အကြီးဆုံးမြို့ဖြစ်သည့် မုံရွာမြို့ခံ ၁၀၀၀ ခန့်က ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် လမ်းပေါ်ထွက်ခဲ့ကြပြီး စစ်တပ်၏ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုများဖြင့် ရင်ဆိုင်ခဲ့ကြရသည်။

On This Day in 2021


Undeterred by the fatal crackdowns by the regime forces, some 1,000 residents of Monywa, the largest city in Sagaing Region, took to the streets to protest against the regime on March 22, 2021.

(Photo: CJ)

မီးဘေးသင့် ပြည်သူများအား လှူဒါန်းမှု


 #မီးဘေးသင့် ပြည်သူများအား လှူဒါန်းမှု


အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်များမီးရှို့ ဖျက်ဆီးခံခဲ့ရသော ကျေးရွာတစ်ခုသို့ မီးဘေးသင့်ပြည်သူများအနေဖြင့် ယာယီတဲများ ပြန်လည်ဆောက်လုပ်နေထိုင်နိုင်ရန်အတွက် အလှူငွေကျပ် ၁၀ သိန်းတိတိအား သွားရောက် လှူဒါန်းပေးအပ်ခဲ့ပါသည်။


#ထောက်ပို့၊ကူညီ၊ဖေးမ၊တော်လှန့်

ငါးမျဥ်းစောင်းရန်ပုံငွေ ရှာဖွေရေးအဖွဲ့

တရုတ်သမ္မတရုရှားရောက်နေစဉ် ဂျပန်ဝန်ကြီးချုပ် ကြိုတင်ကြေညာမှုမရှိဘဲ ယူကရိန်းရောက်ရှိ


 တရုတ်သမ္မတရုရှားရောက်နေစဉ် ဂျပန်ဝန်ကြီးချုပ် ကြိုတင်ကြေညာမှုမရှိဘဲ ယူကရိန်းရောက်ရှိ

==========

တရုတ်သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ဝန်ကြီးချုပ် Kishida လည်း ယူကရိန်းကို ကြိုတင်ကြေညာခြင်းမရှိဘဲ အင်္ဂါနေ့ မတ် ၂၁ ရက်က ရောက်လာပါတယ်။ 


ယူကရိန်းကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ရုရှားနဲ့ တရုတ်သမ္မတတို့ကြားတွေ့ဆုံဆွေးနွေးမှုတွေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။


" ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံထဲက ထိခိုက်ပျက်စီးမှုတွေကို ကျနော်သွားကြည့်ပြီး သမ္မတ Zelenskyy နဲ့ အမြင်ချင်းဖလှယ်ခဲ့ပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တရုတ်ထိပ်တန်း ခေါင်းဆောင်အဆင့်ထိ အခိုင်အမာဆက်သွယ်ပြောဆိုဖို့ ဆန္ဒရှိပါတယ်" လို့ ယူကရိန်းသမ္မတနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် Kishida က အင်္ဂါနေ့မှာ ပြောဆိုသွားတာပါ။


တရုတ်သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ဝန်ကြီးချုပ် Kishida လည်း ယူကရိန်းကို ကြိုတင်ကြေညာခြင်းမရှိဘဲ အင်္ဂါနေ့က ရောက်လာပါတယ်။ လာမယ့် မေလမှာ စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ညီလာခံကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် ဂျပန်ဝန်ကြီးချုပ် Kishida က ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့လည်း တွေ့ဆုံခဲ့သလို Bucha မြို့က စစ်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကိုပါ သွားရောက် ဂါရဝပြုခဲ့တာပါ။


မြို့တော် Kyiv နဲ့ သိပ်မဝေးတဲ့ Busha မြို့ဟာ အရပ်သားတွေအပေါ် ရုရှားတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လက္ခဏာတရပ် ဖြစ်လာပါတယ်။


Credit: VOA

ရွှေဘိုမြို့မှာ စစ်ကောင်စီက အမျိုးသားတစ်ဦးကို ဖမ်းဆီး


ယမန်နေ့ က ရွှေဘိုမြို့မှာ စစ်ကောင်စီက facebook ပေါ် တွင် အမြစ်ပါမကျန်ဖြတ် ရမည်ဟု ရေးသားကာ ပိုစ့်တစ်ခုကို ဝေမျှထားသော ကြောင့် အမျိုးသားတစ်ဦးအားဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မ ဖြင့် အမှုဖွင့်ထားကာ နှစ်ရှည်ထောင်ကျနိုင်ကြောင်းသိရသည်။

ဦးတင်မျိုးထွေးလို့ အမည်ရတဲ့အမျိုးသားဟာ ရွှေဘိုမြို့  ၅ ရပ်ကွက်မှာ နေထိုင်သူလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းများတွင် ကွန်ပျူတာ သင်တန်းများ ဖွင့်လှစ်မည်


 စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းများတွင် ကွန်ပျူတာ သင်တန်းများ ဖွင့်လှစ်မည်


ရန်ကုန်၊ မတ် ၂၁


စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းများတွင် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။


အခမဲ့ ကွန်ပျူတာ သင်တန်းကျောင်းကို ပထမဦးဆုံး ကွန်ပျူတာ ၆ လုံးဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကွန်ပျူတာ အလုံး၂၀ အထိ တိုးမြှင့်သွားရန် စီစဥ် လျှက်ရှ်ိကြောင်း၊ အလှူရှင်များ အနေဖြင့် ကွန်ပျူတာ အခမဲ့ သင်တန်းကျောင်းကို လှူဒါန်းလိုလျှင် S&C Facebook Page သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။

Tuesday 21 March 2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးပြုလုပ်


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးပြုလုပ်


မတ် ၂၁ ၊ ၂၀၂၃


ယနေ့ ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကို မနက် ၉ နာရီမှစတင်ကာ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည်။


အစည်းအဝေးကို ပြည်နယ်နှင့်တိုင်းအသီးသီးက အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီဝင်များ နဲ့ ဖိတ်ကြားထားသော အဖွဲ့ချုပ် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ 


အစည်းအဝေးတွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အမှာစကားပြောကြားကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာ မေဝင်းမြင့်က ဗဟိုအလုပ်ကော်မတီ (CWC) ၏လုပ်ငန်းဆောင်ရွက်ထားမှုများကို အစီရင်ခံ တင်ပြခဲ့သည်။ 


ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က အမှာစကားပြောကြားရာတွင် 

“ဗမာအပါအဝင် ညီနောင်တိုင်းရင်းသားများ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အတွက် မတရားဖမ်းဆီးခံထားရတဲ့ ကျန်တော်တို့ရဲ့ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်ဒုတိယဥက္ကဋ္ဌဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပြီး နိုင်ငံအတွက်အရေးပါတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ stakeholders များစုံညီစွာနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ပြည်ထောင်စုအရေးကို အနှစ်သာရအရပါပြောင်းလဲနိုင်ရေးအတွက် ကျရာကဏ္ဍကနေ နည်းလမ်းစုံနဲ့-ဖြောင့်မတ်မှန်ကန်တဲ့ စေတနာ၊ ခိုင်မာတောင့်တင်းတဲ့ စည်းလုံးမှု၊ ရဲရင့်တည်ကြည်တဲ့ သတ္တိ တို့နဲ့ဆက်လက်လျှောက်လှမ်းသွားကြပါစို့”ဟုတိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ဗဟိုရေးရာကော်မတီများက အစီရင်ခံစာများ တင်သွင်းခြင်း၊ တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များက အစီရင်ခံစာများ၊ စာတမ်းများ တင်သွင်းခဲ့ကြသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့ကလည်း လုပ်ငန်းဆောင်ရွက်ထားမှု အစီရင်ခံစာကို တင်သွင်းခဲ့သည်။ 


အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး တင်သွင်းလာသော အစီရင်ခံစာများ၊ အကြံပြုချက်များ အားလုံးကို မှတ်တမ်းတင်ခဲ့သည်။ 


ဒုတိယဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)၊ ဒုတိယဥက္ကဌ ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ) အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ရန်၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာတွင် ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် အဓိကထားပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားရန်၊ ဒုတိယဗဟိုကော်မတီ တတိယပုံမှန်အစည်းအဝေးကျင်းပပြီးနောက်ပိုင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်ကြေညာချက်များနှင့် ၂၀၂၁ ခုနှစ်အောက်တိုဘာ ၃၀ ရက်မှစ၍ ယနေ့ကာလအထိ ဗဟိုအလုပ်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်ကြေညာချက်များကို ထောက်ခံအတည်ပြုရန်နှင့် လိုအပ်ပါက စုစည်းထားသော ဗဟိုအလုပ်ကော်မတီကို တိုးချဲ့အင်အားဖြည့်နိုင်ရေး အလေးအနက်ထားဆောင်ရွက်ရန် စသည့် အချက်များပါဝင်သည့် ဆုံးဖြတ်ချက် (၁၁) ချက်ကို ကန့်ကွက်သူမရှိအတည်ပြုခဲ့သည်။

စစ်ကောင်စီကို အသိအမှတ်မပြုနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသစ်ပြေ


 စစ်ကောင်စီကို အသိအမှတ်မပြုနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသစ်ပြော


မြန်မာစစ်ကောင်စီကို မလေးရှားနိုင်ငံက အသိအမှတ်ပြုမည်မဟုတ်ဘဲ အာဆီယံ ဘုံသဘောတူညီချက်များ အကောင်အထည်ပေါ်လာရန် ဘက်ပေါင်းစုံမှ ဖိအားပေးသွားမည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးသစ် Dr Zambry Abdul Kadir က ပြောဆိုကြောင်း မလေးရှားအခြေစိုက် Bernama သတင်းက မတ်လ ၂၀ ရက်တွင် ဖော်ပြသည်။


“ဘုံသဘောတူညီချက်များ အကောင်အထည်ပေါ်လာဖို့ စေ့စပ်ညှိနှိုင်းရေးတစ်ခုတည်းသာမကဘဲ တခြား အာဆီယံနိုင်ငံတွေကပါ ဖိအားပေးနေပါတယ် ဒီကိစ္စဟာ မြန်မာတစ်နိုင်ငံတည်းက ဖြေရှင်းလို့ မရတော့ပါဘူး” ဟု Dr Zambry Abdul Kadir က ပြောသည်။


Dr Zambry Abdul Kadir နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူက မြန်မာစစ်ကောင်စီကို “တပ်မတော်” ဟု မတ်လ ၂၀ ရက် လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် ရည်ညွှန်းပြောဆိုသွားသည်။ 


မလေးရှား နိုင်ငံခြားရေးဝန်ကြီးသစ်ယင်း တာဝန်စတင်ထမ်းဆောင်ချိန် ၄ လပြည့်တော့မည့်အချိန်တွင် စစ်ကောင်စီကို အသိအမှတ်မပြုနိုင်ကြောင်း မလေးရှားနိုင်ငံ၏ ရပ်တည်မှုကို တရားဝင် ထပ်မံပြောဆိုခြင်းဖြစ်သည်။


မြန်မာနိုင်ငံနှင့် ပတ်သက်သည့် များစွာသော အစည်းအဝေးများ ဆက်တိုက်လုပ်ဆောင်နေပြီး “နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပြီးပြည့်စုံတဲ့ အဖြေတစ်ခုရနိုင်ဖို့ ဆက်လက်ဖိအားပေးနေပါတယ်”ဟုလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။


မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံနိုင်ငံများအနေဖြင့် သတိကြီးစွာထား ကိုင်တွယ်ရန်လိုအပ်ပြီး အဖြေသည် မြန်မာကို အာဆီယံအဖွဲ့ဝင်နိုင်ငံမှ ဖယ်ထုတ်ခြင်းမဟုတ်ဟုလည်း Dr Zambry Abdul Kadir ကဆိုသည်။


မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah သည်လည်း ယင်းတာဝန်ယူသည့်ကာလအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင်လည်း ၂၀၂၂ ခုနှစ် မေလ ဒုတိယပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက ကြိုးပေးကွက်မျက်မှုနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဟု Saifuddin Abdullah က ဝေဖန်ခဲ့သည်။


စစ်ကောင်စီသည် အာဆီယံ ဘုံသဘောတူညီချက်များကို ပျက်ရယ်ပြုနေသည်ဟုလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောဆိုထားသည်။


(ပုံစာ − စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း ထပ်မံပြောဆိုလိုက်သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dr Zambry Abdul Kadir)

On This Day in 2021


 On This Day in 2021

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းမှုအတွင်း စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် အောင်ကောင်းထက် ဈာပနကို ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည်။

A funeral was held on March 21, 2021 for 15-year-old Aung Kaung Htet, high school student who was fatally shot to the face by soldiers and police during a crackdown on anti-regime protesters who were already dispersing in Yangon’s Thaketa township.

(Photos: The Irrawaddy)

EU စီးပွားရေးပိတ်ဆို့မှုကြောင့် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ စစ်ကောင်စီထံ မရောက်ဘဲ ပိတ်မိနေ


 EU စီးပွားရေးပိတ်ဆို့မှုကြောင့် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ စစ်ကောင်စီထံ မရောက်ဘဲ ပိတ်မိနေ 


■ စစ်တပ်နှင့် ပူးပေါင်းနေသော ထိုင်း PTTEP ကုမ္ပဏီကို NUG အစိုးရက တရားစွဲရန် ပြင်ဆင်နေ


ရန်ကုန်၊ မတ် ၂၀ 


စစ်ကောင်စီအတွက် ဝင်ငွေရလမ်းကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်း ချမှုများ သည် ဥရောပသမဂ္ဂ၏ စီးပွား ရေး ပိတ်ဆို့မှု ကြောင့် သက်ရောက် မှုရှိ ကာ ဒေါ်လာသန်း ၂၀၀ ဝန်းကျင် မြန်မာစစ်တပ်ထံ မရောက်တော့ဘဲ ပိတ်မိ သွားကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်း နိုင် က ပြောကြားသည်။


ယနေ့ ပြုလုပ်သည့် MOGE နှင့် စပ်လျဉ်းသည့် သတင်းစာရှင်း လင်းပွဲတွင် ၎င်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 


မြန်မာနိုင်ငံရှိ ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့မှ ထွက်ရှိသဘာဝဓာတ်ငွေ့ များကို ကိုရီးယား POSCO က တရုတ်နိုင်ငံကိုတင်ပို့ရာတွင်ငွေပေးချေမှုကို ယူရိုငွေဖြင့် သတ်မှတ်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့သောအခါ ယင်းငွေကြေးများ စစ်ကောင်စီထံ မရောက်နိုင်တော့ဘဲ ပိတ်မိသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


“EU Sanction က လွှမ်းမိုးပြီးတော့ POSCO က ယူရိုငွေတွေဟာ စစ်ကောင်စီ ထံ မစီးဆင်းတော့ပါ၊ ရွှေသဘာဝ ဓာတ်ငွေ့ က ရရန်ရှိတဲ့ ‌ငွေတွေက Escrow Account (ထိန်းသိမ်းခံရမှု) ထဲရောက်နေပါတယ်”ဟု NUG လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးစိုးသူရထွန်းက ယ​နေ့ပြုလုပ်​သောသတင်းစာရှင်းလင်း ပွဲတွင် ပြော သည်။ 


ထို့ပြင် NUG အစိုးရအနေဖြင့် စစ်ကောင်စီနှင့်အတူ စီးပွားရေးပူးတွဲဆောင်ရွက် နေ သော ထိုင်း PTTEP ကုမ္ပဏီကို မတ်လ ၂၀ ရက်နေ့မှ စ၍ ရတနာစီမံကိန်း နှင့်ပတ်သက်သည့် တရားဝင်တောင်းဆိုချက်စာ Demand Letter ပို့လိုက် ကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း တုံ့ပြန်မှု မရှိပါက စင်ကာပူနိုင်ငံရှိ Arbitration Tribunal (ခုံသမာဓိရုံး) သို့ တိုင်ကြား၍ ဥပဒေလမ်းကြောင်း အ တိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းမှ ပြောကြားသည်။ 


ရတနာစီမံကိန်းမှ ရရှိငွေများသည် စစ်တပ်အတွက် မြန်မာပြည်သူများကို အကြမ်း ဖက်သတ်ဖြတ်ရန် အာဏာသိမ်းစစ်အုပ်စုကို အထောက်အပံ့ ဖြစ်နေ ကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှ ရရှိသည့် ရန်ပုံငွေများကို အာဏာ သိမ်း စစ်အုပ်စုကို မပေးဆောင်ရန် ယခင်ကတည်းက ကုမ္ပဏီများသို့ သတိပေး စာ များထုတ်ပြန်ခဲ့သော်လည်း PTTEP က လိုက်နာခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက် ပြောသည်။


"ကျွန်တော်တို့က မြန်မာနိုင်ငံတော် အစိုးရနေရာမှာ နေပြီးတော့ PTTEP အနေနဲ့ ကတော့ လက်ရှိစစ်ကောင်စီကို ပေးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ဝင်နေ တဲ့ ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာတွေကို ၊ သူတို့ဆီ လွှဲဝင်နေတဲ့ ဟာတွေ က တရားဥပဒေလမ်းကြောင်းအရ မှားနေတယ်ဆိုတဲ့ဟာ၊ နောက်တစ်ခုက ဒီဟာ တွေကို ဆုံးဖြတ်နိုင်ဖို့ရာက ဥပဒေလမ်းကြောင်းအရ ဒီ Arbitration ကို စာချုပ်ထဲမှာ ပါတဲ့အတိုင်း ကျွန်တော်တို့ သွားတာဖြစ်ပါတယ်" ဟု NUG လျှပ် စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး လဖိုင်မော်ထွန်းအောင်က သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။


စစ်ကောင်စီအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဝင်ငွေသည် တစ်လ လျှင် ဒေါ်လာ သန်းပေါင်း ၉၀ နှင့် ၁၀၀ ကြားရှိပြီး ရတနာစီမံကိန်းသည် အများ ဆုံးဖြစ်ကြောင်း သိရှိရသည်။ 


ထိုင်း PTTEP ကုမ္ပဏီကို စတင်၍ Demand Letter ပေးပို့ခဲ့ပြီး နောက်ပိုင်းတွင် အခြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကိုင်နေသည့် ကုမ္ပဏီများသို့ အလားတူ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း NUG က ပြောဆိုသည်။

အပျော်လွန်ကြူးတဲ့ သင်္ကြန်မဖြစ်ပါစေနဲ့ တော်လှန်သင်္ကြန်ပဲ ဖြစ်ပါစေ


အပျော်လွန်ကြူးတဲ့ သင်္ကြန်မဖြစ်ပါစေနဲ့ တော်လှန်သင်္ကြန်ပဲ ဖြစ်ပါစေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် မတ်လ ၂၀ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီမှ ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေမည့် အနုပညာရှင်များအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် တော်လှန်သင်္ကြန်အဖြစ်သာ ဆင်နွှဲရန် အမျိုးသမီးအများစုပါဝင်သည့် တန့်ဆည်ပင်မ သပိတ်စစ်ကြောင်းမှ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။


"စကစရဲ့သင်္ကြန်မှာ ဖျော်ဖြေကြမယ့် အနုပညာရှင်များအား ကန့်ကွက်ရှုတ်ချပါသည်"၊ "အပျော်လွန်ကြူးတဲ့ သင်္ကြန်မဖြစ်ပါစေနဲ့ တော်လှန်သင်္ကြန်ပဲဖြစ်ပါစေ တိုင်းပြည်ကခွေးကိုက်ခံထားရတာများနေပြီ"ဟု စာသားများပါ ဘန်နာကို ကိုင်ဆွဲကာ ကိုင်ဆောင်၍ "စစ်ကောင်စီနဲ့ ပူးပေါင်းသည့် အနုပညာရှင်မှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ"ဟု ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

#တန့်ဆည် လူထုသပိတ်တိုက်ပွဲ

စစ်ရှောင်ပညာရေး ထောက်ပံ့မှု


5/ Fundraising Teamမှ စစ်ကိုင်းတိုင်းအတွင်းရှိစစ်ဘေးရှောင် ကလေးငယ်များအတွက် ဖွင့်လှစ်ထားသည့် စစ်ရှောင်ပညာရေးကျောင်းထံသို့ လိုအပ်သည့် ပုံနှိပ်များ ထပ်မံလှူဒါန်းပေးအပ်ခဲ့ပါသည်။

ဓါတ်ပုံ-5/ Fundraising Team Facebook Page

Monday 20 March 2023

အာဏာရှင်ဆိုတာ


 အာဏာရှင်ဆီမှာ ပြည်သူဆိုတာမရှိဘူး‌ ထောက်ခံရင်သူတို့လူ မထာက်ခံရင် ရန်သူ..

#နေ့စဉ်လှူပါ ငွေငါးရာ FB

“NLD ဗဟိုကော်မတီအစည်းအဝေးကျင်းပမည်"


 “NLD ဗဟိုကော်မတီအစည်းအဝေးကျင်းပမည်"


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်ဗဟိုကော်မတီကြားကာလပုံမှန်အစည်းအဝေးအား၂၀၂၃ ခုနှစ် မတ်လ ၂၁ (အင်္ဂါနေ့) တွင် မြန်မာစံတော်ချိန် နံနက် ၉:၀၀ နာရီတွင် အွန်လိုင်းမှတစ်ဆင့်ကျင်းပသွားမည်ဖြစ်သည်။

#အရေးတော်ပုံအောင်ရမည်

ရန်သူအကြိုက်တွေ ရှောင်ကြပါ


 ငမ့်……ငါတောင်ဘာမှမလုပ်ရသေးဘူး။ 


#yangonrevolutionforce

#yrf

On This Day in 2021


 On This Day in 2021


Thousands of people took to the streets in Sagaing Region’s Ye-U Township on March 20, 2021 to protest against the military coup, demanding that the military regime release the leaders of the democratically elected government and respect the results of the 2020 general election. (Photo: CJ)

#WhatsHappeningInMyanmar

ကရင်နီတပ်မတော်(KA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်


"ရန်သူအလုပ် ရန်သူအလုပ်နေတယ်

မိမိတို့လည်း မိမိအလုပ် လုပ်ကြပါ 

အထူးသဖြင့် ရည်မှန်းချက် ပန်းတိုင် 

ရောက်အောင်ချီတက်ကြပါ။

ရည်မှန်းချက်ပျောက်ရင် သမိုင်းတရားခံဖြစ်မည်။"

ကရင်နီတပ်မတော်(KA)

ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်


Sunday 19 March 2023

“စစ်တပ်လက်အောက်မှာ ဘဏ်တွေလည်း ကြံရာမရဖြစ်နေမှာပဲ” - ရှောင်တာနယ်လ်


 “စစ်တပ်လက်အောက်မှာ ဘဏ်တွေလည်း ကြံရာမရဖြစ်နေမှာပဲ” - ရှောင်တာနယ်လ်


စစ်တပ်က အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာကာ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ဘဏ်များအပေါ် ပြည်သူတို့ ယုံကြည်မှုကျဆင်းခြင်းတို့ ဆက်တိုက် ဖြစ်ပေါ်လာသည်။​


၂၀၂၂ နှစ်လယ်ပိုင်းက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေးကဏ္ဍသည် ၂၀၁၀ ပြည့်နှစ် မတိုင်မီအခြေအနေကို ပြန်ရောက်သွားကာ​ ကာလကြာရှည် မသေချာမရေရာမှုများနှင့်အတူ မြန်မာ့စီးပွားရေးသည် ရပ်တန့်နေဆဲ အခြေအနေမှာပင် ဆက်ရှိနေမည်ဟု ဆိုသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခရှောင်တာနယ်လ်ကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း Myanmar Now က ဆက်သွယ်ပြီး မြန်မာ့စီးပွားရေး အခြေအနေ၊ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ မေးမြန်းထားသည်။


NLD အစိုးရလက်ထက် ဘဏ်စနစ်ပြုပြင်ပြောင်းလဲရေးနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဒုတိယမြောက် အစိုးရသက်တမ်းတွင် အကောင်အထည်ဖော်မည့် NLD ၏ စီးပွားရေးဆိုင်ရာ အစီအမံများအကြောင်း ပါမောက္ခရှောင်တာနယ်လ်က ရှင်းပြထားသည်။


အာဏာသိမ်းပြီးရက်ပိုင်းအတွင်း ဖမ်းဆီးခံရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်သည် လဝကဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတို့ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

မောင်စိန်ဝင်း(ပုတီးကုန်း)[ကဗျာ]


 ရှေ့မှာပန်းတိုင် 

မလိုက်နိုင်တဲ့သူကို ထားခဲ့

 သွားမယ့်လမ်းက တစ်လမ်းထဲ

 လမ်းလွဲစရာ ဘာကြောင်းမှမရှိ 

မောင်စိန်ဝင်း(ပုတီးကုန်း)

ဒါရိုက်တာ ကိုပေါက်၏ “ရောင်နီလာရာလမ်း” မှတ်တမ်း ရုပ်ရှင် လန်ဒန်တွင် ပြသ


 ဒါရိုက်တာ ကိုပေါက်၏ “ရောင်နီလာရာလမ်း” မှတ်တမ်း ရုပ်ရှင် လန်ဒန်တွင် ပြသ


ဧရာဝတီ၊ မတ် ၁၉ ၊ ၂၀၂၃


ဒါရိုက်တာ ကိုပေါက်၏ “ရောင်နီလာရာလမ်း” မှတ်တမ်း ရုပ်ရှင်ကို လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံ၌ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီတွင် ပြသခဲ့သည်။ 


ရုပ်ရှင်မစတင်မီ လန်ဒန်မြို့သို့ ခေတ္တရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး နှင့် ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုတို့က ယူကေရောက် တော်လှန်ရေး ညီအစ်ကိုမောင်နှမများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါမှတ်တမ်းရုပ်ရှင်ပြပွဲသို့ ယူကေရောက် မြန်မာများက ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ကြပြီး ဒါရိုက်တာကိုပေါက်နှင့် ပရိတ်သတ်များက online မှတဆင့်စကားပြောခဲ့ကြကြောင်း၊ပြပွဲကို ဒေသစံတော်ချိန် ညနေ ၄နာရီတွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


#WhatsHappeningInMyanmar

#RejectMilitaryCoup

ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုင်စွဲချီတက်


 ❝ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုင်စွဲချီတက် ❞

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


အခု ကျနော်တို့ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေကြတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ဟာ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့ တစ်နိုင်ငံလုံးကို ရာသက်ပန် စစ်ကျွန်ဖြစ်အောင် ရေးဆွဲထားတဲ့ စစ်ကျွန်ခြေ/ဥကြီးကိုလည်း ကျနော်တို့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အားနဲ့ အပြီးတိုင် ဖျက်သိမ်းခဲ့ကြပြီးပြီပဲ ဖြစ်ပါတယ်။


ကျနော်တို့တွေ အပါအဝင် လူထုဟာ ဒီတော်လှန်ခရီး၊ ဒီပန်းတိုင်ဆီကို ချီတက်ကြရာမှာ အခက်အခဲတွေ တင်းကြမ်း၊ အရင်းအနှီးတွေ ကြီးမား၊ ဆုံးရှုံးမှုတွေ များပြားတယ်ဆိုတာကိုလည်း ကောင်းကောင်းကြီး သဘောပေါက် နားလည်ကြပြီးသားပါ။ သို့သော် ဒီတော်လှန်ရေးမှတစ်ပါး အခြားမရှိ၊ တော်လှန်အောင်ပွဲမှသည် ဖက်ဒရယ်စနစ်သစ် တည်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပြတ်သားခိုင်မာကြပြီး ဖြစ်ပါတယ်။


လက်ရှိ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံခင်းတမန်ခင်းစတဲ့ စစ်မျက်နှာစာတိုင်းမှာ ချွတ်ခြုံကျ၊ အရေးမလှဖြစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြောရရင် အသက်ရှုပေါက် အငမ်းမရ လိုနေပါတယ်၊ ထွက်ပေါက် ရှာချင်နေပါတယ်။ ဒင်းတို့ဟာ လက်နက်အားကိုးပြီး အာဏာသိမ်းခဲ့ပေမယ့် လူထုအားကို အများကြီး လျော့တွက်ခဲ့တာကိုး။ အဲ့ဒီလို ဒင်းတို့ ရှာနေတဲ့ အသက်ရှုပေါက်ထဲမှာ “တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ” က အဓိက အားကိုးရာကြီးပါပဲ။ စစ်အုပ်စုဟာ ဒီအတုအယောင် ရွေးကောက်ပွဲကို ဟန်ပြ လုပ်ပြီးတော့ အာဆီယံအပါအဝင် နိုင်ငံတကာကို မျက်လှည့်ပြချင်တာပါ။ တရှိန်ထိုး တက်နေတဲ့ ပြည်သူ့တော်လှန်ရေးကြီးအရှိန်အဟုန်ကို ဆွဲချချင်တာပဲ။ ဒီလှည့်ကွက်၊ တနည်း လုပ်ပွဲကို ကျနော်တို့ ပြည်သူတရပ်လုံးက ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားကြပြီးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုရဲ့ “တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ”၊ ဖက်ဆစ်ရွေးကောက်ပွဲ တစ်နည်း လုပ်ပွဲကို ပြည်သူတစ်ရပ်လုံးက အကြွင်းမဲ့ ဆန့်ကျင်၊ တိုက်ဖျက်သွားကြမှာလည်း ဖြစ်ပါတယ်။


ဒီနေရာမှာ ပြောစရာတစ်ခု အရေးတကြီး ရှိလာပါတယ်။ စစ်အုပ်စုဆီမှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ကြတဲ့၊ အတုအယောင်ရွေးကောက်ပွဲမှာ အိမ်ဖြည့်အဖြစ် ဝင်ရောက်အသုံးတော်ခံကြမယ့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပတ်သတ်ပြီးတော့ပါ။ ဒီတော်လှန်ရေးကာလမှာ ကျနော်တို့ ပြည်သူတွေကြား ပြောဖြစ်ကြတဲ့ စကားတစ်ခု ရှိပါတယ်။ “ဘုရင်ရူးက တစ်ယောက်တည်း၊ ကျွန်ရူးတွေ များနေလို့ တော်လှန်ရေး နှောင့်နှေးနေရတာ” တဲ့။ အဲ့ဒီလိုပါပဲ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို စစ်ကျွန် မရူးကြစေချင်ပါဘူး။ ပြည်သူ့ဆန္ဒကို အလေးထားကြစေချင်တယ်၊ ပြည်သူကို မျက်နှာမူကြစေချင်တယ်ဗျာ။ ပြည်သူကို မျက်နှာမမူဘဲ၊ အကြမ်းဖက်စစ်အုပ်စု အလိုကျ အသုံးတော်ခံကြမယ့်၊ ဖက်ဆစ်ရွေးကောက်ပွဲမှာ ဝင်ပါကြမယ့် နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို “ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ကြသူ” တွေအဖြစ် လူထုက သတ်မှတ်ကြမှာပဲဖြစ်ပါတယ်။ ၂၀၀၈ စစ်ကျွန် ခြေ/ဥကို ပြန်လည် အသက်သွင်းကြရာမှာ အလိုတူအလိုပါဖြစ်ကြမယ့် နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို “ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ကြသူ” တွေအဖြစ် လူထုက သတ်မှတ်ကြမှာပဲဖြစ်ပါတယ်။


ဒီနွေဦးတော်လှန်ရေးကြီးဟာ အရင်းကြီးသလို အမြတ်ကြီးတာကိုလည်း ပြည်သူအားလုံး အသိပါပဲ။ ဥပမာအားဖြင့်ပြောရရင် ဒီတော်လှန်ရေးကြီးကို အကြောင်းပြုပြီး တောင်တန်းနဲ့ မြေပြန့်အကြား ရင်ခုန်သံချင်း ထပ်တူကျသွားကြတာ၊ ဗမာလူမျိုးနဲ့ အခြားညီနောင်လူမျိုးတွေအကြား ရင်ဘတ်ချင်း နီးသွားကြတာ၊ ဘုံရန်သူနဲ့ ဘုံပန်းတိုင် တူညီသွားကြတာ၊ အကြမ်းဖက်စစ်အုပ်စုကို ဗမာလူမျိုးတွေကိုယ်တိုင်က အပြင်းထန်ဆုံး ဆန့်ကျင်တော်လှန်လာကြတာ၊ ဖက်ဒရယ်ဝါဒနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထူးအရေးကြီးလှတာကို ပြည်သူအားလုံးက နားလည်လက်ခံလာကြတာ စသဖြင့်။ အဲ့လို အကျိုးအမြတ်တွေအနက် ကျနော်တို့ ဒီပြည်သူ့နွေဦးတော်လှန်ရေးကြီးကနေ ပေါက်ဖွားရရှိလာတဲ့ အင်မတန် အဖိုးတန်တဲ့ ရတနာတစ်ပါး ရှိပါတယ်။ အဲ့ဒါက “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” (Federal Democracy Charter – FDC) ဖြစ်ပါတယ်။


ဟုတ်ပါတယ်၊ FDC လို့ ကျနော်တို့တွေ အတိုကောက်ခေါ်ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ ခေတ်သစ်မြန်မာ့ သမိုင်းတစ်လျောက် အလွန်ထူးခြားလှတဲ့ နိုင်ငံရေးရလဒ်ကြီးတရပ် ဖြစ်ပါတယ်။ ဒီပဋိညာဉ်ရဲ့ ဦးတည်၊ ရည်ရွယ်ချက်တွေကတော့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပ‌ပျောက်ရေး၊ ၂၀၀၈ ခြေ/ဥ အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့ ဖြစ်ပါတယ်။


ပြောရရင် ဒီပဋိညာဉ်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ မတူညီသည့် နိုင်ငံရေး အင်အားစုများအကြား အပြင်းအထန်၊ အကြိတ်အနယ် ဆွေးနွေး၊ ငြင်းခုံ၊ ညှိနှိုင်းခဲ့ကြပြီးမှ ရရှိလာခြင်း ဖြစ်ပါတယ်။ ပဋိညာဉ်ကို စပြီးရေးဆွဲခဲ့ကြတာက ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်ဖြစ်ပြီး နောက်ဆုံးပြန်လည်ပြင်ဆင်ပြီး ပြည်သူ့ညီလာခံကနေ အတည်ပြုခဲ့တဲ့ မတ်လ ၂၀၂၂ ခုထိတွက်မယ်ဆို အစအဆုံး အချိန် (၁) နီးပါးကြာ ဆွေးနွေး၊ ငြင်းခုံ၊ ညှိနှိုင်းခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။


မတူညီတဲ့ အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများအနေဖြင့် မိမိတို့ လိုအင်ဆန္ဒများအားလုံးနဲ့ ဒီပဋိညာဉ်ပါ ပြဌာန်းချက်တွေဟာ ထပ်တူထပ်မျှ ဖြစ်နိုင်မယ်မဟုတ်သော်လည်း အများစု ကျေနပ်လက်ခံနိုင်တဲ့ ကြားအဖြေရလဒ်တခုအနေနဲ့ ဒီပဋိညာဉ်ကို သတ်မှတ်ကြပါတယ်။


ပဋိညာဉ်မှာက အစိတ်အပိုင်း (၂) ရပ် ရှိပါတယ်။ အစိတ်အပိုင်း (၁) မှာ လက်ရှိကျနော်တို့ တော်လှန်ရေးအတွက် နိုင်ငံရေးလမ်းပြမြေပုံ၊ နောက်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို ဖော်ပြထားပါတယ်။ အစိတ်အပိုင်း (၂) ကတာ့ လက်ရှိ ကြားကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများ (Constitutional Arrangement) ဖြစ်ပါတယ်။


အထူးသဖြင့် တော်လှန်ရေးအလွန် အနာဂတ်မှာ မျှော်ရည်တည်ဆောက်မယ့် နိုင်ငံသစ်နှင့်ပတ်သက်ပြီး ဖော်ပြထားတဲ့ ပဋိညာဉ် အစိတ်အပိုင်း (၁) အပေါ် NUCC ရဲ့ ပြင်ပမှ နိုင်ငံရေးအင်အားစုတွေကတောင် ယေဘုယျအားဖြင့် သဘောတူ၊ လက်ခံကြတယ်လို့ ကြားရ၊ သိရပါတယ်။ ဒီအချက်က အလွန်အရေးကြီးသလို မြန်မာ့သမိုင်းတစ်လျောက် အလွန်ကြီးမားသည့် နိုင်ငံရေးသဘောတူညီချက် မှတ်တိုင်ကြီးတရပ်လည်း ဖြစ်ပါတယ်။


ကျနော်တို့နိုင်ငံဟာ နှစ်ပေါင်း (၇၀) ကျော် လက်နက်ကိုင်ပဋိပက္ခများစွာကို ပုံစံမျိုးစုံနဲ့ ကြုံတွေ့ခံစားနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံရေးအမြင်တွေ၊ သဘောထားတွေ၊ လူမျိုးတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံတမ်းတွေ၊ ပထဝီဝင်အခြေခံတွေ စသဖြင့် စုံလင်ကွဲပြားမှု အလွန်များပြားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးအင်အားစုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူလက်ခံနိုင်တဲ့ နိုင်ငံရေးကတိကဝတ်၊ သဘောတူညီချက်ဆိုတာ အလွန်ရှားပါးလှပါတယ်။


“ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” (Federal Democracy Charter – FDC) ဟာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးကနေ အရင်းအနှီးကြီးမားစွာနဲ့ ပေါက်ဖွားရရှိလာတဲ့ ရှားပါး၊ ထူးခြား၊ မွန်မြတ်လှတဲ့ “နိုင်ငံရေးသဘောတူညီချက်” ကြီး ဖြစ်ပါတယ်။ တနည်းပြောရရင် ဒီပဋိညာဉ်ဟာ လက်ရှိ တော်လှန်ရေးကာလ (ကြားကာလ) အတွက် ကိုင်စွဲချီတက်ရမယ့် မူဝါဒလမ်းစဉ်ဖြစ်သလို အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အခြေခံမူဘောင်လည်း ဖြစ်ပါတယ်။


ဒါ့ကြောင့် ကျနော်တို့ လူထုတရပ်လုံးအနေနဲ့ ဖက်ဆစ်ရွေးကောက်ပွဲကို တညီတညွတ်တည်း တိုက်ဖျက်ကြပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကိုင်စွဲကာ တော်လှန်ခရီးပန်းတိုင်အထိ အတူချီတက်ကြပါစို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်ခင်ဗျား/ရှင်။


❝ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုင်စွဲချီတက် ❞


❐ ၂၀၀၈ ခြေ/ဥ ပြန်အသက်သွင်းသူ_____ပြည်သူ့ရန်သူ


❐ ဖက်ဆစ်ရွေးကောက်ပွဲ လက်ခံသူ_____ပြည်သူ့ရန်သူ


ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။


အရေးတော်ပုံ အောင်ရမည်။

CRD: Tayzar San FB 

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...